← Chapters

အခန်း (၁၃၀၆)

Vol. 94 Ch. 1306

အခန်း (၁၃၀၆)

Vol. 94 Ch. 1306

ပတ်ဝန်းကျင်တွင်ရှိသော နတ်ဘုရားအဆင့်ကျွမ်းကျင်သူနှင့် ဒိုင်လူကြီးများက အံ့အားသင့်နေကြသည်။ သူတို့က ရုပ်သေးရုပ်နှစ်ရုပ်အား ဖန်တီးနေသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

သူတို့၏ အကြည့်ထဲတွင် အလိုဆန္ဒတချို့ ပါဝင်နေသည်။

“ဒီရုပ်သေးရုပ်နှစ်ရုပ်ကို ဘယ်သူက ထိန်းချုပ်မှာလဲ”

“ရုပ်သေးရုပ်တွေကို ဘယ်သူက ထုတ်ပေးမှာလဲ”

နတ်ဘုရားအဆင့် ရုပ်သေးသခင်တိုင်းတွင် ရုပ်သေးရုပ် တစ်ရုပ်စီ ရှိကြသည်။

အဆင့်မြင့်ကျွမ်းကျင်သူများကြားတွင် ရုပ်သေးရုပ်နှင့် ချပ်ဝတ်က ကွာခြားမှုသိပ်မရှိတော့ပေ။

သူတော်စင်အဆင့် ကျွမ်းကျင်သူများကပင် ဟန်မူယဲ့ဖန်တီးခဲ့သော ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်သည်။

ထိုရုပ်သေးရုပ်များသည် နတ်ဘုရားအဆင့် စွမ်းအားကို ပိုင်ဆိုင်ကြသည်။

သို့သော် နတ်ဘုရားအဆင့်တွင် မရှိဟု ပြောနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ်၏ စွမ်းအားအများစုက နတ်ဘုရားအဆင့် သားရဲများ၏ အစိတ်အပိုင်းကြောင့် ဖြစ်သည်။

ထိုရုပ်သေးရုပ်မျိုးကို တခြားနေရာတွင် သွားရှာရန် မဖြစ်နိုင်ပေ။

နတ်ဘုရားအဆင့် သားရဲအများစုက လေဟာနယ်ထဲတွင် နေထိုင်သောကြောင့် အမဲလိုက်ရန် ခက်ခဲသည်။

လေဟာနယ်သည် အလွန်အန္တရာယ်များပြီး ခြေတစ်လှမ်းမှားလျှင် သားရဲများ၏ ဝိုင်းရံမှုကို ခံရနိုင်သည်။ သို့မဟုတ် လမ်းပျောက်သွားပြီး ပြန်လာနိုင်တော့မည်မဟုတ်ပေ။

မြို့ကြီးများကသာ လေဟာနယ်တွင် အမဲလိုက်လေ့ရှိသည်။

နေကြတ်မြို့ကတော့ လေဟာနယ်တွင် အမဲလိုက်ရန် လမ်းကြောင်းမရှိသေးပေ။

ထို့ကြောင့် နတ်ဘုရားအဆင့် သားရဲများ၏ အစိတ်အပိုင်းကို လေဟာနယ်မြို့ကြီးများမှတစ်ဆင့် ဈေးကြီးပေး၍ ဝယ်ယူရသည်။

ယနေ့တွင် ဟန်မူယဲ့လုပ်ပေးထားသော ရုပ်သေးရုပ်များကို အဆင့်တူရုပ်သေးရုပ်နှစ်ရုပ်နှင့် လဲလှယ်နိုင်သည်။

“ဘုန်း”

ရှေ့တွင် ထုံးကျောက်ရုပ်သေးရုပ် တစ်ရုပ်က ပျက်စီးသွားသည်။

ပေသုံးရာကြီးမားသော ကြေးခွံနဂါးတစ်ကောင်က ခံတပ်ဆီသို့ ပြေးဝင်လာသည်။ ထိုသားရဲ၏ ကြေးခွံများက အလွန်ခိုင်မာပြီး ထက်မြိသော သွားစွယ်နှင့် လက်သည်းများကို ပိုင်ဆိုင်သည်။

ကောင်းကင်ထက်တွင် တခြားသားရဲများက စောင့်ဆိုင်းနေကြသည်။

ထိုသားရဲများက တခြားရုပ်သေးများကို နှောင့်ယှက်ပြီး ကြေးခွံနဂါးကို ကူညီပေးနေကြသည်။

ကြေးခွံနဂါးက ခံတပ်ကို ချိုးဖောက်နိုင်လျှင် သူတို့အားလုံးက သတ်ဖြတ်မှုကို စတင်လိမ့်မည်။

