ပေထင်းဟွမ်ရှိနေသရွေ့ မျှော်လင့်ချက်ရှိတယ်
Vol. 61 Ch. 1210
၃၃ ကောင်းကင်ဘုံကို ဘယ်တော့ရောက်မှာလဲ။ ပေထင်းဟွမ်ကိုယ်တိုင် ပင် မသိပေ။ သူမသည် အနည်းငယ် ရှုပ်ထွေးနေစဉ်တွင် ကျူလင်းပြောသည့် စကားကို ကြားလိုက်ရသည် “မင်းက သူများတွေနဲ့မတူဘူး၊ မင်းက ပင်မတိုက် ကြီးမှာ များစွာသောကပ်ဘေးတွေကိုဖြစ်စေတယ်၊ မင်းသာ ၃၃ ကောင်းကင်ဘုံ ကိုရောက်ရင် တစ်ယောက်တည်းဖြစ်မှာပဲ၊ အဲဒီကိုသွားလိုက်ရင် ရှင်သန်ဖို့က မလွယ်ဘူး၊ ပေထင်းဟွမ် ငါရောက်သွားရင်တော့ မင်းလည်း သေချာပေါက် သွားရလိမ့်မယ်၊ ငါပြောတာနားထောင် မင်း အမြင့်ဆုံးဘုံကိုမရောက်ရင် ၃၃ ကောင်းကင်ဘုံနယ်နိမိတ်ကို နင်းတောင်မနင်းနဲ့”
ပေထင်းဟွမ်၏ အဖြိုက်နက်ရွှေသားရဲလေးကောင် သုံးချောင်းထောက် သို့မဟုတ် အဂ္ဂိရတ်အစည်းအဝေးတွင် ပေထင်းဟွမ်ထုတ်လာသော အစမရှိ နွယ်ပင်၏သစ်ရွက်များသည် ၃၃ ကောင်းကင်ဘုံတွင် အပြိုင်အဆိုင်လုရ လောက်သည့် ပစ္စည်းများဖြစ်ကြသည်။
ထိုပစ္စည်းများသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲမှ တခြားနတ်ဘုရား ပစ္စည်းနှစ်ခုနှင့် မယှဉ်နိုင်သည်ကို ကျူလင်းသည် ထိုအချိန်ကမသိခဲ့ပေ။
“အမြင့်ဆုံးဘုံဟုတ်လား” ပေထင်းဟွမ်သည် ခေတ္တမျှရေရွတ်ပြီးနောက် ကျူလင်း၏ ရှားပါးလှသော ဂရုစိုက်သည့်မျက်လုံးများကိုကြည့်ပြီး ခေါင်းညိတ် ကာ ပြောလေသည် “ဟုတ်ပြီ ခင်ဗျားပြောတာကို စဉ်းစားကြည့်လိုက်ပါမယ်”
ပေထင်းဟွမ်သည် သဘောမတူသော်လည်း သေချာစဉ်းစားလိမ့်မည်ဟု ကျူလင်းသိသည်။ ထက်မြက်သောလူတစ်ယောက်အတွက် ကျူလင်းထက် စဉ်းစားဉာဏ်လျော့မည်မဟုတ်ပေ။ သူသည် သူမနှင့်ထပ်တွေ့ချိန်တွင် ဤကောင်လေးသည် မည်သို့ဖြစ်နေမည်ကို သူ ရှင်းရှင်းလင်းလင်းသိသည်။ အကြောင်းအရင်းမရှိဘဲနှင့် သူ၏ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု တက်လာသည်။ ၎င်းသည် တွန့်ဆုတ်နေခြင်းပင်။
ထို့ကြောင့် ကျူလင်းသည် ပေထင်းဟွမ် သူ့ကို ယုံသည့်အကြောင်းကို အလွန်အလေးထားသည်။ သူသည် လင်းယွိထုတ်ပြီး ရှီမန်ပိုင်အားပေးကာ ပြောလေသည် “ခင်ဗျား ၃၃ ကောင်းကင်ဘုံက ဆေးတောင်ကြားကိုသွားချင် ရင် ဒါကိုယူထားလိုက် သူတို့က ကျုပ်နဲ့တွေ့ဖို့ ခင်ဗျားကိုခေါ်လာပေးလိမ့်မယ်၊ ပြီးတော့ စီနီယာအစ်မကျူဇီနဲ့တွေ့ဖို့ ကျုပ်စီစဉ်ပေးမယ်”
“ဟုတ်ပြီ ဟုတ်ပြီ” သူ၏ချစ်ဇနီးနှင့် ပြန်တွေ့မည့်မျှော်လင့်ချက်မျိုး ရှိလာလိမ့်မည်ဟု ရှီမန်ပိုင် ထင်မထားပေ။ ကျူဇီလည်း သူ့ကိုစောင့်မျှော်နေ မည်ကို ယုံကြည်ထားသည်။ သူသည် မျက်ရည်စများဖြင့် လင်းယွိကို ကိုင်ထား သည် “သူမကိုပြောလိုက်ပါ ကျုပ် သူမကို သေချာပေါက်လာရှာပါ့မယ်လို့၊ သားလေးကို ခေါ်လာပေးမယ် အဲကျရင် သူမလည်း တွေ့ချင်လောက်မှာပါ”
