အခန်း (၁၃၀၅)
Vol. 94 Ch. 1305
ဟန်မူယဲ့က နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို ကြည့်လိုက်ပြီး ပြောသည်။
“ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို ထုတ်ပေးပါ”
‘ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို ပေးရမှာလား’
စစ်ကူပေးရန်ရောက်လာသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
သူတို့၏ ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို လွှဲမပေးနိုင်ပေ။
ဟန်မူယဲ့က သူတို၏ မျက်နှာထားကို ကြည့်လိုက်ပြီး ခေါင်းခါသည်။ ထို့နောက် တည်ငြိမ်စွာပြောသည်။
“အဲဒါဆိုရင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ပေးလိုက်ပါ”
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ မျက်နှာထားက သိပ်မကောင်းသော်လည်း ရုပ်သေးရုပ်ကို ထုတ်ပေးလိုက်ကြသည်။
“ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က အရမ်းအားကောင်းတယ်။ မင်းက ထိန်းချုပ်နိုင်မှာမဟုတ်ဘူး”
“မင်းက တခြားရုပ်သေးရုပ်တွေကိုပဲ ထိန်းချုပ်လိုက်ပါ။ ငါတို့က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ပူးပေါင်းထိန်းချုပ်ထားမယ်”
“အဲဒါဆိုရင် ပိုပြီး ခုခံနိုင်လိမ့်မယ်”
ဟန်မူယဲ့နှင့် တခြားတပည့်များက သားရဲများကို ခုခံနိုင်ခဲ့သည်။ ထိုသို့မဟုတ်လျှင် သူတို့က ဂရုစိုက်နေမည်မဟုတ်ပေ။
တပည့်အများစုသည် အဆင့်ခြောက်နှင့် အဆင့်ခုနစ်များသာ ဖြစ်ကြသည်။ သူတို့က နတ်ဘုရားအဆင့် ကျွမ်းကျင်သူများနှင့် စကားပြောရန် အရည်အချင်းမရှိပေ။
သူတို့က ဟန်မူယဲ့နှင့် စကားပြောလိုက်သောအချိန်တွင် ညှိနှိုင်းနေခြင်း မဟုတ်ပေ။ အသိပေးနေခြင်းသာ ဖြစ်သည်။
“ဝီ”
ဟန်မူယဲ့က စကားမပြောပေ။ သူက လက်မြှောက်ပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ဖိချသည်။
ထို့နောက် သူ့လက်ထဲတွင်ရှိသော ရွှေအလင်းက ပေါက်ကွဲထွက်လာပြီး ရုပ်သေးရုပ်ကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေသည်။
“မင်း”
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
ထိုရုပ်သေးရုပ်သည် သူတို့၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ထိုရုပ်သေးရုပ်ကြောင့် သူတို့က ဤနေရာကို ဝင်လာရဲခြင်း ဖြစ်သည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် မရှိလျှင် သူတို့က သားရဲများကို တားဆီးနိုင်မည်မဟုတ်ပေ။
“မင်းက ရူးနေတာလား”
သွားပြီ ....
