အဖွဲ့ထဲမှာ အလှလေးနှစ်ယောက်ရှိသေးတယ်
Vol. 61 Ch. 1209
ရှောင်ထန်းနှင့်တခြားသူများသည် လူသားအသွင်ပြောင်းထားပြီးဖြစ်၏။ ရှောင်ထန်းသည် ဤမျှလှပသော မိန်းကလေးဖြစ်လိမ့်မည်ဟု မည်သူမှ ထင် မထားကြပေ။ သူမသည် အစိမ်းရင့်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သွယ်လျ လှပသည့်ခြေထောက်တစ်စုံကို လစ်ဟာပြထားသည်။ သူမသည် ခြေထောက် တွင် အဖြူရောင်အနားကွပ်ထားသည့် အစိမ်းရင့်ရောင်ဖိနပ်ကို ဝတ်ဆင်ထား သည်။ သူမ၏ဦးခေါင်းတွင် ဆံစုလေးနှစ်ခုရှိနေပြီး ဆံမြိတ်မှာ ရင်ဘတ်အထိ ကျနေသည်။ အဖြူရောင်ဆံပင်တန်ဆာတစ်စုံသည် အမွေးပွလုံးလေးနှင့်တူနေ ပြီး၊ အစိမ်းရင့်ရောင်မျက်လုံးတစ်စုံနှင့် တွဲဖက်လိုက်သောအခါ အစိမ်းရောင် သစ်ပင်များ တောင်ကျစမ်းရေတွင် ဟပ်နေသလိုမျိုး ရောင်ဝါသည် ဆွဲဆောင်မှု ရှိပြီး အလွန်ပင်လှပသည်။
ရှောင်ကျောက်သည်လည်း ဖော်မပြနိုင်လောက်အောင် ချိုမြလေသည်။ သူမသည် ရွှေအနားကွပ် အနီရဲရဲဝတ်စုံနှင့် မီးအိမ်ပုံစံဘောင်းဘီဝတ်ဆင်ထား သည်မှာ သူမ၏ သွယ်လျလှပသော ကိုယ်လုံးနှင့် လိုက်ဖက်လှသည်။ ပုံမှန် ရှည်လျားသည့်ဆံပင်ကို အနောက်တွင်ထုံးချည်ကာ ဆံမြိတ်ချထားသည်။ တောက်ပသော ရွှေရောင်မျက်အိမ်တစ်စုံနှင့်တွဲဖက်လိုက်သောအခါ သမင် လည်ပြန်ကြည့်လောက်အောင်ဖြစ်စေသည်။
ရှောင်ကျောက်နှင့်ရှောင်ထန်းတို့သည် အလှပဂေးနှစ်ယောက်ဖြစ်နေလိမ့် မည်ဟု မည်သူမှထင်မထားကြပေ။ ထိုအရာကပင် ပေထင်းဟွမ်၏ သားရဲအဖွဲ့ ကို ရုတ်တရက် အပူလှိုင်းများတက်လောက်အောင်ဖြစ်စေသည်။
လျိုဟွမ်သည် အဖြူရောင်အင်္ကျီနှင့် ငွေရောင်ဆံပင်ရှိကာ နတ်သားတစ် ပါးလိုပင်ဖြစ်သည်။ သားရဲများအားလုံး စကားပြောနေသည်ကိုကြည့်နေ၏။ သူ၏ ရှည်လျားသောဝတ်ရုံကို လေသည်တိုက်ခတ်တိုးဝင်လေသည်။ လက်တစ်ဖက်ကို နောက်ပစ်၍ နောက်တစ်ဖက်ကို ဝမ်းဗိုက်ရှေ့တွင်ချထားပြီး ခပ်ပြုံးပြုံးနှင့်ကြည့်ရသည်မှာ သူကိုယ်တိုင်ပါဝင်ရသည်ထက်ပင် ပိုပျော်မိလေ သည်။
လင်းမိုသည် အေးစက်သောအကျင့်စရိုက်ရှိကာ အနက်ရောင်ဝတ်စုံ၊ အနက်ရောင်ဆံပင်နှင့် မျက်လုံးနက်နက်များသည် ရေခဲတုံးကဲ့သို့အေးစက်နေ သည်။ သို့သော် သားရဲများ ပျော်ရွှင်စရာအကြောင်းအရာများကို ပြောနေချိန် တွင် သူ၏မျက်လုံးထဲ၌ မသိမသာအလင်းတစ်ခုရှိနေသည်။
သားရဲများသည် အဖြစ်အပျက်များကို သိပြီးသည့်နောက် ပေထင်းဟွမ် နှင့် ကျူလင်းတို့အကြားမှ ပဋိပက္ခများကို စတင်ပြောဆိုကြတော့သည်။ နေ့စဉ် အတူရှိနေသဖြင့် ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်ပြီးနောက်တွင် ပို၍စကား များ လာကြာသည်။ အမြဲတမ်းငြိမ်နေလေ့ရှိသော အဂူးပင်လျှင် စကားများလာ သည်။
