← Chapters

အခန်း (၁၃၀၉)

Vol. 94 Ch. 1309

အခန်း (၁၃၀၉)

Vol. 94 Ch. 1309

“ရေမှင်စာကိုလည်း ဓာတ်စင်ငါးပါးမီးပြင်းဖိုရဲ့အောက်မှာ ဖိနှိပ်ထားခဲ့တယ်။ အဲဒါတွေအားလုံးကို တစ်‌ယောက်ယောက်က စီစဉ်ထားတာ ဖြစ်လိမ့်မယ်”

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က သတ္တုသံဖြင့် ပြောလိုက်သည်။

“အဲဒီနည်းလမ်းတွေက ကြယ်စင်စုစကြဝဠာကနေ ဆင်းသက်လာတာဆိုပေမဲ့ ကြယ်စင်စုစကြဝဠာက အဲဒီအစီအစဉ်တွေကို လုပ်စရာမလိုဘူး”

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ စကားသံကြောင့် တစ်ခန်းလုံးကို တိတ်ဆိတ်သွားသည်။

ကြယ်စင်စုစကြဝဠာက အလွန်သန်မာသည်။

သူတို့က တခြားစကြဝဠာများကို သိမ်းပိုက်ခဲ့ကြသည်။

ထို့ကြောင့် ဓာတ်စင်ငါးပါးမီးပြင်းဖို၊ ကောင်ကင်စုပေါင်းကုန်းမြေနှင့် တခြားအစီအစဉ်များကို မည်သူက လုပ်ခဲ့သနည်း။

သူတို့အားလုံး မမြင်နိုင်သော ဟာကွက်တစ်ခု ရှိနေသည်။

“ကောင်လေးဟန်က တစ်ခုခုသိနေတယ်လို့ ထင်လား”

ရွှေကျီးကန်းက တောင်ပံခတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“သူက တစ်ခုခုသိထားလို့ ကောင်းကင်စက်ဝန်းစစ်မြေပြင်ကို မသွားဘဲ ကြယ်စင်စုစကြဝဠာကို ရောက်လာတာလား”

ရွှေရောင်ငှက်၏စကားကြောင့် ခေးအော့နှင့် တခြားလူများက စဉ်းစားနေကြသည်။

ထိုအချိန်တွင် ဟန်မူယဲ့က သူတို့၏ အတွေးများကို ဂရုမစိုက်ပေ။

အင်မော်တယ်အလင်းနှင့် နတ်ဘုရားအလင်းသည် သူ့ကိုယ်ပေါ်တွင် သွယ်ယှက်နေသည်။

မဟာတာအို၏ စည်းမျဉ်းစွမ်းအားများ ဖြစ်သည်။

သူ၏ အစစ်အမှန်ဝိညာဉ်အရိုးက ယခုအချိန်တွင် နတ်ဘုရားအင်းကွက် တစ်ရာကျော်ကို သယ်ဆောင်ထားပြီး စည်းမျဉ်းစွမ်းအားကို ကျော်လွန်နေသည်။

သူက ကိုယ်ပိုင်နားလည်နိုင်စွမ်းကို စည်းမျဉ်းများနှင့် ပေါင်းစပ်လိုက်လျှင် ကျင့်ကြံခြင်းကို ဆက်တိုက်တိုးမြှင့်နိုင်သည်။

ထိုအရာသည် ကောင်းကင်ခွဲလှံမှတစ်ဆင့် ရရှိခဲ့သော စကြဝဠာအဆင့် ကျွမ်းကျင်သူများ၏ ကျင့်ကြံခြင်းနည်းလမ်း ဖြစ်သည်။

စကြဝဠာအဆင့် ကျွမ်းကျင်သူများသည် မဟာတာအို၏ စည်းမျဉ်းစွမ်းအားနှင့် အမြဲ ကျင့်ကြံနေကြသည်။

တစ်နည်းပြောရလျှင် သူက စကြဝဠာအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်နေသည်။

စကြဝဠာအဆင့် ကျင့်ကြံသူများက စကြဝဠာနယ်မြေသို့ ဝင်ရောက်သွားသော အကြောင်းအရင်းကိုလည်း သူက နားလည်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤစကြဝဠာတွင် မဟာတာအို၏ စည်းမျဉ်းစွမ်းအား မရှိပေ။