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ရေရွတ်လိုက်ကြသည်။ တချို့က ပြေးဝင်လာချင်ပြီး တချို့က နောက်ဆုတ်သွားကြသည်။
သို့သော် သူတို့ မလှုပ်ရှားနိုင်ခင် ဟန်မူယဲ့က လက်မြှောက်သည်။ ရုပ်သေးရုပ်၏ အပိုင်းအစများက လှုပ်ရှားလာကြသည်။
ထိုအစိတ်အပိုင်းများက ပတ်ဝန်းကျင်တွင်ရှိသော တခြားရုပ်သေးရုပ်များဆီသို့ ရောက်သွားကြသည်။
သူတော်စင်အဆင့်နှင့် အဆင့်ကိုးသားရဲများကိုသာ ခုခံနိုင်သော ထိုရုပ်သေးရုပ်များက ရုတ်တရက် အားကောင်းလာသည်။
ကမ္ဘာဦးအဆင့် အစိတ်အပိုင်း၏ အားဖြည့်မှုကြောင့် သူတို့က အနည်းဆုံး နတ်ဘုရားအဆင့် စွမ်းအားကို ထုတ်သုံးနိုင်ခဲ့သည်။
သူတို့က အချိန်ကြာမြင့်စွာ မတည်ရှိနိုင်သော်လည်း ယခုအချိန်တွင် နတ်ဘုရားအဆင့် ဖြစ်သည်။
“ဘုန်း”
ရုပ်သေးရုပ်က လက်သီးထိုးချလိုက်သည်။
လက်သီပုံရိပ်သည် မရေမတွက်နိုင်သော အလင်းတန်းများကို သယ်ဆောင်ထားပြီး ရှေ့တွင်ရှိသော လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သည်။
နတ်ဘုရားအဆင့် စွမ်းအားသည် တည်နေရာကို ဖျက်ဆီးနိုင်သည်။
အနည်းဆုံး သားရဲသုံးဆယ်သည် ထိုလက်သီးချက်ကြောင့် သေဆုံးသွားကြသည်။
ပြေးဝင်လာသော သားရဲများက ထိတ်လန့်သွားကြသည်။
သူတို့က ထိုလက်သီးချက်ကို မခုခံနိုင်ကြပေ။ နတ်ဘုရားအဆင့် သားရဲကသာ ခုခံနိုင်လိမ့်မည်။
“ဝေါင်း”
နတ်ဘုရားအဆင့်သားရဲ ခုနစ်ကောင်၊ ရှစ်ကောင်ခန့်သည် ဟိန်းဟောက်လိုက်ပြီး နတ်ဘုရားအဆင့် စွမ်းအားကို ဖော်ထုတ်နေသော ရုပ်သေးရုပ်ဆီသို့ ပြေးဝင်လာသည်။
ထိုရုပ်သေးရုပ်က လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး ပြင်းထန်စွာ တိုက်ခိုက်နေသည်။ ရုပ်သေးရုပ်၏ လက်သီးချက်က နတ်ဘုရားအဆင့် သားရဲတစ်ကောင်၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားသော်လည်း ပေတစ်ထောင်ရှည်လျားသော တောင်ပုံမြွေ၏ အမြီးရိုက်ချက်ကြောင့် တစ်ပိုင်းတစ်စစီ ဖြစ်သွားခဲ့သည်။
နတ်ဘုရားအဆင့် သားရဲများက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ခံတပ်ဆီသို့ ပြေးဝင်လာကြသည်။
“ဝီ”
သို့သော် ရုပ်သေးရုပ်များက အသက်ဝင်လာကြသည်။
ထိုရုပ်သေးရုပ်များ အားလုံးသည် ကမ္ဘာဦးအဆင့် အစိတ်အပိုင်းကို သယ်ဆောင်ထားသည်။
အနည်းဆုံး ရုပ်သေးရုပ်နှစ်ဆယ်ခန့် ရှိနေသည်။ သူတို့က လက်နှစ်ဖက်ကို မြှောက်လိုက်ကြသည်။
ပြေးဝင်လာသော နတ်ဘုရားအဆင့် သားရဲများက ကြောင်အသွားကြသည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