အနီးကပ်တိုက်ပွဲတွင် နတ်ဘုရားအဆင့်သားရဲကို မည်သူက ခုခံနိုင်မည်နည်း။

“ဘုန်း”

ခံတပ်နံရံက ပြိုကျသွားသည်။ ကြေးခွံနဂါးက ပါးစပ်ဖွင့်ထားပြီး ကိုက်ချသည်။

“ခွပ်”

ရွှေရောင်လက်သီးချက်သည် ဖွင့်ထားသောပါးစပ်ကို ပိတ်သွားစေသည်။

ဟန်မူယဲ့လုပ်ပေးထားသော လူတူရုပ်သေးရုပ် ဖြစ်သည်။

“ဘုန်း”

နောက်ထပ် ရုပ်သေးရုပ်တစ်ရုပ်က ကြေးခွံနဂါး၏မေးရိုးကို ထိုးချလိုက်ပြီး ခေါင်းမော့လာစေသည်။

“ရွှပ်”

ဓားတစ်လက်က ကြေးခွံနဂါး၏ ပျော့ပြောင်းသောလည်းပင်းကို ခုတ်ချသည်။

ရွှေရောင်သွေးစက်များ စီးကျလာသည်။

“ဘုန်း”

လက်တစ်ဖက်က ကြေးခွံနဂါး၏ တွန့်လိမ်နေသော ခန္ဓာကိုယ်ကို ထိန်းထားသည်။

နောက်ထပ် လက်တစ်ဖက်က နဂါး၏ ရိုက်ခတ်နေသော အမြီးကို ချုပ်ကိုင်သည်။

ကြေးခွံနဂါးက နတ်ဘုရားအဆင့် ရုပ်သေးရုပ်ငါးရုပ်၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။ သူတို့၏ လှုပ်ရှားမှုက အလွန်သေသပ်သည်။

ကြေးခွံနဂါးသည် ဧည့်သည်များအား တည်ခင်းပေးမည်ဖြစ်သော ဝက်တစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ကျွမ်းကျင်သူများက တက်ကြွလာကြသည်။

သားရဲများကတော့ တစ်ကိုယ်လုံး အေးစက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ကြေးခွံနဂါးကို သတ်ဖြတ်ခဲ့သော ရုပ်သေးရုပ်များက သူတို့ကို မော့ကြည့်နေသည်။

“ဘုန်း’

အနည်းဆုံး လူတူရုပ်သေးရုပ် ဆယ်ရုပ်က ကောင်းကင်ပေါ်သို့ ပျံတက်လာကြသည်။

သူတို့က အလွန်လျင်မြန်ပြီး သားရဲအုပ်၏အလယ်သို့ ဖျတ်ခနဲ ရောက်လာကြသည်။

“ဘန်း”

လက်သီးချက်တစ်ခု ဆင်းသက်လာသည်။ အနည်းဆုံး ဒါဇင်ချီသော သားရဲများ သေဆုံးသွားကြသည်။

ထိုရုပ်သေးရုပ်များက နတ်ဘုရားအဆင့် စွမ်းအားကို ပိုင်ဆိုင်သည်။

သားရဲများက တွန့်ဆုတ်မနေဘဲ ထွက်ပြေးသွားကြသည်။

သူတို့က မတုံးအပေ။

အဆင့်မြင့်သားရဲများ၏ ဉာဏ်ရည်က အလွန်ကောင်းမွန်သည်။

အဝေးတစ်နေရာတွင် အမိန့်ပေးနေသော သားရဲများက ဟိန်းဟောက်လိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။

သားရဲအုပ်၏ အခြေအနေကို မထိန်းသိမ်းနိုင်တော့ပေ။

မရေမတွက်နိုင်သော သားရဲများက ထွက်ပြေးသွားကြသည်။

အောက်တွင် ဟန်မူယဲ့က ရုပ်သေးရုပ်များကို ဆက်လက်သန့်စင်နေသည်။

ထို့နောက် နတ်ဘုရားအဆင့်၊ သူတော်စင်အဆင့် ကျွမ်းကျင်သူများက ရုပ်သေးရုပ်များကို ထိန်းချုပ်ပြီး ကောင်းကင်ပေါ်သို့ တက်သွားကြသည်။

