← Chapters

သွေးစွန်းသော သမိုင်း

Vol. 83 Ch. 1078

သွေးစွန်းသော သမိုင်း

Vol. 83 Ch. 1078

ယနေ့တွင် ကောင်းကင်နတ်အရှင်မူသည် သမိုင်းကို ဖွင့်ကြည့်ခဲ့၏။ ထိုသမိုင်းကား သွေးအိုင်များဖြင့် ညစ်ထေးသော အကျည်းတန်သမိုင်းတစ်ခု ဖြစ်နေခဲ့သည်။

ချင်မူက မက်မွန်သစ်သားဆံထိုးဖြင့် မာန်ဟုန်မြစ်အထက်တွင် တစ္ဆေသင်္ဘောကို ဆင့်ခေါ်ပြီး သမိုင်းအား ပြန်လည်ဖန်တီးကာ ကောင်းကင်နတ်မြစ်နှင့် ပြန်လည်ချိတ်ဆက်ခဲ့သည်။ ဤအခြင်းအရာက ကောင်းကင်ယင်သားတော်ကို အံ့ဩတုန်လှုပ်သွားစေသည်။ သူက သမိုင်းတွင်သွားသည့် စကားတစ်ခွန်းကို ရေရွတ်ခဲ့၏။ “ဘယ်သူက သမိုင်းကြောင်းကို ပြန်ဖော်နေတာလဲ”

နဂါးဟန်ခေတ်၏ သမိုင်းကြောင်းသည် ကောက်ကျစ်စဉ်းလဲမှုများ၊ သွေးချောင်းစီးမှုများဖြင့် ပြည့်နှက်နေသည့်အတွက် ဖျက်စီးခံခဲ့ရခြင်း ဖြစ်၏။

ယနေ့တွင် ကောင်းကင်နတ်ဧကရာဇ် ကျဆုံးခဲ့သည်။

ဖန်ဆင်းရှင်များ တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နေသော ကသောင်းကနင်း အခြေအနေများကို ဟန့်တားခဲ့သော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်၊ သမိုင်းကြောင်း၏ ပထမဆုံးသော ရှေးဟောင်းနတ်ဘုရားသည် .... စကြ၀ဠာတစ်ခွင်လုံးကို အုပ်စိုးခဲ့သော်လည်း နတ်ဘုရားတစ်ပိုင်းများနှင့် လူသားကောင်းကင်နတ်အရှင်များ၏ လက်ထဲတွင် သေဆုံးခဲ့ရချေပြီ။

တစ်နေရာတွင်ဆိုလျှင် သူက အင်အားကြီးမားလွန်းသောကြောင့် ထွက်ပြေးနိုင်မည့် အခွင့်အရေးတစ်ခု ရခဲ့သည်။ အားလုံး ပူး‌ပေါင်းတိုက်ခိုက်လျှင်တောင်မှ သူ့ကို ထိန်းချုပ်ထားရန် ခက်ခဲပေလိမ့်မည်။

သို့ထိတိုင် သူ ရှိသမျှ လူအားလုံးကို သတ်ဖြတ်၍ ထွက်ပြေးရန် ကြိုးစားနေစဉ် အံ့မခန်းလိလိ သန်မာသည့် အသိစိတ်အလျဉ်တစ်ခုက သူ့ကို ၀င်တိုက်၍ နောက်သို့ တွန်းထုတ်လိုက်သည်ကို ခံစားလိုက်ရသည်။

‘ကုန်းယွင်’

ချုရှောင်မှာ မူးဝေသွားသည့်အချိန် ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ဟောင်တို့နှင့် အခြားသူများ၏ ချောင်ပိတ်ခြင်း ခံလိုက်ရသည်။ ထိုအခိုက်အတန့်အား အသက်ရှင်နိုင်မည့် အအခွင့်အရေးကို သူ ဆုံးရှုံးလိုက်ရသော အခိုက်အတန့်ပင်။

‘ကုန်းယွင်... ဟားဟား... မင်းပါလား”

