ယန်ယဲ့ အချက်ပြခြင်း
Vol. 61 Ch. 1218
အနက်ရောင်ဝတ်ရုံသည် ခရမ်းရင့်ရောင်စန္ဒကူးထိုင်ခုံမှ တွဲလောင်းကျနေ သည်။ ခန်းမအပြင်မှ လေတိုးဝင်လာပြီး ဝတ်ရုံသည် နူးညံ့စွာ ဝေ့ယမ်းနေ သည်။ ရှည်လားသောငွေရောင်ဆံပင်သည် သူ၏အနက်ရောင်ဝတ်ရုံနှင့် အားကောင်းသောအသွင်အပြင်ကို ဖော်ဆောင်ကာ လူသားများကိုရိတ်သိမ်းရန် ငရဲမှတက်လာသည့် သေမိန့်တံစဉ်းကိုင်ဆောင်ထားသည့် သေမင်းနှင့်တူလေ သည်။
သူ၏မျက်လုံးများ ရုတ်တရက်ပွင့်လာရာ ခန်းမအပြင်မှလူသည် သူ့ရှေ့ တွင် ဒူးထောက်လေသည်။ ထိုလူကိုမကြည့်ရဲဘဲ တုန်ယင်သောအသံဖြင့် ပြော လေသည် “မြို့စား အဆုံးမရှိကန္တာရအစွန်မှာ လူနှစ်ယောက်က အစီအရင်ထဲ မှာ တိုက်ခိုက်နေပါတယ်”
အစီအရင်လှုပ်ခတ်သွားရာ ယန်ချန်းမြို့တစ်ခုလုံး အချက်ပြသလိုဖြစ်ပြီး လူအများသည် အခန်းများ၊ အိမ်များမှထါက်ကာ ယန်ချန်း၏အစွန်ဆီသို့ ပျံသွား ကြလေသည်။
ထိုလူ၏ခရမ်းရောင်မျက်လုံးများသည် မြေပေါ်တွင် ဒူးထောက်နေသည့် လူကိုကြည့်ပြီး ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ခန်းမထဲမှ ပျောက်ကွယ်သွား လေသည်။ သူ့အနောက်မှ ကိုယ်ရံတော်လေးယောက်လိုက်သွားရာ ငါးယောက် အဖွဲ့သည် အနည်းငယ်လောနေသလိုထင်ရသည်။
ထိုအချိန်တွင် အဆုံးမရှိကန္တာရအစွန်၌ ပုံရိပ်နှစ်ခုသည် ရွှေရောင်ဖျော့ မြူခိုးကြားမှထိုးထွက်လာသည်။ ပင်ဖုန်းသည် နဂါး ၉ ကောင်နှင့် ဇာမဏီ ၉ ကောင်ချည်ထိုးဝတ်ရုံကို တတ်ဆင်ထားပြီး ခါးတွင် ရွှေခါးပတ်ပတ်ထားသည်။ ရွှေရောင်နတ်စွမ်းအားရေစီးကြောင်းသည် သူမခန္ဓာကိုယ်ထဲမှထွက်လာပြီး အစီအရင်ထဲမှ ကောင်းကင်နှင့်မြေကြီးစွမ်းအားကို သူမ၏ခန္ဓာကိုယ်ထဲသို့ ရွှေ့ ပြောင်းပေးလေသည်။ စွမ်းအင်တလိပ်လိပ်တက်မှုအောက်တွင် သူမ၏ဝတ်ရုံ မှာလေနှင့်အတူ လွင့်နေသည်။
သို့သော် ထိုအချိန်တွင် သူမ၏မျက်လုံးထဲမှ ရှားပါးသောထိတ်လန့်မှုသည် ပေထင်းဟွမ်အား တင်စီးစွာကြည့်နေပြီး မယုံကြည်နိုင်သည့်အသံနှင့်ပြောလေ သည် “မင်းလည်း နတ်ဘုရားဖြစ်လိမ့်မယ်လို့ ငါ ထင်မထားဘူး၊ မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ ၃၃ နှစ်အရွယ်လောက်ကို အရည်အချင်းရှိနေတာပဲ၊ ထျန်းလင်းရှန့်မျိုးနွယ်မှာ ဒီလိုမျိုးထူးချွန်တဲ့သူကို မမြင်ဖူးဘူး၊ ဒါပေမဲ့ မင်းက ဒီနေ့ငါ့လက်ထဲမရောက်သင့်ဘူး၊ မင်း ဒီမှာပဲ သေဖို့ပဲတန်တယ်”
