လေးလွှာသို့
Vol. 010 Ch. 915
ဧည့်ကြည့်စင်တွင် မရေမတွက်နိုင်သောလူများက ရှုံးနိမ့်သွားသော ဝမ်ရန်ကို ကြည့်ကြသည်။
ဤမတိုင်မှီ ရီဖူရှင်းက လျူယွီချူအား အသာစီးဖြင့် အနိုင်ယူခဲ့သည်ကို မြင်ခဲ့ကြပြီးဖြစ်ရာ သူက ထူးချွန်သူဖြစ်ကြောင်း သိလိုက်ကြ၏။ ထို့ကြောင့်ပင် ဝမ်ရန်အား စိတ်ဆိုးစေခဲ့ပြီး ထိုလူနှင့် ဝမ်ရန်တို့ ရင်ဆိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ သို့သော်လည်း တိုက်ပွဲအဆုံးသတ်က ဤသို့သော ပုံစံမျိုးဖြစ်လာမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
ဝမ်ရန်ကား တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
“ ချင်းရှင်းကလန်က စက္ကန့်ပိုင်းအတွင်း ရှုံးသွားတယ်... ”
“ သူ ဘယ်သူလဲ... ”
လူအများအပြားက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်ကြသည်။ ဝမ်ရန်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူခဲ့သူမှာ နာမည်မကျော်ကြားသူ မဖြစ်နိုင်ပေ။ အနည်းဆုံး သူက ကောင်းကင်ခုနစ်လွှာသို့ တက်နိုင်စွမ်းရှိပေသည်။
အင်ပါယာရှား နယ်မြေအတွင်းမှ ထိပ်သီးပါရမီရှင် အများစုမှာ ကောင်းကင်အလွှာ သုံးဆင့်သို့ တက်နိုင်စွမ်းရှိကြသည်။ ပုံမှန်အားဖြင့် ကောင်းကင်ခုနစ်လွှာအထက် တက်လှမ်းနိုင်သူများမှာ ထူးခြားဆန်းကျယ်သော စွမ်းရည်များအား ပိုင်ဆိုင်သည့် တော်ဝင်မြေမှ မျိုးဆက်များဖြစ်ကြသည်။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ”
ချင်းရှင်းကလန်မှ လူများက အတန်ကြာ မှင်တက်နေကြသည်။ ချင်းရှင်းကလန်မှ ဝမ်ရန်နှင့်လင်းယွီချူတို့မှာ ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့ကြသည်။ ပထမနေရာကို မရခဲ့သည့်အပြင် သူကား ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့သည်။ ချင်းရှင်းကလန်မှ ဝမ်ရန်နှင့် လင်းယီချူတို့က ကျူးထန်နန်းတော်ကို ပထမဆုံးဝင်သည့် အတွေ့အကြုံကား သူတို့အတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေပေလိမ့်မည်။ ယခုကား သူတို့က ကောင်းကင်နှစ်လွှာသို့ပင် တက်ရောက်ခွင့်မရကြတော့ပေ။
