Chapters

ယန်ယဲ့လို့ခေါ်ခွင့်မရှိတာ မင်းပဲ

Vol. 61 Ch. 1219

ယန်ယဲ့လို့ခေါ်ခွင့်မရှိတာ မင်းပဲ

Vol. 61 Ch. 1219

ဘုန်း

သက်ရောက်မှုကျရောက်ချိန်တွင် ပေထင်းဟွမ်၏ခန္ဓာကိုယ် ပတ်ပတ် လည်မှ ရွှေရောင်ဖျော့နတ်စွမ်းအားသည် ပြိုလဲသွားလေသည်။ ဓား ၁ လက် နတ်ဘုရားသည် ထိပ်ဆုံးနတ်ဘုရားဘုရင်ရှေ့တွင် မော်ကြည့်ရန် မလုံလောက် ပေ။ ပေထင်းဟွမ် အဆင့်တက်ရာမှရလာသည့် စွမ်းအင်ကို မှီခိုခြင်းသည် ပင်ဖုန်းနှင့်ယှဉ်ပြိုင်ရန်မလုံလောက်ပေ။

ထိုအချိန်တွင် ယန်ချန်းမှလူများသည် ဝိညာဉ်စွမ်းအင်ပေါများသော တောင်ထိပ်သို့ရောက်နေပြီဖြစ်သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး အာမေဋိတ်သံ များထွက်လာပြီး မရေတွက်နိုင်သောပုံရိပ်များသည် ထိုဘက်သို့ အပြေးရောက် လာကြသည်။ ထိုလူများသည် ပေထင်းဟွမ်ကို မြင်ပြီးကြသည်မှာ ထင်ရှား သည်။ သူ၏ခန္ဓာကိုယ်မှ အင်္ကျီနှင့် နှင်းပင့်ကူပန်းပွင့်သည် ဤကောင်လေး အတွက် သူတို့အသက်ပေးရမည်ဖြစ်ကြောင်း သေချာနေသည်။

“ရေခဲဇာမဏီ”

ကြည်လင်သောအော်သံတစ်ခုသည် အမှောင်ရွှေနတ်စွမ်းအားလေ့ကျင့် ထားသည့်ဝဲအလယ်မှ ထွက်ပေါ်လာသည်။ ပင်ဖုန်းသည် အသံလာရာသို့ လိုက်ပြီးကြည့်ရာ သူမ၏မျက်လုံးများသည် ရက်စက်ပြီးအေးစက်နေသည်။ ပေထင်းဟွမ်သည် သူမ၏ စဉ်းတီတုံးပေါ်သို့ရောက်နေသည်ကို သေချာနေ သည်။ သူမသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ ရွှေရောင်ဖျော့ နတ်စွမ်းအားများ မှေးမှိန်သွားသည်ကိုကြည့်ပြီး မျက်မှောင်ကြုတ်မိသည်။ ဤလူငယ်သည် ယခုအချိန်ပြီးသည်နှင့် အသက်ပြန်ရှင်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။

“သူ့ကို ယန်ယဲ့လို့ခေါ်ခွင့်မရှိတာ မင်းပဲ ငါမဟုတ်ဘူး” ပေထင်းဟွမ်၏ အသံသည် တည်ငြိမ်နေဆဲဖြစ်ကာ ထိုနေရာသို့အပြေးလာနေသည့်လူများ၏ ခြေလှမ်းများကို ရပ်တန့်သွားစေသည်။ မောက်မာသောအသံသည် ကောင်းကင် နှင့်မြေကြီးအကြားတွင် ပေါ်ထွက်လာသည် “ကောင်းကင်နဲ့မြေကြီးမှာ ငါ့မှာပဲ ခေါ်ခွင့်ရှိတယ်၊ ငါရှုံးရင်တောင် မင်းအလှည့်မရောက်ဘူး”

ပင်ဖုန်း၏ရင်ထဲတွင် ဒေါသများထပ်မံထွက်လာကာ သူမ၏မျက်ခုံးများ သည် တင်းကျပ်သွားကာ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားသည် ပိုပိုပြီးခက်ထန် လာကာ ပေထင်းဟွမ်အား ရေစီးကြောင်းကဲ့သို့ အပြေးဝင်လေသည်။