ထိုအချိန်တွင် သူတို့က ပြန်လည်တိုက်ခိုက်ခဲ့သည်။

လျန်ချီယွမ်က ဟန်မူယဲ့၏ဘေးသို့ ရောက်လာသည်။

“ဆရာလျန်၊ ရုပ်သေးရုပ်တွေကို တပ်ဆင်ပေးပါ”

ဟန်မူယဲ့က ရုပ်သေးရုပ်အစိတ်အပိုင်းများကို ပေးလိုက်သည်။

ရုပ်သေးရုပ်ပုံရိပ်သည် ရှေ့တွင် ရှိနေသည်။ လျန်ချီယွမ်က အစိတ်အပိုင်းများကို တပ်ဆင်ပေးရန်သာ လိုအပ်သည်။

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက်အတွက် မခက်ပေ။

ဖုန်းကျူထျန်းကပင် ဆင်းသက်လာပြီး ရုပ်သေးရုပ်များကို တပ်ဆင်ပေးရန် ကူညီနေသည်။

တပ်ဆင်ပြီးသွားသော ရုပ်သေးရုပ်များကို ကျွမ်းကျင်သူများက ယူသွားကြသည်။

အဆင့်ခြောက်နှင့် အဆင့်ခုနစ် ကျောင်းသားများက စာချုပ်သားရဲများကို အမိန့်ပေးပြီး သားရဲအလောင်းများကို ဆွဲယူနေကြသည်။

ကျွမ်းကျင်သူများနှင့် မယှဉ်နိုင်သော သားရဲများသည် ဆက်တိုက် အသတ်ခံနေရသည်။

ကောင်းကင်သည် နီရဲနေခဲ့သည်။

“အစ်ကိုဟန်၊ ရုပ်သေးရုပ်တွေကို ဆက်ပြီး သန့်စင်အုံးမှာလား”

ဖုန်းကျူထျန်းက ညင်သာစွာ မေးလိုက်သည်။

ယခုအချိန်တွင် သူတို့က အသာစီးရနေသည်။

ဟန်မူယဲ့က မရပ်တန့်ဘဲ အစိတ်အပိုင်းများကို ဆက်လက်ဖန်တီးနေသည်။

‌ကောင်းကင်ထက်တွင်ရှိသော သားရဲအများစုက နောက်ဆုတ်သွားသည်။ မြေပြင်တွင် သားရဲအလောင်းများ ပုံနေသည်။ လူတိုင်းတွင် ရုပ်သေးရုပ်တစ်ရုပ်စီ ရှိလာသောအခါတွင် ဟန်မူယဲ့က ရပ်တန့်လိုက်သည်။

“သွားကြစို့”

သူက မီးတောက်များကို သိမ်းလိုက်ပြီး ရှေ့တက်သွားသည်။

သူက နတ်ဘုရားအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး ပျံသန်းလာသည်။

ဖုန်းကျူထျန်းနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်မှ လိုက်လာသည်။

ဟန်မူယဲ့က အလွန်လျင်မြန်ပြီး အက်ကွဲနေသော ကောင်းကင်၏ရှေ့သို့ ရောက်လာသည်။

တခြားရုပ်သေးရုပ်များက သူ့နောက်တွင် စုစည်းနေကြသည်။

စုစုပေါင်း ရုပ်သေးရုပ်တစ်ထောင် ရှိနေသည်။

အနည်းဆုံး ရုပ်သေးရုပ်သုံးရာက နတ်ဘုရားအဆင့်စွမ်းအားကို အသုံးပြုနိုင်သည်။

တခြားရုပ်သေးများက နတ်ဘုရားအဆင့်စွမ်းအား မရှိသော်လည်း နတ်ဘုရားအဆင့် ပစ္စည်းများဖြင့် ဖန်တီးထားသည်။

“လေဟာနယ်ကို သွားတော့မှာလား”

ဟန်မူယဲ့၏နောက်တွင် ပါလာသော လူတစ်ယောက်က တီးတိုးပြောသည်။

လေဟာနယ်က အန္တရာယ်များသည်။

“ဘာကိုကြောက်နေရမှာလဲ။ ငါတို့ရုပ်သေးရုပ်တွေကို နတ်ဘုရားအဆင့်သားရဲရဲ့ ကုန်ကြမ်းတွေနဲ့ လုပ်ထားတာလေ”

