← Chapters

အခန်း (၁၃၁၂)

Vol. 94 Ch. 1312

အခန်း (၁၃၁၂)

Vol. 94 Ch. 1312

ဟန်မူယဲ့က နေကြတ်မြို့၏ အရေးကိစ္စများတွင် ဝင်မပါဘဲ နေကြတ်ကျောင်းတော်သို့ တိတ်ဆိတ်စွာ ပြန်လာခဲ့သည်။

ယခုအချိန်တွင် နေကြတ်ကျောင်းတော်၏ ကျောင်းသားများအားလုံးက ကူညီပေးရန် ဆင့်ခေါ်ခံထားရသည်။

လေဟာနယ်သို့ အသစ်ရောက်လာသော နေကြတ်မြို့သည် အလုပ်များနေသည်။

ဟန်မူယဲ့က အချိန်အတိုင်းအတာတစ်ခုအထိ နေကြတ်ကျောင်းတော်၏တစ်ဝက်ကို ယူသွားမည်မဟုတ်ပေ။

အနည်းဆုံး နေကြတ်မြို့ တည်ငြိမ်သွားအောင် စောင့်ဆိုင်းရမည်။

ထို့နောက် ရေခဲလမြို့နှင့် တိုက်ရိုက်ဆက်သွယ်လိုက်လျှင် ပိုအဆင်ပြေသည်။

ဘက်ပေါင်းစုံကို ခြုံကြည့်လိုက်လျှင် နေကြတ်မြို့က လေဟာနယ်သို့ ပြန်ရောက်လာသော ရေခဲလမြို့နှင့် သိပ်မကွာပေ။

နေကြတ်မြို့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တစ်လအတွင်း တည်ဆောက်နိုင်ခဲ့သည်။

ထို့နောက် တခြားမြို့များနှင့် ဆက်သွယ်ခဲ့သည်။

ထိုမြို့များထဲတွင် ဖုန်းကောမြို့၊ ရေခဲလမြို့နှင့် နလန်မိသားစု တည်ရှိသော ယုံမင်မြို့လည်း ပါဝင်ခဲ့သည်။

ဟယ်ရန်စွန်းက ဟန်မူယဲ့၏ ခြံဝိုင်းဆီသို့ ရောက်လာသည်။

“ဆရာဟန်၊ ယုံမင်မြို့နဲ့ အိမ်နီးချင်းမြို့သုံးမြို့က နှစ်သုံးထောင်မှာတစ်ကြိမ် ကျင်းပတဲ့ လေဟာနယ်အမဲလိုက်ပွဲကို စတင်တော့မယ်”

ဟယ်ရန်စွန်းက တောက်ပနေသော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“လေဟာနယ်အမဲလိုက်ပွဲမှာ အင်အားစုကြီးတွေက အကျိုးအမြတ်ကို ရှာဖွေကြတယ်။ ပြီးတော့ အင်အားစုလေးတွေရဲ့ လက်ရွေးစင်တွေလည်း ကျဆုံးသွားကြတယ်”

အင်အားစုကြီးများက ထိုနည်းလမ်းကို အသုံးပြုပြီး ကိုယ်ပိုင်နယ်မြေကို ထိန်းသိမ်းသည်။

သူတို့က အမဲလိုက်ပွဲတွင် အင်အားစုငယ်၏ လက်ရွေးစင်များကို ရှင်းထုတ်ပစ်နိုင်သည့်အပြင် သူတို့ကို ခစားရန် လူရွေးနိုင်သည်။

“နလန်မိုရန်က ယုံမင်မြို့ကို ဖိတ်ခေါ်နေပါတယ်”

ဟယ်ရန်စွန်း၏ အသံထဲတွင် စိတ်အားထက်သန်မှုတချို့ ရှိနေသည်။

“ကျွန်တော့်အဖေ ဟယ်ကျူက ဒီတစ်ကြိမ် အမဲလိုက်ပွဲမှာ နလန်မိသားစုကို ဦးဆောင်လိမ့်မယ်”

