← Chapters

ပုရွက်ဆိတ်လောက်ကများ ယန်ယဲ့ရဲ့နာမည်ခေါ်ဖို့ ဘာအရည်အချင်းရှိလို့လဲ

Vol. 61 Ch. 1216

ပုရွက်ဆိတ်လောက်ကများ ယန်ယဲ့ရဲ့နာမည်ခေါ်ဖို့ ဘာအရည်အချင်းရှိလို့လဲ

Vol. 61 Ch. 1216

ပေထင်းဟွမ်သည် ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့သုံးယောက်သည် ခက်ခက်ခဲခဲလျှောက်နေသည်ကို တွေ့လိုက်ရ၏။ ကွမ်ယန်းနှင့်လုကျီတို့သည် ပေထင်းဟွမ်လောက်ပင် မလျှောက်နိုင်ဘဲ ခြေထောက်များကိုဆွဲကာ မြေကြီး တွင် တွားသွားမတတ်ပင်။ သို့သော် ပေထင်းဟွမ်သည် သူမ၏ခွန်အားကြောင့် တခြားသုံးယောက်ထက်သာသော်လည်း သန်မာလှသည်တော့မဟုတ်ပေ။

“နတ်မိစ္ဆာဧကရာဇ်က ဘာလုပ်နေတာလဲ၊ ဒီနေရာက ဘာလို့ ထုံရှန်း ထက်တောင်ဝင်ရခက်နေတာလဲ၊ မင်းသမီးပင်ဖုန်း အရင်ဝင်လို့ရမလား၊ ကွမ်ယန်းနဲ့ကျွန်မတို့ ယန်ချန်းဖွင့်တဲ့အချိန်ထိ နှစ်လစောင့်လိုက်မယ်” လုကျီ သည် မလှုပ်နိုင်တော့ဘဲ မြေကြီးပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ကာ ပါးစပ်မှ အသက်ရှူနေရသည်။

ကွမ်ယန်းသည် ခြေနှစ်လှမ်းလှမ်းဖို့ပင် မတတ်နိုင်တော့ကာ နောက်ဆုံး တွင် သူသည်လည်း ထိုင်ချကာ သေသည့်တိုင်အောင် ဆက်မသွားချင်တော့ သည့်အလား ပင်ဖုန်းအားကြည့်လေသည်။

ပင်ဖုန်း၏အထင်သေးပြီး အနည်းငယ်ခမ်းနားသောမျက်လုံးများသည် သူတို့နှစ်ယောက်၏မျက်နှာများကို ဝေ့ဝဲကြည့်လေသည်။ ထို့နောက် သူမ၏ မျက်လုံးများသည် ပေထင်းဟွမ်ပေါ်သို့ကျရောက်လာသည် “အရှင်အဆင့် မင်းတို့နှစ်ယောက်က ကောင်လေးတစ်ယောက်လောက်တောင် မစွမ်းဆောင် နိုင်ဘူးလား၊ ဟင်း.. ငါထင်ကတော့ သူ့အသက်အရွယ်နဲ့ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ဝိညာဉ်သခင်ခွန်အားရှိမှာပဲ၊ မင်းတို့ကို သူရယ်သွားစေချင်တာ လား”

ကွမ်ယန်းနှင့်လုကျီတို့သည် ချက်ချင်းပင် ခေါင်းမော့ပြီး ပေထင်းဟွမ်အား ကြည့်လေသည်။ ထိုအခိုက်အတန့်မှပင် သူတို့နှစ်ယောက်သည် သူတို့၏ရှေ့ တွင် တစ်လှမ်းချင်းလျှောက်နေသော ကောင်လေးသည် အတော်အတန်အဝေး သို့ရောက်နေပြီဖြစ်ကြောင်းကို သိလိုက်ရသည်။ ထိုလူငယ်၏ခွန်အားကို မမြင် နိုင်သော်လည်း ပင်ဖုန်းပြောသည့်စကားကို ယုံကြည်မိကြလေသည်။ ၁၄ နှစ်၊ ၁၅ နှစ်အရွယ်ရှိသောကောင်လေးသည် ၃၃ ကောင်းကင်ဘုံ၌ပင်လျှင် ဝိညာဉ် သခင်၏ခွန်အားထက် မပိုနိုင်ပေ။ ဤနေရာသည် ပင်မတိုက်ကြီးဖြစ်သည်။ ၃၃ ကောင်းကင်ဘုံထက် မည်သည့်နေရာသာနိုင်မည်နည်း။

ပေထင်းဟွမ်သည် သူတို့သုံးယောက် သူမအကြောင်းပြောသည်ကို ကြား သောအခါ ခေါင်းလှည့်ပြီး ပင်ဖုန်းအားပြုံးပြပြီးနောက် ကွမ်ယန်းနှင့် လုကျီတို့ အား သနားသလိုကြည့်လေသည် “ဘုရားရေ ဒါကယန်ချန်း ငါ့အိမ်ပဲ၊ အမြဲတမ်း ဝင်ထွက်သွားလာနေတာ၊ အစီအရင်ကိုအံတုတဲ့ လက်နက်ရှိတယ်၊ အသားကျ နေပြီ၊ ခွန်အားထုတ်ဖို့ကိုမလိုတော့တာ”