‘ဒီနေရာမှာ နတ်ဘုရားအဆင့် ရုပ်သေးရုပ်တွေ အများကြီးရှိနေတာပဲ’
“ဘန်း”
ပေတစ်ရာကြီးမားသော နတ်ဘုရားအဆင့် သားရဲတစ်ကောင်က ရိုက်ချခံလိုက်ရသည်။
တစ်ဖက်တွင် လက်တစ်ဖက်က နတ်ဘုရားတစ်ဝက်အဆင့် သားရဲတစ်ကောင်၏ လည်ပင်းကို ညှစ်ချလိုက်သည်။
ထိုသားရဲက ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။
“ဂျွတ်”
အရိုးကျိုးသွားသောအသံ ပေါ်ထွက်လာခဲ့သည်။
နတ်ဘုရားတစ်ဝက်အဆင့် သားရဲက ထိုသို့ အသတ်ခံလိုက်ရသည်။
အရိုးကျိုးသွးသောအသံသည် ပတ်ဝန်းကျင်ကို ထိုးဖောက်သွားပုံရသည်။
အဝေးတစ်နေရာတွင်ရှိသော သားရဲများက ခံတပ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
ထိုသားရဲများအားလုံးက လောကစွမ်းအားကို ကောင်းမွန်စွာ အာရုံခံနိုင်သည်။
“ဝေါင်း”
နတ်ဘုရားအဆင့် သားရဲတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး ပြေးဝင်လာသည်။
သို့သော် ရုပ်သေးရုပ်တစ်ရုပ်က လှုပ်ရှားလိုက်ပြီး ထိုသားရဲကို လက်သီးဖြင့် ဆက်တိုက်ထိုးနှက်သည်။
“ဘုန်း”
လက်ဝါးတစ်ဖက် ဆင်းသက်လာပြီး သားရဲကို ဖိချသည်။
ထိုလက်ဝါးသည် ကောင်းကင်၏တစ်ဝက်ကို လွှမ်းခြုံထားသည်ဟု ထင်ရသည်။
“ဘန်း”
နတ်ဘုရားအဆင့် သားရဲတစ်ကောင်က ပြားကပ်သွားသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။
အလွန်ကြောက်စရာကောင်းသည်။
နတ်ဘုရားအဆင့်သားရဲများက မည်မျှ သန်မာသနည်း။
နတ်ဘုရားအဆင့် သားရဲတစ်ကောင်သည် နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ခုခံနိုင်သည်။
ထိုသားရဲများက အရွယ်အစားကြီးမားပြီး ခွန်အားကောင်းသည်။ စွမ်းအင်ကိုလည်း ထက်မြက်စွာ အာရုံခံနိုင်သည်။
အဆင့်တူတွင် သားရဲများက ရုပ်သေးသခင်၊ ချပ်ဝတ်သခင်များထက် ပိုမိုသန်မာကြသည်။
သို့သော် ယခုအချိန်တွင် နတ်ဘုရားအဆင့် သားရဲတစ်ကောင်က လက်ဝါးချက်ကြောင့် ပြားကပ်သွားခဲ့သည်။
‘အဲဒီတော့ ထုံးကျောက်ရုပ်သေးတွေက နတ်ဘုရားအဆင့်ကို ကျော်လွန်နေတာလား’
‘မဖြစ်နိုင်ဘူး’
‘အဲဒါက ကျောက်တုံးရုပ်သေးတွေပဲလေ’
အကူအညီပေးရန်ရောက်လာသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ကြောင်အနေကြသည်။
ထိုဖြစ်ရပ်သည် သူတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။
ခံတပ်၏ အပြင်ဘက်တွင်ရှိသော ဒိုင်လူကြီးများက နတ်ဘုရားအဆင့်သားရဲအား လက်ဝါးချက်ဖြင့် ဖိချလိုက်သော ရုပ်သေးရုပ်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