တိုက်ပွဲစင်မြင့် အထက်တွင် လူအများအပြားက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်နေကြသည်။ သည်လူကား သတိထားရမည့်သူဖြစ်သည်။ ရီဖူရှင်းက တခြားလူများ မည်သို့တွေးနေသည်ကို ဂရုမစိုက်ပေ။ သူက စင်မြင့်ထက်မှ လူများကို ကြည့်လျှင် အများအပြား ကျန်သေးသည်ကို တွေ့၏။ သူ့ခန္ဓာကိုယ်က လေထဲကို တဖြည်းဖြည်း မြောက်တက်လာခဲ့ကာ ကောင်းကင်နှင့်မြေပြင်အကြား အားလှိုင်းတစ်ခု စတင်ပျံ့လွင့်လာခဲ့သည်။
အားလုံး၏အမူအရာများ ပြောင်းလဲသွားကြသည်။ သည်လူကား အားလုံးကို တစ်ယောက်တည်းဖြင့် စိန်ခေါ်လိုနေသည်လား။
တန်ခိုးရှင်များအားလုံးက တိုက်ခိုက်နေသည်များအား ရပ်လိုက်ကြကာ ရီဖူရှင်းကို မျက်နှာချင်းဆိုင်လိုက်ကြသည်။ လောကဓာတ်များ မွေးဖွားလာခဲ့ကာ ရီဖူရှင်း၏ အမူအရာက အေးစက်နေသည်။ ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အာကာသစွမ်းအင်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာခဲ့ကာ အားလုံးက သူတို့၏ခန္ဓာကိုယ်များ တင်းကြပ်သွားသည်ကို ခံစားလိုက်ရသည်။ အဆုံးအစမဲ့သော ကြယ်အလင်းများ သူတို့ထံကို ဖြန်းပက်လာခဲ့သည်။
“ အားလုံး တိုက်ခိုက်ကြ... ”
တန်ခိုးရှင်တစ်ယောက်က အော်ဟစ်ကာ သူ၏လက်မှ နှစ်ဘက်သွားဓားမှာ လေဟာနယ်အား ခွင်းလျက် ရီဖူရှင်းထံသို့ တိုးဝင်သွားခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက ဘာမှ မမြင်သည့်အလား သည်အတိုင်းရပ်ကာ တိုက်ခိုက်မှုများအားလုံးကို ခံယူသည်။ ဆေးစမ်းသပ်မှု နှစ်ကြိမ် ခံယူပြီးနောက် သူ၏လက်ရှိခန္ဓာကိုယ်မှာ အဆင့်တူအတွင်းမှ မည်သည့်လောကဓာတ်နှင့်တိုက်ခိုက်မှုများကိုမဆို လျစ်လျူရှုနိုင်သော အနေအထားသို့ ရောက်လာပြီဖြစ်သည်။
ကောင်းကင်ထက်တွင် အလွန်ကြီးမားသော ကြယ်တာရာ တစ်စင်းဖြစ်ပေါ်လာ၏။ ရီဖူရှင်းက ထပ်မံ၍ လက်ဝှေ့ယမ်းလိုက်သည်တွင် လောဟာနယ်က လုံးဝထိန်းချုပ်ခံရကာ ကြယ်တာရာ အနှောင်အဖွဲ့တစ်ခု ဖြစ်သွားသည်။ လူများအားလုံး၏ လှုပ်ရှားမှုများအားလုံး နှေးကွေးလေးလံ သွားသည်။ သူတို့က လောကဓာတ်များကို အသုံးပြုကာ အရူးအမူး ဖောက်ထွက်ရန် ကြိုးစားကြ၏။ သို့သော်လည်း ရီဖူရှင်းက လက်ကို မြှောက်လိုက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်တွင် လေထဲတွင် မရေမတွက်နိုင်သော ကြယ်တာရာလက်ဝါးတံဆိပ်တော်များဖြစ်ပေါ်လာပြီး ထိုတန်ခိုးရှင်များထံသို့ တိုးဝင်သွားကြသည်။
“ဘန်း... ဘန်း... ဘန်း...”
