မေးကိုမေးတာ၊ မင်းက ယန်ချန်းကလား
Vol. 61 Ch. 1215
“စိတ်မပူပါနဲ့ ပင်ဖုန်းတို့ ဒီမှာဘာလုပ်မလဲဆိုတာ အရင်ကြည့်လိုက်၊ သူတို့တွေက ယန်ချန်းကိုသွားမယ်ဆိုရင် လိုက်သွားလိုက် မဟုတ်ရင် အဲဒီကို ဘယ်လိုရောက်အောင်သွားမလဲဆိုတာ နောက်မှသင်ပေးမယ်”
တိုက်ဆိုင်စွာပင် ပင်ဖုန်းတို့ ဤနေရာတွင် ဘာလာလုပ်သည်ကို ပေထင်းဟွမ်လည်း သိချင်သည်။ ထိုလူများရောက်လာသည်ကိုမြင်ပြီးနောက် သူမသည် ကန္တာရဆီသို့ တိုက်ရိုက်လျှောက်သွားလေသည်။ ခေါင်းဆောင် ဘယ်လောက်တောင် တုံးအလိုက်လဲ။ အဲတုန်းက ကျို့ကျူစင်္ကြံကိုသွားခဲ့တာ မဟုတ်ဘူးလား။
မထင်မှတ်စွာပင် ပေထင်းဟွမ်၏ ရိုက်ချက်သည် ရှေ့မှလူသုံးယောက်ကို ထိတ်လန့်သွားစေသည်။ သူတို့အားလုံးသည် ပေထင်းဟွမ်အားကြည့်ကြလေ သည်။ သူမဝတ်ဆင်ထားသည့် ငွေရောင်ချည်ဖြင့်ထိုးထားသော ကိုးလွှာပန်းနှင့် အနက်ရောင်ဝတ်ရုံမှာ နေရောင်အောက်တွင် တောက်ပနေကာ မထင်မရှား မျက်နှာကို အမှုန့်ဖြစ်သွားလျှင်တောင် မှတ်မိနိုင်လေသည်။
သူတို့သုံးယောက် ပေထင်းဟွမ်ကို ကြည့်နေချိန်တွင် ပေထင်းဟွမ်သည် ပင်ဖုန်းအားကြည့်နေသည်။ သူမသည် နဂါး ၉ ကောင်နှင့်ဇာမဏီ ၉ ကောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ လက်သည်း ၅ ခုနှင့် ရွှေရောင်နဂါးသည် အသက် ဝင်ပြီး ခမ်းနားလှသည်။ ကြင်ယာတော်၊ နတ်သမီးများကဲ့သို့ သူမ၏ လခြမ်း ကွေးမျက်ခုံးများကို တွ့န်လိုက်ပြီး သူမ၏ ဇာမဏီမျက်လုံးများသည် မီးတိုင်ကဲ့ သို့ဖြစ်နေပြီး နှာခေါင်းမြင့်မြင့်ရှိသည်။ နီရဲသောနှုတ်ခမ်းများအနည်းငယ် ဟ သွားပြီး ပေထင်းဟွမ်အား မေးလေသည် “မင်းက... ယန်ချန်းကလား”
ပေထင်းဟွမ်၏ဝတ်ရုံမှ ကိုးလွှာနှင်းပင့်ကူပန်းကို ကြည့်နေချိန်တွင် သူမ၏ မျက်လုံးများကို မာန်ထိန်းကာ တတ်နိုင်သလောက်တည်ငြိမ်အောင် ထားသော်လည်း သူမ၏စိတ်ထဲတွင် မတည်ငြိမ်နိုင်သည်ကို ပေထင်းဟွမ် ပြောနိုင်သည်။ သူမ၏ အသံပင်လျှင် တုန်ယင်နေသည်။ သူမသည် တခြားနိုင်ငံ မှပန်းကိုမြင်လိုက်ရသကဲ့သို့၊ အချိန်အတော်ကြာခွဲခွာခဲ့ပြီးမှ ပြန်တွေ့သည့် ချစ်သူကို ပြန်တွေ့လိုက်ရသလိုပင်။
