Chapters

ဇနီးသည်၊ အမေ့ရဲ့သား

Vol. 61 Ch. 1207

ဇနီးသည်၊ အမေ့ရဲ့သား

Vol. 61 Ch. 1207

ပေထင်းဟွမ်၏စကားလုံးများသည် ကျူလင်းအား ခေတ္တကြာအောင် မှင်တက်စေကာ တစ်ချိန်တည်းမှာပင် သူနှင့်သိပ်မဝေးသောနေရာတွင် ရှီမန်ပိုင်တို့သားအဖသည် အတူတကွအေးခဲနေကာ မျက်နှာပေါ်တွင် မယုံနိုင် သောမျက်နှာထားများရှိနေကြသည်။ ပေထင်းဟွမ်သည် အရှင်အဆင့်ဆေး ကို သတင်းနှင့် လဲလှယ်လိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

လမ်းသုံးခွဆုံတွင် ကြီးမားသောပန်ယန်းသစ်ပင်အောက်၌ လူငါးယောက် လုံးသည် စကားမပြောကြပေ။ အတန်ကြာအောင် နှုတ်ဆိတ်နေကြသည့် ပေထင်းဟွမ်၏သားရဲများကသာ စိတ်အားတက်ကြွစွာ စတင်ဆွေးနွေးကြလေ သည်။

သို့သော် သူတို့စကားပြောနေသည့်အသံများမှာ ကျူလင်း၊ ရှီမန်ပိုင်တို့ကို သတိပြန်ဝင်လာအောင် မလုပ်နိုင်သေးပေ။

“ပေထင်းဟွမ် မင်းက အရှင်အဆင့်ရတနာဆေးကိုသုံးပြီး လူတစ်ယောက် သတင်းကိုမေးတာလား၊ ငါ အဲလူကိုမသိရင် ဘယ်လိုလုပ်မှာ လဲ” ကျူလင်းသည် မယုံနိုင်လောက်အောင်ဖြစ်မိသည်။ သူ ပေထင်းဟွမ်နှင့် အချိန်အတော်ကြာရှိလေ သူ့ကို မသိလေဖြစ်ကာ သူလုပ်သမျှကို မခန့်မှန်းနိုင် လေဖြစ်သည်။

“တစ်ယောက်နဲ့တစ်ယောက် မသိလည်းဖြစ်တယ်” ပေထင်းဟွမ် ပြုံးလိုက်သည် “ဝိညာဉ်ပြန်ခေါ်ဆေးကိုယူပြီးသွားရင် ၃၃ ကောင်းကင်ဘုံရဲ့ ဆေးတောင်ကြားကိုပြန်ပြီး စုံစမ်းပေးပါ၊ တစ်နေ့ ကျွန်တော်တို့ ၃၃ ကောင်းကင်ဘုံကိုလာရင် ခင်ဗျားကိုလာရှာမယ်၊ အဲကျရင် မသိချင်ယောင် မဆောင်ဘူးမလား”

ကျူလင်းသည် ချက်ချင်းပင် ဒေါသထွက်ထွက်နှင့် မျက်နှာကြီးမည်းနက် လာကာ သူ၏မျက်လုံးထဲတွင် မီးလုံးကြီးတောက်လောင်လာသည် “ပေထင်းဟွမ် ငါကအဲလိုလူမျိုးလား”

သို့သော် သူ့လက်ထဲမှ ဝိညာဉ်ပြန်ခေါ်ဆေးပါသည့် ကျောက်စိမ်းပုလင်း ကို ကိုင်ထားရသည်မှာ ပို၍လေးလံစေသည်ဟုဆိုရမည်။ ဆေးအဆင့်မြင့်နေ၍ ကြောင့်မဟုတ်ဘဲ ပေထင်းဟွမ်သည် သူ့အပေါ်တွင် ယုံကြည်မှုရှိနေခြင်း ကြောင့်ပင်။ သူ့ကို ဘာလို့ အဲလောက်ယုံနေတာလဲ။ သူတို့ သိတာမကြာသေး ဘူးမလား။ ဒီကောင်လေးတော့ အေးစက်လွန်းတာမကောင်းဘူးလား။ ပိုခက်ခဲ တဲ့တောင်းဆိုမှုလုပ်တာ ပိုမကောင်းဘူးလား။

ကျူလင်း၏ခက်ထန်သည့်အကြည့်သည် ပေထင်းဟွမ်အား ဒေါသထွက် အောင်မလုပ်နိုင်သဖြင့် ရှီမန်ပိုင်တို့သားအဖဘက်လှည့်ကာ ပြောလိုက်သည် “အစ်ကိုရှီမန် ရှောင်ရုန်ရဲအမေနာမည်ကို ကျွန်တော်မသိဘူး”