ဤနေရာတွင် တာအိုကို နားလည်ရန် အလွန်ခက်ခဲသည်။

သူက စကြဝဠာနယ်မြေကို တွေးကြည့်နေမိသည်။

‘အဲဒီမှာ အဆုံးမရှိတဲ့ မဟာတာအိုနဲ့ စည်းမျဉ်းတွေ ရှိနေမှာလား’

“ဝီ”

သူ့ပတ်ဝန်းကျင်က ပေါက်ကွဲလုနီးပါး တုန်ခါသွားသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေကြီးသည် သူ့ခန္ဓာကိုယ်တွင် လည်ပတ်နေသော စွမ်းအားကို ထိန်းသိမ်းမထားနိုင်တော့ပေ။

ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်ပြီး ခေအော့နှင့် ရွှေကျီးကန်းကို ကြည့်သည်။

“အကြီးအကဲတို့လည်း အတူတူပဲလား”

“နတ်ဘုရားသားရဲတွေရဲ့ ခန္ဓာကိုယ်ကတောင် စည်းမျဉ်းစွမ်းအားကို မထိန်းသိမ်းနိုင်ဘူးလား”

ဟန်မူယဲ့၏ စကားကြောင့် ရွှေကျီးကန်းတို့က လှည့်ထွက်သွားကြသည်။

“မင်းရဲ့ ကျင့်ကြံခြင်းက သူတို့ထက် ကျော်လွန်နေပြီ”

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က ပြောလိုက်သည်။

ထိုစကားကြောင့် ဟန်မူယဲ့က ရပ်တန့်သွားသည်။

“နတ်ဘုရားသားရဲတွေရဲ့ ခန္ဓာကိုယ်က မဟာတာအိုရဲ့ စည်းမျဉ်းစွမ်းအားကို ထိန်းထားနိုင်တယ်။ ဒါပေမဲ့ အကန့်အသတ် ရှိတယ်”

“အုပ်ချုပ်သူအဆင့် သားရဲတွေကပဲ နတ်ဘုရားအင်းကွက် တစ်ရာကျော်တဲ့ စည်းမျဉ်းစွမ်းအားကို သယ်ဆောင်နိုင်တယ်။ သူတို့က စကြဝဠာအဆင့် သက်ရှိတွေနဲ့ ဆင်တူတယ်”

“မူလစကြဝဠာမှာ အုပ်ချုပ်သူအဆင့် သက်ရှိငါးယောက် ရှိခဲ့တယ်”

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က သက်ပြင်းချသည်။

အုပ်ချုပ်သူအဆင့် ကျွမ်းကျင်သူငါးယောက်သည် မူလစကြဝဠာကို လွှမ်းမိုးခဲ့ကြသည်။

ကြယ်စင်စုစကြဝဠာ၏ စကြဝဠာအဆင့် ရုပ်သေးရုပ်များသည် သူတို့နှင့် မယှဉ်နိုင်ကြပေ။

သူတို့က ရုပ်ခန္ဓာစွမ်းအားနှင့် လောကကို ဖျက်ဆီးနိုင်ပြီး စည်းမျဉ်းတစ်ရာကျော်ကို ထိန်းချုပ်ထားသည်။

“နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေက ဇီဝရုပ်သေးရုပ်ကို သန့်စင်ပြီး စကြဝဠာအဆင့်ကိုတက်ရောက်ဖို့ အသုံးပြုရတဲ့ အကြောင်းအရင်းကို အခု နားလည်သွားပြီ”

“သူတို့က ကိုယ်ပိုင်ရုပ်ခန္ဓာကို အုပ်ချုပ်သူအဆင့်အထိ တိုးမြှင့်ချင်တာပဲ”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာသည်။

ယခင်က ကိုယ်ပိုင်ရုပ်ခန္ဓာကို စွန့်လွှတ်ပြီး ရုပ်သေးရုပ်အား အသုံးပြုသော အကြောင်းအရင်းကို သူနားမလည်ခဲ့ပေ။