ချုရှောင်က သူ့ကို သတ်ရန် လာနေသော ကျွယ်ဝူချိန်န်ကို ကြည့်ကာ ရယ်နေပြီး အလှောင်ခံနေရသကဲ့သို့ ခံစားနေရသည်။

သူ တစ်ချိန်က ချစ်ခဲ့ဖူးသော အမျိုးသမီးနှစ်ဦးက သူ့ကို သတ်မည့်သူများ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ကုန်းယွင်က ကိုယ်ယောင်မပြချေ။ ထိုအစား သူမကို သစ္စာဖောက်ခဲ့သည့် ယောက်ျား သေဆုံးမည့်မြင်ကွင်းကို သွေးအေးအေး ကြည့်နေသည်။

ချုရှောင်မှာ ရူးမိုက်စွာဖြင့် ဧကရာဇ်ပလ္လင်ပုဂ္ဂိုလ်များထက်ပင် အစွမ်းထက်သော ကောင်းကင်နတ်သိုင်းတစ်ခုကို အသက်သွင်းလိုက်သည်။ လူ၀င်စားဖြစ်နေသည့်တိုင် သူသည် တစ်ယောက်ချင်း ရင်ဆိုင်ပါက အားလုံးထက် အစွမ်းထက်၏။

သူက ထပ်မံရုန်းထွက်လိုက်ရင်း ဟိန်းဟောက်သည်။ “အမိကမ္ဘာမြေ၊ ငါ့ကို မြန်မြန်ကယ်ပေးပါ.... မင်း အလိုရှိတာမှန်သမျှ ပေးပါ့မယ်”

စိမ်းစိုနေသည့် ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းများ လှုပ်ခါသွားသည်။ အမိကမ္ဘာမြေသည် ကမ္ဘာဦးဘုံမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားများဖြင့် ၀န်းရံခံထားရ၏။ သူတို့အများစုမှာ ဇာမဏီငှက်များ၊ ကောင်းကင်နဂါးများနှင့် ချီလင်များ ဖြစ်ကြလေသည်။

သူတို့အားလုံး ထိုအသံကို မကြားချင်ယောင်ဆောင်လျက် အေးစက်စက် ကြည့်နေသော အမိကမ္ဘာမြေထံ ကြည့်လိုက်ကြသည်။ သူမက တစ်ချက် ပြုံးလိုက်ကာ ဘေးရှိ ဇာမဏီရှေးဟောင်းနတ်ဘုရားများဆီ ပြောလေသည်။ “ငါ ကမ္ဘာဦးဘုံသစ်ပင်ကနေ အသိစိတ်မွေးဖွားလာခဲ့တဲ့အချိန်မှာ ငါ့ကို ဆွဲတင်ပေးခဲ့တဲ့သူက ကောင်းကင်နတ်ဧကရာဇ်ပဲ... အဲ့တုန်းက ငါက မွေးခါစဆိုတော့ အ၀တ်ဗလာဖြစ်နေပြီး ရှက်ရွံ့နေခဲ့မိတယ်...”

သူမမျက်နှာသည် ရေခဲတမျှ အေးစက်မာကြောနေ၏။ “ဒါတောင် ကောင်းကင်နတ်ဘုံ တည်ထောင်တဲ့အချိန်မှာ သူက ငါ့ရဲ့ကမ္ဘာဦးဘုံကို ယူဖို့ ကြိုးစားခဲ့တယ်”

ချုရှောင်က ကြံမိကြံရာဖြင့် ကမ္ဘာဦးသစ်ပင်၏ အချုပ်အနှောင်များကြားမှ ရုန်းထွက်၍ ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်သည်။

သူ့နောက်တွင် သူ့ကို သတ်မည့် လူအုပ်ကြီးက လိုက်ပါလာသည်။

“မဟာနေဧကရာဇ်”

ချုရှောင်က အော်ခေါ်သည်။ “မဟာနေဧကရာဇ်၊ ငါ့ကို မြန်မြန် ကယ်ပါဦး”

