ကျူလင်း
Vol. 61 Ch. 1208
“သူမရဲ့ဘယ်ဘက်မျက်လုံးနဲ့ လက်တစ်လုံးအကွာလောက်မှာ မျက်ရည် ခံမှည့်ရှိတယ်...” ရှီမန်ပိုင်သည် စိတ်လှုပ်ရှားစွာနှင့် လက်မြှောက်ကာ ကျူလင်း ၏ လက်ကောက်ဝတ်ကိုရိုက်လေသည်။
အလိုအလျောက်လိုလိုပင် ကျူလင်းသည် နတ်စွမ်းအားကိုသုံးကာ သူ့ကို ခါချချင်သော်လည်း ပေထင်းဟွမ်၏ မျက်လုံးထဲမှ အေးစက်နေသောအလင်းကို မြင်သောအခါ ငြိမ်ကျသွားပြီး လက်ကောက်ဝတ်ကိုလှည့်ကာ ရှီမန်ပိုင်၏လက် ကို ရှောင်ရှားရင်း ခေါင်းညိတ်ပြီးပြေလေသည် “ဟုတ်တယ် စိတ်မပူပါနဲ့၊ သူမ က အရည်အချင်းတော်တော်ရှိပါတယ် ကျုပ်အဖေက သူမကို တော်တော် တန်ဖိုးထားတယ်၊ သူမ အဆင်ပြေမှာပါ”
“ကောင်းပါတယ်” ပေထင်းဟွမ်သည် လက်မြှောက်ကာ ရှီမန်ပိုင်၏ ခံစားချက်များကို ငြိမ်သွားအောင် ပခုံးကို အသာပုတ်လေသည် “ခင်ဗျား ၃၃ ကောင်းကင်ဘုံကို ပြန်မှဖြစ်မယ် ပြီးတော့ အစ်မကျူဇီကို ကောင်းကောင်းလေး ဂရုစိုက်ပေးပါ၊ အခြေအနေပေးရင် အစ်ကိုကြီးနဲ့ အစ်မကျူဇီတို့အခြေအနေကို ပြောပြပေးပါ”
ပေထင်းဟွမ်သည် အသိခက်သည့်အကြောင်းအရာကိုပြောရသည်မှာ 'အခြေအနေပေးရင်' ဆိုသည့်စကားလုံးသည် ကျူဇီ နားထောင်လိုသည်၊ နားမထောင်လိုသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သူမ နားထောင်လိုပါက သူမသည် ရှီမန်ပိုင်နှင့်သားဖြစ်သူအပေါ် ခံစားချက်ရှိနေဆဲဖြစ်ပြီး နှစ်ပေါင်း များစွာကြပြီးသည့်တိုင် ရင်ထဲတွင် လွမ်းနေတုန်းပင်ဖြစ်သည်။ ထိုသို့သာမ ဟုတ်ပါက.. ထိုစကားကိုကြားပြီးနောက် ရှီမန်ပိုင်၏ တစ်ကိုယ်လုံး တုန်ယင် သွားသည်ကို ပေထင်းဟွမ်မြင်လိုက်ရသည်။
ကျူလင်းသည်လည်း ထက်မြက်သူဖြစ်ရာ ပေထင်းဟွမ်၏ ဆိုလိုရင်းကို နားလည်သည်။ သူသည် မျက်မှောင်ကြုတ်မိသည်။ သူသည် ကျူဇီနှင့် ပတ်သက်၍ ကောင်းသည့်အမြင်မရှိသလို မကောင်းသည့်အမြင်လည်းမရှိပေ။ ထိုအေးစက်သောမိန်းမတွင် ပင်မတိုက်ကြီး၌ ခင်ပွန်းနှင့်သားရှိနေသည်။
ဒါဆိုရင် သူမက ဘာလို့ ၃၃ ကောင်းကင်ဘုံကို သွားနေသေးလဲ။ ၃၃ ကောင်းကင်ဘုံကိုသွားတာနဲ့ ပင်မတိုက်ကြီးကို ပြန်လာဖို့အခွင့်အရေးမရှိတော့ ဘူးဆိုတာမသိဘူးလား။ ဘုံသုံးဘုံတစ်ခုတည်းပေါင်းစည်းပြီး တိုက်ကြီးတစ်ခု မဖြစ်သရွေ့တော့မဖြစ်နိုင်ဘူး။
သို့သော် ထိုအရာသည် မဖြစ်နိုင်သလောက်ပင်။