ပြင်းထန်ရုန့်ရမ်းသော အသံများ အဆက်မပြတ် မြည်လာကာ လူအများအပြားက သွေးများ အဆက်မပြတ် အန်ကြပြီး တိုက်ခိုက်ရန် အင်အားမဲ့သွားကြ၏။
တန်ခိုးရှင်များ၏ ခန္ဓာကိုယ်များက စင်မြင့်အောက်ကို တစ်ယောက်ပြီး တစ်ယောက် ကျဆင်းလာခဲ့ကြသည်။ စင်မြင့်ပေါ်တွင်ကား ကြယ်အလင်းများ တောက်ပနေဆဲ ဖြစ်သည်။ လူအများအပြား၏ စိတ်နှလုံးမှာလည်း မြန်ဆန်လာခဲ့ကာ တိုက်ပွဲစင်မြင့်အား မျက်တောင်မခတ် ကြည့်နေကြသည်။
အလွန်အားကောင်း လွန်းသည်။ တိုက်ပွဲအတွင်း၌ ပါဝင်ခဲ့ကြသော လူများအားလုံးမှာ ရှုံးနိမ့်သွားခဲ့ကြသည်။
သို့သော်လည်း ရီဖူရှင်းထံမှ တိုက်ခိုက်မှုများကို ကာကွယ်ကာ တောင့်ခံထားနိုင်သူ အချို့လည်း ကျန်ရှိကြပေသည်။ သို့သော်လည်း သူတို့၏စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်ခါနေကြ၏။
“ ကျန်တဲ့အဆင့်အတွက် မင်းတို့တွေက ဆက်ပြီး တိုက်ခိုက်ကြ... ”
ရီဖူရှင်းက စင်ထက်တွင် ဆက်လက် ရပ်နေသူများအား ပြောသည်။
သူကား ပထမနေရာကိုကြိုတင်၍ ဦးထားပြီးဖြစ်သည်။
သည်တစ်ကြိမ်တွင်ကား မည်သူမှ ငြင်းဆန်ခြင်း မရှိကြတော့ပေ။ စင်မြင့်ပေါ်တွင် ရီဖူရှင်းက လက်နှစ်ဖက်ကို သူ၏နောက်တွင်ချိတ်ကာ တခြားလူများနှင့် မသက်ဆိုင်သည့်အလား ရပ်နေသည်။
သူ၏ရည်ရွယ်ချက်ကား သည်နေရာမဟုတ်ပေ... ကောင်းကင်အလွှာ ကိုးခုသာ ဖြစ်သည်။
“ အဲဒါ ဘယ်သူလဲ... ”
“ သူ့ကို ဘယ်သူသိကြလဲ…”
စင်မြင့်ထက်မှ လူများက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေကြသော ရီဖူရှင်းအား ကြည့်ကြသည်။ သူက အေးဆေးစွာ ရပ်နေသော်လည်း သူ၏ကြီးမြတ်မှုကို မည်သူကမှ ချိုးနှိမ်နိုင်စွမ်းမရှိပေ။ တခြားလူများက ယှဥ်ပြိုင်တိုက်ခိုက်နေဆဲဖြစ်သည့်တိုင် သူကား ပထမနေရာအား ကြိုတင်ဦးထားပြီးဖြစ်သည်။ မည်သူကမှလည်း ငြင်းဆန်ခြင်းမပြုကြပေ။
“ဘန်း ... ဘန်း ... ဘန်း ...”
ထိုစဉ်မှာပင် ဘေးနားတွင်ရှိသော နောက်ထပ် တိုက်ပွဲစင်မြင့် တစ်ခုပေါ်မှ ကျယ်လောင်သော အသံများနှင့်အတူ တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် အောက်သို့ လွင့်စင်လာခဲ့သည်။ သိပ်မကြာခင် စင်မြင့်ထက်တွင် မည်သူမှ မကျန်တော့။ စင်မြင့်ထက်တွင်ကား သန်မာထွားကျိုင်းသော လူငယ်တစ်ယောက်က အေးစက်စွာ ရပ်နေသည်။
“ ဒါ... ”
