← Chapters

ထောင်ဖမ်းတော့မည့် နဂါးချီလင်

Vol. 83 Ch. 1081

ထောင်ဖမ်းတော့မည့် နဂါးချီလင်

Vol. 83 Ch. 1081

မင်းသားယိုမင်းသည် မြောက်နတ်မင်းနှင့် စကားလက်ဆုံကျနေပြီး ချီးကျူးခံရသဖြင့် ပျော်ရွှင်နေချေသည်။

နတ်မင်းရွှမ်းက ပြော၏။ “ကောင်းကင်နတ်ဘုံကနေ စောနိုင်သမျှစောစော ခွဲထွက်လာတာ ကောင်းတယ်.... ငါတို့ အခုပဲ ‌မြောက်၀င်ရိုးစွန်းကို သွားသင့်ပြီ”

နတ်မင်းဝူက တုံ့ပြန်သည်။ “သူတို့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို အခု မထိန်းချုပ်နိုင်သေးတဲ့အပြင်၊ အကျိုးအမြန်တွေ ဘယ်လိုခွဲဝေမလဲ မဆုံးဖြတ်ရသေးတော့ အခုအချိန်က ‌ခွဲထွက်သွားဖို့ အချိန်ကောင်းပဲ.... သူတို့ အတည်ပြုပြီးသွားရင် ကောင်းကင်နတ်ဘုံကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်”

“ဒါပေမဲ့ ကောင်းကင်နန်းဆောင်တွေ ကောင်းကင်နတ်ဘုံကနေ ထွက်သွားတာက ကိစ္စကြီးတစ်ခုပဲ... သူတို့တွေ တားဆီးဖို့ ကြိုးစားကြလောက်မယ်.... ငါတို့ လှုပ်ရှားမယ်ဆိုရင် တခြားနတ်မင်းတွေလည်း လှုပ်ရှားအောင် လုပ်သင့်တယ်”

နတ်မင်းရွှမ်းနှင့် နတ်မင်းဝူက ထရပ်လိုက်ကြသည်။ “သားတော်၊ ငါတို့ တောင်နတ်မင်း၊ အနောက်နတ်မင်း၊ အရှေ့နတ်မင်းတို့နဲ့ တိုင်ပင်ပြီးသွားပြီ.... ကောင်းကင်နတ်ဘုံ ထိန်းချုပ်တာမခံရအောင် အခုထွက်သွားကြတော့မယ်... အဲဒါမှ ကိုယ့်နေရာမှာကိုယ် နေပြီးတော့ ၀င်ရိုးစွန်းလေးခုကို အုပ်ချုပ်နိုင်မှာ.... ကိုယ့်၀င်ရိုးစွန်းရဲ့ ကောင်းကင်နတ်ဧကရာဇ်တွေ ဖြစ်ရတာ ပိုမကောင်းဘူးလား”

မင်းသားယိုမင်းမှာ ပျော်ရွှင်နေ‌သော်လည်း နှမြောတသ ဖြစ်နေမိသည်။ “ကောင်းကင်နတ်ဘုံမှာ ကျွန်တော့်သူငယ်ချင်းတွေ အများကြီးရှိတယ်.... သူတို့ကို သွားတွေ့လို့ရမလား.... ကောင်းကင်နတ်ဘုံကို ပြန်လာဖို့က ‌နှစ်အများကြီး ကြာဦးမှာဆို‌တော့လေ”

“မင်းသူငယ်ချင်းတွေက ဆိုးသွမ်းကြတယ်... အပေါ်ယံတွေပဲ များတယ်.... သူတို့ကို သတိရစရာမလိုဘူး”

နတ်မင်းဝူက ဆုံးမနေသည်။ “မင်း သူတို့ကို အပေါင်းအသင်းမလုပ်တော့တာ အကောင်းဆုံးပဲ... ငါတို့ ‌၀င်ရိုးစွန်းကိုရောက်ရင် မင်းက ၀င်ရိုးစွန်းကောင်းကင်နတ်ဧကရာဇ်ရဲ့ မင်းသားဖြစ်လာမှာ... မင်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါတယ်”

