← Chapters

ဓား ၁ လက်နတ်ဘုရားအဆင့်နှင့် နတ်ဘုရားဘုရင် အဆင့်

Vol. 61 Ch. 1217

ဓား ၁ လက်နတ်ဘုရားအဆင့်နှင့် နတ်ဘုရားဘုရင် အဆင့်

Vol. 61 Ch. 1217

ပင်ဖုန်းသည် ရန်စရန်မလွယ်ပေ။ သူမသည် မျက်လုံးများကို ဖြည်းဖြည်း ချင်း ကျဉ်းမြောင်းလိုက်ပြီး အစီအရင်တစ်ခုလုံးမှ ရောင်ဝါများသည် သူမဆီသို့ ရွေ့လျားလာပြီး ပေထင်းဟွမ်ဆီသို့ ပြင်းပြင်းထန်ထန်ဖိနှိပ်လိုက်သည်။ သူမ၏ အသံသည် ရေငတ်ပြေစေသည့်ပုံပေါက်သည် “ယန်ယဲ့ဟုတ်လား၊ ယန်ယဲ့က မင်းခေါ်ချင်သလို ခေါ်လို့ရမယ့်နာမည်လား၊ ဟင်း ပုရွက်ဆိတ်တစ်ကောင် အဆင့်နဲ့များ၊ သူ့ကိုနာမည်တပ်ခေါ်ရအောင် ဘာအရည်အချင်းရှိလို့လဲ”

အမှန်အကန် စိတ်ဝင်စားစရာပင်။ တခြားသူမှ ယန်ယဲ့အား ယခုလို ကာကွယ်ပေးလျှင် ပေထင်းဟွမ်သည် ကျေးဇူတင်မိဦးမည်။ သို့သော် သူမရှေ့မှ မိန်းကလေးသည် ယန်ယဲ့အား ထိုမျှလောက်ကာကွယ်ပေးနေသည်မှာ ပေထင်းဟွမ်အတွက် ယင်ကောင်စားမိသလောက်ကိုပင် ရွံရှာမိသည်။ ချက်ချင်းပင် သူမ၏စိတ်ထဲတွင် အမြဲတမ်းသန်မာသူသည် သူမအား သွားပြီး ဆွဲဖြဲချင်မိသည်။

သို့သော် ဤအချိန်တွင် ပေထင်းဟွမ်သည် စိတ်သာရှိကာ ခွန်အားမရှိပေ။ တလှိမ့်လှိမ့်တက်လာသော ဝိညာဉ်စွမ်းအင်သည် အစီအရင်ကို ချိုးဖောက် မတတ် ပေထင်းဟွမ်ဆီသို့ ပင်လယ်တွင် တိုက်ခတ်သည့်လေကြမ်းကဲ့သို့ လှိမ့် တက်လာသည်မှာ လှိုင်းတစ်လုံးကပင် ပေထင်းဟွမ်အား သေစေနိုင်လောက် သည်အထိပင်။

ဤမိန်းမ၏ဖိအားကြောင့် သေဆုံးရန် ပေထင်းဟွမ်အတွက် မဖြစ်နိုင် ပေ။ သူမသည် နဂိုကတည်းကပင် ဤမိန်းကလေးကို သဘောမကျခြင်းပင်။ ပထမဆုံးအနေနှင့် သူမ သေသွားလျှင်တောင် ဤမိန်းကလေးကိုသတ်သွားမည် ဟု တွေးမိခြင်းပင်။

သူမ၏ခန္ဓာကိုယ်မှ နတ်စွမ်းအင်ထွက်လာကာ ရွှေရောင်အလင်းခပ်ဖျော့ ဖျော့သည် ကန္တာရမြူခိုးထဲတွင် လုံးဝခွဲမရပေ။ အရာအားလုံးသည် ရွှေရောင် ဖျော့အလွှာနှင့်ခြုံလွှမ်းနေပြီး ပေထင်းဟွမ်သည် သူမထင်ထားသကဲ့သို့ ကုသ သူသက်သက်မဟုတ်သည်ကို ပင်ဖုန်းမမျှော်လင့်ထားမိပေ။ ပေထင်းဟွမ် ပြန် တိုက်ခိုက်သည့်အချိန်၌ပင် သူမ နတ်ဘုရားအဆင့်ရောက်နေသည်ကို သတိ မထားမိပေ။

နတ်စွမ်းအားသည် ကြီးမားသောစပါးအုံးနှင့်တူသည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်အား ရစ်ပတ်ပြီးနောက် ခေါင်းကိုမြင့်မြင့်မြှောက်ကာ ကောင်းကင်ဘုံ ကိုးဘုံဆီသို့ သွားသည့် စီးကြောင်းနဂါးအလား ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ထဲသို့ ခေါင်းဝင်သည့်အလား ရေခဲဇာမဏီကို ရွှေ့ပြောင်းလေ သည်။

ဘုန်း...

