မီးတောက်မြို့ကို ဘယ်လိုဝင်ရမှာလဲ
Vol. 61 Ch. 1214
ထိုအသံကိုကြားသည်နှင့် ပေထင်းဟွမ်သည် ထခုန်မတတ် ထိတ်လန့်မိ လေသည်။ သူမသည် အသိစိတ်ပင်လယ်ထဲမှ မယုံနိုင်စွာဖြင့်ပြောမိလေသည် “မင် မင်းလား နိုးလာပြီလား”
တာဝမြို့တွင် ရှိစဉ်က မင်သည် မင်ဟုန်၏ ဝိညာဉ်စွမ်းအားကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သည်။ မင်သည် မင်ဟုန်၏ ဝိညာဉ်စွမ်းအားကို ရှင်းထုတ်နိုင်လိုက်သော်လည်း မင်သည် မထိခိုက်ဘဲမနေပေ။ သူ အိပ်မောကျ ပြီးနောက် သူ့ကို ကုသပေးရန် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိသည်ဟု ဆို သော်လည်း ပေထင်းဟွမ်သည် စိုးရိမ်နေတုန်းပင်ဖြစ်သည်။ သူ၏ အသံကို ကြားလိုက်ရချိန်တွင် ပေထင်းဟွမ် မပျော်ဘဲမည်သို့ရှိမည်နည်း။
သူတို့သည် ဝမ်းတွင်းပါစာချုပ်တည်ထောင်ခြင်းပင်။ သူမ ဘာမှမပြော လျှင်တောင် ပေထင်းဟွမ်သည် သူ့ကို စိုးရိမ်ပေးသည်ကို မင်ခံစားမိတုန်းပင် ဖြစ်သည်။ သူ၏ အေးစက်သောအသံထဲတွင် အနည်းငယ် သက်သာမှုရှိနေ သည် “ဟွမ် မင်း နတ်ဘုရားအဆင့်ကိုတက်တာ ငါ့အတွက် အကျိုးအမြတ် အများကြီးဖြစ်စေတယ်၊ ငါ့ခန္ဓာကိုယ်က အရွယ်ရောက်တဲ့အဆင့်ကို ဝင်နေပြီ၊ မကြာခင် ငါ အပြည့်အဝနိုးထတော့မယ်လို့ယုံတယ်၊ အခုလိုမျိုး အိပ်နေလို မင်း တစ်ယောက်တည်း အကုန်လုံးကို ရင်ဆိုင်စရာမလိုတော့ဘူး”
ပေထင်းဟွမ်သည်လည်း သူမ နတ်ဘုရားအဆင့်သို့တက်ချိန်က မင် အတွက် အထောက်အကူဖြစ်မလားဟု စိတ်ထင့်ခဲ့သေးသည်။ ယခုသေချာနေ သောအခါ သူမ အလွန်ပျော်မိသည် “မဟုတ်ဘူး မင် အဲလိုမပြောနဲ့၊ ငါက ဘယ်တုန်းကမှ တစ်ယောက်တည်း ရင်မဆိုင်ခဲ့ဘူး မင်းလည်းသိတာပဲ၊ ငါ အန္တရာယ်ကျတိုင်း ငါ့ရှေ့မှာရပ်တည်ပေးတဲ့ မင်းရှိတယ်၊ အခု ငါ့ကို ကူပြီးစုံစမ်း ပေးဖို့က မင်းအလှည့်ဖြစ်နေတာ၊ ပင်ဖုန်းက ဘယ်သူလဲ”
“ဟား ဟား” မကြုံစဖူး အားပေးသံနှစ်သံသည် ပေထင်းဟွမ်၏ အသိစိတ် ပင်လယ်ထဲတွင်ပေါ်လာသည်။ ပေထင်းဟွမ်သည် မင်၏ စကားသံကို ကြား လိုက်ရလေသည် “သူမက နဂါးနဲ့ဇာမဏီတောင်ကြားက နဂါးဿဧကရာဇ်ရဲ့ တစ်ဦးတည်းသောသမီး ရှန့်ပဲ၊ သူမက နဂါးဧကရာဇ်ရဲ့ ကလေးတွေထဲကမှ နဂါးသွေးနည်းပြီး ဇာမဏီသွေးများတဲ့ တစ်ဦးတည်းသောသမီးပဲ၊ အဲဒါကြောင့် လည်း နဂါးဧကရာဇ်က အချစ်ဆုံးဖြစ်နေတာ၊ နတ်မိစ္ဆာဧကရသာဇ်က မင်းကို အထူးတလည် ချစ်တာကို ၃၃ ကောင်းကင်ဘုံကလူတွေသိတာ ဘယ်လောက် များလိုက်လဲ၊ အဲဒီပင်ဖုန်းကလည်း နတ်မိစ္ဆာဧကရာဇ်ကို စွဲလမ်းနေတာကို သိ ကြတဲ့လူတွေအများကြီး၊ အဲဒါကနှစ်ပေါင်းထောင်ချီကြာသွားတဲ့အထိ မပြောင်း လဲဘဲရှိတုန်းပဲ”