‘ငါတို့က အဲဒီရုပ်သေးရုပ် တည်ဆောက်နေတာကို မြင်ခဲ့ရတယ်လေ။ ဘယ်လိုလုပ်ပြီး သန်မာလာတာလဲ’
ချီတက်လာသော သားရဲများကလည်း ကြောင်အသွားကြသည်။
‘ငါတို့က ထွက်ပြေးရတော့မှာလား’
ခံတပ်တွင်ရှိသော ကျောင်းသားများကတော့ တည်ငြိမ်နေခဲ့သည်။
‘ငါတို့က ဘာလုပ်နိုင်မှာလဲ’
‘တိုက်ခိုက်ရုံပဲရှိတယ်’
“ဘုန်း”
တိုက်ခိုက်ခဲ့သော ရုပ်သေးရုပ်က ကျယ်လောင်စွာအသံပေးလိုက်ပြီး ပြိုကျသွားသည်။
ရုပ်သေးရုပ်က တိုက်ခိုက်မှုတစ်ခုကိုသာ ပြုလုပ်နိုင်ခဲ့သည်။
“အသုံးဝင်တဲ့အစိတ်အပိုင်းတွေကို ပြန်ယူလိုက်”
“နတ်ဘုရားအဆင့်သားရဲရဲ့ ကုန်ကြမ်းတွေကိုလည်း ထုတ်ယူလိုက်ပါ”
“ရုပ်သေးရုပ်အသစ်ကို အစားထိုးမယ်”
ဟန်မူယဲ့က ပြောသည်။
တိုက်ပွဲနှင့် အသားကျနေသော ကျောင်းသားများက ရုပ်သေးရုပ်၏ အစိတ်အပိုင်းများကို ပြန်ယူပြီး ရုပ်သေးရုပ်အသစ်ကို အစားထိုးလိုက်ကြသည်။
တချို့က စာချုပ်သားရဲများကို ထိန်းချုပ်ပြီး နတ်ဘုရားအဆင့် သားရဲ၏အလောင်းကို ဆွဲယူခဲ့သည်။
စာချုပ်သားရဲများအတွက် နတ်ဘုရားအဆင့် သားရဲများ၏သွေးကို သောက်သုံးနိုင်ခြင်းသည် ကောင်းချီးတစ်ခု ဖြစ်သည်။
“ဝေါင်း”
လေဟာနယ်တွင်ရှိသော သားရဲများက ဟိန်းဟောက်လိုက်သည်။
ငေးမောနေသော ကျွမ်းကျင်သူများကလည်း သတိဝင်လာကြသည်။
“ငါက ဒီရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်မယ်”
“ဟားဟား၊ ငါ့ကို တစ်ရုပ်ပေး။ ငရဲကျားကို တစ်ချက်တည်း ရိုက်သတ်ပစ်လိုက်မယ်”
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ပြေးဝင်လာပြီး ရုပ်သေးရုပ်များကို ထိန်းချုပ်လိုက်ကြသည်။
ထိုကျွမ်းကျင်သူများက ရုပ်သေးရုပ်၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်သည်။
ထုံးကျောက်ရုပ်သေးရုပ်များက စွမ်းအင်လှိုင်းကို ဖော်ထုတ်ပြီး ပြေးဝင်လာသော သားရဲများကို လွင့်ထွက်သွားစေသည်။
တစ်ချက်တည်း ပျက်စီးသွားနိုင်သော ရုပ်သေးရုပ်များက ယခုအချိန်တွင် အချိန်ပိုကြာအောင် တိုက်ခိုက်နိုင်လာသည်။
တောင်ကုန်းနံပတ် ၁၄တွင် စွမ်းအင်အလင်းက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသည်။
အလွန်အားကောင်းသည်။
ပြေးဝင်လာသော သားရဲများက ထွက်ပြေးချင်လာသည်။
သို့သော် ထိုအချိန်တွင် ရုပ်သေးရုပ်တချို့က သူတို့ကို ဖိအားပေးပြီး ချုပ်နှောင်ထားသည်။
အားကောင်းသော နတ်ဘုရားအဆင့် သားရဲများမှလွဲ၍ ကျန်သားရဲများက ဘက်ပေါင်းစုံမှ ရောက်ရှိလာသော တိုက်ခိုက်မှုများကို ခုခံရုံသာ တတ်နိုင်ခဲ့သည်။
စစ်ပွဲ၏အခြေအနေက ပြောင်းလဲသွားသည်။
