← Chapters

မင်းကို သင်ခန်းစာပေးဖို့ ဒီမင်းသမီးကို ကူညီခိုင်းလို်

Vol. 61 Ch. 1220

မင်းကို သင်ခန်းစာပေးဖို့ ဒီမင်းသမီးကို ကူညီခိုင်းလို်

Vol. 61 Ch. 1220

ဤလူငယ်သည် ရက်အနည်းငယ်အတွင်းမှာပင် နတ်ဘုရားအဆင့်သို့ တက်သွားသည်ကို ထိုလူမမျှော်မှန်းထားသည်မှာ ထင်ရှားလှသည်။

အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် ထိုလူငယ် အစိုင်အခဲပြုလုပ် လိုက်သည့်အရာကို မမြင်ရပေ။ ပင်ဖုန်းသည်လည်း စိတ်မရှည်တော့ပေ။ ယန်ချန်းမှလူများရောက်လာသည်ကို သူမလည်း ခံစားမိသည်။ သူမသည် ထိုလူအား မမြင်ရသည်မှာ နှစ်ပေါင်းသောင်းချီကြာပြီဖြစ်သည်။ သည်တစ်ခေါက် သူသည် သူမအားလာကြည့်သည်ဟု တွေးပြီး ပင်ဖုန်းသည် ရင်ထဲမှ မကောင်းသည့်အရာများကိုချန်ထားပြီး ခုခံလေသည်။ မျက်နှာထားကို ထိန်းကာ အေးစက်စွာပြောလေသည် “သူက နတ်မိစ္ဆာဧကရာဇ်ပဲ မင်းက သူ့ရဲ့ မီးတောက်မြို့ကဆိုရင်တောင် သူ့ကိုနာမည်တပ်ခေါ်ဖို့ အရည်အချင်းမရှိဘူး၊ ဒီနေ့ သူဒီမှာမရှိတော့ ဒီမင်းသမီးက သူ့ကိုယ်စား မင်းကို သင်ခန်းစာပေးရမှာ ပေါ့”

ထိုအချိန်တွင် ဖြစ်နိုင်သည်မှာ ပင်ဖုန်းသည် ပေထင်းဟွမ်၏အသက်ကို ကယ်ချင်၍ အာသွက်လျှာသွက်ဖြစ်တန်ရာသည်။ သို့သော် သူမကို သက်သက် သာသာဖြစ်စေရန် မစဉ်းစားထားပေ

“နှင်းခဲဓားငှက်မွေး”

ပင်ဖုန်းသည် လက်ကိုလေထဲ၌ ခါယမ်းလိုက်သည်နှင့် ပေထင်းဟွမ်အား ရစ်ပတ်နေသော နတ်စွမ်းအား ရုတ်တရက် လေပေါ်သို့ ပျံ့သွားကာ ချက်ချင်း ဆိုသလိုပင် ကြီးမားသောငှက်မွေးနှင့်တူသည့် ဓားအဖြစ်ပြောင်းသွားလေ၏။ ထိုဓားကြီးမှာ ဓားရိုးကိုပင်မမြင်ရပေ။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် ရပ်လျက်ရှိသည်။ ၎င်းကို စွမ်းအင်ဖြင့် အသွင်ပြောင်းထားသည်မှာ သေချာနေသော်လည်း တစ်လွှာပြီးတစ်လွှာ အတက်အကျရှိနေသည့် ဓား၏ ချွန်ထက်မှုကို အားလုံးခံစားမိလေသည်။ မြေကြီး ကွဲသွားလေ၏။

“ချိုးစမ်း”

ပင်ဖုန်းသည် လေထဲတွင် လက်ချောင်းကိုလှည့်လိုက်ရာ လေခွင်းသည့် အသံထွက်ပေါ်လာသည်။ ထိုကြီးမားသည့်ဓားသည် ရုတ်တရက်အသက်ဝင် လာသည့်အလား ဓားထိပ်ပိုင်းကိုမြှောက်ကာ အမည်မသိပုံစံကို ချိန်ရွယ်ပြီး ရုတ်တရက် ခုတ်ချလေသည်။

ထိုအချိန်တွင် ထိုပုံစံမဲ့အရာသည် ရုတ်တရက် အားလုံး၏မျက်လုံးထဲတွင် နည်းနည်းစီပုံပေါ်လာသည်။ ၎င်းသည် သုံးချောင်းထောက်နှင့်တူလေသည်။

သုံးချောင်းထောက်ပတ်ပတ်လည်တွင် အရောင်ဖျော့ ကိုးရောင်ရှိနေပြီး အရောင်မဲ့စက်ဝိုင်းသည် ဖြည်းဖြည်းချင်း ပလုံစီတက်လာသလိုပင်။ ဓားကြီး သည် ၎င်းရှိရာသို့ ခုတ်လေသည်။ သူမ၏မျက်လုံးထဲတွင် ဓားကြီးသည် ခုတ်ချ နေသည်ကိုမြင်လိုက်ရ၏။