ထိုမြင်ကွင်းအား ကြည့်ကာ လူအများက ဆွံ့အသွားကြသည်။ ယနေ့ ဘာဖြစ်နေသနည်း။ သည်နေရာကား ကောင်းကင်ပထမအဆင့်မျှသာဖြစ်သည်။ သို့တိုင်အောင် အလွန်အားကောင်းသော တန်ခိုးရှင်နှစ်ယောက် ပေါ်ထွက်လာခဲ့သည်။
ချင်းရှင်းကလန်မှ ဝမ်ရန်ကား ကျူးထန်နန်းတော်၌ ပွဲဦးထွက် လာရောက်ယှဥ်ပြိုင်ခဲ့ကာ အဖြည့်ခံတစ်ယောက်အဆင့်ထက်ပင် မပိုခဲ့ပေ။ ရီဖူရှင်းနှင့် ယူချင်းတို့ တည်ရှိမှုကြောင့်ပင် တိုက်ပွဲနှစ်ခုက မြန်ဆန်စွာပင် ပြီးဆုံးသွားခဲ့သည်။ အကြီးအကဲက သူတို့နှစ်ယောက်အား တံဆိပ်ပြားနှစ်ခုကို ပေးသည်။ တံဆိပ်ပြားများပေါ်တွင်ကား နံပါတ်၄ ဟု ရေးထားသည်။
ကျူးထန်နန်းတော်၏ပထမအလွှာကား ယေဘုယျအားဖြင့် ရွေးချယ်ခြင်းမျှသာဖြစ်သည်။ ပထမရသူက ကောင်းကင်လေးလွှာသို့ တိုက်ရိုက်တက်ရောက်နိုင်ပေသည်။ ဒုတိယ ရသူက ကောင်းကင်သုံးလွှာသို့ တက်ခွင့်ရ၏။ ထိပ်သီးဆယ်ယောက်မှာ ကောင်းကင်နှစ်လွှာသို့ တက်ရောက်ခွင့်ရကြပေသည်။ တခြားလူများမူကား နောက်ထပ် တိုက်ပွဲများတွင် ပထမအလွှာ၌ပင် ဆက်လက်၍ ယှဉ်ပြိုင်ခွင့် ရှိပေသည်။
ရီဖူရှင်းက တံဆိပ်ပြားကို ရသည်နှင့် ချက်ချင်းပင် လှေကားထစ်ထံသို့ ဦးတည်လိုက်သည်။ သူက အပေါ်ကို မော့ကြည့်လျှင် ကောင်းကင်ကိုးလွှာမှာ ပေထောင်ပေါင်းများစွာ မြင့်မားသည်ကို တွေ့ရ၏။
ကျူးထန်နန်းတော်သခင်မှာလည်း အင်ပါယာရှားနယ်မြေအတွင်း၌ အလွန်စွမ်းအားမြင့်ကာ သြဇာအာဏာကြီးသောလူတစ်ယောက်ဖြစ်ပြီး အင်ပါယာရှားနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်သောသူဖြစ်သည်။
ရီဖူရှင်းက ခြေထောက်ကို မြှောက်ကာ လှေကားထက်သို့တက်လိုက်လျှင် ယူချင်းကလည်း ရီဖူရှင်း၏ဘေးနားကို ရောက်လာပြီး အတူတူ တက်သည်။
“ သူတို့က ကောင်းကင်လေးလွှာကို တိုက်ရိုက်တက်ကြလိမ့်မယ်.. ”
“သူတို့နှစ်ယောက်က အတူတူပဲ...”
လူအများအပြား၏ခေါင်းထဲတွင် တူညီသော အတွေးတစ်ခု ဖြစ်ပေါ်လာကြသည်။ ယနေ့ကား ပွဲကြီးပွဲကောင်းတစ်ခု ကြုံကြရပေတော့မည်။ ကျူးထန်နန်းတော်ကို ရောက်လာသူများထဲတွင် ပြိုင်ဘက်များအား အသာစီးဖြင့် တိုက်ခိုက်အနိင်ယူလျက် ကောင်းကင်လေးလွှာသို့ တက်ရောက်နိုင်သူများကား ရှားပါးပေသည်။ ယခု သူတို့နှစ်ယောက်၏ရည်ရွယ်ချက်မှာ ကောင်းကင်လေးလွှာမျှသာ ဖြစ်မည်မဟုတ်ကောင်း အားလုံးက ရိပ်မိကြသည်။
“ ကောင်းကင်လေးလွှာမှာ လက်မှတ်တွေ သွားဝယ်ရအောင်... ”
လူအများအပြားက ထရပ်ကာ ရီဖူရှင်းတို့၏ နောက်လာမည့် တိုက်ပွဲများအား စောင့်ကြည့်လိုဟန်ဖြင့် ပြောကြသည်။