ပေထင်းဟွမ်အတွက် ဤသခင်းကိုကြားရသည်မှာ မျက်နှာပူစရာပင်။ သူမသည် အတိတ်နှင့် လက်ရှိဘဝတွင် ယောက်ျားလုရသည့်အတွေ့အကြုံ မရှိခဲ့ပေ။ အချစ်အကြောင်းကိုလည်း မပြောခဲ့ဖူးပေ။ ယော်ကျားတစ်ယောက်၏ နှလုံးသားကို လုမည်ဆိုပါက ထိုယောက်ျား၏ အစာအိမ်ကိုအရင်သိမ်းပိုက်ရ မည်။ ထိုအရာကိုသာ ကြားဖူးခဲ့သည်။ သို့သော် တစ်ခါမှမလေ့ကျင့်ဖူးပေ။ သူမ သည် အားကောင်းသောချစ်ရေးဆိုသူ ယန်ယဲ့ကို မည်သို့မျက်နှာချင်းဆိုင်ရ တော့မည်ကို မသိတော့ပေ။
ပင်ဖုန်း၏ပါးစပ်မှ အရင်မင်းသမီးဟွမ်ကျို့သည် ဝက်တစ်ကောင်ကဲ့သို့ တုံးအသည်ဟု ဆိုခဲ့သည်မှာ ပင်ဖုန်း၏ မင်းသမီးဟွမ်ကျို့အပေါ်အမြင်သည် မကောင်းလှသည်ကို သိနိုင်သည်။ သေချာပေါက်ပင် ပေထင်းဟွမ်လည်း သူ့ကို အထင်ကြီးလိမ့်မည်ဟု မျှော်လင့်၍မရပေ။
“ထားလိုက်ပါတော့ အဲအကြောင်းမပြောနဲ့တော့ ကြည့်ကြတာပေါ့၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ ငါ ယန်ချန်းကို ဘယ်လိုဝင်ရမှာလဲ” ပေထင်းဟွမ်သည် ခေါင်းကိုခါယမ်းပြီး ယန်ယဲ့ကိစ္စကို ဘေးချိတ်ထားလိုက်သည်။ သူသာ ပင်ဖုန်း နှင့်ပတ်သက်၍ အနည်းငယ်ထွေပြားလျှင်တောင် သူမအတွက် အေးဆေးပင် ဖြစ်သည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူ မည်မျှပင် မေတ္တာကြီးစေကာမူ၊ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူ မည်မျှပင် ပြတ်သားစေခဲ့ကာမူ ပေထင်းဟွမ်သည် သူနှင့် ဘာမှမဆိုင်ပေ။
ထိုအကြောင်းတွေးလိုက်သောအခါ ရင်ထဲတွင် နာကျင်မှုကိုသာ ခံစားရ လေသည်။ ကံကောင်းစွာပင် ပေထင်းဟွမ်သည် အချစ်နှင့်ပတ်သက်သည့် အတွေ့အကြုံမရှိဖူးသဖြင့် ရင်နာကျင်ရသည့်ခံစားချက်ကို စိတ်ထဲမထားတော့ ဘဲ တောင်ပို့ပေါ်တွင်လှဲကာ ကန္တာရကိုကြည့်မိလေသည်။
“ဒီမှာလား ဒီမှာပုံစံရှိနေတယ်” သူ့ရှေ့မှမြင်ကွင်းကိုကြည့်ပြီး မင်သည် လည်း အလွန်အံ့ဩလျက်ရှိသည် “ဒီလူက တကယ်အားကောင်းတာပဲ ဖွဲ့စည်းပုံ ကို မြေကြီးရဲ့အသည်းနှလုံးထဲက မီးဝိညာဉ်ကိုရွှေ့ပြောင်းထားတာ၊ ဒီနေရာက ထူးဆန်းတဲ့မြေကလည်း ဝိညာဉ်စွမ်းအင်ကြွယ်ဝတယ်၊ ဒီလူ၊ ပိုက်ဆံတွေ အများကြီးနဲ့ ဘာလုပ်ချင်တာလဲ”
“အစီအရင်လား” ပေထင်းဟွမ်သည် မှင်တက်ရုံမှအပမရှိတော့ပေ “အစီအရင်အကြောင်း ငါဘာမှမသိဘူးလေ ဘယ်လိုဝင်ရမှာလဲ”