ဟယ်ကျူက နလန်မိသားစုထဲသို့ လက်ထပ်ဝင်ရောက်သွားပြီး လက်ရွေးစင်တစ်ယောက် ဖြစ်လာသည်။

သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။

နလန်မိသားစု၏ ထောက်ပံ့မှုမရှိလျှင် ဟယ်ကျူက အဆင့်ရှစ်သို့ မရောက်နိုင်ပေ။

သို့သော် အပြန်အလှန်အနေဖြင့် ဟယ်ကျူက လုံလောက်သော တန်ဖိုးတစ်ခုကို ပြန်ပေးရမည်။

သူက မတော်တဆမှု အဖြစ်များသော လေဟာနယ်အမဲလိုက်ပွဲတွင် နလန်မိသားစုကို ဦးဆောင်ရမည်။

ထိုအရာသည် အလဲအလှယ် ဖြစ်သည်။

ထို့ကြောင့် ဟယ်ကျူက နှစ်ပေါင်းများစွာ ကြာသွားသော်လည်း ဘုရားမြို့၏ ဟယ်မိသားစုကို မဆက်သွယ်ခဲ့ပေ။

သူက ဟယ်မိသားစုကို ဝင်မပါစေချင်ပေ။

သူ့အခြေအနေက မခိုင်မာပေ။

မိသားစုငယ်များ၏ ထိခိုက်မှုသည် အလွန်မြင့်မားသည်။

နှစ်သုံးထောင်တိုင်းတွင် အင်အားစုကြီးများက မိသားစုငယ်များကို လေဟာနယ်အမဲလိုက်ပွဲတွင် ဖိနှိပ်ထားခဲ့ကြသည်။

“အမဲလိုက်ပွဲလား”

ဟန်မူယဲ့က ဟယ်ရန်စွန်းကို ကြည့်လိုက်သည်။

“မင်းက ဝင်ပါချင်တာလား”

“လေဟာနယ်အမဲလိုက်ပွဲမှာ ပြင်ပကျင့်ကြံသူတွေကိုလည်း ခွင့်ပြုထားတယ်”

ဟယ်ရန်စွန်းက တီးတိုးပြောသည်။

“ကျွန်တော်က နလန်မိုရန်ကို ကတိပေးခဲ့တယ်”

“ဆရာဟန်၊ လေဟာနယ်အမဲလိုက်ပွဲက အရမ်းအန္တရာယ်များတယ်။ တကယ်လို့ ကျွန်တော်ပြန်မလာနိုင်ရင် ဘုရားမြို့ရဲ့ ဟယ်မိသားစုကို စောင့်ရှောက်ပေးမယ်လို့ မျှော်လင့်တယ်”

ဟယ်ရန်စွန်းက သန်မာသော်လည်း လေဟာနယ်အမဲလိုက်ပွဲတွင် ရှင်သန်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

လေဟာနယ်သည် အလွန်အန္တရာယ်များသည်။

ဟယ်ကျူက ဟယ်မိသားစုကို ပျက်စီးသွားအောင် ပစ်ထားခဲ့သော်လည်း ဟယ်ရန်စွန်းက အပြစ်မမြင်တော့ပေ။

သူ၏ ကျင့်ကြံဆင့်က မြင့်မားလာသောကြောင့် ဟယ်ကျူ၏ အခြေအနေကို သုံးသပ်ကြည့်နိုင်သည်။

သူတို့၏အဆင့်တွင် သွေးမျိုးဆက်များက သိပ်အရေးမကြီးပေ။ ခံစားချက်ကသာ အရေးကြီးသည်။ အကယ်၍ အနှောင့်အဖွဲ့ ရှိနေလျှင် အနာဂတ်တွင် တိုးတက်ရန် ခက်ခဲလိမ့်မည်။

ထိုသို့ဆိုလျှင် နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်တော့မည်မဟုတ်ပေ။

ဟယ်ရန်စွန်းအတွက် ဟယ်ကျူနှင့် ဆုံတွေ့လိုသော ဆန္ဒသည် အတားအဆီးတစ်ခု ဖြစ်လာခဲ့သည်။

“လေဟာနယ်အမဲလိုက်ပွဲက မူယန်လေဟာနယ်မှာ ကျင်းပမှာလား”

