← Chapters

ရေခဲဇာမဏီ

Vol. 61 Ch. 1213

ရေခဲဇာမဏီ

Vol. 61 Ch. 1213

“ဒီမီးတောက်မြို့ကို ငါ ဘယ်လိုဝင်ရတော့မှာလဲ” ပေထင်းဟွမ်သည် ရှင်းယွဲ့မြေနှင့် အဆုံးမရှိသောကန္တာရအစွန်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက် နေသော်လည်း နောက်ဆုံးထိ မဝင်နိုင်သေးပေ “သေလိုက်စမ်း ဝင်ပေါက်ကို ထပ်မတွေ့ရင်တော့ မဝင်တော့ဘူးကွာ”

ပေထင်းဟွမ်သည် သည်အချိန်တွင် မတည်ငြိမ်နိုင်တော့ဘဲ ရှင်းယွဲ့မြေ တွင် ထိုင်ချကာ လရောင်အောက်တွင် ပိုပိုပြီးဝေဝါးသွားသည့် ယန်ချန်းကို ကြည့်နေသည်။ ၎င်း၏ဖော်မပြနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အလှတရား ကိုချီးကျူးရင်းနှင့် ရင်ထဲတွင် ယန်ယဲ့အား တွေးမိလေသည်။

“ကဲ မီးတောက်မြို့ကို ဘာလို့ ဒီမှာလာဆောက်ထားတာလဲ” ပေထင်းဟွမ်သည် ဒေါသတကြီးပြောလေသည်။

ပေထင်းဟွမ် အဆုံးမရှိကန္တာရအစွန်သို့ ရောက်သည့်အချိန်မှာ စောနေ သေးသဖြင့် ယန်ယဲ့ကိုမြင်ရမည်ကိုကြောက်သဖြင့် ပုန်းအောင်းနေခဲ့ကြသော သားရဲများသည် မြေပေါ်သို့ထွက်လာကြသည်။ ထိုအချိန်တွင် တစ်ကောင်ချင်း စီသည် နေပူဆာလှုံရင်း စကားပြောနေကြသည်။ ခံစားချက်မကောင်းနေသော ပေထင်းဟွမ်အားအပြစ် ပြုမိမည်ကိုစိုးသဖြင့် သူတို့၏အသံမှာတိုးညင်းနေ၏။

ပေထင်းဟွမ်သည် မြက်ပင်၏အမြစ်ကိုခါးသီးစွာ နှုတ်လိုက်ချိန်တွင် အလွန်အားကောင်းသောရောင်ဝါပေါ်လာသည်။ ပေထင်းဟွမ်သည် ချက်ချင်း ပင် သတိရှိစွာနှင့် နတ်အာရုံကို ဖြန့်ကျက်လိုက်ရာ အံ့ဩရုံမှအပမရှိတော့ပေ။ သူတို့ထဲမှတစ်ခုသည် သူမထက်သန်မာပြီး အနည်းဆုံး သူသည် နတ်ဘုရား အဆင့်ဖြစ်ပြီး ကွမ်ယန်းနှင့် လုကျီတို့ထက် တစ်ဆင့်မြင့်သော ဘုရင်အဆင့် ဖြစ်သည်။

ပေထင်းဟွမ်သည် ကွမ်ယန်းနှင့်လုကျီတို့နှင့် နှိုင်းယှဉ်နေချိန်တွင် ရင်းနှီး သောအသ့ကိုကြားလိုက်ရသည် “မင်းသမီးပင်ဖုန်း တိုက်ဆိုင်လိုက်တာ၊ ဒီအဆုံးမရှိကန္တာရမှာ လာတွေ့ရလိမ့်မယ်လို့ထင်မထားဘူး၊ ကျုပ်တို့အိမ်ရှေ့စံ မင်းသမီးက ပင်မတိုက်ကြီးမှာ နတ်မိစ္ဆာဧကရာဇ် ဆင်းသက်ရမယ်လို့ပြောခဲ့ တယ်၊ ပြီးတော့ မင်းသမီးဟွမ်ကျို့ ကျဆုံးသွားတာ နှစ်တစ်သောင်းတောင်ရှိနေ ပြီ၊ နှစ်တစ်သောင်းပြီးတဲ့နောက် မင်းသမီးဟွမ်ကျို့ ပြန်မဝင်စားနိုင်ရင် မျှော်လင့်ချက်မရှိတော့ဘူး”