လူတစ်ယောက်က ပြောသည်။

“အစ်ကိုဟန်က ဘယ်အဆင့်မှာလဲမသိဘူး။ သူက နတ်ဘုရားအဆင့်သားရဲတွေရဲ့ အစိတ်အပိုင်းကို ရုပ်သေးရုပ်ဖန်တီးဖို့ တိုက်ရိုက်သုံးနိုင်တယ်”

အဆင့်ခုနစ် ရုပ်သေးသခင်တစ်ယောက်က တီးတိုးပြောသည်။

တခြားလူများက စိတ်လှုပ်ရှားနေကြသည်။

သူတို့ထိန်းချုပ်ထားသော ရုပ်သေးရုပ်များသည် အလွန်အားကောင်းသည်။

“နတ်ဘုရားအဆင့် မဟုတ်ဘူးဆိုရင် ဒီလိုရုပ်သေးရုပ်တွေကို မဖန်တီးနိုင်လောက်ဘူး”

လူတစ်ယောက်က တီးတိုးပြောသည်။

ကျောင်းသားများ၏အမြင်တွင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကသာ ထိုသို့ လုပ်နိုင်သည်။

သို့သော် လျန်ချီယွမ်နှင့် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက နားလည်ကြသည်။

သူတို့က မလုပ်နိုင်ပေ။

သူတို့က ဟန်မူယဲ့ကို ကူညီပေးရန်သာ တတ်နိုင်ကြသည်။

“အဲဒီဟန်မူက တကယ်ကို ထူးခြားတာပဲ။ ဒီလိုနည်းလမ်းတွေကို မမြင်ဖူးဘူး”

လူတစ်ယောက်က ပြောသည်။

“ပန်းပဲပညာရှင်အစည်းအရုံးရဲ့ အကြီးအကဲတွေကတောင် ဒီလိုမျိုး မလုပ်နိုင်လောက်ဘူး”

ဟန်မူယဲ့၏နောက်တွင် ရှိနေသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်နှစ်ယောက်က နတ်အာရုံဖြင့် တိတ်ဆိတ်စွာ ပြောနေကြသည်။

“ဘုန်း”

သူတို့က လေဟာနယ်ထဲတွင် တစ်နာရီကြာအောင် ခရီးသွားခဲ့ပြီး ပေါက်ကွဲသံများကို ကြားလိုက်ရသည်။

မရေမတွက်နိုင်သော ပုံရိပ်များက တိုက်ခိုက်နေကြသည်။

“ဒါက နေကြတ်မြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ တိုက်ပွဲပဲ”

“မြို့သခင်နဲ့ ကျောင်းအုပ်က ကျွမ်းကျင်သူတွေကို ဦးဆောင်ပြီး ရန်သူကို တိုက်ခိုက်နေတယ်”

လျန်ချီယွမ်က ပြောလိုက်သည်။

ဟန်မူယဲ့က သူတို့ကို ဤနေရာသို့ ခေါ်လာခဲ့သည်။

“ဟန်မူ၊ ငါတို့က ဒီတိုက်ပွဲမှာ ဝင်မပါနိုင်ဘူး”

လျန်ချီယွမ်က တီးတိုးပြောသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကသာ ထိုတိုက်ပွဲတွင် ဝင်ပါနိုင်မည်။

ကမ္ဘာဦးအဆင့် စွမ်းအား မရှိလျှင် သူတို့က တစ်ချက်ပင် ခုခံနိုင်မည်မဟုတ်ပေ။

သူတို့၏ ရုပ်သေးရုပ်များက နတ်ဘုရားအဆင့် ဖြစ်သော်လည်း ဤတိုက်ပွဲအတွက် မလုံလောက်ပေ။

“ငါတို့က ဝင်မပါနိုင်ဘူးလား”

ဟန်မူယဲ့က ပြေးဝင်လာသော ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် ဖြစ်သည်။

ထိုရုပ်သေးရုပ်သည် ဤနေရာတွင်ရှိသော နတ်ဘုရားအဆင့် ရုပ်သေးရုပ်များအားလုံးကို ဖိနှိပ်နိုင်သည်။

“ဝင်မပါနိုင်ဘူးဆိုရင် ဒီနေရာကို ဘာဖြစ်လို့ ခေါ်လာမှာလဲ”