သို့ထိတိုင် သူ၏အသံသည် ကမ္ဘာဦးသစ်ပင်၏ သစ်ပင်ထိပ်ဖျားအား မထိုးဖောက်နိုင်ချေ။

‌”‌မြေအောက်ဘုံအရှင်သခင်၊ မင်း မြင်နေရတာ ငါ သိတယ်”

ချုရှောင်မှာ သွေးရူးသွေးတန်း အော်ဟစ်နေသည်။“ငါ မှားသွားတာ သိပါတယ်... ကျေးဇူးပြုပြီး ငါတို့ရဲ့ မိတ်ဆွေသံယောဇဉ်ကို ထောက်ထားပေးပါဦး တာအိုရောင်ရင်း...”

ယိုတုကား တိတ်ဆိတ်နေချေသည်။

ချုရှောင်သည် အခြားသူများနှင့် တိုက်ခိုက်ရင်း ဆက်လက်ပြေးနေ၏။ သူက ကောင်းကင်နတ်မြစ်ဆီ သွား၍ ကောင်းကင်နတ်ဘုံသို့ ထွက်ပြေးရန် ကြိုးစားနေသည်။ ကောင်းကင်နတ်မြစ်၏ မြစ်ရေများမှာ သူ သတ်ခဲ့သော လူများ၏ သွေးများဖြင့် ‌ရဲရဲနီနေလေသည်။

ဝှစ်...

ချုရှောင်က တိုက်ကွက်တစ်ကွက်ပြီး တစ်ကွက် ရှောင်တိမ်းနေသည်။ ထိုအချိန် ကောင်းကင်နတ်မြစ်အပေါ်တွင် ရပ်နေ‌သော ချီလင်ခေါင်းဖြင့် လူငယ်တစ်ဦးနှင့် ၀၀တုတ်တုတ် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ နဂါးခေါင်းများဖြင့် နတ်ဘုရားခြောက်ပါးလည်း ရှိနေသည်။

သူတို့သည် မီးအိမ်များ ကိုင်ဆောင်လျက် သူ့အား ကြည့်နေကြ၏။

ချုရှောင်က ပါးစပ်ဟလိုက်သည်။ ထိုဝတုတ်မလေး၏ အနောက်ရှိ ရောင်ခြည်တော်စက်ဝန်းထဲတွင် သစ်ပင်တစ်ပင် ခပ်ရေးရေးမျှ မြင်သာနေသည်။ လူငယ်တစ်ဦးက ၎င်းသစ်ပင်အောက်တွင် ထိုင်နေ၏။

“ကောင်းကင်နတ်အရှင်မူ ..” သူ့မှာ အာရုံမထွေပြားဘဲ မနေတော့ချေ။

ဝုန်း...

ကောင်းကင်နတ်အရှင်ယွင်က သူ့အား ချုပ်ရန် ခရမ်းရောင်ကောင်းကင်ဘုံမိုးကောင်းကင်ပြာကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ ချုရှောင်သည် ကောင်းကင်နတ်မြစ်ထဲသို့ လဲကျသွားသဖြင့် အလျင်အမြန် ရုန်းထွက်လိုက်၏။ လူရိပ်များက သူ့အား ဝိုင်းကာ ဖမ်းချုပ်ကြသည်။

အဝေးတွင် ချင်မူက ယန်အာ၏ အနောက်ရှိ ရောင်ခြည်တော်ထဲတွင် ‌ထိုင်ရင်း လှမ်းကြည့်နေသည်။ သူ့ရင်ထဲတွင် ကျေးဇူးတင်စိတ်များ တဖွားဖွား ဖြစ်နေ၏။

ကောင်းကင်နတ်မြစ်ကား နှစ်ခြမ်းကွဲသွားပြီး ဧရာမလူရိပ်ကြီးတစ်ခုက လျှပ်စီးကဲသို့ ဟိုဟိုသည်သည် ပျံသန်းနေ၏။ ရှိရှိသမျှ ကောင်းကင်နတ်သိုင်းအားလုံးမှာ အသုံးပြုခံနေရသဖြင့် လူများမှာ အံ့အားသင့်နေတော့သည်။

