← Chapters

မီးတောက်မြို့

Vol. 61 Ch. 1212

မီးတောက်မြို့

Vol. 61 Ch. 1212

ရှီမန်ပိုင်သည် အပြစ်မကင်းစိတ် ခံစားရလေသည်။ သူတို့နှစ်ယောက် စကားပြောနေသည့်အတောအတွင်းတွင် ရှောင်ရုန်သည် အဖြူရောင်ကြောင် လေးနှင့် စာချုပ်တည်ထောင်ပြီးလေ၏။ ရှောင်ရုန်၏ခွန်အားမှာ တိုးမလာ သော်လည်း မိုလိပြောသလိုပင် ပေထင်းဟွမ် ရှောင်ရုန်အတွက် ချန်ထားခဲ့သည့် အရာမှာ အပြစ်အနာအဆာရှိပါမည်လား။ ဤအမည်မသိအမျိုးအစား ကြောင် ဖြူလေးသည် သွေးသန့်စင်မှု ၇၀ ရာခိုင်နှုန်းရှိသည့် အမြင့်ဆုံးသားရဲ ရေခဲ ကျားဖြူ ဖြစ်လိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

“ငါ့အမှားပါ၊ သူက ငါတို့ထက်တောင် ငါတို့ကိုတွေးပေးသေးတယ်” ရှီမန်ပိုင် သက်ပြင်းချကာ ပြတင်းပေါက်အပြင်မှ ညကောင်းကင်ကိုကြည့်လိုက် သည် “ငါလုပ်နိုင်တဲ့တစ်ခုတည်းသောအရာကတော့ သူ့နောက်လိုက်ပြီး မဟာမိတ်အင်ပါယာကို တည်ဆောက်ဖို့ပဲ၊ နောက်ဆိုရင် ငါတို့အဖွဲ့ကို ၃၃ ကောင်းကင်ဘုံကိုခေါ်သွားပြီး အဲဒီမှာ ကမ္ဘာတစ်ခုတည်ဆောက်ရမယ်”

ထိုအခိုက်အတန့်တွင် မိုလိ၏ခံစားချက်သည် မတည်ငြိမ်နိုင်သေးဘဲ မီးတောက်ခြင်္သေ့ထည့်ထားသည့် အသက်လှောင်အိမ်ပေါ်သို့ လက်မြှောက်ပြီး တင်လေသည်။ ပေထင်းဟွမ်သည် သူ့ကို သားရဲပေးချင်သည်။ သူ၏ခန္ဓာကိုယ် ထဲတွင် မီးဝိညာဉ်ရှိသဖြင့် မိုလိအား တိုက်ရိုက်ပေးလျှင် မိုလိမှ သားရဲနှင့် စာချုပ်မတည်ထောင်နိုင်မည်ကို သူမ ကြောက်သည်။ မိုလိ အခက်တွေ့မည်ကို သူမ ကြောက်နေခြင်းပင်။

“ငါ့အတွက် မင်းက အများကြီးစဉ်းစားပေးထားတာ၊ ငါက မင်းအတွက် ဘာလို့ နည်းနည်းလောက်လေး မစဉ်းစားပေးရမှာလဲ၊ ရှောင်ကျို့ ငါ့အသက်က မင်းအပိုင်ပါ၊ အခုကစပြီး မင်းအရှေ့ကိုသွားရင် ငါအရှေ့ကိုသွားမယ် မင်း အနောက်ကိုသွားရင် အနောက်ကိုလိုက်မယ်၊ မင်း ကောင်းကင်ကိုသွားရင် ငါ မင်းနောက်လိုက်မယ်၊ မင်း ငရဲကိုသွားရင် မင်းနဲ့အတူ ခံစားပေးမယ်၊ မင်းရဲ့ နောက်ကျောပြင်ကိုပဲ တစ်သက်လုံးမြင်ရမယ်ဆိုရင်တောင် မင်းနဲ့အတူမရှိရင် တောင် ငါပျော်မှာပါ”

ကျယ်ပြန့်ပြီးအဆုံးမရှိသော ရှင်းယွဲ့မြေအဆုံးတွင် ကန္တာရတစ်ခုရှိသည်။ ပင်မတိုက်ကြီး၏ အဆုံးမရှိကန္တာပေါ်တွင် ယန်ချန်းရှိသည်။ ၎င်းသည် သေဆုံး ခြင်းပင်လယ်ဟု ဆိုကြသည်။ ယန်ချန်းမှလူများမှလွဲပြီး မည်သူမှ ထိုနေရာသို့ မဝင်ကြပေ။ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူပင်လျှင် ထိုနေရာဆိုလျှင် အန္တရာယ်များနိုင်သည်။