“ဒီမှာဘာတွေဖြစ်နေတာလဲ၊ သခင် အနိုင်ကျင့်တာခံရတာနဲ့တင် ထပ် ဝမ်းနည်းပြန်တာလား” ကျို့ယန်သည် တာဝန်ယူမှုမဲ့စွာနှင့် ဝင့်ကြွားနေသည်။
“မိုးနတ်မင်းရေ ဒီလူက အတွင်းဒဏ်ရာကိုတောင်မခံနိုင်ဘူးလား” မိုးကြိုးသွားသည် အမြဲတမ်း အထိတ်တလန့်ပင်။
“မဖြစ်နိုင်ပါဘူး၊ သူ အတွင်းဒဏ်ရာရရင်တောင် ကံဆိုးလို့ပဲလို့ ပြောရမှာ ပဲ” လျှပ်စီးသည် နှာမှုတ်ပြီး ကျူလင်းအား ဗြုန်းစားကြီးကြည့်လေသည်။
ကျူလင်း၏ ခေါင်းသည် မီးတောက်မည့်ဆဲဆဲဖြစ်နေသည်ကို အားလုံး မြင်လိုက်ရသည်။ ပေထင်းဟွမ်သည် ပြုံးချင်စိတ်ကိုအောင့်အီးထားရသည်။ သို့သော် သူမ၏နောက်ပိုင်းလှုပ်ရှားတော့မည့်အကွက်သည် လူအများကို မုန်းတီးစွာနှင့် အံကြိတ်မိစေသည်။ သူမသည် ရှီမန်ရုန်၏ လက်မောင်းကို ပုတ် ကာ ချီးကျူးလေသည် “လိမ္မာတယ်၊ မင်းက အစွမ်းအစရှိသားပဲ အခုမှ ၅ နှစ် သားပဲရှိသေးတာ နတ်ဘုရားအဆင့်ကို ရိုက်နိုင်နေပြီ၊ မင်းကြီးလာင်တော့ တော်တော်အစွမ်းအစရှိမှာပဲ...”
“ပေ..ထင်း..ဟွမ်” ကျူလင်းသည် အော်ဟစ်လိုက်ရာ ပန်းယန်သစ်ပင် ပေါ်ရှိ အသိုက်ဖွဲ့နေသော ကျီးကန်းအုပ်သည် လန့်ဖြန့်ပြီး ပျံပြေးကြလေသည်။ သူတို့အနားတွင် ကျက်စားနေသော ရေခဲယုန်များသည်လည်း အလန့်တကြား ကြည့်ကာ လတ်ဆတ်စိမ်းစိုသည့် မြက်ပင်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပြေးလေသည်။
ပေထင်းဟွမ်သည် သူ့ကို ထပ်ရန်မစရဲတော့ဘဲ ချီထားသည့်ရှီမန်ရုန်ကို ရှီမန်ပိုင်ဆီသို့ပေးပြီး ရှေ့တိုးကာ ကျူလင်း၏ပခုံးကို ကြင်နာစွာ ပုတ်လေသည် “ဟုတ်ပြီ ဟုတ်ပြီ မရယ်တော့ဘူး၊ တကယ်တော့ ကျူလင်း ခဏလောက် ဒေါသထွက်လိုက်တာ ကောင်းပါတယ်၊ အမြဲတမ်းကြီး မျက်နှာတည်မထားပါနဲ့ မင်းမှာ ဘာလီအရည်သုံးလီတာလောက်ရှိနေတယ်လို့ ထင်သွားကြတော့မယ်”
ကျူလင်းသည် ဒေါသထွက်လွန်း၍ရယ်မိသည်။ သို့သော် ပေထင်းဟွမ် အား ဒေါသထွက်ပြီးနောက် နှစ်ပေါင်းများ ရင်ထဲတွင် ပိတ်ဆို့နေသော ဒေါသ များထွက်သွားသည်ဟု ခံစားမိသည်။ သူ ပေထင်းဟွမ်ကိုကြည့်ပြီးနောက် ပြော လိုက်သည် “ငါ ၃၃ ကောင်းကင်ဘုံကိုပြန်ဖို့ အသက်တံဆိပ်ပြား ချေဖို့ပဲလိုတယ် ငါ အမြန်ပြန်ရမယ်၊ ဝိညာဉ်ပြန်ခေါ်ဆေးရှိနေပြီဆိုတဲ့ သတင်းသာပျံ့သွားရင် ငါ အသက်ရှင်တော့မှာမဟုတ်ဘူး၊ ဝိညာဉ်ပြန်ခေါ်ဆေးကို အမေ့ကိုပေးလိုက်ဦး မယ်၊ ဒါပေမဲ့ ပေထင်းဟွမ် မင်း ၃၃ ကောင်းကင်ဘုံကို ဘယ်တော့လာမှာလဲ”