နဂါးဟန်ခေတ်၏ အလယ်နှစ်များတွင် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် အံ့အားသင့်ဖွယ်ရာ ဖြစ်နေချေပြီ။ လမ်းစဉ်အဆင့် ဝင်ရောက်ပြီးသော အစွမ်းထက်သိုင်းပညာရှင်များသည် နတ်ဘုရားတစ်ပိုင်းများနှင့် ကမ္ဘာခေတ်နှောင်းသတ္တဝါတို့၏ အနာဂတ်အတွက် ဤနေရာတွင် စုဝေးသတ်ဖြတ်နေကြ၏။

ချင်မူ၏သွေးများ ပွက်ပွက်ဆူလာသည်။ သူ့မှာ ထပြီး ဝင်တိုက်ချင်ပါသ်ောလည်း သူ၏အသိစိတ်အလျဉ်သည် ပြန့်ကျဲနေဆဲဖြစ်ရာ အဝေးမှသာ ကြည့်ရှုနိုင်သည်။

ချုရှောင်က လမ်းတစ်လျှောက် သတ်ဖြတ်ရင်း ထွက်ပြေးသည်။ သို့တိုင်အောင် အသိစိတ်အလျဉ်နောက်တစ်ခုက သူ့အား နောက်သို့ ပြန်တွန်းထုတ်လိုက်သည်။

ချင်မူ ၎င်းကို ချက်ချင်း သတိထားမိသွားသဖြင့် သူ၏ကျန်ရှိသော အသိစိတ်အလျဉ်ကို စုစည်းလိုက်ပြီး ပြောလိုက်သည်။ “မမကြီးယန်အာ၊ နတ်ဘုရင်ကုန်းယွင် ဒီအနီးအနားမှာ ရှိတယ်”

ယန်အာမှာ အံ့ဩသွားပြီး ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ချင်မူက ခက်ခက်ခဲခဲဖြင့် သွေးသံချေးဇုန်မှ ရရှိခဲ့သည့် တစ်ခုတည်းသော မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို ထုတ်လိုက်၏။

“လုံပိ၊ ဒါကို သုံးလိုက်”

မဟာကမ္ဘာဦးအစ မူလကျောက်တုံးက ပျံထွက်သွားသည်။ နဂါးချီလင်က ၎င်းကို ယူ၍ သူ၏မျက်ခုံးကြားထဲ ထည့်သွင်းလိုက်၏။ ချင်မူ ကျောက်တုံးကို သုံးနိုင်မည့် နည်းလမ်းများအား နဂါးချီလင်ထံ လွှဲပြောင်းပေးလိုက်သည်။

နဂါးချီလင်သည် ရှုကျွင်း၏ အဆင့်မြင့်အသိပညာသုံးခုကိုသာမက မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရာအးသိစိတ်အလျဉ်ကို သင်ယူထားပြီးဖြစ်သည့်အတွက် ကျွမ်းကျင်၏။ သူက မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို သုံးကာ သူ၏အသိစိတ်အလျဉ်အား ဖြန့်ကျက်လိုက်သည်။

သူက အဆင့်မြင့်အသိပညာသုံးခုကို မြင်ယောင်ဖန်ဆင်းလိုက်သည်။ အထွတ်အမြတ်နန်းတော်ဧရိယာ၊ ခရမ်းရောင်တားမြစ်ဧရိယာနှင့် ကောင်းကင်စျေးဧရိယာတို့သည် ကောင်းကင်နတ်မြစ်၏ အထက်၌ ဖွဲ့တည်လာကြ၏။

ထိုအခိုက်အတန့်တွင် ပြင်းထန်လှသော အသိစိတ်အလျဉ်တစ်ခုက အမျိုးသမီးအသံတစ်ခုဖြင့် ထွက်ပေါ်လာသည်။ “နတ်ဘုရင်ရှုကျွင်းလား”