မြင့်မားသောရောင်ဝါနှင့်အတူ ဤအချိန်တွင် သူမရောက်နေသည့်နေရာ သည် နဂါးဇာမဏီတောင်ကြားဟု ထင်နေပုံပင်။ သူမသည် စိတ်မရှည်စွာနှင့် ပြောလေသည် “မင်းသမီးက မင်းနဲ့အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး၊ ပုရွက်ဆိတ် လေး မင်းက ယန်ချန်းကမို့လို့ သူ့အတွက်နဲ့ ဒီမင်းသမီးက မင်းကို မြန်မြန်သေ ခွင့်ပေးလိုက်မယ်”
ထို့နောက် ရွှေရောင်အရင့်နတ်စွမ်းအားသည် မြင်းတစ်ကောင်မှ ပေပေါင်းရာချီကျယ်ဝန်းသည့် ကြီးမားသောဝဲအဖြစ်ပြောင်းလဲကာ ပေထင်းဟွမ်ရှိသည့်နေရာသို့ ရောက်လာသည်ကို သူမ မြင်လိုက်ရသည်။ ပေထင်းဟွမ်အား ကြိုးတစ်ချောင်းနှင့် ချည်လိုက်သလိုထင်ရသည်။ ပင်ဖုန်းသည် ဝဲထဲတွင်ရှိနေသည့် ပေထင်းဟွမ်အားကြည့်နေ၏။ ပေထင်းဟွမ် သည် မြေကြီးတွင် တွားသွားနေသည့် မထင်မရှားပုရွက်ဆိတ်တစ်ကောင်လိုပင် ဝဲ၏ချေမှုန်းခြင်းကိုခံနေရသည်။
သူမ၏မျက်လုံးထဲတွင် အေးစက်သောအလင်းဖြစ်ပေါ်လာသည်။ သူမ သည် လက်မြှောက်လိုက်ရာ လက်ထဲတွင်ထိန်းချုပ်ထားသည့် ရွှေရောင်မြင်းမှ ဖြစ်ပေါ်လာသော ဝဲသည် သူမပါးစပ်မှအော်သံနှင့်အတူ အဆက်မပြတ် လည်ပတ်နေသည်။ အလွန်ကြီးမားသည့်ခွန်အားကို သယ်ဆောင်ပြီး ပေထင်းဟွမ်အား ပြင်းထန်စွာ ညှစ်သတ်လေသည်။
ပင်ဖုန်းသည် ပေထင်းဟွမ်အား သတ်ရန် ဤရွှေရင့်ရောင်နတ်စွမ်းအားကို အသုံးပြုခဲ့သည်။ ဤဖျက်ဆီးနိုင်သည့်ကိုယ်ဟန်သည် ပေထင်းဟွမ်အား ပုရွက်ဆိတ်တစ်ကောင်လို ဖျက်ဆီးလေသည်။
ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် သဘာဝအတိုင်းပင် ရွှေရောင်ဖျော့ နတ် အလင်းဖြင့် ရစ်ပတ်ကာ သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည်။ သို့သော် ရွှေရောင်အရင့်နှင့်ယှဉ်လျှင် ရွှေရောင်ဖျော့သည် မကောင်းလှပေ။ ကြီးမားသော ရွှေရောင်အရင့်မြင်းကို လေ့ကျင့်ထားခြင်းဖြစ်ပြီး ပင်ဖုန်း၏ လူသတ်ချင်သည့်ရည်ရွယ်ချက် သန်မာလေလေ ဖျက်ဆီးလိုမှုသည် ရက်စက် လေဖြစ်သည်။ ပို၍တင်းကြပ်လေလေ ပေထင်းဟွမ်၏ ရွှေရောင်ဖျော့စွမ်းအား နယ်ပယ်ကို ပေါက်ကွဲစေလေဖြစ်သည်။