ရေခဲလမြို့၏ ရုပ်သေးရုပ်ကလည်း ထိုသို့ပင် ဖြစ်သည်။ ထိုရုပ်သေးရုပ်က စကြဝဠာတစ်ဝက်အဆင့်တွင် ရှိနေသည်။

နောက်ပိုင်းတွင် သူ၏ ကျင့်ကြံဆင့်က တိုးတက်လာပြီး အကန့်အသတ်ရှိကြောင်း နားလည်ခဲ့သည်။

လူသားခန္ဓာကိုယ်သည် အကန့်အသတ်ရှိသည်။

ထိုအကန့်အသတ်ကို ချိုးဖောက်ရန် အလွန်ခက်သည်။

ကြယ်စင်စုစကြဝဠာက ဇီဝရုပ်သေးရုပ်ကို အသုံးပြုသည်။ သူတို့က ထာဝရရှင်သန်ပြီး ခန္ဓာကိုယ်ကို စကြဝဠာအဆင့်သို့ ဖြည်းဖြည်းချင်း မြှင့်တင်နိုင်သည်။

ထိုအရာသည် ကြယ်စင်စုစကြဝဠာ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများကြားတွင် လူကြိုက်အများဆုံးနည်းလမ်း ဖြစ်သည်။

သို့သော် ဟန်မူယဲ့က ထိုနည်းလမ်းကို မကျင့်ကြံပေ။

သူ၏ လက်ရှိခန္ဓာကိုယ်သည် အုပ်ချုပ်သူအဆင့်တွင် ရှိနေသည်။

သူက နဂါးမိကျောင်းခန္ဓာကိုယ်၏ သုံးပုံတစ်ပုံကို စုပ်ယူထားသည်။

သို့သော် လူတိုင်းက ထိုနည်းလမ်းမျိုးကို မသုံးနိုင်ပေ။

မူလစကြဝဠာတွင် အုပ်ချုပ်သူအဆင့် သက်ရှိငါးယောက်သာ ရှိခဲ့သည်။

“ဒါနဲ့ တခြားအုပ်ချုပ်သူအဆင့် သက်ရှိလေးယောက်က ဘယ်ရောက်သွားတာလဲ”

ဟန်မူယဲ့က မေးလိုက်သည်။

ခေးအော့၏ ပုတီးစေ့က တုန်ခါနေသည်။ ရွှေကျီးကန်းက တောင်ပံဖြန့်လိုက်သည်။

“ငါမသိဘူး”

“အဲဒီအကြောင်းကို ဘယ်သူမှ မသိကြဘူး”

“သူတို့က ထွက်သွားချင်ရင် ဘယ်သူက တားနိုင်မှာလဲ”

“နဂါးမိကျောင်းက ခန္ဓာကိုယ်ကို တမင်သက်သက် စွန့်လွှတ်လိုက်တာလို့ ငါထင်တယ်”

ရွှေကျီးကန်းနှင့် ခေးအော့က ပြောလိုက်ကြသည်။

သူတို့က အုပ်ချုပ်သူအဆင့် ကျွမ်းကျင်သူများ၏ အတွေးနှင့် ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

နဂါးမိကျောင်း၏ အကြွင်းအကျန်ဝိညာဉ်က အင်မော်တယ်ဘုရင်ထုံထျန်း ဖြစ်လာကြောင်း သူသိထားသည်။ သူက ယခုအချိန်တွင် နတ်ဘုရားလောက၌ အကျဉ်းကျနေသည်။

ထို့အပြင် ဟန်မူယဲ့က အတိတ်သို့ ရောက်သွားပြီး သူ၏ အမွေအနှစ်ကို ဆက်ခံခဲ့ရသည်။

ယခု တွေးကြည့်လိုက်သောအခါ လျှို့ဝှက်ချက်တချို့ ရှိနေပုံရသည်။

မူလစကြဝဠာသည် အလွန်နက်ရှိုင်းသည်။

ထို့ကြောင့် ဟန်မူယဲ့က ကြယ်စင်စုစကြဝဠာသို့ ရောက်လာခဲ့သည်။

သူက နတ်ဘုရားသားရဲတချို့၏ ခန္ဓာကိုယ်မှတစ်ဆင့် ရှင်းမပြနိုင်သော မြင်ကွင်းများကို မြင်ခဲ့ရသည်။