ပေထင်းဟွမ်သည် သူမဘာသာ တွေးနေသည်။ ဤမိန်းကလေးသည် အလွန်ပင်လှပသည်။ သူမသည် အနည်းငယ်ကြမ်းတမ်းပြီး တခြားသူကို အနောက်တွင်မကောင်းပြောတတ်သူလည်း ဤကဲ့သို့အဆင့်အတန်းမြင့်သည့် ရောင်ဝါနှင့် လိုက်ဖက်သူ အနည်းငယ်သာရှိသည်။ သူမသည် အမှန်တကယ်ပင် ယန်ယဲ့ကို ချစ်နှစ်သက်သူဖြစ်လိမ့်မည်။ သို့သော် သူမသည် ကိုးလွှာနှင်းပင့်ကူ ပန်းကိုမြင်သောအခါ စိတ်လှုပ်ရှားသွားကာ ယန်ယဲ့အားမြင်ပြီးနောက် မည်သို့ ဖြစ်မည်ကို သိချင်မိသည်။
“ဒီမှာ မင်းကို မေးနေတယ်လေ မင်းက ယန်ချန်းကလားလို့” ပင်ဖုန်းအား သတိလက်လွတ်ကြည့်နေသော ပေထင်းဟွမ်ကိုကြည့်ပြီး လုကျီမျက်မှောင် ကြတု်လိုက်သည်။ သူမသည် မတူညီသည့်မျက်နှာနှင့်ခန္ဓာကိုယ်မှလွဲပြီး ဤလူငယ်ကို အရင်ကမြင်ဖူးသလိုခံစားနေရသည်။ ပုံစံသည် ရင်းနှီးလှပြီး မျက်လုံးများသည်ရင်းနှီးနေသည်။ အားလုံးသည် စိတ်ကြီးဝင်နေပုံပေါက်နေ သည်။
ပေထင်းဟွမ်သည် လုကျီအား အထင်သေးစွာကြည့်ပြီး ဆွဲဆောင်မှုမရှိ သည့်မျက်ခုံးများကို ပင့်လိုက်သည်။ သူမ၏ အမူအရာသည် အလွန်ပင် ဖော်ရွေ မှုမရှိပေ “မင်းက ဘယ်သူလဲ၊ ငါ့တံခါးနားမှာချောင်းကြည့်ပြီးဘာလုပ်နေတာလဲ မီးတောက်မြို့က နှစ်လနေမှဖွင့်မှာ၊ နှစ်လနေမှပြန်လာခဲ့” ပေထင်းဟွမ်သည် ပြောပြီးနောက်တွင် သူတို့လာရာလမ်းသို့ပြန်ရန် လက်ဝေ့ပြလိုက်ကာ ကန္တာရ ဆီသို့ အေးအေးလူလူလျှောက်သွားလေသည်။
အပြင်မှကြည့်လျှင် ဤမြေသည် မီးတောက်တောင်နှင့်တူသည်။ ကန္တာရ မှ လေပူသည် ရှင်းယွဲ့မြေတစ်ဝက်နီးပါးကို ဖုံးအုပ်ထားရာ နှစ်ပေါင်းထောင်ချီ မတူညီသောပတ်ဝန်းကျင်အောက်တွင် ရှင်းယွဲ့မြေတွင် သဘာဝပေါက်ပင်များ ကို ညှိုးနွမ်းစေသည်။ ကြီးမားသော ကွားခြားချက်တစ်ခုရှိသည်။ ကန္တာရတွင် လမ်းလျှောက်ရသည်မှာ မီးဖိုထဲတွင်လျှောက်နေရသည်နှင့်တူပြီး ပေါများသော ရောင်ဝါသည် ကြီးမားသောဖိအားကို သယ်ဆောင်လာရာ ခန္ဓာကိုယ်ပေါ်တွင် ဝန်ထုပ်ဝန်ပိုးများ သယ်ဆောင်ထားရသည့်အလား ခြေလှမ်းများလေးလံလာ ၏။ ခြေထောက်နှစ်ချောင်းကို သဲအိတ်များချိတ်ထားသည့်အလား မ,ပင်မ,မနိုင် ပေ။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ပေထင်းဟွမ်သည် အသက်ရှူ ကျပ်လာသလိုခံစားရကာ စိတ်ထဲမှစဉ်းစားမိလေသည်။ ယန်ချန်းကလူတွေ ဘယ်လိုများ ဝင်ထွက်ကြတာလဲ။ ဘယ်လောက်ဝေးဝေးသွားရဦးမလဲမသိဘူး။
ပင်ဖုန်းနှင့်တခြားသူများသည် ၃၃ ကောင်းကင်ဘုံမှ ဤနေရာထိရောက် လာသဖြင့် ပေထင်းဟွမ်၏စကားများကြောင့် နောက်ပြန်မလှည့်ကြပေ။ သူတို့ သည် နှစ်လကြာထိမစောင့်ဘဲ ပေထင်းဟွမ်နောက်မှလိုက်လာခဲ့ကြသည်။