ထိုစကားကိုကြားပြီးနောက် ပင်ဖုန်းသည်ခေါင်းညိတ်လေသည်။ သူမ၏ မျက်လုံးများသည် နွေးထွေးမှုအရိပ်အယောင်ကို ပြသလေသည်။ ထင်ရှားစွာ ပင် သူမသည် ပေထင်းဟွမ်၏စကားများကို ယုံကြည်သည် “အင်း.. လွန်ခဲ့တဲ့ နှစ်တစ်သောင်းက နတ်မိစ္ဆာဘေးနားမှာ အစွမ်းအစရှိတဲ့လူတွေအများကြီးပဲ၊ အမြင့်ဆုံး လက်နက်သခင်တောင်ရှိသေးတယ်၊ မင်းက သူနဲ့အနီးကပ်နေရ တော့ နတ်လက်နက်ရှိတာ ပုံမှန်ပါပဲ”

ပင်ဖုန်းထိုသို့ပြောလိုက်ချိန်တွင် သူမ၏မျက်လုံးများ ထပ်မံနွေးထွေးသွား ပြီး ကလူသည့်အရိပ်အယောင်ပါလေသည် “မင်းကနတ်မိစ္ဆာဧကရာဇ်နားက ဘယ်သူလဲမသိဘူး မောင်လေး”

ဤမိန်းကလေးသည် ယန်ယဲ့ကို လေးနက်စွာမေတ္တာရှိနေသည်။ ပေထင်းဟွမ်သည် စကားပြောတော့မည်အပြုတွင် အသိစိတ်ပင်လယ်ထဲမှ မင် သည် စကားပြောလသည် “ဟွမ် သူမ အသွင်အပြင်ကြောင့် အရူးလုပ်မခံနဲ့၊ ဒီမိန်းမက လူကောင်းမဟုတ်ဘူး၊ ၃၃ ကောင်းကင်ဘုံမှာ သူမက ငါ့ကို နဂါးနဲ့ ဇာမဏီမီးနဲ့ ကင်တော့မလို့ပဲ၊ ဒါပေမဲ့ သူမသာ ငါ့ကိုဖိအားပေးပြီး လေဟာနယ် မဖျက်ခိုင်းရင် ငါသာ ပင်မတိုက်ကြီးကို မလာခဲ့ရင် ငါ မင်းနဲ့တွေ့မှာလည်း မဟုတ်ဘူး”

ထိုစကားကြားရသောအခါ ပေထင်းဟွမ်သည် ရင်ထဲတွင် ဆုံးဖြတ်ချက် ချပြီးဖြစ်လေသည်။ သူမသည် ယန်ယဲ့ကိုမရလျှင်တောင် ဤမိန်းကလေး ယန်ယဲ့ကိုမရစေရပေ။ ဤမိန်းကလေးကို ပင်မတိုက်ကြီးတွင် သတ်နိုင်ပါက အကောင်းဆုံးဖြစ်မည်။ သူမကို မသတ်နိုင်ပါက အနာဂတ်တွင် ၃၃ ကောင်းကင်ဘုံ၌ နဂါးဇာမဏီတောင်ကြားတွင် မီးလောင်တိုက်သွင်းခံရနိုင် သည်။

မင်သည် ထိုအရာကို ကြုံတွေ့ဖူးသည်။ ပေထင်းဟွမ်သည် သနားသည့် ခံစားချက်မျိုးရှိသည်။ ပင်ဖုန်းအပေါ်တွင်ရှိသော အမြင်မကြည်မှုသည် ယခု အချိန်တွင် အမုန်းတရားအဖြစ်ပြောင်းသွားသည်။ သူမ၏မျက်လုံးများသည် ထက်လာပြီး ပင်ဖုန်းအား အေးစက်စွာ စိုက်ကြည့်လေသည် “ယန်ယဲ့က နတ် မိစ္ဆာဧကရာဇ်မဟုတ်ဘူး၊ သူက ယန်းမြို့ရဲ့မြို့စားပဲ၊ ငါလည်း မြို့စားတစ် ယောက်ပဲ၊ အဲဒါမင်းနဲ့ဘာဆိုင်လဲ”

ပေထင်းဟွမ်၏ရင်ထဲမှ အမုန်းတရားကိုခံစားမိပြီး မင်၏နှလုံးသားသည် နွေးထွေးမှုများဖြင့် ပြည့်သွားလေသည်။ ပြောရလျှင် သူသည် ဤမိန်းမကို ကျေးဇူးတင်သင့်သည်။ မဟုတ်လျှင် သူသည် ဟွမ်နှင့်တွေ့ရမည်မဟုတ်ပေ။

All Chapters