အခန်း (၁၃၀၇)
Vol. 94 Ch. 1307
ကျောင်းသားဟန်မူက စကြဝဠာနယ်မြေမှ ရောက်လာသောကြောင့် ကျောင်းအုပ်ကျောက်က သူနှင့် အလဲအလှယ်လုပ်ခဲ့သည်။
ထိုအကြောင်းပြချက်ကသာ ကျောင်းသားဟန်မူ၏ ခွန်အားနှင့် ထူးခြားသော နည်းနစ်များကို ရှင်းပြနိုင်သည်။
‘အဲဒီလိုပဲ ဖြစ်ရမယ်’
ဖုန်းကျူထျန်းက ထိုသို့ တွေးလိုက်ပြီး တုံ့ဆိုင်းမနေတော့ပေ။
သူ့အဖေက စကြဝဠာနယ်မြေနှင့် ဆက်သွယ်နိုင်လျှင် ဖုန်းကောမြို့သခင်ရာထူးကို စွန့်လွှတ်နိုင်သည်ဟု ပြောဖူးသည်။
“ကောင်းပြီ”
ဖုန်းကျူထျန်းက ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ရှေ့တွင်ရှိသော ရုပ်သေးရုပ်နှင့် ပေါင်းစပ်သည်။
“ဝီ”
ရုပ်သေးရုပ်က တုန်ခါနေပြီး လှုပ်ရှားလာသည်။
ရုပ်သေးရုပ်ကို ထိန်းချုပ်ရန် အလွန်ခက်လိမ့်မည်ဟု ဖုန်းကျူထျန်းက ထင်ခဲ့သည်။
သို့သော် အမှန်တကယ် ထိန်းချုပ်ကြည့်သောအခါတွင် အလွန်လွယ်ကူနေသည်။
“ဝီ”
ရုပ်သေးရုပ်က လက်သီးချက်ကို ထုတ်လွှတ်သည်။
ပြေးဝင်လာသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကလည်း လက်မြှောက်ပြီး အစိမ်းရောင်ဓားအလင်းကို ထုတ်လွှတ်သည်။
လက်သီးပုံရိပ်နှင့် ဓားအလင်းက ထိတွေ့သွားသည်။
ပေါက်ကွဲသံကို မကြားရပေ။
လက်သီးပုံရိပ်က ဓားအလင်းကို ချိုးဖျက်ပြီး ပျောက်ကွယ်သွားစေသည်။ ထို့အပြင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ဆီသို့ လက်ဆက်တိုးဝင်ပြီး လေဟာနယ်ကို ချိုးဖောက်၍ လွင့်ထွက်သွားစေခဲ့သည်။
လက်သီးတစ်ချက်ဖြင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို အနိုင်ယူခဲ့သည်။
ရုပ်သေးရုပ်၏နောက်တွင် ရပ်နေသော ဖုန်းကျူထျန်း၏ မျက်လုံးများက တောက်ပနေကြသည်။
ထိုရုပ်သေးရုပ်၏ စွမ်းအားသည် ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေသည်။
ယနေ့ လက်လျော့လိုက်လျှင် တစ်သက်လုံး နောင်တရနေမည်ဟု ပြောခဲ့သောစကားကို သူက နားလည်သွားသည်။
ထိုစွမ်းအားမျိုးကို မကြုံဖူးလျှင် ကမ္ဘာဦးအဆင့်၏ အထက်တွင်ရှိသော စွမ်းအားများကို နားလည်မည်မဟုတ်ပေ။ ထိုစွမ်းအားမျိုးကို စုဆောင်းနေရုံဖြင့် မရနိုင်ပေ။
ထိုအရာသည် စည်းမျဉ်းစွမ်းအား ဖြစ်သည်။
စည်းမျဉ်း ....