ချင်မူမှာ သစ်ပင်အောက်တွင် ‌မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရသည်။ သူက လက်ကျန်အသိစိတ်အလျဉ်ဖြင့် နတ်ဘုရင်ကုန်းယွင်၏ အသိစိတ်အလျဉ်ကို ထိတွေ့လိုက်သည်။ “ခင်ဗျားကို ဘိုးဘေးနန်းတော်ထဲက ခေါ်ထုတ်ပေးလာတဲ့သူကို မှတ်မိသေးလား”

အသိစိတ်အလျဉ်က ယန်အာ၏ ရောင်ခြည်တော်အတွင်းသို့ ၀င်ရောက်လာ၍ သူ့ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်ပြီးနောက် သူ့ခေါင်းအတွင်း၌ နတ်ဘုရင်ကုန်းယွင်၏ပုံရိပ်ယောင်အား ဖန်တီးလိုက်သည်။ သူမက ပြောသည်။ “နင့်ကို မဟာဧကရာဇ်က ဒဏ်ရာရအောင် လုပ်လိုက်တာမလား... တဟုန်ကို ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံအရှေ့မှာ တားဆီးခဲ့တဲ့သူက နင်မလား... နင်က သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်... ငါ ရောက်တာ နောက်ကျသွားတော့ သူ့အလောင်းပဲ တွေ့ခဲ့ရတယ်”

ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ “တဟုန် သေသွားပြီလား”

“သတ်လိုက်တဲ့လူက ကောင်းကင်နယ်စားမင်းလား၊ အမိကမ္ဘာမြေလား ငါ သေချာမသိဘူး... ဒါပေမဲ့ သူ့အသိစိတ်အလျဉ်က သုတ်သင်ခံလိုက်ရပြီ.... သေတော့ သေသွားလောက်ပေမယ့် တကယ် ကိစ္စတုံးသွားတာတော့ မဟုတ်ဘူး.... သူ့အသိစိတ်အလျဉ်က အန္တိမဟင်းလင်းပြင်ထဲကနေ ဆင်းသက်လာပြီး ပြန်အသက်ဝင်လာနိုင်သေးတယ်... တဟုန်ရဲ့မှတ်ဉာဏ်ကတော့ ပျောက်သွားမှာပေါ့... တိုက်ခိုက်ခဲ့တဲ့သူက အင်မတန်မှ အင်အားကြီးတယ်..”

နတ်ဘုရင်ကုန်းယွင်က အလျင်အမြန် ပြောသည်။ “ငါ နင့်ရဲ့ကျေးဇူးကြွေးကို ပြန်ဆပ်မှာပါ... ထိုက်ချူက မသေသေးဘူး... ထိုက်ချူကို ရှင်းလင်းဖို့ သူတို့ကို ကူညီပြီးရင် ငါ နင့်ကို ပြန်လာရှာမယ်..”

ကုန်းယွင်၏ အသိစိတ်အလျဉ်သည် ‌ထွက်ခွာသွား၏။ “မဟာဧကရာဇ်ကို သတိထား... အန္တိမဟင်းလင်းပြင်ထဲက သူ့အသိစိတ်အလျဉ်ကို မဖျက်ဆီးရသေးသရွေ့ သူက မသေနိုင်ဘူး.... ငါ သူ့ကို အနီးနားမှာ အာရုံခံမိနေတယ်”

ချင်မူ့နဖူးမှ ချွေးစီးများ စီးကျလာသည်။

တဟုန်နှင့် တိုက်ပွဲတွင် သူ့မှာ အပြင်းအထန် ဒဏ်ရာရခဲ့ကာ သေလုနီးပါးဖြစ်ခဲ့ရ၏။ တဟုန်သည် ပြောင်းပြန်အဆင့်မြင့်အသိစိတ်အလျဉ်ထဲတွင် ပိတ်မိသွားသဖြင့် ဒဏ်ရာရပြီးနောက်မှာ ထွက်သွားနိုင်ခဲ့သည်။