ဟန်မူယဲ့က ပြုံးသည်။

သူ့ရှေ့တွင်ရှိသော ရုပ်သေးရုပ်က ရွှေအလင်းကို ထုတ်လွှတ်သည်။

ရွှေအလင်းသည် နောက်တွင်ရှိသော ရုပ်သေးရုပ်များအားလုံးနှင့် ချိတ်ဆက်သွားပြီး ပူးပေါင်းလိုက်သည်။

“ဝီ”

ဧရာမရုပ်သေးပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုရုပ်သေးရုပ်၏ စွမ်းအားက ဆက်တိုက်စုစည်းနေပြီး ကမ္ဘာဦးအဆင့်သို့ ရောက်သွားသည်။

ပေါင်းစပ်ရုပ်သေးရုပ် ဖြစ်သည်။

ဟန်မူယဲ့က အလွန်သန်မာသော ပေါင်းစပ်ရုပ်သေးရုပ်ကို ဖန်တီးချင်သောကြောင့် နတ်ဘုရားအဆင့် ရုပ်သေးရုပ်များကို ဆက်တိုက် သန့်စင်ခဲ့သည်။

“ဖုန်းကျူထျန်း၊ ဒီရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်ပါ”

ဟန်မူယဲ့က ပြောသည်။

“မင်းရဲ့ သွေးမျိုးဆက်နဲ့ ဖုန်းကောမြို့ရဲ့ အမွေအနှစ် နတ်ဘုရားမီးတောက်ကို အသက်သွင်းပါ”

သူက ဖုန်းကျူထျန်းကို ပြောသည်။

“မင်းရဲ့ တိုက်ခိုက်မှုက နေကြတ်မြို့နဲ့ ဖုန်းကောမြို့ရဲ့ မဟာမိတ်ကို ကိုယ်စားပြုတယ်”

သူ့စကားကြောင့် ဖုန်းကျူထျန်း၏မျက်နှာက တောင့်တင်းသွားသည်။

သို့သော် ဟန်မူယဲ့က ဆက်ပြောလိုက်သောကြောင့် ဖုန်းကျူထျန်း၏ မျက်လုံးများက တောက်ပလာသည်။

“မင်းက ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေတဲ့ ဒီရုပ်သေးရုပ်ကို မထိန်းချုပ်ဘူးဆိုရင် တစ်သက်လုံး နောင်တရနေလိမ့်မယ်။ အစစ်အမှန်စွမ်းအားကို ဘယ်တော့မှ သိမှာမဟုတ်ဘူး”

ဟန်မူယဲ့၏ အသံသည် အဆုံးမရှိသော ညှို့ငင်နိုင်စွမ်းကို သယ်ဆောင်ထားသည်။

ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေသော စွမ်းအားနှင့် ရုပ်သေးရုပ် ....

ကမ္ဘာဦးအဆင့်၏အထက်တွင် စကြဝဠာအဆင့် ရှိသည်။

ကြယ်စင်စုစကြဝဠာတွင် ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေသော ကျွမ်းကျင်သူများ ရှိကြသည်။

သို့သော် သာမန်လူများက ထိုလူများနှင့် မဆက်သွယ်နိုင်ကြပေ။

ဖုန်းကျူထျန်းက ဖုန်းကောမြို့၏ သခင်လေး ဖြစ်သော်လည်း စကြဝဠာအဆင့်ကို မကြုံဖူးပေ။

ဖုန်းကောမြို့သည် လေဟာနယ်မြို့ ဖြစ်သော်လည်း စကြဝဠာအဆင့် ရတနာကို မပိုင်ဆိုင်ပေ။

လေဟာနယ်၏ အတွင်းပိုင်းတွင်ရှိသော မြို့များကသာ စကြဝဠာအဆင့်စွမ်းအားကို ပိုင်ဆိုင်သည်ဟု သူ့အဖေက ပြောဖူးသည်။

စကြဝဠာအဆင့်စွမ်းအားသည် စကြဝဠာနယ်မြေနှင့် ပတ်သတ်နေသည်။

စကြဝဠာနယ်မြေသည် ထာဝရရှင်သန်ခြင်းကို ပိုင်ဆိုင်သည်။

ဖုန်းကျူထျန်းက ဧရာမရုပ်သေးရုပ်ကိုကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

‘ကျောင်းသားဟန်မူက စကြဝဠာနယ်မြေနဲ့ ပတ်သတ်နေတာလား’

‘အဲဒါဆိုရင် အရာအားလုံးက ရှင်းလင်းသွားပြီ’

All Chapters