“ ငါတို့လည်း သွားကြည့်ကြမယ်... ”
ချင်းရှင်းကလန်မှ လူများကလည်း ပြောကြသည်။ ဝမ်ရန်နှင့် လင်းယွီချူတို့ကလည်း ထွက်ခွာသွားသောရီဖူရှင်းတို့အား ကြည့်ကာ ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ရီဖူရှင်းတို့၏တိုက်ပွဲများကို ကြည့်ရှုရန် လိုက်ပါသွားကြသည်။
ကောင်းကင်လေးလွှာမှာ ထိုင်ခုံများမှာ စျေးသက်သာခြင်းမရှိသလို ခုနစ်လွှာမှ ထိုင်ခုံများမူကား အလွန်တန်ဖိုးမြင့်သည်ဟုပင် ပြောနိုင်ပေသည်။ အမှန်တကယ်အားဖြင့် သူတို့အားလုံးက အောက်ခြေမှ ဝေဝေဝါးဝါးမျှ လှမ်းမြင်သည်ဆိုသည့်တိုင် အားလုံးက တိုက်ပွဲ၏မနီးမဝေးမှသာ ကြည့်လိုကြပေသည်။
ဤနည်းလမ်းဖြင့်ပင် ကျူးထန်နန်းတော်က အင်ပါယာ ရှားဘုံအတွင်း၌ အချမ်းသာဆုံး ဖြစ်လာခဲ့ခြင်းဖြစ်သည်။ မည်သို့ဆိုစေ လူအများက လိုလိုလားလား လာရောက် ကြည့်ရှုကြပေသည်။ ကျင့်ကြံသူများအတွက် တခြားလူများ၏တိုက်ပွဲများကို ကြည့်ရှုခြင်းကလည်း အလွန်အရေးပါသော အခန်းဂဏ္ဍ၌ ပါဝင်ပေသည်။
အမှန်တကယ်အားဖြင့် ကျူးထန်အဆင့်သတ်မှတ်မှုကို အင်ပါယာရှားကိုယ်တိုင်က အသိအမှတ်ပြုထားရာ မရေမတွက်နိုင်သော တန်ခိုးရှင်များအတွက် ကျူးထန်အဆင့်သို့ဝင်ရန်မှာ အလွန်အရေးပါပေသည်။ မင်းသမီးလေးရှားရှင်းယွန်ပင် ကျူးထန်နန်းတော်၌ လာရောက်တိုက်ခိုက်ခဲ့ပြီး ကျူးထန်အဆင့်၌ ကမ္မည်းတွင်ခဲ့ပေသည်။
သူက ကောင်းကင်လေးလွှာတွင်ရှိသော ထိုင်ခုံတစ်နေရာတွင် ထိုင်လိုက်ပြီးနောက် ရီဖူရှင်းက တိုက်ပွဲစင်မြင့်ထက်ကို ကြည့်လိုက်သည်။ ကောင်းကင်လေးလွှာတွင်ကား လူတစ်ရာတို့၏တိုက်ပွဲမဟုတ်တော့ပေ။ တစ်ကြိမ်ကို လူဆယ်ယောက်ဖြင့် စီစဥ်ပြုလုပ်ပေးပေသည်။
သည်အဆင့်တွင်ရှိသော စည်းမျဥ်းကား ပထမရသောသူက ကောင်းကင်ငါးလွှာကို ကျော်ကာ ကောင်းကင်ခြောက်လွှာသို့ တိုက်ရိုက်တက်လှမ်းနိုင်ခြင်းဖြစ်သည်။ ဒုတိယနှင့်တတိယက ငါးလွှာသို့ တက်နိုင်ပေသည်။
ရီဖူရှင်းနှင့် ယူချင်းကား စင်မြင့်ထက်တွင် တိုက်ပွဲစီစဉ်ပေးရန် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။ ပုံမှန်အားဖြင့် ကွဲပြားခြားနားသော စင်မြင့်ထက်မှ တက်လာသူများက အတူတူကျရန် မလွယ်ကူပေ။
စင်မြင့်ထက်တွင် ကြည့်နေကြသူများမှာလည်း ကောင်းကင်ငါးလွှာထက် များစွာနည်းသွားပေသည်။ ပထမအလွှာကသာ အားလုံးသောသူများ ဝင်ခွင့်ရှိရာ အလွန်စည်ကားပေသည်။ သို့သော်လည်း တစ်ခါတစ်လေ အလွန်ထူးချွန်သောသူတစ်ယောက်ယောက်ပေါ်ထွက်လာပါက ပရိသတ်များစွာက လက်မှတ်များဝယ်ကာ အပေါ်ထက်များ၌ လာရောက်ကြည့်ရှုကြပေသည်။
