ပေထင်းဟွမ်ချန်ထားခဲ့တာက ချွတ်ယွင်းတဲ့ပစ္စည်း မဖြစ်နိုင်ဘူး
Vol. 61 Ch. 1211
ပေထင်းဟွမ်သည် နဖူးကိုရိုက်မိသည်။ သူမသည် အဂ္ဂိရတ်အစည်းအဝေး တွင် ဝိညာဉ်ပြန်ခေါ်ဆေးကို သန့်စင်မိလိမ့်မည်ဟု မမျှော်လင့်မိပေ။ ဤကဲ့သို့ ဆေးသည် ၃၃ ကောင်းကင်ဘုံမှလူများ မျက်စိကျလောက်အောင်ဖြစ်စေသည်။ သူမ ပြေးရတော့မည်။ သူမသည် နှာခေါင်းကိုပွတ်လိုက်သည် “ကျွန်တော်က တပ်ပြေးပဲလုပ်ရတော့မယ်၊ သူတို့ကို ဧည့်ခံဖို့ အရည်အချင်းရှိပါဦးမလား၊ သူတို့ကို ပြောချင်တာက ပူးပေါင်းဖို့အပြင်မရှိဘူး၊ ကျွန်တော်ပြောသလိုပဲ ဆရာ နန်လင်းက နောက်ဆုံးအသေးစိတ်အတွက် ခေါင်းညိတ်ဖို့ပဲလိုတော့တာ၊ အဲအကြောင်းပြောဖို့ အဆင်ပြေရဲ့လား”
ပေထင်းဟွမ်၏အတွေးကို မိုလိနှင့်ရှီမန်ပိုင်တို့ ခန့်မှန်းမိပြီးသားဖြစ်သည်။ ယနေ့ အဂ္ဂိရတ်အစည်းအဝေးတွင် ၃၃ ကောင်းကင်ဘုံမှလူများသည် ပေထင်းဟွမ်အား တိုက်ခိုက်ခဲ့ကာ တစ်နေ့ ပြန်၍တရားမျှတမှုကို ပြန်ရှာမည် ဖြစ်သည်။ ပင်မတိုက်ကြီးသာ စည်းလုံးလျှင် ခွန်အားသည် နောက်တစ်ဆင့် ရောက်သွားမည်ဖြစ်သည်။
မိုလိသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ရှောင်ကျို့ ငါ မဟာမိတ်အင်ပါယာကို ဝင်ဖို့ ဘာမှလုပ်မပြရသေးဘူး၊ အစ်ကိုရှီမန်နဲ့ ငါ့ကို ဒီကိစ္စကို ကိုင်တွယ်ခွင့်ပေးပါ၊ မင်း ယန်ချန်းကို ဖြစ်နိုင်သလောက်မြန်မြန်သွား ပါ”
“ဟုတ်ပြီ အစ်ကိုတို့ကို မယုံနိုင်စရာဘာရှိမှာလဲ”
ပေထင်းဟွမ်သည် သိုလှောင်လက်စွပ်ကို ရှီမန်ပိုင်အား ပေးလိုက်သည် “အစ်ကိုရှီမန် ကျွန်တော့်အတွက်စိတ်ပူဖို့မလိုပါဘူး၊ ဒီလက်စွပ်ထဲမှာ အားလုံး ပေါင်း သားရဲ ၃ ကောင်ရှိတယ်၊ သူတို့ကို ရှင်းယွဲ့မြေက လျှပ်စီးကိုဖမ်းခိုင်းထား တာ၊ အကုန်လုံးယဉ်ပါးပြီးသားပဲ၊ အစ်ကိုက ကောင်းကင်အဆင့်ဆိုပေမဲ့ ဆေးသန့်စင်သူတွေမှာ သားရဲမရှိကြဘူးလေ၊ စစ်သည်မှာ လက်နက်မရှိသလိုပဲ၊ သူတို့ထဲက တစ်ကောင်က အရမ်းရှားပါးတဲ့ မီးသားရဲပဲ၊ ရှေးသားရဲသွေးသား ၁၀ ရာခိုင်နှုန်းရှိတယ်၊ အစ်ကိုကြိုက်လောက်မှာပါ”
ပေထင်းဟွမ်ကဲ့သို့လူမျိုးအတွက် ကျေးဇူးတင်စကားပြောခြင်းသည် စော်ကားလိုက်ခြင်းပင်။ ရှီမန်ပိုင်သည် ပေထင်းဟွမ်နှင့် သိကျွမ်းသည်မှာ ရက်ပိင်းသာရှိသေးသော်လည်း ပေထင်းဟွမ်သည် အနားမှလူများကို အမြဲတမ်း တွေးပေးသည့်လူတစ်ယောက်ဖြစ်သည်ကို ခံစားမိသည်။