ထိုစကားလုံးကို ကြယ်စင်စုစကြဝဠာတွင် သိပ်မပြောကြပေ။
အစစ်အမှန်စွမ်းအားသည် စည်းမျဉ်းတွင် တည်ရှိနေသည်။
ရွှေရောင်ရုပ်သေးရုပ်က စစ်မြေပြင်သို့ ပြေးဝင်သွားသည်။
တစ်ဖက်တွင် ပုံရိပ်အများအပြား ပြေးဝင်လာကြသည်။
ကမ္ဘာဦးအဆင့် ဖြစ်သည်။
ဖုန်းကျူထျန်းသာမက တခြားလူများကလည်း ဝိညာဉ်စွမ်းအားဖြင့် ရုပ်သေးရုပ်ကို ထောက်ပံ့ပေးနေကြသည်။ ချပ်ဝတ်သခင်၊ ရုပ်သေးသခင်နှင့် ပန်းပဲပညာရှင်များအားလုံး ပါဝင်သည်။
သူတို့က ရုပ်သေးရုပ်မှတစ်ဆင့် ကမ္ဘာဦးအဆင့်ထက် ကျော်လွန်နေသော စွမ်းအားကို ခံစားမိကြသည်။
သူတို့က ထိုစွမ်းအားကို သုံးသပ်နိုင်သောကြောင့် အလွန်ကျေနပ်နေသည်။
ရုပ်သေးရုပ်ကို ထိန်းချုပ်ထားသော ဖုန်းကျူထျန်းက အစိမ်းရောင်မီးတောက်ကို ထုတ်လွှတ်သည်။
ထိုမီးတောက်သည် ပိုက်ကွန်အဖြစ် ပြောင်းလဲသွားပြီး ရှေ့တွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို လွှမ်းခြုံသည်။
“အဲဒါက ဖုန်းကောမြို့ရဲ့ နတ်ဘုရားမီးတောက်ပဲ”
“ဖုန်းကောမြို့က နေကြတ်မြို့နဲ့ ပူးပေါင်းသွားပြီ”
“ငါတို့က အရူးလုပ်ခံလိုက်ရပြီ”
ရှေ့တွင် ထိတ်လန့်နေသော အော်ဟစ်သံများကို ကြားနိုင်သည်။
ဖုန်းကျူထျန်း၏ နတ်ဘုရားမီးတောက်သည် ဖုန်းကောမြို့ကို ကိုယ်စားပြုနိုင်သည်။
သူလှုပ်ရှားလိုက်လျှင် ဖုန်းကောမြို့က သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ အသိအမှတ်ပြုရမည်။
နေကြတ်မြို့နှင့် ဖုန်းကောမြို့က ပူးပေါင်းသွားသည်။
လျန်ရှုမြို့က လှည့်စားခံလိုက်ရသည်။
ဖုန်းကျူထျန်းက ထွက်ပြေးသွားသော ရုပ်သေးရုပ်များကို ကြည့်လိုက်ပြီး တုံ့ဆိုင်းမနေခဲ့ပေ။ သူက နတ်ဘုရားမီးတောက်ကို အဆုံးစွန်အထိ အသက်သွင်းပြီး ရုပ်သေးရုပ်ကို အားဖြည့်ပေးသည်။
သူက လှုပ်ရှားလိုက်ပြီဖြစ်သောကြောင့် အစွမ်းကုန်ထုတ်သုံးရန်သာ ကျန်တော့သည်။
စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ခြင်းသည် သူ့ဘဝအတွက် အကြီးမားဆုံးအခွင့်အရေး ဖြစ်သည်။
ရုပ်သေးရုပ်က မီးတောက်များကို လှံအဖြစ် စုစည်းလိုက်ပြီး ပစ်လွှတ်သည်။
တစ်ဖက်တွင်ရှိသော ရုပ်သေးရုပ်များက လှံရှည်နှင့် ရင်မဆိုင်ရဲကြပေ။
ထို့ကြောင့် စစ်မြေပြင်က ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။
ထိုရုပ်သေးရုပ်သည် အင်အားစုတစ်ခု ဖြစ်သည်။
“ဘုန်း”
ရှေ့တွင် ရွှေရောင်ရုပ်သေးရုပ်တစ်ရုပ် ပေါ်ထွက်လာသည်။
“နေကြတ်မြို့ကို ကူညီပေးတဲ့အတွက် ယန်ယွီရှန်းက ဖုန်းကောမြို့ကို ကျေးဇူးတင်ပါတယ်”
အသံတစ်သံ ပေါ်ထွက်လာသည်။
ပတ်ဝန်းကျင်က တုန်ခါသွားသည်။