အုန်း

မရေတွက်နိုင်သောမီးပွားများထွက်လာပြီး နတ်စွမ်းအား၏ ကြောက်မက် ဖွယ်လှိုင်းဂယက်များသည် ပင်လယ်မှလှိုင်းများကဲ့သို့ လှိမ့်တက်လာကာ ပတ်ပတ်လည်တွင် မှေးမှိန်သွားလေသည်။ ပုံမပေါ်သေးသည့်သုံးချောင်း ထောက်သည် ပြင်းထန်သောထိပ်တိုက်တွေ့မှုတွင် အသံမြည်ဟိန်းလေသည်။ နောက်ထပ်အက်ကွဲကြောင်းပေါ်လာပြီးနောက်တွင် ဘုန်းဆိုသည့်အသံနှင့် အတူ နောက်ဆုံးပေါက်ကွဲမှု ထွက်လာပြီး လေထဲတွင် ပျောက်ကွယ်သွားလေ သည်။

ဓားကြီးသည် မလွယ်ကူသည်မှာ ထင်ရှားလှသည်။ သုံးချောင်းထောက် ပျောက်ကွယ်သွားသည်နှင့်အတူ ဓားကြီးပေါ်မှ မီးအက်ကြောင်းများဖြစ်ပေါ် လာသည်။ သို့သော် ထိုအက်ကြောင်းများသည် ဓားကြီးပျောက်ကွယ်သွား အောင်မစွမ်းဆောင်နိုင်ပေ။ ၎င်းသည် ဓား ၁ လက်နတ်ဘုရားအဆင့်နှင့် ထိပ်ဆုံးနတ်ဘုရားဘုရင်အဆင့်တို့၏ ကွာခြားချက်ပင်ဖြစ်သည်။

သုံးချောင်းထောက် ပျက်စီးသွားသည်ကိုမြင်သည်နှင့် ပင်ဖုန်းသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။ သို့သော် ထိုအချိန်တွင် နားစည်ကွဲ လောက်သည့် စူးရှသည့်အသံသည် အဝေးမှထွက်ပေါ်လာကာ သူမဆီသို့ ခက်ထန်သည့်လူသတ်မည့်ရည်ရွယ်ချက်နှင့်အတူ ပျံလာလေသည်။ ဒယ်စောက်ကျိုးပဲ့သည့်နေရာတွင် လက်ဖဝါးစာသာသာရှိသော ဓားပျံသည် သူမရှေ့တွင် ပျောက်ကွယ်သွားပြီး မျက်အိမ်ရှေ့သို့ရောက်လာလေသည်။ ၎င်းသည် ကြီးကြီးလာပြီး သူမ၏နဖူးတည့်တည့်သို့ တိုးဝင်လာသည်။

ပင်ဖုန်း၏မျက်လုံးများသည် ရုတ်တရက်အေးစက်လာသည်။ ဓား ၁ လက် နတ်ဘုရားအဆင့်လေးတွင် လှည့်ကွက်များစွာရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားပေ။ သို့သော် ဤလူငယ်သည် ထိုလူ၏ လူဖြစ်သည်ဟုတွေးလိုက် သည်နှင့် အကြောင်းအရင်းမရှိ ရင်ထဲတွင် နူးညံ့မှုရှိနေတုန်းပင်။ ယန်ချန်းတွင် ဤလူငယ်၏အဆင့်အတန်းမှာ မနိမ့်လှပေ။ ဤအကြောင်းအရင်းကြောင့်ပင် သူ့ကို ထူးခြားအောင် လုပ်ထားခြင်းဖြစ်မည်။

ပင်ဖုန်းသည် လက်မြှောက်လိုက်ရာ သူမ၏လက်တစ်ခုလုံးကို အဖြူရောင် မြူခိုးအလွှာဖြင့် ဖုံးအုပ်ထားပြီး ရစ်ပတ်ထားလေသည်။ ဓားပျံကို မီးတောက်များဖြင့် ပြုလုပ်ထားခြင်းပင်။ သူမသည် ထိုအရောင်နှင့်မရင်းနှီးလှ ပေ။ ၎င်းသည် ကိုးရောင်နှင့်တူသည်။ အရောင်သည် ဖျော့တော့လွန်းရာ ဘာမှ မရှိသလောက်ထင်ရသည်။ လက်သီးဆုပ်မှ လက်ချောင်း ငါးချောင်းဖြန့်လိုက် ချိန်တွင် လက်ဖဝါးကို ဓားပျံဖြင့်မွှန်းထားခံရသည်ကို တွေ့လိုက်ရသည်။

All Chapters