တောင်ကုန်းနံပတ် ၁၄၏ အပြင်ဘက်တွင် စုပုံနေသော သားရဲများ၏အလောင်းကို မြင်ရသည်။
စာချုပ်သားရဲများက သားရဲအလောင်းကို ဆွဲယူလာကြသည်။
ပန်းပဲပညာရှင်များကလည်း အလောင်းပိသွားနိုင်သော အခြေအနေတွင် စွန့်စားပြီး အသုံးဝင်သော ကုန်ကြမ်းပစ္စည်းများကို စုဆောင်းနေကြသည်။
ခံတပ်ထဲတွင် ဟန်မူယဲ့က အနက်ရောင်ရုပ်သေးရုပ်ကို ဖန်တီးနေသည်။
ထိုရုပ်သေးရုပ်ကို နတ်ဘုရားအဆင့် သားရဲများ၏ ကုန်ကြမ်းဖြင့် ဖွဲ့စည်းထားသည်။
ဟန်မူယဲ့၏ ဇီဝရုပ်သေးရုပ် နည်းလမ်းကြောင့် ထိုရုပ်သေးရုပ်မျိုးကို ဖန်တီးနိုင်ခဲ့သည်။ ထိုသို့မဟုတ်လျှင် လက်ရှိကုန်ကြမ်းများဖြင့် ဖန်တီးရန် မဖြစ်နိုင်ပေ။
“ရုပ်သေးရုပ်တစ်ရုပ်ပေး”
ခံတပ်ထဲတွင် ကျောင်းသားများအားလုံးက ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ထုတ်ပေးခဲ့သည်။ ဒိုင်လူကြီးနှင့် စစ်ကူများသာ ကျန်တော့သည်။
ဟန်မူယဲ့က သူတို့ကို ပြောလိုက်ခြင်း ဖြစ်သည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သူတော်စင်အဆင့် ဒိုင်တစ်ယောက်က အံကြိတ်ပြီး ရုပ်သေးရုပ်ကို ထုတ်ပေးသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး အလင်းတန်းကို ထုတ်လွှတ်၍ ရုပ်သေးရုပ်ကို လွှမ်းခြုံသည်။ ထို့နောက် တစ်စစီ လုပ်ပစ်လိုက်သည်။
ထိုအစိတ်အပိုင်းများ၏ ဆယ်ပုံတစ်ပုံကို သူရှေ့တွင်ရှိသော ရုပ်သေးရုပ်တွင် တပ်ဆင်လိုက်သည်။
“ဝီ”
ရုပ်သေးရုပ်က တုန်ခါနေပြီး အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
“ဒီရုပ်သေးရုပ်ကို ဘယ်သူက ထိန်းချုပ်မှာလဲ”
ဟန်မူယဲ့က ရုပ်သေးရုပ်ကို တွန်းထုတ်လိုက်ပြီး တခြားတစ်ခုကို ဆက်လက်ဖန်တီးနေသည်။
သူ့ရှေ့တွင်ရှိသော မီးတောက်များက နှစ်ခုကွဲထွက်သွားသည်။
ရုပ်သေးရုပ်နှစ်ရုပ်ကို တစ်ပြိုင်နက် ဖန်တီးနေသည်။
ရုပ်သေးရုပ်ကို ထုတ်ပေးခဲ့သော သူတော်စင်အဆင့် ဒိုင်လူကြီးက ရှေ့တက်လာပြီး အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်အပေါ်တွင် လက်တင်လိုက်သည်။
“ဝီ”
စစ်သည်က မျက်လုံးများကို ဖွင့်လိုက်သည်။
“နတ်ဘုရားအဆင့်စွမ်းအားပဲ။ သူတော်စင်အဆင့်နဲ့ ထိန်းချုပ်နိုင်တယ် ....”
သူတော်စင်အဆင့် ဒိုင်လူကြီးက မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်သည်။
သူ့ရှေ့တွင်ရှိသော ရုပ်သေးရုပ်သည် နတ်ဘုရားအဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း သူက ထိန်းချုပ်နိုင်သည်။
သူ့စိတ်ကူးထက် ကျော်လွန်နေသည်။