ယန်ယွီရှန်းက နတ်ဘုရားအဆင့် ကမ္ဘာဦးကျွမ်းကျင်သူဖြစ်ပြီး နေကြတ်မြို့၏ မြို့သခင် ဖြစ်သည်။
သူ့စကားသံအဆုံးတွင် အဝေးတစ်နေရာမှ ပေါ်ထွက်လာသော စွမ်းအင်အလင်းကို မြင်ရသည်။
“ဟားဟား၊ ငါတို့ဖုန်းကောမြို့က နေကြတ်မြို့ကို ကူညီပေးရမှာပေါ့”
“လျန်ရှုမြို့က နေကြတ်မြို့ကို တိုက်ခိုက်ရဲတယ်လား”
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များ ပေါ်ထွက်လာပြီး စစ်မြေပြင်သို့ ပြေးဝင်လာကြသည်။
ဖုန်းကောမြို့၏ စစ်တပ် ဖြစ်သည်။
သူတို့က လေဟာနယ်တွင် ပုန်းအောင်းနေခဲ့သည်။
ဟန်မူယဲ့၏ဘေးတွင် ရပ်နေသော လျန်ချီယွမ်၏ မျက်နှာထားက လေးနက်နေပြီး စစ်မြေပြင်သို့ ဝင်ရောက်လာသော ဖုန်းကောမြို့၏ ကျွမ်းကျင်သူများကို ကြည့်သည်။
တခြားလူများ၏ မျက်နှာထားကလည်း ရှုပ်ထွေးနေကြသည်။
အကယ်၍ ယနေ့တွင် နေကြတ်မြို့က အရေးနိမ့်သွားခဲ့လျှင် ဖုန်းကောမြို့က လျန်ရှုမြို့နှင့် ပူးပေါင်းလိမ့်မည်။
ဖုန်းကောမြို့က ဂုဏ်သိက္ခာမရှိဟု မပြောနိုင်ပေ။
သူတို့က အခြေအနေကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။
ထို့အပြင် ဖုန်းကျူထျန်းလည်း ရှိနေသောကြောင့် ဖုန်းကောမြို့က နေကြတ်မြို့နှင့် ပူးပေါင်းလိုက်ရသည်။
သို့သော် လျန်ရှုမြို့က နေကြတ်မြို့ကို ဖိနှိပ်ထားနိုင်လျှင် ဖုန်းကောမြို့က ဝင်ပါမည်မဟုတ်ပေ။
ဖုန်းကျူထျန်းက အဓိကအကြောင်းပြချက် မဟုတ်ပေ။ ဆင်ခြေတစ်ခုသာ ဖြစ်သည်။
ဖုန်းကျူထျန်းက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
အကယ်၍ ယနေ့တွင် သူက ဝင်မပါခဲ့လျှင် အရင်ဆုံး သေဆုံးရလိမ့်မည်။
ဖုန်းကောမြို့က လျန်ရှုမြို့နှင့် ပူးပေါင်းပြီး နေကြတ်မြို့ကို တိုက်ခိုက်လာလျှင် သူ့အတွက် အခွင့်အရေးမရှိတော့ပေ။
“ဘုန်း”
“ဘုန်း”
မရေမတွက်နိုင်သော အလင်းများသည် ပေါက်ကွဲထွက်လာပြီး လေဟာနယ်ကို အက်ကွဲစေသည်။
အင်အားစုသုံးခုက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားပြီး အက်ကွဲနေသော လေဟာနယ်ကို ချန်ရစ်ခဲ့သည်။
သူတို့က နောက်မဆုတ်လျှင် လေဟာနယ်တွင် လမ်းပျောက်သွားလိမ့်မည်။
လျန်ရှုမြို့၏ စစ်တပ်က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
နေကြတ်မြို့က လိုက်မဖမ်းခဲ့ပေ။
ဖုန်းကောမြို့၏ စစ်တပ်က ဘေးတွင် ရှိနေသည်။
ယန်ယွီရှန်းက အရူးမဟုတ်ပေ။ လျန်ရှုမြို့နှင့် အဆုံးအထိ တိုက်ခိုက်နေလျှင် နောက်ဆုံးတွင် ဖုန်းကောမြို့က အကျိုးအမြတ် ရသွားလိမ့်မည်။
တုန်လှုပ်နေသော လေဟာနယ်က ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
“ဘုန်း”