နတ်မင်းရွှမ်းကလည်း ပြောသည်။ “အခုလို ခွဲထွက်တာက အဓိကအဖြစ်အပျက်ကြီးတစ်ခုပဲ... အခက်အခဲတွေ ရှိကောင်းရှိလာနိုင်တယ်... သားတော်၊ မင်း မဟူရာလိပ်ကောင်းကင်နန်းတော်နဲ့အတူ ကောင်းကင်နတ်ဘုံကနေ ပျံထွက်ပြီး ကောင်းကင်နတ်မြစ်အတိုင်း မြောက်ဘက်တည့်တည့် သွားပါ.... ငါ မင်းရဲ့ အမေနဲ့အတူ မင်းကို ကာကွယ်ပေးဖို့ နေခဲ့မယ်”

မင်းသားယိုမင်းမှာ အလေးပေးခံရသောကြောင့် ပျော်ရွှင်နေတော့သည်။

နတ်မင်းဝူသည် သားဖြစ်သူကို ချစ်သဖြင့် ဖန်သားကောင်းကင်စေတီအား ပေးကာ မှာသည်။ “ဒီရတနာက ငါတို့တစ်သက်တာ စုဆောင်းထားတာတွေနဲ့ သွန်းလုပ်ထားတာ ငါ့သား... ဒါနဲ့ ဘယ်အန္တရာယ်ကိုမဆို ခုခံနိုင်တယ်.... မှတ်ထားနော်... ပျောက်သွားလို့မဖြစ်ဘူး”

မင်းသားယိုမင်းက ခေါင်းညိတ်သည်။

မြောက်နတ်မင်းစုံတွဲသည် အစစအရာရာ စီစဉ်ပေး၏။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်နေကြစဉ် ဝုန်းခနဲ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ မဟူရာလိပ်နန်းတော်သည် တဝုန်းဝုန်း တုန်ခါ၍ ဖြည်းဖြည်းချင်း မြောက်တက်လာပြီး ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်လမ်းမထက်မှ ခွဲထွက်နေချေပြီ။

‌မဟာနေဧကရာဇ်ကဲ့သို့ ‌ ရှေးဟောင်းနတ်ဘုရားများမှာ ထိုအခြင်းအရာကို မြင်လျှင် အံ့အားသင့်သွားကြသည်။ သူတို့က တားဆီးရန် တပ်ကူများ အလျင်အမြန် ခေါ်နေကြသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုံ၏ တောင်၊ အရှေ့နှင့် အနောက်နေရာများမှ တဝုန်းဝုန်း မြည်ဟည်းသံများ ဆူညံလာသည်။ မီးငှက်ကောင်းကင်နန်းတော်၊ ကျားဖြူကောင်းကင်နန်းတော်နှင့် နဂါးစိမ်းကောင်းကင်နန်းတော်တို့သည်လည်း ကောင်းကင်နတ်ဘုံမှ ခွဲထွက်၍ ကောင်းကင်ထက်သို့ မြင့်တက်နေသည်ကို ရှေးဟောင်းနတ်ဘုရားများမှာ မယုံကြည်နိုင်စွာ ငေးကြည့်နေကြတော့သည်။

ကောင်းကင်နတ်ဘုံ၏ အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်သည့် သခင်ခုနစ်ပါး၊ လူဆိုးထိန်းငါးပါးနှင့် ကောင်းကင်ဆရာသခင်လေးပါးတို့သည် ကောင်းကင်နန်းတော်များဆီ သွားရောက်ပြီး နတ်မင်းများအား ဖြောင်းဖြရန် ‌ပျံတက်သွားကြ၏။

နတ်မင်းရွှမ်းဝူက နားထောင်နေဟန်ဆောင်ပြီး သူတို့၏မှော်စွမ်းအင်ကို လျှို့ဝှက်စွာ သုံးလျက် မဟူ‌ရာလိပ်ကောင်းကင်နန်းတော်အား ကောင်းကင်နတ်ဘုံမှ ထွက်ခွာနေစေသည်။

မဟာနေဧကရာဇ်က ဤအခြင်းအရာကို နတ်ကောင်းကင်ခန်းမဆီသို့ အလျင်အမြန် အစီရင်ခံလိုက်သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရာဇ်သည် မျိုးနွယ်စုများ၏ ခေါင်းဆောင်များ၊ ကောင်းကင်နတ်အရှင်များနှင့် အစည်းအဝေးထိုင်နေပုံရ၏၊ သူတို့က အရေးကြီးသော အကြောင်းအရာများ ဆွေးနွေးနေကြဟန်ရှိပြီး အခြေအနေများ တင်းမာနေသည်။