ရှီမန်ပိုင်သည် လက်စွပ်ယူပြီး ဘာမှမပြောဘဲ ရှီမန်ရုန်၊ မိုလိတို့နှင့်အတူ တန့်ကာမြို့ဆီသို့ သွားလေသည်။ အဂ္ဂိရတ်အစည်းအဝေးမတိုင်ခင် ပေထင်းဟွမ်သည် ရှန့်ကျီတည်းခိုဆောင်သို့ ပြည်မကြီးမှလူများအားလုံးကို ဖိတ်ကြားရန် ကတိပေးခဲ့သည်။
ရှီမန်ပိုင်သည် လက်စွပ်ထဲမှပါဝင်ပစ္စည်းများကို ခံစားမိသည်။ အသက် လှောင်အိမ် ၃ ခုအပြင်၊ တခြားဆေးအများအပြားလည်းရှိသေးသည်။ ထိုအထဲ တွင် ရှီမန်ရုန်အတွက် ကျီတန့်ပုလင်းလည်းပါဝင်သည်။
ထိုညတွင် ရှီမန်ပိုင်သည် ရှီမန်ရုန်အား ကျူကျီဆေးတစ်လုံးပေး၏။ ကလေးငယ်သည် ဝိညာဉ်သခင်မဖြစ်သေးသော်လည်း ဝိညာဉ်စွမ်းအင်ရှိနေပြီ ဖြစ်သည်။ ခန္ဓာကိုယ်တွင် ရောင်ဝါနှင့်ပြည့်ပြီးနောက် တစ်ကိုယ်လုံးသည် ထပ်မံထူးခြားလာသည်။
သားရဲ ၃ ကောင်မှာ ပေထင်းဟွမ်ပြောသလိုပင် ထူးခြားသည့် ခွန်အားနှင့် ရှားပါးသောမီးသားရဲ ကြယ် ၇ ပွင့် ဟင်္သပြဒါးမီးပျံလွှားဖြစ်သည်။ ရှီမန်ပိုင် ၎င်း နှင့်စာချုပ်တည်ထောင်ပြီးနောက် ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ဘုံသို့ ရောက်သွားလေသည်။
တခြားအသက်လှောင်အိမ် ၂ ခုထဲမှ တစ်ခုတွင် သားပေါက်လေးရှိနေ သည်။ ၎င်းသည် မွေးဖွားခဲ့သည်မှာ မကြာသေးပုံရကာ နှင်းဖြူရောင်ကြောင် လေးနှင့်တူသည်။ ရှီမန်ရုန်သည် မြင်မြင်ချင်း သဘောကျသွားကာ ထိုကြောင် လေးနှင့် ဝမ်းတွင်းပါ စာချုပ်တည်ထောင်ရန်မစောင့်နိုင်တော့ပေ။ ရှီမန်ပိုင် သည် သားကောင်ပေါက်၏ခွန်အားနှင့်သွေးသားကိုမသိသေးသဖြင့် တားချင် သော်လည်း မိုလိမှ သူ့ကိုတားလေသည်။
သူသည် မီးအမျိုးအစားသားရဲပါသည့် တခြားလှောင်အိမ်ကိုညွှန်ပြလေ သည်။ သို့သော် ၎င်းသည် ကြယ် ၇ ပွင့်သားရဲ မီးတောက်ခြင်္သေ့ဖြစ်သည်။ “ရှောင်ကျို့က သားရဲ ၃ ကောင်ပေးသွားတယ်၊ တစ်ကောင်က ငါ့အတွက်ဖြစ် မယ်၊ ဒါပေမဲ့ ငါ သားရဲနဲ့စာချုပ်တည်ထောင်မလားဆိုတာ မသေချာလို့ တိုက်ရိုက်ပေးမသွားတာပဲ၊ ဒီအကောင်ပေါက်လေးက ရှီမန်ရုန်အတွက်ပြင်ဆင် ထားတာပဲ၊ သူ့လိုလူမျိုးက ရှီမန်ရုန်အတွက် ပြင်ပေးထားတဲ့ သားရဲက အပြစ်အနာအဆာမရှိလောက်ဘူး”