တစ်ဖက်လူ၏တုံ့ပြန်ချက်ကိုမကြားရသဖြင့် လုကျီသည် ရှည်လျားသော စကားများကို ဆက်ပြောနေသည် “လွန်ခဲ့တဲ့နှစ်တစ်သောင်းက နတ်မိစ္ဆာ ဧကရာဇ်က ပတ္တမြားကမ္တာတစ်ခုလုံးကို သုံးခုခွဲခဲ့ပြီး ရတနာအကုန်လုံးကို မင်းသမီးဟွမ်ကျို့ဆီ ယူသွားတယ်လို့ကြားတယ်၊ အကုန်လုံးကို ၃၃ ကောင်းကင်ဘုံက လုမှာစိုးလို့ ပင်မတိုက်ကြီးကိုပို့ခဲ့တယ်၊ ဒါပေမဲ့ မင်းသမီး ဟွမ်ကျို့က ပြန်ဝင်စားတဲ့အချိန်မှာ ပင်မတိုက်ကြီးလိုမျိုး အဆင့်နိမ့်တဲ့နေရာ ကို သွားဖို့ခွင့်ပြုခဲ့တယ်၊ အဲလိုနဲ့ သူမက တဖြည်းဖြည်းကြီးထွားလာခဲ့တာပဲ”

“အဓိပ္ပာယ်မရှိတာ” ကလူသည့်အသံလှိုင်းထဲတွင် အားကောင်းသော ခွန်အားတစ်ခုရှိရာ ပေထင်းဟွမ်၏နားစည်ကိုပင် ပေါက်သွားမတတ်ပင်။ သူမသည် စိတ်ထဲမှ ကြောက်နေမိသည်။ ၃၃ ကောင်းကင်ဘုံတွင် ၎င်းသည် အမြင့်ဆုံးအဆင့်နှင့်နီးသော အရှင်ကြီးအဆင့်ဖြစ်နိုင်သည်မဟုတ်ပါလား။ သူမသာ နတ်ဘုရားအဆင့်သို့ မတက်ခဲ့ပါက ဤလူ၏ဒေါသသည် သူမအား အတွင်းဒဏ်ရာဖြစ်သွားစေနိုင်သည်။

“ဒါက မင်ရဲ့သခင်ရှီဖုန်းပြောခဲ့တာတွေမလား၊ ဟင်း နတ်မိစ္ဆာဧကရာဇ် အတိတ်တုန်းကလုပ်ခဲ့တာတွေကို မှတ်ချက်ပေးဖို့ ဘာများအရည်အချင်းရှိနေ လို့လဲ” သူပြောလေသည် “မင်းတို့မင်းသမီးဟွမ်ကျို့က ဝိညာဉ်နတ်ဘုရား မျိုးနွယ်မင်းသားရဲ့ သတို့သမီးလောင်းဆိုတာ မသိတဲ့သူဘယ်သူရှိလို့လဲ၊ ဟင်း ဝက်လိုမျိုးတုံးနေတာ၊ ကိုယ့်ကိုယ်မချစ်တဲ့သူအတွက် အသက်ပေးပြီး နတ်မိစ္ဆာ ဧကရာဇ်ကို သွားမြူဆွယ်တာ၊ နတ်မိစ္ဆာဧကရာဇ်ကို လိမ်ညာပြီး နတ်မိစ္ဆာ ဧကရာဇ်ကို လက်ထပ်ခဲ့တာပဲ”

“ဟုတ်တယ် ဟုတ်တယ်” လုကျီသည် အလျင်အမြန်ပင် မျက်နှာချိုသွေး လေသည် “နတ်မိစ္ဆာဧကရာဇ်က မင်းသမီးပင်ဖုန်းကို တကယ်ချစ်တယ်ဆိုတာ ၃၃ ကောင်းကင်ဘုံကသိကြတယ်၊ မင်းသမီးဟွမ်ကျို့ ကျသွားပြီးတော့ နတ်မိစ္ဆာဧကရာဇ်က လုံဖန်းကို ခေါက်ချည်ပြန်ချည်သွားနေတာ၊ ငါ မင်းသမီး ပင်ဖုန်းကိုတွေ့ချင်လိုက်တာ”

ပေထင်းဟွမ်သည် သူမ၏အကြောင်းကို နောက်ကွယ်တွင် သူတို့ပြောနေ သည်များကိုကြားနေရသည်။ စကားလုံးများသည် အကျည်းတန်သဖြင့် သူမ သည် ရုတ်တရက် ဒေါသထွက်လာသည်။ သို့သော် ဒေါသမထွက်ခင်မှာပင် မောက်မာပြီး အေးစက်သည့်အသံသည် အသိစိတ်ပင်လယ်ထဲတွင် ထွက်ပေါ် လာသည် “ဟွမ်ဟွမ် အဲဒီငတုံးမနှစ်ယောက်ပြောတာကို နားမထောင်နဲ့၊ ငါက မင်းနဲ့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက စာချုပ်တည်ထောင်ထားတဲ့ သားရဲပဲ၊ မင်းရဲ့ ဝိညာဉ်ပျောက်သွားတော့ ငါလည်း နိဗ္ဗာန်မီးနောက်လိုက်လာတာ၊ မင်း သေပြီး သွားတော့ နတ်မိစ္ဆာဧကရာဇ် နဂါးနဲ့ဇာမဏီတောင်ကြားကိုသွားတာကလည်း နိဗ္ဗာန်မီးက နဂါးနဲ့ ဇာမဏီတောင်ကြားမှာရှိလို့ပဲ၊ ငါ ပြန်လာဖို့ကို သူမျှော်လင့် နေခဲ့တာ”

All Chapters