မဟာနေဧကရာဇ်က အဖြစ်အပျက်ကို အလျင်အမြန် အစီအရင်ခံနေသော်လည်း ကောင်းကင်နတ်အရှင်များနှင့် မျိုးနွယ်စုခေါင်းဆောင်များသည် စကားမပြောဘဲ တရားထိုင်နေကြ၏။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က စကားပြောသည်။ “ငါ့မှာ အခု အရေးတကြီး ဆွေးနွေးစရာတွေ ရှိနေတယ်....သူတို့ သွားမတားနိုင်ဘူး.... ကောင်းကင်နတ်မြစ်ရေတပ်၊ ဂိုဏ်းလေးဂိုဏ်းရဲ့ စစ်တပ်‌တွေ၊ ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့၊ ရထားလှည်းငါးစီးနဲ့ တခြားစစ်တပ်တွေကို သုံးပြီး သူတို့ရဲ့ ကောင်းကင်နန်းတော်တွေကို တားဆီးဖို့ အရင်ကြိုးစားလိုက်”

မဟာနေဧကရာဇ်က ဦးညွှတ်အရိုအသေပေး၍ ခေါင်းညိတ်လိုက်သည်။

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် လက်ဝှေ့ယမ်းလိုက်ရင်း ကောင်းကင်နတ်ဘုံ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိန်းချုပ်နိုင်သော တပ်မှူးတံဆိပ်ပြားအား သူ့ထံ ပေး၏။

မဟာနေဧကရာဇ်မှာ အလောတကြီး ထွက်ခွာသွားတော့သည်။

နတ်ကောင်းကင်ခန်းမထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ တခဏကြာသော် ကောင်းကင်နတ်အရှင်ဟွေ့က ရယ်လျက် ပြောလေသည်။ “ဒီလို ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေအတိုင်းဆို ‌နတ်မင်းလေးပါးက ထွက်သွားတော့မယ်... ရှေးဟောင်းနတ်ဘုရားတွေကို သတ်ပစ်မှ ဖြစ်မှာ... နတ်မင်းလေးပါးထဲက တစ်ပါးမှ အသက်ရှင်နေလို့ မဖြစ်ဘူး... ငါ့ကို ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာပေးပြီး သတ်ခွင့်ပေး... ငါ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို မလိုချင်ဘူး.... သူတို့ကို သတ်ပြီးတာနဲ့ ပြန်ပေးမယ်... မင်းတို့ဘာသာ ဆက်လုကြ”

အကုန်လုံးက အေးစက်စက် ရယ်လိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့မှာ ဒေါသူပုန်ထသွားပြီး ရုတ်တရက် သူ၏မူလဝိညာဉ်အား ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲမှ နှုတ်ယူလိုက်သည်။ သူက ငေါက်ခနဲ ထရပ်ကာ ပြောလေသည်။ “ငါ တောင်နတ်မင်းကို သွားသတ်မယ်”

ကောင်းကင်ယင်သားတော်က ချီတုံချတုံဖြင့် ပြောသည်။ “ငါ မဟူရာလိပ်ကောင်းကင်နန်းတော်ကို တစ်ချက်သွားကြည့်လိုက်မယ်”

သူတို့နှစ်ယောက် ထွက်ခွာသွားကြသည်။

ကျန်ခဲ့သည့်သူများက တုပ်တုပ်မလှုပ်ကြချေ။

ကောင်းကင်နတ်အရှင်ယွင်က ရုတ်တရက် ပြောလေသည်။ “ဒီအခြေအနေအတိုင်း ဆက်သွားလို့မရဘူး... ငါ့မှာ အကြံပြုစရာ တစ်ခုရှိတယ်.... တစ်လှည့်စီ ကောင်းကင်နတ်ဧကရာဇ် အယောင်ဆောင်ကြမယ်... အလှည့်ကျယူပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်ကြမယ်.... တစ်ယောက်တည်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ယူသွားတာမျိုး မဖြစ်အောင် တားဆီးနိုင်တဲ့ စနစ်တစ်ခု ဖန်တီးလို့ရတယ်”

တခဏကြာသော် ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် ပြော၏။ “ငါ သဘောတူတယ်”