ရွှေရောင်ကန္တာရ နေရောင်၏ရောင်ပြန်ဟပ်မှုအောက်တွင် ပင်မတိုက် ကြီး၏ အစွန်တွင် ရွှေများပြန့်ကျဲနေသကဲ့သို့ တောက်ပမှုများ ဖြာထွက်ကာ လူ အများ၏မျက်လုံးထဲသို့ ရွှေရောင်အလင်းများ ဝင်လာစေ၏။

ထိုနေရာရှိအပူချိန်မှာ အလွန်မြင့်မားပြီး အဝေးမှပင် မီးပင်လယ်ထဲ ရောက်နေသကဲ့သို့ ကျစ်ကျစ်တောက် နေသောအပူကို ခံစားနိုင်သည်။ မြေပြင် သည် လှိုင်းထနေပြီး အလွန်မြင့်သောတောင်နှင့်တောင်တန်းများရှိသော်လည်း မြက်ပင်တစ်ပင်မှပင်မရှိပေ။ ရံဖန်ရံခါတွင် သားရဲအရိုးများကို ရွှေဝါရောင်သဲ ပေါ်တွင် မြင်နိုင်လေသည်။ ကြီးမားသောအရိုးစုများသည် အပြင်တွင် ပေါ်နေ ပြီး ကြောက်စရာကောင်းလှသည်။ လူနေရာနေရာမရှိသလိုပင်။

ကန္တာရအစွန်တွင်ရပ်ပြီး အဆုံးမရှိသောကန္တာရပေါ်မှ ရွှေရောင် အခိုးအငွေ့များကို လှည့်ပတ်ကြည့်မိသည်။ ကိုယ်တိုင်မျက်လုံးနှင့်သာ မတွေ့ရ လျှင် ယုံနိုင်မည်မဟုတ်ပေ။ ထိုမြူခိုးများသည် ဝိညာဉ်စွမ်းအားများဖြစ်ကာ ထူထဲလွန်းသဖြင့် စီးဆင်းနိုင်ခြင်းပင်မရှိပေ။

ရှင်းယွဲ့မြေပေါ်တွင် ရံဖန်ရံခါအားပြင်းသောလေတိုက်ခတ်လျှင် ထိုထူထဲ သောဝိညာဉ်စွမ်းအင်သည် အနည်းငယ်ပါသွားတတ်သည်။ ပေထင်းဟွမ်သည် ကောင်းကင်နှင့်မြေကြီး၏ ထိုခမ်းနားသောဝိညာဉ်စွမ်းအားမှာ မိန်းကလေးတစ် ဦးသဖွယ် ယိမ်းနွဲ့နေသည်ကို မြင်နိုင်သည်။ စကတ်ထောင့်မှာ မြောက်တက် သွားသလိုမှာ ထိုထဲမှအလှတရားကိုပြသနေပြီး ထိုအလှတရားသည် ကောင်းကင်နှင့် မြေကြီး၏ရောင်ဝါထဲမှ ခမ်းနားသောနန်းတော်နှင့် မျှော်စင်ဖြစ်နေသည်။

ရံဖန်ရံခါတွင် ငွေရော်ငအလင်းတန်းသည် ရွှေရောင်ကန္တာရထဲမှ မြူခိုးမှ ထွက်ပေါ်လာသည်။ ငွေရောင်အလင်းတန်းသည် ရွှေရောင်မြူခိုးထဲမှ နန်းတော် အရိပ်ကို မှန်တစ်ချပ်ကဲ့သို့ ရောင်ပြန်ဟပ်လေသည်။ ထိုထဲတွင် ရှည်လျားသော အုန်းပင်များ၊ ရှားပါးသောဇာမဏီပန်းများနှင့် ၃၃ ကောင်းကင်ဘုံ ဆေးတောင် ကြားတွင်မရှိသည့် နဂါးဝိညာဉ်အပင်များရှိသည်ကို ရှင်းလင်းစွာမြင်နေရသည်။

လျှို့ဝှက်ဆန်းကြယ်ပြီး လှပလွန်းသည်။

ဤနေရာသည် ယန်ချန်းဖြစ်သည်။ နှစ်ပေါင်းထောင်ချီအတွင်းတွင် ပင်မတိုက်ကြီးရှိ မည်သည့်အင်အားစုကမှ ၎င်းနှင့်မယှဉ်နိုင်ပေ။ အပြင်လူများ ပင်လျှင် မျက်စိရှေ့တွင်ရှိနေသော ယန်ချိန်း၏အသွင်အပြင်ကို မရှာနိုင်ကြပေ။

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ ပြောရတော့မည်။ သူမသည် လကမ္ဘာပေါ်ထိ ခြေချနိုင်သည့် သိပ္ပံပညာတိုးတက်နေသော ၂၁ ရာစုမှ လာသော်လည်း ဤကန္တာရကိုမြင်လိုက်ရချိန်တွင် လျှို့ဝှက်မြို့၏ဖြစ်စဉ်ကို မအံ့ဩဘဲမနေနိုင်ပေ။

All Chapters