သူက ရှေးခေတ်၏ အကြောင်းအရာများကို ရှင်းလင်းစွာ မသိနိုင်ခဲ့ပေ။

ကြယ်စင်စုစကြဝဠာက မူလစကြဝဠာကို မည်သို့ ဝင်ရောက်လာခဲ့သနည်း။ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲများက မည်သည့်နေရာသို့ ရောက်သွားသနည်း။ ထိုအကြောင်းအရာများသည် လျှို့ဝှက်ချက်ဖြစ်သည်။

“အမှန်အတိုင်းပြောရရင် အလုံးစုံစွမ်းအားကို ပိုင်ဆိုင်ထားမှ အရာအားလုံးကို တည်ငြိမ်အောင် လုပ်နိုင်လိမ့်မယ်”

ဟန်မူယဲ့က စကြဝဠာများအား သိမ်းပိုက်ခဲ့သော ကြယ်စင်စုစကြဝဠာ၏ မြင်ကွင်းကို မြင်ခဲ့ရသည်။ အားကောင်းသော လောကများသည် ပျက်စီးသွားကြသည်။

ထို့ကြောင့် သူက ကြံစည်ခံရလျှင်လည်း အရေးမကြီးပေ။

နဂါးမိကျောင်းကပင် ခန္ဓာကိုယ်ကို သုံးပိုင်းခွဲပြီး ဖိနှိပ်ခံခဲ့ရသည်။

မူလစကြဝဠာ၏ ကျွမ်းကျင်သူများက အလွန်အားကောင်းခဲ့သော ကြယ်စင်စုစကြဝဠာ၏ လက်ရှိအခြေအနေကို သတိမထားမိလောက်ပေ။

မူလစကြဝဠာတွင် ကြယ်စင်စုစကြဝဠာ၏ အငွေ့အသက်များကို မြင်နိုင်သေးသည်။

ယခင်က မူလစကြဝဠာ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများအတွက် လှောင်ပြောင်မှုတစ်ခု ဖြစ်နေလိမ့်မည်။

“အချိန်ကျတော့မယ်”

“စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူတွေက ရေခဲလမြို့ကို လာနေလောက်ပြီ”

“အခွင့်အရေးရရင် စကြဝဠာနယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနိုင်လိမ့်မယ်”

“ကမ္ဘာဦးအဆင့် ချပ်ဝတ်နဲ့ရုပ်သေးရုပ် ငါးဆယ်ကျော်ကိုလည်း စုဆောင်းထားပြီးပြီ”

“စကြဝဠာအဆင့် လက်နက်တွေလည်း ရှိနေတယ်”

ဟန်မူယဲ့က နက်ရှိုင်းသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

“မူလစကြဝဠာကို ပြန်ရောက်ရင် လျှို့ဝှက်ချက်တွေအားလုံးကို ဖော်ထုတ်နိုင်မှာပဲ”

“ကပ်‌ဘေးကိုလည်း အဆုံးသတ်နိုင်လိမ့်မယ်”

ဆယ်ရက်အကြာတွင် ခမ်းနားသော လေလံပွဲကို ဖုန်းကောမြို့တွင် ကျင်းပခဲ့သည်။

အစစ်အမှန် ကျွမ်းကျင်သူများကသာ ထိုလေလံပွဲတွင် ပါဝင်နိုင်ကြသည်။

ဟန်မူယဲ့က လေလံပွဲသို့ တိတ်ဆိတ်စွာ ရောက်လာပြီး ရုပ်သေးရုပ်နှစ်ရုပ်ကို လေလံဆွဲခဲ့သည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များ ဖြစ်ကြသည်။

တခြားလေလံပွဲများတွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က အကောင်းဆုံးရတနာ ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် မတူညီပေ။

ရတနာအမျိုးမျိုးကို လေလံတင်ပြီးသောအခါ နောက်ဆုံးရတနာကို ထုတ်ပြခဲ့သည်။

ဖူထျန်းဆင်သားရဲ၏ ခန္ဓာကိုယ် ဖြစ်သည်။

သို့သော် ထိုရတနာကို ချက်ချင်းပေးလိုက်မည်မဟုတ်ပေ။

လုံလောက်သော စရံငွေကို ပေးအပ်လျှင် ဆင်သားရဲ၏ ခန္ဓာကိုယ်ကို ပို့ပေးမည်ဟု ဖုန်းကောမြို့က ကတိပေးခဲ့သည်။