ထိုအခိုက်အတန့်တွင် ရွှေရောင်အရင့်နတ်စွမ်းအား သိမ်းပိုက်ခြင်းကိုခံရ သည့် ပေထင်းဟွမ်၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စွမ်းအားတချို့ပေါ်ပေါက် လာသကဲ့သို့ လင်းလက်လာသည်။ ပုံစံမဲ့သည့်နတ်စွမ်းအားသည် တဖြည်းဖြည်း စုဝေးလာပြီး မြူခိုးများအလယ်တွင် အရောင်မရှိသည့်အရာမှ ချက်ချင်းပင် အရောင်အမျိုးမျိုးသို့ ပြောင်းလဲလာသည်။

“ဒါကဘာကြီးလဲ” ပင်ဖုန်းသည် ပေထင်းဟွမ်အား အာရုံမစိုက်အားပေ။ ဤပစ္စည်းကိုမြင်လိုက်ရချိန်တွင် သူမ ဂရုမစိုက်နိုင်တော့ပေ။ ထိုအစား သူမသည် ၎င်းအားချက်ချင်းပင် ကြည့်လိုက်သည်။ သို့သော် နားမလည်သေး ပေ။ ဒီပုံစံမဲ့ဟာက ဘာကြီးလဲ။

ထိုအချိန်တွင် ရွှေရောင်အရင့်နတ်စွမ်းအားဝဲဂယက်ထဲမှ ပုံစံမဲ့အရာသည် အစိုင်အခဲဖြစ်ပြီး နတ်ဘုရင်ထိပ်ဆုံးဖြစ်သည့်တိုင်အောင် လွှမ်းမိုးနိုင်သည်ကို ယန်ချန်းမှပြေးလာကြသည့်လူများသည်လည်း မြင်လိုက်ရလေသည်။ နတ်စွမ်းအားကို ထိုမြူခိုးအနီးထုတ်လွှတ်သည်နှင့် မြူခိုးမှဝါးမျိုလေသည်။

“နတ်ဘုရားရေ ဒီလူငယ်ကဘယ်သူလဲ၊ သူက နတ်ဘုရားဘုရင်ထိပ်ဆုံး အဆင့်နဲ့တောင် ပြိုင်နေတာ”

သူ့ကိုကယ်ရန်လာသည့် ယန်ချန်းမှလူများသည် ထိုအချိန်တွင် အလော မကြီးတော့ပေ။ အားလုံးသည် ထိုမြင်ကွင်းကိုကြည့်နေကြပြီး အားလုံး၏ရင်ထဲ တွင် အံ့ဩမှုကြီးဖြစ်စေလေသည်။ လူအနည်းငယ်သည် ပေထင်းဟွမ်၏ သရုပ်မှန်ကို ခန့်မှန်းနေကြပြီး ဘေးတွင် တည်ငြိမ်စွာရပ်နေကြသည်။ ပေထင်းဟွမ်ပြောခဲ့သည့်စကားကို အခြေခံရလျှင် သူတို့သည် ဤနဂါး ၉ ကောင်၊ ဇာမဏီ ၉ ကောင်ဝတ်ရုံဝတ်ထားသည့် ထူးခြားသည့်အဆင့်အတန်း နှင့် မိန်းကလေးကိုသတ်ချင်လျှင်တောင် လူငယ်သည် တခြားသူ၏လက်ကို ငှားမည်မဟုတ်သည်ကို ထိုလူများသိကြသည်။

ပေထင်းဟွမ်၏အသံကို ကြားသောအခါ ဤနေရာသို့အပြေးလာနေကြ သော အနက်ရောင်ဝတ်ရုံဝတ်ထားပြီး ငွေရောင်ဆံပင်ရှိသည့် လူငါးယောက် အဖွဲ့၏ခေါင်းဆောင်သည် လှုပ်ရှားတော့မည်ပြုပြီးမှ ရပ်လိုက်လေသည်။ သို့သော် သူ့မျက်လုံးများသည် ရွှေရောင်အရင့်နတ်စွမ်းအင်ဝဲဂယက်ထဲမှ လူငယ်ကို စိုက်ကြည့်နေသည်။ ပုံစံမဲ့အရာ တဖြည်းဖြည်းချင်း စုစည်းနေသည် ကိုကြည့်ပြီး သူ၏ခရမ်းရောင်မျက်လုံးထဲတွင် အံ့ဩမှုကို ပြသမိလေသည်။