မဟူရာလိပ်ကောင်းကင်နန်းတော်ထဲတွင် မင်းသားယိုမင်သည် ယန်အာတို့ဆီ သွားနေ၏။ သူက နဂါးချီလင်ကို တောင်းပန်နေသည်။ “မင်းက တကယ်ကို အံ့မခန်းပဲကွာ... ကောင်းကင်နတ်ဘုံက အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်... ငါ မဟူရာလိပ်နန်းတော်ကို မြောက်၀င်ရိုးစွန်းဆီ တစ်ယောက်တည်း ပို့ဆောင်လို့မရဘူး... ဒါကြောင့် မင်းတို့အကူအညီကို တောင်းချင်တယ်”

နဂါးချီလင်နှင့် ယန်အာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ယန်အာက သဘောတူသော်လည်း နဂါးချီလင်က အင်တင်တင် ပြောချေသည်။ “ကျွန်တော်တို့ သိုင်းအဆင့်က နောင်တော်ထက် အားနည်းတယ်လေ... ဘယ်လိုလုပ် ကူညီနိုင်မှာလဲ”

ယန်အာမှာ ချက်ချင်း ပါးစပ်ပိတ်သွားသည်။

နဂါးချီလင်က ပြော၏။ “အမှန်ပြောရရင် ကျွန်တော်က ကောင်းကင်ဘုံလာ အသိပညာတွေကို တွေ့ခဲ့ရပြီး သင်္ချာနည်းနည်းပါးပါး သင်ခဲ့ရပေမယ့် လုပ်နိုင်တာတော့ သိပ်မရှိဘူးဗျ.... နောင်တော်ရဲ့ ပို့ဆောင်မှုကို ရှေးဟောင်းနတ်ဘုရားတွေ တားဆီးကြမှာ သေချာတယ်.... ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့၊ ကောင်းကင်နတ်မြစ်ရေတပ်၊ ရထားလှည်းငါးစီး၊ ကောင်းကင်စိတ်ဝိညာဉ်တွေ၊ မြေဝိညာဉ်တွေ၊ ကြယ်တာရာနတ်ဘုရားတွေလည်း ပါကြမှာပဲ...”

သူက မင်းသားယိုမင်၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။ သူ စစ်တပ်ကြီးတစ်တပ်ကို ပြောလိုက်တိုင်း ယိုမင်သည် တုန်တက်သွား၏။

နဂါးချီလင်က သက်ပြင်းချရင်း ပြောလိုက်သည်။ “သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အစွမ်းထက်ရတနာတစ်ပါး မရှိဘဲ မခုခံနိုင်ဘူး.... ကောင်းကင်နန်းတော် မပြောနဲ့ ကိုယ့်ကိုကိုယ်တောင် ကာကွယ်နိုင်မှာမဟုတ်ဘူး... ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး‌ နောင်တော်”

မင်းသားယိုမင်းမှာ သူ့လက်ကို ဆွဲထားသည်။ “ညီတော်၊ နှမတော်.... မင်းတို့ ပြန်သွားချင်ရင်တောင် ပြန်လို့ မရတော့ဘူး.... မီးငှက်ကောင်းကင်နန်းတော်နဲ့ နဂါးစိမ်းကောင်းကင်နန်းတော်လည်း ကောင်းကင်နတ်ဘုံကနေ ထွက်ခွာသွားနေပြီ.... မင်းတို့ ဘယ်ကိုသွားကြမှာလဲ... နတ်မင်းလေးပါးရဲ့ သွေးဆက်တွေက တစ်သားတည်းအဖြစ် ပေါင်းစည်းထားတာလေ.... ငါ့ကို မြောက်၀င်ရိုးစွန်းဆီ ပြန်ဖို့ ကူညီပေးရင် မင်းတို့နှစ်ယောက်ကို ငါကိုယ်တိုင် ပြန်လိုက်ပို့ပါ့မယ်”

သူက ၀န်ခံသည်။ “ငါက စစ်လည်း မတိုက်နိုင်သလို စစ်တပ်တစ်တပ်ကိုလည်း မဦးဆောင်နိုင်ဘူး... ငါ့မှာ အမျှော်အမြင်လည်း မရှိဘူး.... သူတို့ တိုက်ခိုက်လာရင် ငါ့နန်းတော်က တပည့်တွေကို ကြီးကြပ်ပေးဖို့ မင်းကို လိုအပ်တယ်”

နဂါးချီလင်သည် အင်တင်တင် ဖြစ်နေ၏။

မင်းသားယိုမင်းက ပြောသည်။ “မင်း ငါ့ကို မယုံတာလား... ငါ့နောက် လိုက်ခဲ့”