ပေါင်းစပ်ရုပ်သေးရုပ်က ပြိုကျသွားသည်။
ထုံးကျောက်ရုပ်သေးများ၏ ခန္ဓာကိုယ်က တစ်လက်မချင်းစီ ပဲ့ထွက်လာသည်။ သူတို့၏ တာဝန်က ပြီးပြည့်စုံသွားပြီဖြစ်သည်။
ဒိုင်လူကြီး၊ ကျောင်းသားနှင့် ကျွမ်းကျင်သူများအားလုံးက ပျက်စီးသွားသော ရုပ်သေးရုပ်များကို ရှုပ်ထွေးသောမျက်နှာထားဖြင့် ကြည့်နေကြသည်။
ထိုရုပ်သေးရုပ်များသည် သူတို့၏ဘဝတစ်လျှောက်တွင် အကြီးမားဆုံး အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။
ယနေ့ကဲ့သို့ ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများအား ဖိနှိပ်နိုင်သော တိုက်ပွဲမျိုးကို နောက်တစ်ကြိမ် ကြုံတွေ့နိုင်မည်မဟုတ်ပေ။
ဤတိုက်ပွဲသည် သူတို့ကို အမြင်ကျယ်သွားစေသည်။ သူတို့က အဆင့်မြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသောအချိန်တွင် ကြောက်ရွံ့နေတော့မည်မဟုတ်ပေ။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကတော့ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို ယုံကြည်ချက်ရှိစွာ ရင်ဆိုင်နိုင်လိမ့်မည်။
“စိတ်မပူပါနဲ့ ကျောင်းတော်က အားလုံးရဲ့ ဆုံးရှုံးမှုတွေကို နှစ်ဆပြန်ပေးမှာပါ”
လျန်ချီယွမ်က နေရာတွင် ရပ်နေပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ကျောင်းသားများက ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ထုတ်ပေးခဲ့ကြသည်။
သူတို့က နေကြတ်မြို့အတွက် အကျိုးဆောင်ပေးခဲ့သည်။ ထို့ကြောင့် လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။
ထို့အပြင် နေကြတ်မြို့က အနိုင်ရခဲ့သည်။
စစ်မြေပြင်တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ဆယ်ခန့် ကျန်နေခဲ့သည်။
ထို့အပြင် သားရဲအလောင်းများလည်း ရှိနေသည်။
လျန်ရှုမြို့စစ်တပ်၏ ကျန်ရှိနေသော နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ချပ်ဝတ်နှင့်ရုပ်သေးရုပ်များကိုလည်း သိမ်းဆည်းနိုင်သည်။
လေ့ကျင့်ရေးကွင်းတွင် သားရဲအလောင်းများဖြင့် ပြည့်နှက်နေသည်။
အားလုံးကို ကြွယ်ဝမှုအဖြစ် ပြောင်းလဲနိုင်သည်။
“မင်းတို့ရဲ့ အကျိုးဆောင်မှုကို နေကြတ်မြို့က မေ့ထားမှာမဟုတ်ပါဘူး”
သိပ်မဝေးသောနေရာတွင် ယန်ယွီရှန်း၏အသံကို ကြားရသည်။
“လေ့ကျင့်ရေးကွင်းရဲ့ အကျိုးအမြတ်တွေအားလုံးကို မင်းတို့ ယူနိုင်တယ်”
“ပြီးတော့ အပိုဆုကြေးတွေကိုလည်း ပေးအုံးမှာပါ”
ယန်ယွီရှန်း၏စကားသည် လျန်ချီယွမ်၏စကားကို ထောက်ပံ့ပေးလိုက်သည်။
လူတိုင်းက ပျော်ရွှင်သွားကြသည်။