ရှီမန်ပိုင်သည် လက်သီးဆုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အရိုအသေပြု လိုက်သည်။ ထိုအခိုက်အတန့်တွင် ကြမ်းတမ်းသောယောက်ျားသားတစ်ဦး၏ မျက်လုံးထဲတွင် တစ်စုံတစ်ရာလင်းလက်သွားသည်။ သူသည် အသက်ကို ပြင်းပြင်းရှူပြီး ပေထင်းဟွမ်တို့ရှိရာသို့ လျှောက်သွားလေသည်။ ရှီမန်ရုန်သည် ငယ်ရွယ်သေးသော်လည်း သူ၏ကလေးအတွေ့အကြုံအရ အလွန်အမြင်ရှိပြီး သူ၏အစ်ကိုကြီးနှင့် ဖခင်တို့ပြောနေသည့်အကြောင်းအရာများကို နားလည် သည်။

ထိုအချိန်တွင် ကောင်လေးသည် အလွန်စိတ်လှုပ်ရှားပုံပေါက်ပြီး ဖခင်ဖြစ် သူ၏ ဝတ်ရုံကို ကိုင်ကာ နောက်မှလိုက်သွားလေသည်။ မျက်နှာလေးသည် ဖြူစင်အောင်သန့်စင်ပြီးဖြစ်ကာ ပိန်ပါးသော်လည်း ချောမွတ်ပြီး ပေထင်းဟွမ် အား မည်းနက်သောမျက်လုံးအစုံဖြင့် စိုက်ကြည့်နေလေသည်။

ပေထင်းဟွမ်သည် ကလေးကို လက်ဆန့်ထုတ်ပွေ့ကာ ညင်သာစွာ ပုတ် ပေးလိုက်သည် “မကြောက်နဲ့ တစ်နေ့ကျ မင်း အမေကိုရှာတွေ့မှာပါ”

“ခင်ဗျားက ၃၃ ကောင်းကင်ဘုံ ဆေးတောင်ကြားကလား” ရှီမန်ပိုင်သည် သက်ပြင်းချကာ ခေါင်းငုံ့ကာ ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီး အတန် ကြာမှပင် ခေါင်းမော့လာပြီး သူ၏အသံကို ပိုတည်ငြိမ်အောင်ကြိုးစားရင်းပြော လေသည် “သူမနာမည်က ကျူဇီပါ ကျုပ်ဇနီးပါ၊ ပြီးတော့ သားရဲ့အမေလေ၊ သူမကို ၃၃ ကောင်းကင်ဘုံက ဆေးတောင်ကြားကနေ ပင်မတိုက်ကြီးက ဆေးတောင်ကြားကိုပို့လိုက်တာ၊ သူမ အခုဘာလုပ်နေလဲမသိဘူး”

ပြောဆိုပြီးနောက်တွင် ရှီမန်ပိုင်သည် ကျူလင်းဆီမှ သတင်းကို ကြားရန် ကြောက်နေသည့်အလား ကျူလင်းအား စိတ်အားထက်သန်သော မျက်လုံးများ ဖြင့် ကြည့်လေသည်။ ကျူလင်းမျက်မှောင်ကြုတ်သွားသည်ကိုကြည့်ပြီး ရှီမန်ပိုင်၏မျက်နှာသည် အတက်အကျဖြစ်နေသည်။ ဤအခိုက်အတန့်တွင် သူသည် မရေတွက်နိုင်သော အတွေးများခေါင်းထဲတွင် တဝဲလည်လည်နှင့် ဂနာမငြိမ်ဖြစ်နေသည်မှာ ထင်ရှားသည်။

အတန်ကြာပြီးနောက် ကျူလင်း၏မျက်ခုံးများပြေသွားသည်။ သူသည် လက်မြှောက်ကာ လက်ချောင်းများဖြင့် ခေါင်းကိုကုတ်ကာ အနည်းငယ် မသေချာသည့်အသံဖြင့် ပြောလေသည် “နောက်ဆုံးတော့ နည်းနည်းမှတ်မိ သလိုပဲ၊ ကျုပ်အဖေရဲ့ ၁၃ ယောက်မြောက်အလုပ်သင်ပဲ သူမက တော်တော် ကြည့်ကောင်းတယ် ဒါပေမဲ့ တစ်ယောက်တည်းနေတာများတယ်၊ သူမလား မသိဘူး”