ကောင်းကင်နှင့်မြေကြီးသည် နိမ့်ကျယိမ်းသွားပြီး ကန္တာရတစ်ခုလုံးသည် ခပ်ပြင်းပြင်း တုန်ခါသွားလေသည်။ မလကတည်ငြိမ်သောရွှေရောင်အလွှာ သည် ငလျင်ဒဏ်ထိသွားသည့်အလား ကြီးမားသောတောင်ထိပ်ဖြစ်ပေါ်လာပြီး ကောင်းကင်ဆီသို့ ဓားကြီးတစ်ခုထိုးထောင်သွားသကဲ့သို့ ဖြစ်ပေါ်လာသည်။

အသံမှာ သောင်းချီသောမြင်းများ ကဆုန်ပေါက်ပြေးလာသကဲ့သို့ တိမ်တိုက်ထဲတွင် မိုးကြိုးနှစ်ခုထိပ်တိုက်တွေ့သကဲ့သို့ ပေါက်ကွဲထွက်လာရာ အားလုံး၏နားစည်ကို တုန်ခါနာကျင်စေလေသည်။

ကွမ်ယန်းနှင့် လုကျီတို့သည် ပေထင်းဟွမ်၏ တန်ပြန်တိုက်ခိုက်မှု ဖိအား ကြောင့်လွင့်ထွက်သွားသည်။ သူတို့နှစ်ယောက်လုံးသည် ကန္တာရထဲမှ ရွှေရောင်ဖျော့ရောင်ဝါအလွှာကိုဖြတ်ပြီး ရှင်းယွဲ့မြေတွင် ခုခံနိုင်စွမ်းမရှိဘဲ လဲကျလေသည်။ သူတို့နှစ်ယောက်မှာ ရှက်ကိုးရှက်ကန်းနှင့်မြေကြီးပေါ်မှ ထလိုက်ရာ အင်အားနှစ်ခု ထိပ်တိုက်တွေ့ရာမှ လှိုင်းလုံးကြီးလိမ့်တက်လာ သည်ကို မြင်လိုက်ရသည်။

သူတို့နှစ်ယောက်လုံး၏အကြည့်များသည် လေးနက်သွားကာ ကြောက်လန့်မှုကို ပြသလေသည်။ ကုသရေးအဆင့်သာရှိသည့် ကောင်လေးဟု ပင်ဖုန်းပြောခဲ့သည်ကို သူတို့ ယုံခဲ့ကြသည်။ သို့သော် သူသည် အမှန်တကယ် ပင် ကုသရေးအဆင့်ဖြစ်သည်လား။ သာမန်ဝိညာဉ်သခင်သည် ပင်ဖုန်းကဲ့သို့ ထိပ်ဆုံးနတ်ဘုရားဘုရင်အဆင့်ရှိသူတစ်ယောက်ကို တိုက်ခိုက်နိုင်သည်လား။ ပြိုင်ဘက်၏ ခွန်အားကို လှုပ်ခါထုတ်နိုင်သည်လား။

ဤဘက်တွင်ဖြစ်နေသည့် လှုပ်ရှားမှုများသည် ယန်ချန်းမှလူများကို သတိချပ်မိစေသည်။

ယန်ချန်း အတွင်းဘက်မြို့တွင် တောင်တန်းများနှင့်နီးသည့် ကြီးမားပြီး ခမ်းနားသော နန်းတော်ထဲတွင် ယောက်ျားတစ်ယောက်သည် အထက်ပိုင်းခုံ တွင်ပျင်းရိစွာလဲလျောင်းနေပြီး ခရမ်းရင့်ရောင် စန္ဒကူးထိုင်ခုံ၏ လက်တင်ကို ကိုင်ထားပြီး မျက်လုံးများကို အသာအယာမှိတ်ထားသည်။ သူ၏ခရမ်းရောင် လိုက်နာသည် ကွေးပြီးလှပစွာတွန့်လျက်ရှိသည်။ နားထင်ဆီသို့ တစ်လွှာချင်း ထပ်နေသည့် ခရမ်းရောင်ကိုကည့်ရသည်မှာ မယုံနိုင်လောက်သော ခမ်းနားမှု တစ်ခုပင်။

ထူထဲသောမျက်ခုံးများသည် မြင့်မားသောတောင်များကဲ့သို့၊ ခပ်မြင့်မြင့် နှာခေါင်းသည် အေးစိမ့်သောစမ်းချောင်းထဲတွင် ပေါက်သည့် တောင်ဝှေးပင် လိုပင်။ ပါလွှာသောနှုတ်ခမ်းများသည် အနည်းငယ်ကွေးနေပြီး ချယ်ရီပွင့်ဖတ် ကဲ့သို့ ပန်းရောင်သမ်းနေသည်။ သို့သော် ထိုအသွင်အပြင်သည် ဤလူ၏ ရက်စက်မှုကို သံသယဝင်စရာမရှိလောက်အောင် အေးစက်လေသည်။

All Chapters