သူက ကောင်းကင်နန်းတော်၏ အရှေ့သို့ ခေါ်သွား၍ အဝေးသို့ ညွှန်ပြကာ ပြောသည်။ “ကြည့်လိုက်”

နဂါးချီလင်နှင့် ယန်အာလည်း ကောင်းကင်နတ်ဘုံဆီသို့ ကြည့်လိုက်ကြသည်။ ဧရာမကောင်းကင်နန်းတော်ကြီးများသည် ၎င်းတို့၏ ထောင်ပေါင်းများစွာသော နန်းဆောင်များ၊ ခန်းမများနှင့်အတူ ကောင်းကင်နတ်ဘုံမှ ထွက်ခွာနေသည်ကို တွေ့မြင်လိုက်ရ၏။

တောင်နတ်မင်း၊ အနောက်နတ်မင်းနှင့် အရှေ့နတ်မင်းတို့၏ ကောင်းကင်နန်းတော်များအပြင် အခြား ကောင်းကင်နန်းတော်ကြီးများလည်း ကောင်းကင်နတ်ဘုံကို စွန့်ခွာနေကြသည်။ ၎င်းတို့က ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ ကောင်းကင်နန်းတော်များ ဖြစ်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဘုံသည် ကောင်းကင်နန်းတော်များ၏ အလေးချိန် မရှိတော့သောကြောင့် ဖြည်းဖြည်းချင်း မြင့်တက်နေ၏။ မကြာခင် ကမ္ဘာဦးဘုံမှ ထွက်ခွာသွားတော့မည့်ပုံပင်။

ထို့အပြင် ကောင်းကင်နတ်ဘုံတွင် ဟိုဟိုသည်သည် ပျံသန်းရင်း အမိန့်ပေးနေသော နတ်ဘုရားများကိုလည်း တွေ့ရသည်။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်များကလည်း ကောင်းကင်နန်းတော်များကို လိုက်လံဖမ်းဆီးနေကြသည်။

နဂါးချီလင်မှာ ဖြူဖတ်ဖြူလျော် အမူအရာဖြင့် ပြောလိုက်၏။ “နောင်တော်၊ ကျွန်တော်တို့တော့ ဒုက္ခရောက်ပြီဗျ”

မင်းသားယိုမင်က တောင်းတောင်းပန်ပန် ပြောလေသည်။ “ငါမှားတာ ငါသိပါတယ်ကါာ... ဒါပေမဲ့ ငါတို့ အောင်မြင်နိုင်ခြေ ရှိပါသေးတယ်.. ခမည်းတော်နဲ့ မယ်တော်က ကောင်းကင်နန်းတော်ကို စောင့်ရှောက်ဖို့အတွက် ဖန်သားကောင်းကင်စေတီကို ငါ့ဆီ ပေးထားတယ်... အဲ့ဒါက တစ်လောကလုံးမှာ နံပါတ်တစ်လို့ သတ်မှတ်ခံထားရတဲ့ အံ့မခန်းရတနာတစ်ပါးပဲ.... မင်းရဲ့အမျှော်အမြင်နဲ့ အဲ့ဒီရတနာနဲ့ ပေါင်းလိုက်ရင် ငါတို့‌ အောင်မြင်မှာပါ”

နဂါးချီလင်က ခါးသီးစွာ ပြောသည်။ “ရတနာလေးတစ်ပါးတည်းနဲ့ ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်တွေကို ဘယ်လိုလုပ် ခုခံနိုင်မှာတုန်း... နောင်တော်၊ မဟူရာလိပ်နန်းတော်ကို စွန့်ပစ်ပြီး ရတနာနဲ့အတူ ထွက်ပြေးတာကဖြင့် နောင်တော့်အတွက် ကောင်းလိမ့်မယ်ထင်တယ်”

ထိုအခါ မင်းသားယိုမင်သည် သူတို့အား မဟူရာလိပ်ကောင်းကင်နန်းတော်၏ နတ်ကောင်းကင်ခန်းမဆီသို့ ခေါ်သွားကာ ပြောသည်။ “မင်းတို့က စေတီကို မြင်မှမမြင်ရသေးတာကိုးကွ... မြင်ရရင် စိတ်အေးသွားလိမ့်မယ်”

All Chapters