အဆုံးတွင် ဆင်သားရဲ၏ ခန္ဓာကိုယ်ကို နတ်ဘုရားအဆင့် ရုပ်သေးရုပ် ရှစ်ဆယ်၊ စကြဝဠာအဆင့် စွမ်းအားတစ်မျှင်နှင့် ချပ်ဝတ်၊ မူလဒင်္ဂါး သန်းသုံးသောင်းကို အသုံးပြု၍ နေကြတ်မြို့က ပိုင်ဆိုင်သွားသည်။

ထိုပစ္စည်းများအပြင် တခြားအသေးစားပစ္စည်းများလည်း ရှိနေသေးသည်။

‌လေလံပွဲအပြီးတွင် လူတိုင်းက လူစုခွဲလိုက်ကြသည်။

....

ဟန်မူယဲ့က မြို့တံတိုင်းပေါ်တွင် ရပ်နေသည်။ သူ့ဘေးတွင် နေကြတ်မြို့သခင် ယန်ယွီရှန်းနှင့် ကျောင်းအုပ်ကျောက်တို့ ရှိနေကြသည်။

“ဆရာဟန်၊ ငါက ကတိတည်မှာပါ”

“နေကြတ်မြို့ကို လေဟာနယ်မြို့ဖြစ်လာအောင် ကူညီပေးရင် နေကြတ်ကျောင်းတော်ရဲ့တစ်ဝက်ကို သေချာပေါက် ပေးမှာပါ”

ယန်ယွီရှန်းက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ငါးစာချလိုက်ပြီ။ အရာအားလုံးကို စီစဉ်ပြီးပြီ”

“အခု နေကြတ်မြို့က ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး လေဟာနယ်ကို တက်ရောက်နိုင်မလား ကြည့်ရမယ်”

ကျောက်ချီယန်၏ မျက်လုံးများက အဆုံးမရှိသော နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ကို ကြည့်သည်။

“စိတ်မပူပါနဲ့”

“ကျွန်တော်စီစဉ်ထားတဲ့လူတွေ ရောက်နေပါပြီ”

ဟန်မူယဲ့၏စကားကြောင့် ယန်ယွီရှန်းက ပျော်ရွှင်သွားသည်။

ဟန်မူယဲ့၏လူများ ရောက်လာလျှင် နေကြတ်မြို့က လေဟာနယ်သို့ တက်ရောက်ရန် စတင်နိုင်သည်။

နေကြတ်မြို့က ယခုအချိန်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ရသည်။

သူ ဟယ်ယွီရှန်းက ဘဝတစ်လျှောက်လုံး ယခုအချိန်အတွက် စီစဉ်ခဲ့ရသည်။

“ဘုန်း”

လေဟာနယ်တွင် ပေါက်ကွဲသံကို ကြားရသည်။

ရွှေအလင်းများသည် အချင်းချင်း သွယ်ယှက်သွားပြီး တိုက်ခိုက်နေကြသည်။

“လျန်ပိုင်ခွန်း၊ မင်းက ဖုန်းကောမြို့ကို နှောင့်ယှက်ချင်နေတာလား”

“လေဟာနယ်မှာ အလစ်တိုက်တယ်ပေါ့။ ရဲတင်းလိုက်တာ”

ဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။

ဖုန်းကောမြို့၏ ကျွမ်းကျင်သူများက ဒေါသထွက်နေကြသည်။

အဆုံးမရှိသော အလင်းစီးကြောင်းများသည် သူတို့ကို တုံ့ပြန်လိုက်သည်။

“လျန်ရှုမြို့က ကျွမ်းကျင်သူတွေကို စုစည်းထားတယ်”

“ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တွေ အများကြီးရှိနေတယ်လေ။ သူတို့က လိုချင်မှာပေါ့”

ကျောက်ချီယန်က တိုက်ပွဲကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

ယန်ယွီရှန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ခေါင်းညိတ်သည်။

All Chapters