ငါ့ရတနာဆေးကို ခိုးချင်တာလား အိပ်မက်မက်နေ လိုက်
Vol. 61 Ch. 1201
အနက်ရောင်ဆံပင် အနက်ရောင်ဝတ်ရုံနှင့်ကောင်လေးသည် မျက်နှာ အစိတ်အပိုင်းအများစုကို ငွေရောင်မျက်နှာဖုံးနှင့်ဖုံအုပ်ထားသော်လည်း မျက်နှာဖုံးအောက်မှ သူ၏မျက်နှာသည် အလွန်ချောမွတ်နေမည်ဖြစ်ကြောင်း ကို မည်သူမှသံသယမဝင်ကြပေ။ သူမ၏ မျက်လုံးနက်နက်များသည် တောက်ပ မှုအပြည့်နှင့် စဉ်းလဲသောအရိပ်အယောင်လည်းရှိနေသည်။ သူမသည် ကျိမင်၏ သေဆုံးမှုကို သက်ပြင်းချသည့်အလား မိုးပေါ်တွင်လွင့်နေသည့် ဖုန်မှုန့်မည်း များကို စောင်းငဲ့ကြည့်လိုက်သည်။ သန်မာသောမျိုးဆက်မှလူသည် ထိုအတိုင်း ပင် ကျဆုံးခဲ့သည်။ အသက်တစ်ချောင်းသည် ရှင်သန်ရန်ခက်ခဲခဲ့သည်။
ထို့နောက်တွင် သူမသည် ကွမ်ယန်းတို့ရှိရာဘက်သို့ကြည့်ပြီး နှုတ်ခမ်း ထောင့်သည် ပြုံးသွားပြန်သည်။ အကြောင်းအရင်းတချို့ကြောင့် သူမ၏ အပြုံး ကိုကြည့်ပြီး ကွမ်ယန်းသည် ရုတ်တရက် မကောင်းသောခံစားချက်ဖြစ်မိလေ သည်။
“ငါ့ ရတနာဆေးကို ခိုးချင်တာလား အိပ်မက်သွားမက်နေလိုက်”
ကောင်လေးပေထင်းဟွမ်၏ အသံသည် ကာကွယ်ရေးအလွှာကိုဖြတ်ကာ ပွဲကြည့်စင်သို့ရောက်လာသည်။ အားလုံးသည် အနည်းငယ်ရောထွေးသွားကာ ဒယ်စောက်ထဲသို့ လက်လှမ်းနေသည့် ပေထင်းဟွမ်သည် ချက်ချင်းပင် ပျောက် ကွယ်သွားသည်ကိုမြင်လိုက်ရသည်။
“ဟေ့”
ကွမ်ယန်းနှင့် လုကျီတို့သည် တချိန်တည်းနီးပါး ထရပ်မိကာ စွမ်းအင် ဒိုင်းကာထဲသို့ အမြန်ပြေးဝင်လေသည်။
စွမ်းအင်ဒိုင်းကာသည် ပန်းကန်လုံးပုံစံကဲ့သို့ အထဲမှစင်ကို လွှမ်းခြုံထား ချိန်တွင် စင်ပေါ်၌စွမ်းအားသက်ရောက်မှုအားလုံးကို ပိတ်ထားသည်။ သို့သော် အကာအကွယ်မရှိပေ။ အဆင့်မြင့်ဓား ၂ လက်နတ်ဘုရားနှစ်ယောက်သည် ပေထင်းဟွမ်အား သတ်ပြီး အဂ္ဂိရတ်ဆေးဖို၊ ရတနာဆေးကိုလုပြီး ဝိညာဉ် အသက်တံဆိပ်ပြားကို ချေမွှပြီး ၃၃ ကောင်းကင်ဘုံကိုပြန်ရန်လုံလောက်သည်။
“မင်းလို့လား မင်းတို့ဖြစ်နေတာကိုး” လအုပ်ထဲတွင် ပုန်းကွယ်နေသည် မှာ ကွမ်ယန်းနှင့်လုကျီတို့ဖြစ်နေလိမ့်မည်ဟု ကျူလင်း ထင်မထားပေ။ သူတို့ ထရပ်သည်ကိုကြည့်ပြီး လုပ်မည့်လုပ်ရပ်ကို နားလည်ပြီးသားဖြစ်သည်။ ၉ လှည့် ဝိညာဉ်ပြန်ခေါ်ဆေးသည် အင်အားစုများကို တိုက်ခိုက်ရန်ဆွဲဆောင်နိုင် သည်ဖြစ်ရာ ထိုလူနှစ်ယောက်လက်ထဲသို့အရောက်ခံရန်မဖြစ်နိုင်ပေ။
“ငါ့ကို လာလုချင်တာလား ဟား ဟား ဟား အိပ်မက်သွားမက်နေလိုက်”
ပုံရိပ်နှစ်ခုသည် သူ့ဆီသို့ အပြေးလာနေသည်ကို ပေထင်းဟွမ်မြင်နေရ သည်။ ပေထင်းဟွမ်၏ရယ်သံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် လွင့်ပျံ သွားကာ ခန္ဓာကိုယ်သည် စင်ပေါ်မှတဖြည်းဖြည်းမြင့်တက်သွားကာ ခမ်းနား သောအဟုန်သည် ခန္ဓာကိုယ်မှစီးကျလာသည်။ သူမ ထွက်လာချိန်တွင် ရွှေရောင်နတ်စွမ်းအား ခပ်ဖျော့ဖျော့သည် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဖဲပြား တစ်ခုလိုပါလာပြီး သူ့ဆီသို့အပြေးလာနေသော ကွမ်ယန်းနှင့်လုကျီတို့၏ စွမ်းအားကို နှေးကွေးသွားစေသည်။
“ဒါ ဒါက သူ သူ...”