ဥပမာ ယနေ့တွင် လူအများအပြားက ရီဖူရှင်းနှင့်ယူချင်းတို့၏ထူးခြားမှုကို သတိထားမိကြကာ အပေါ်သို့ ဆက်လက်၍ လိုက်ပါလာကြသည်။ လေးလွှာမှ လူများကလည်း အံ့အားသင့်သွားကြကာ မေးမြန်းစုံစမ်းမှုများ လုပ်ဆောင်ကြရာ မကြာခင် လူအများမှာ ရီဖူရှင်းတို့နှင့်ပတ်သက်၍ သိသွားကြတော့သည်။ အားလုံးက စိတ်လှုပ်ရှားနေကြသည်။ လာမည့်တိုက်ပွဲများမှာ စိတ်ဝင်စားဖွယ်ကောင်းပေတော့မည်။
မကြာမှီ စင်မြင့်ထက်မှ တိုက်ပွဲပြီးဆုံးသွားရာ ရီဖူရှင်းက စောင့်မနေတော့ဘဲ စင်မြင့်ထက်ကို တက်သွားပြီး သူ၏တံဆိပ်ပြားကို ကမ်းပေးလိုက်သည်။ ထို့နောက် လူရိပ်များ စင်မြင့်ထက်ကို တက်လာကြကာ မကြာမှီ လူဆယ်ယောက် ပြည့်သွားသည်။
“ ဘယ်သူက ပထမရမယ်လို့မင်းထင်လဲ... ” ပရိသတ်ထဲမှ တစ်ယောက်က မေးသည်။
“ စုထူ... ဒီမတိုင်ခင် တိုက်ပွဲမှာ သူက အားအကောင်းဆုံး တန်ခိုးရှင်တစ်ယောက်ကို ရှုံးနိမ့်ခဲ့တာ ... ဒါပေမဲ့ သူ့စွမ်းရည်က အမြင့်ဆုံးမှာ ရှိတယ်... ဒီတစ်ခေါက်တော့ သူ့အတွက် အခွင့်အရေးရှိတယ်... ” တစ်ယောက်က ပြောသည်။
“ ရှမ်းစီ... သူမကလည်း အရင်တိုက်ပွဲတွေမှာ အရည်အချင်းကောင်းတွေ ပြခဲ့တယ်.. သူမရဲ့စိတ်စွမ်းအားက ကြောက်စရာပဲ... ” တစ်ယောက်က မိန်းမတစ်ယောက်အား ကြည့်ကာပြောသည်။
“ ဘယ်သူမှ အခွင့်အရေး မရဘူး... ”
တစ်ယောက်က ရယ်မောကာ ပြောသည်...
“ ပထမအလွှာက တက်လာတဲ့ ရီဖူရှင်းက လူတစ်ရာကို အထက်စီးက အနိုင်ယူပြီး လေးလွှာကို တိုက်ရိုက်တက်လာခဲ့တာ... သူက ငါးလွှာကို ကျော်ပြီး ခြောက်လွှာကို တိုက်ရိုက်တက်မည့်သူပဲ... ပြီးတော့ ခုနစ်လွှာကို တက်လိမ့်မယ်... ”
“ သူက ပထမအလွှာရဲ့ ပထမရတဲ့သူပဲရှိတာ... ဒါက ဘာမှ မဟုတ်ဘူး... ”
တစ်ယောက်က မှတ်ချက်ချသည်။
“ ကြည့်လိုက်... ”
လူအများအပြား၏အာရုံက စင်မြင့်ထက်ကို ရောက်သွားကြသည်။ တန်ခိုးရှင်များကား နားပါးရာ ပရိသတ်များ၏ပြောသံကို စုထူက ကြားသည်ထင်၏။ သူက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ သူ့ထံသို့ လှမ်းသွားလိုက်သည်။ သူ၏လက်ထဲတွင် ဓားတစ်လက်ပေါ်လာကာ ထွင်းဖောက်ခြင်းလောကဓာတ်များ စီးဆင်းလာတော့သည်။ သူ၏စိတ်စွမ်းအားကလည်း နှစ်ဘက်သွားဓားအလား အရာခပ်သိမ်းကို ထွင်းဖောက်သွားမည့်ဟန်ဖြင့် လင်းလက်လာခဲ့သည်။
***