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးဖြစ်သော ယန်ယွီရှန်းက ကျောက်ချီယန်၏ဘေးတွင် ရှိနေသည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
ဟန်မူယဲ့ကလည်း ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
“ဆရာဟန်ရဲ့အကူအညီ မရှိဘူးဆိုရင် နေကြတ်မြို့က ဒုက္ခရောက်သွားလိမ့်မယ်”
ယန်ယွီရှန်းက ကျောက်ချီယန်ကိုကြည့်လိုက်ပြီး ပြောသည်။
ကျောက်ချီယန်၏ မျက်နှာထားက လေးနက်နေသည်။
“ဒီတစ်ကြိမ်မှာ လျန်ရှုမြို့က ရှုံးနိမ့်သွားခဲ့တယ်။ သူတို့က အချိန်တစ်ခုကြာသည်အထိ ငြိမ်သက်နေလိမ့်မယ်”
သူ့စကားကြောင့် လူအိုကြီးက ရယ်လိုက်ပြီး ကျောက်ချီယန်၏ပခုံးကို လှမ်းပုတ်သည်။
“လူအိုကြီးကျောက် ငါ့ကိုပြောပါအုံး။ မင်းက ရေခဲလမြို့ကို ကိုယ်စားပြုပြီး နေကြတ်မြို့နဲ့ ပူးပေါင်းတော့မှာလား”
ကျောက်ချီယန်က ကြောင်အသွားသည်။ ခဏအကြာတွင် သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ငါနားလည်ပြီ”
သူက အဝေးတစ်နေရာတွင်ရှိသော ဟန်မူယဲ့ကို လှမ်းကြည့်သည်။
“မထူးဆန်းတော့ပါဘူး”
“ဒီနေ့မှာ ငါတို့က ဖုန်းကောမြို့ကို ဆွဲခေါ်နိုင်ခဲ့တယ်။ နောက်ထပ် ရေခဲလမြို့နဲ့ ပူးပေါင်းလိုက်ရင် နေကြတ်မြို့က ခွန်အားကြီးလာလိမ့်မယ်”
သူက ယန်ယွီရှန်းကို ကြည့်လိုက်ပြီး ပြောသည်။
“မြို့သခင်ယန်၊ ရေခဲလမြို့ရဲ့ အကူအညီကို အသုံးပြုပြီး လေဟာနယ်ကို တက်ရောက်ချင်တာလား”
ထိုအရာသည် အစစ်အမှန်ရည်ရွယ်ချက် ဖြစ်သည်။
ထိုသို့မဟုတ်လျှင် နေကြတ်ကျောင်းတော်၏တစ်ဝက်ကို ခွဲပေးမည်မဟုတ်ပေ။
“ဖုန်းကောမြို့ကလူတွေ ထွက်သွားရင် ဒီအကြောင်းကို ဆွေးနွေးကြတာပေါ့”
ယန်ယွီရှန်းက ခေါင်းညိတ်လိုက်ပြီး ချဉ်းကပ်လာသော ပုံရိပ်တစ်ခုကို လှမ်းကြည့်သည်။
လေဟာနယ်တွင် ရုတ်တရက် တိုက်ပွဲဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ ထိုတိုက်ပွဲသည် နေကြတ်မြို့ကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုတိုက်ပွဲတွင် အများဆုံး အကျိုးပြုပေးသော လူက နေကြတ်ကျောင်းတော်၏ ကျောင်းသားသစ်များ ဖြစ်ကြသည်။
နေကြတ်မြို့က တည်နေရာရွှေ့ပြောင်ခြင်းဝင်္ကပါများကို ပြန်ဖွင့်ပေးလိုက်သည်။ အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေသည်။
ဟန်မူယဲ့နှင့် တခြားလူများက ကျောင်းတော်သို့ ပြန်လာပြီး ဆက်လက် လေ့ကျင့်နေကြသည်။
သို့သော် တိုက်ပွဲတွင် ပါဝင်ခဲ့သော ကျောင်းသားနှင့် နည်းပြများအားလုံးက ဟန်မူယဲ့ကို လေးစားကြသည်။
ဟန်မူယဲ့၏ ခြံဝိုင်းရှေ့တွင် အကြံဉာဏ်တောင်းရန် ရောက်လာသော ပန်းပဲပညာရှင်များ အမြဲရှိနေသည်။