ကျူလင်းသည် ခေတ္တမျှအေးခဲသွားသည်။ တစ်နှစ်ပတ်လုံး အရယ်အပြုံး မရှိသည့်မိန်းကလေးကို တွေးမိပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် “ပြီးတော့ သူမက တစ်ချိန်လုံးတစ်ယောက်တည်းရှိနေတာ၊ ခင်ဗျားတို့မိသားစု လည်း တစ်နေ့ ပြန်လည်ဆုံစည်းကြဖို့မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ဒါက ခင်ဗျားရဲ့ အားထုတ်မှုလည်းလိုသေးတယ်လို့ထင်တယ်၊ ဘာလို့လဲဆိုတော့ စီနီယာအစ်မ ကျူဇီက ကျုပ်အဖေရဲ့ ၁၃ ယောက်မြောက်တပည့်ဖြစ်နေတာ၊ အဲလောက် တော်တဲ့အရည်အချင်းနဲ့ဆိုရင် ကျုပ်အဖေ ခင်ဗျားကို အသိအမှတ်ပြုစေချင်ရင် ခင်ဗျားရဲ့ တကယ့်အရည်အချင်းကို ပြမှဖြစ်မယ်၊ အခုတော့ လုပ်လို့မရသေးဘူး”
ဤမှတ်ချက်သည် ရှီမန်ပိုင်၏အမူအရာကို မည်းနက်သွားစေသည်။ သို့သော် သူ့ဘေးတွင်ရပ်နေသော ပေထင်းဟွမ်ကိုမြင်သောအခါ ပြတ်သားသာ မျက်လုံးများနှင့်အတူ ရှီမန်ပိုင်၏ရင်ထဲတွင် မျှော်လင့်ချက်တဖန်မြင့်တက်လာ ခဲ့သည်။ သူပြုံးပြီး ပြောလိုက်သည် “ဟုတ်ပြီ အခုတော့ မလုပ်နိုင်သေးဘူး၊ အခုမလုပ်နိုင်သေးဘူးဆိုတာက အနာဂတ်မှာလုပ်နိုင်မှာပဲ၊ အခုလိုပုံစံနဲ့ သူမကို ဆေးတောင်ကြားဝင်ပေါက်မှာ လက်ထပ်ခွင့်တောင်းမှာမဟုတ်ဘူး၊ တစ်နေ့ တော့ ဆေးတောင်ကြားရဲ့အမြင့်ဆုံးသခင်က ကျုပ်ကို အသိအမှတ်ပြုပြီး ကျူဇီ ကို လက်ထဲထည့်ပေးရမယ်”
သူသည် ထောင်လွှားသော်လည်း လက်ရှိ ရှီမန်ပိုင်သည် ကောင်းကင်အဆင့်ဖြစ်သည်။ သူ နတ်အဆင့်ဖြစ်ပြီး ဝိညာဉ်အဆင့်ကိုဝင်လျှင်၊ အရှင်မှ အရှင်ကြီးအဆင့်သို့ရောက်လျှင် အနိမ့်အဆင့် အမြင့်ဆုံးခွန်အားကို ရောက်ရန် အချိန်မည်မျှကြာမည်ကိုမိပေ။ သို့သော် ကျူလင်းသည် ဤလူ၏ ကတိကိုယုံရန်အပြင်မရှိပေ။ ပေထင်းဟွမ်ရှိနေသရွေ့ သူ့တွင်မျှော်လင့်ချက်ရှိ သည်။
ကျူလင်းကို လိုက်ပို့ပြီးနောက် ရှီမန်ပိုင်နှင့် သားဖြစ်သူတို့၏ ခံစားချက် သည် မတူတော့ပေ။ သူတို့၏မျက်လုံးထဲတွင် အလင်းရှိနေပြီး၊ မျှော်လင့်ချက် သည် လူကိုယုံကြည်ချက်ရှိစေပြီး အပေါ်ကိုတက်ရန် အဆုံးမရှိသတ္တိရှိစေ သည်။ သွားရမည့်လမ်းမှာ မည်မျှကြမ်းတမ်းစေကာမူ ရင်ထဲတွင်ယုံကြည်မှုရှိ ပြီး ခိုင်မာနေသရွေ့ တခြားကမ်းသို့ရောက်နိုင်သည်။
“ရှောင်ကျို့၊ မိုလိနဲ့ ငါ တန့်ကာမြို့ကိုအရင်ပြန်နှင့်မယ်၊ ပြည်မကြီးက သန်မာတဲ့လူတွေကို ညစာစားပွဲဖိတ်ဖို့ကတိပေးထးတော့ မင်းကတိကို ဖျက်လို့ မရဘူး၊ မင်း တပ်ပြေးဖြစ်လိမ့်မယ်၊ မိုလနဲ့ငါက ကြည့်လုပ်လိုက်မယ်၊ မင်း သာသာပဲ ယန်ချန်းကိုသွားလိုက်တော့” သူ့ရှေ့မှလူငယ်သည် အလွန်အားကောင်းသည်ကို ရှီမန်ပိုင်သိသည်။ သို့သော် ငယ်ရွယ်မှုကြောင့်ပင် သူ အနည်းငယ် စိုးရိမ်နေခြင်းပင်။