လုကျီသည် ဤကောင်လေး လှုပ်ရှားလိုက်သည်ကို မြင်နေရသည်။ လွန်ခဲ့သည့်နှစ်ရက်က သူသည် ဓား ၉ လက်သာရှိသေးသည်။ သို့သော် ယခုအခါ ဘာကြောင့်များ နတ်ဘုရားတစ်ပါးလို ထင်နေရသနည်း။
“မကောင်းတော့ဘူး သူ အဆင့်တက်တော့မယ်”
ကွမ်ယန်းသည် ပိုသန်မာသည်။ ၃၃ ကောင်းကင်ဘုံသားရဲတောင်ရိုး၏ သားတစ်ယောက်အနေနှင့် သူသည် လူများကိုခစားသောအစေခံလုကျီထက် ပို၍ ဗဟုသုတရှိသည်။ ပေထင်းဟွမ်ကိုသတ်ရန် လုကျီနှင့် မပူးပေါင်းလျှင် လုကျီကို လှည့်မကြည့်ပေ။
ယခုအခါ နောက်ကျသွားလေပြီ။
မိုးပေါ်တွင် ရွှေရောင်အလင်းကျလာပြီး ပေထင်းဟွမ်အား လွှမ်းမိုးလေ သည်။ ကွမ်ယန်းနှင့်လုကျီတို့သည် သည်တစ်ကြိမ်တွင် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းကြောင့် တိုက်ခိုက်ခံရသည့်အလား ပြေးလာကြည်။ ရုန်းကန်ရန် အတွက်ပင် နေရာမရှိတော့ပေ။ သူတို့နှစ်ယောက်မှာ အလင်းနှင့်ထိပ်တိုက် တွေ့ပြီးနောက် ပုရွက်ဆိတ်နှစ်ကောင်ကဲ့သို့ ပြင်းထန်စွာလွင့်ထွက်သွားပြီး အချိန်လမ်းကြောင်းအောက်တွင် မျောသွားသလိုပင်။ ကောင်းကင်နှင့်မြေကြီး အကြားတွင် တောင့်ခံရန်အရည်အချင်းပင်မရှိတော့ဘဲ ပန်းလုံးပုံစံ ကာကွယ် ရေးအလွှာထဲတွင် ညှာတာမှုကင်းစွာနှင့် လွင့်သွားလေ၏။
ဤဒိုင်းကာသည် နတ်မိစ္ဆာခေတ်မှအကြွင်းအကျန် စွမ်းအင်အလင်း အစီအရင်ဖြစ်သည်။ ပင်မတိုက်ကြီးတစ်ခုလုံးတွင် နှစ်ပေါင်းထောင်ချီကြာ သည်အထိ နတ်အဆင့်ဆေးမထုတ်နိုင်သလောက်ဖြစ်ရာ ပေထင်းဟွမ်သည် ဤကဲ့သို့တန်ဖိုးကြီးသည့် သခင်ကြီးအဆင့်ရတနာဆေးကို သန့်စင်နိုင်လိမ့်မည် ဟုထင်မထားပေ။
သခင်ကြီးအဆင့်ဆေးကို မည်သူမှမမြင်ဖူးရာ ဤမျှကြောက်စရာကောင်း လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
စွမ်းအင်အလင်းတံတိုင်းနှင့်တိုက်မိပြီး သေလုဆဲဆဲဖြစ်သွားရာ ချောင်ရှန့် ပင်လျှင် ကွမ်ယန်းနှင့်လုကျီတို့ သေသွားမည်ကိုစိုးရိမ်မိသည်။
ထိုအချိန်တွင် ကွမ်ယန်းနှင့်လုကျီတို့ သေသလားရှင်သလားကို မည်သူမှ သတိမထားမိတော့ပေ။ အားလုံးသည် ပေထင်းဟွမ်ဆီသို့ အကြည့်ရောက်သွား ကြသည်။ ကောင်းကင်နှင့်မြေကြီး၏ မူလငွေရောင်အလင်းတန်းသည် ယခုအခါ ပေထင်းဟွမ်၏ခန္ဓာကိုယ်ပေါ်ကျရောက်ချိန်တွင် ရွှေရောင်ဖြစ်နေ ပြန်သည်။ သို့သော် ထိုအရာကို မည်သူမှလည်းသတိမထားမိကြပေ။