“သူမက မင်းကို ဒီလိုမျိုး ရက်ရက်စက်စက် စွန့်ပစ်သွားတာကို သူမ အကြောင်းတွေ တွေးနေတုန်းလား” ကျူလင်းသည် သူ့ရှေ့မှ လူကြမ်းကြီးကို ကြည့်ပြီး အထင်သေးမိလေသည်။
“ကျွန်တော့်အမေကို ဘာမှပြောခွင့်မရှိဘူး၊ ကျွန်တော့်အမေကို မပြောနဲ့” ရှီမန်ရုန်သည် ရုတ်တရက် ပေထင်းဟွမ်၏လက်ထဲမှ ခုန်ထွက်ပြီး ကျူလင်း အား ခုန်အုပ်လေသည်။
ကျူလင်းသည် ခေတ္တမျှသတိလက်လွတ်ဖြစ်သွားကာ မျက်နှာကို အရိုက် ခံလိုက်ရလေသည်။ ချက်ချင်းဆိုသလိုပင် အရှက်ရသည့်ခံစားချက်ဝင်လာ သဖြင့် မျက်နှာမှာ ဒေါသကြောင့် ညိုမည်းလာသည်။ သူသည် လက်မြှောက် ကာ မျက်နှာကိုအုပ်လိုက်သည်။ နာကျင်မှုမရှိသော်လည်း ကျူလင်းသည် အရွယ်ရောက်ပြီးကတည်းက မျက်နှာကို တစ်ခါမှအရိုက်မခံရဖူးပေ။
“ဟား” ကျူလင်းကို ထိုသို့မြင်လိုက်ရသောအခါ ပေထင်းဟွမ်သည် ရယ်မောလေတော့သည်။ သူမသည် ကြောက်လန့်၍ငိုအံ့ဆဲဆဲဖြစ်နေသည့် ရှီမန်ရုန်ကို ပခုံးပေါ်တွင် တင်ကာပုတ်ပေးပြီး ကျူလင်း သူမအား ခက်ထန် သောမျက်လုံးများဖြင့် ပြန်ကြည့်သည်ကိုမြင်နေရသည်။ သူမ မတတ်သာဘဲ ရယ်မိတော့သည်။ သည်လိုဆိုလျှင် ကျူလင်းသည် ပို၍မျက်နှာပျက်နိုင်သည်။
“ရယ်နေတုန်းလား ဘာတွေအဲလောက်ရယ်ရလို့လဲ” ကျူလင်းသည် မာန်ပါပါအော်ဟစ်လေသည်။ သို့သော် ပေထင်းဟွမ်၏အပြုံးကိုမင်သောအခါ ရင်ထဲမှ ဒေါသသည် ရုတ်တရက်ပျောက်ကွယ်သွားလေသည်။ ခါးပင် မမတ်နိုင်လောက်အောင် အားပါးတရရယ်မောနေသော ပေထင်းဟွမ်ကိုကြည့် ပြီး အကြောင်းအရင်းတချို့ကြောင့် သူ၏ရင်ထဲတွင် ပျော်ရွှင်မှုများ လှိမ့်တက် လာပြီး မျက်လုံးများလည်း နူးညံ့လာသည်။
“အိုး” ပေထင်းဟွမ်သည် ရှီမန်ရုန်အား လက်တစ်ဖက်ဖြင့် ပွေ့ဖက်ပြီး နောက်တစ်ဖက်ဖြင့် နောက်ကျောကိုပွတ်ပေးနေသည် “ကျူလင်း ခင်ဗျားက တကယ် နတ်ဘုရားရောဟုတ်ရဲ့လား ရုန်အာက အသက်ဘယ်လောက်ရှိလဲ သိရဲ့လား၊ သူက ၅ နှစ်ပဲရှိသေးတာ တကယ်ပါပဲ...”
ကျူလင်းသည် အစက ခံစားချက်ကောင်းနေသော်လည်း ပို၍ဆိုးသွား သည်။ သူ၏မျက်နှာသည် မည်းနက်သွားကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး သူ့ကို သွားဖမ်းပြီးရိုက်ချင်စိတ်ဖြစ်လေသည်။ သူ၏ အံကြိတ်သံ ကျယ်လောင်သွားရာ သူ့ဘေးတွင် ပျော်ရွှင်စွာ စကားပြောနေကြသော သားရဲ များအားလုံးကို ထိတ်လန့်သွားစေသဖြင့် သူ့ဘက်သို့ကြည့်ကြလေသည်။