သို့သော် ချင်မူ၏ နောက်ဆုံး တိုက်ခိုက်မှုက တတိယမျက်လုံးဖြင့် ဖြစ်ခဲ့သည်။ တတိယမျက်လုံးအတွင်းတွင် ကြောက်မက်ဖွယ်ရာစွမ်းအင် ကိန်းဝပ်နေပြီး အဆိုပါစွမ်းအင်က ပြောင်းပြန်အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်အား သူ့ခန္ဓာကိုယ်ထဲ တွန်းပို့ပေးခဲ့၏။

တဟုန်အနေဖြင့် သူ့သရုပ်မှန်ပေါ်သွားကြောင်း သိကောင်းသိခဲ့ပေလိမ့်မည်။ ထို့အပြင် သူ့မှာ လှည့်စားခံခဲ့ရသည့်အတွက် တဟုန်၏ ရုပ်ခန္ဓာအား လက်လျှော့ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“မမကြီးယန်အာ၊ သူတို့ကို ကောင်းကင်နတ်ဘုံမှာ စောင့်ကြရအောင်” ချင်မူက ပြောလိုက်သည်။

ယန်အာ၊ နဂါးချီလင်နှင့် ကောင်းကင်နဂါးခြောက်ကောင်တို့က မီးအိမ်များ ကိုင်လျက် ကောင်းကင်နတ်မြစ်ပေါ်မှ ကောင်းကင်နတ်ဘုံသို့ ချက်ချင်း ဦးတည်သွားကြသည်။

တိုက်ပွဲသည် ပို၍ရက်စက်ကြမ်းတမ်းလာ၏။ တိုက်ပွဲကွင်းပြင်ကို ရှောင်သွားသည့်အချိန်တွင် ကောင်းကင်ယင်သားတော် ကိုယ်တိုင်မတိုက်ခိုက်နေကြောင်း ချင်မူ တွေ့လိုက်ရသည်။ ထိုအစား သူသည် ကောင်းကင်နတ်ဧကရာဇ် ဝိညာဉ်ကို ချုပ်နှောင်ရန် အပြင်တွင် အသင့်စောင့်နေ၏။

‘ရှေးဟောင်းကောင်းနတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်ယွီကို သတ်ဖို့ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ‌ကောင်းကင်ယင်သားတော်ကို အတူတူ ပူးပေါင်းစေခဲ့တယ်.... သူကိုယ်တိုင်လည်း အဲဒီလို ဝဋ်ပြန်လည်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမလဲ” ချင်မူ ပြုံးလိုက်မိသည်။

တောင်ကောင်းကင်မုခ်ဝသည် တဖြည်းဖြည်း နီးကပ်လာသေနလို, ချင်မူမှာ ပိုပို၍ စိုးရိမ်ပူပန်လာသည်။ တစ်ချိန်တည်းမှာပင် မိုးက ဝုန်းခနဲ ရွာချသောကြောင့် ယန်အာတို့အားလုံး နီရဲသွားတော့သည်။

မိုးရေများက ကောင်းကင်နတ်မြစ်အတွင်းသို့ စီးဆင်းသွားသဖြင့် ကောင်းကင်နတ်မြစ်လည်း နီရဲလာသည်။ ကောင်းကင်နတ်မြစ်မှာ သွေးများ တသွင်သွင် စီးကျနေသည့်အလား ထင်ရပေသည်။

ချင်မူ့ရင်ထဲ လှုပ်ခတ်သွား၏။ “ကောင်းကင်နတ်ဧကရာဇ် သေသွားပြီ...”

သူ လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဘုံသို့ ဦးတည်လာနေသော ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်ဟောင်ကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ရည်သွင်ပြင်မှာ ကောင်းကင်နတ်အရှင်ဟောင်အဖြစ်သို့ ပြောင်းလဲသွား၏။

သူတို့နှစ်ယောက်လုံးသည် ဧကရာဇ်ပလ္လင်အဆင့်တွင်ဖြစ် ပြီး ချင်မူ၊ ယန်အာနှင့် အခြားသူများအပေါ်မှ ပျံသန်း၍ ကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်နေချေသည်။

All Chapters