ဟန်မူယဲ့က ပြောသည်။

သူက ယုံမင်မြို့၏ ရုပ်သေးရုပ်များမှတစ်ဆင့် အမဲလိုက်ပွဲကို မြင်ခဲ့သည်။

ယုံမင်မြို့၊ ယုံဟွေမြို့၊ ကျီရယ်မြို့နှင့် ရှင်းရယ်မြို့တို့သည် မူယန်လေဟာနယ်ကို ဝိုင်းရံထားသော လေဟာနယ်မြို့လေးမြို့ ဖြစ်သည်။

မူယန်လေဟာနယ်တွင် မရေမတွက်နိုင်သော အားကောင်းသည့်သားရဲများ တည်ရှိသည်။ နတ်ဘုရားသားရဲများလည်း ရှိနေသည်။

လေဟာနယ်မြို့များကပင် ထိုနေရာတွင် မတည်ရှိနိုင်ကြပေ။

သားရဲများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။

ထို့ကြောင့် အမဲလိုက်ချင်သော အင်အားစုတိုင်းက မူယန်လေဟာနယ်သို့ ရောက်လာကြသည်။

“ဘယ်တော့သွားမှာလဲ။ ငါကလည်း အားနေတာဆိုတော့ လိုက်ခဲ့မယ်လေ”

ဟန်မူယဲ့က လက်ထဲတွင်ကိုင်ထားသော ပန်းပဲပစ္စည်းများကို အောက်ချလိုက်ပြီး ပြောသည်။

သူ့စကားကြောင့် ဟယ်ရန်စွန်းက ကြောင်အသွားခဲ့သည်။

“ဆရာဟန်၊ လေဟာနယ်အမဲလိုက်ပွဲက အန္တရာယ်များ ....”

ဟယ်ရန်စွန်းက နားချချင်သော်လည်း လေဟာနယ်၏ အန္တရာယ်က သူ့ရှေ့တွင်ရှိသော လူကို အန္တရာယ်ပေးနိုင်မည်မဟုတ်ကြောင်း နားလည်သွားသည်။

“သုံးရက်နေရင် သွားပါမယ်”

....

သုံးရက်အကြာ၊ ယုံမင်မြို့တွင် ဖြစ်သည်။

နလန်မိုရန်က စိတ်လှုပ်ရှားနေပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှ ထွက်လာသော ဟန်မူယဲ့၊ ဟယ်ရန်စွန်း၊ ဖုန်းကျူထျန်းနှင့် ဒါဇင်ချီသော ကျင့်ကြံသူများကို ဦးဆောင်လာခဲ့သည်။

“ဆရာဟန်၊ အစ်ကိုကြီး၊ အားလုံးပဲ ဒါက ယုံမင်မြို့ပါ”

ယုံမင်မြို့သည် အားကောင်း‌သော မြို့တစ်မြို့ မဟုတ်ပေ။ သို့သော် တခြားမြို့များနှင့် မဟာမိတ်ဖွဲ့ထားနိုင်သောကြောင့် အခြေအနေ တည်ငြိမ်သည်။

ဤနေရာသည် လေဟာနယ်မြို့ဖြစ်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှ ထွက်လာသောအခါ စိမ်းလန်းသော သစ်ပင်များကို နေရာတိုင်းတွင် မြင်နေရသည်။

ယုံမင်မြို့ကို သယ်ဆောင်ထားသော မီးတောက်လူဝံသည် ယုံမင်မြို့၏ ရာသီဥတုကို အမြဲတမ်း နွေဦးသဖွယ် ဖြစ်နေစေသည်။

“ယုံမင်မြို့ရဲ့ ဝိညာဉ်ဆေးပင်တွေက လေဟာနယ်မှာ နာမည်ကြီးတယ်”

“နလန်မိသားစုမှာ အာခီမီပညာရှင်တချို့ ရှိတယ်”

ဟန်မူယဲ့က ယုံမင်မြို့သို့ ရောက်လာလိမ့်မည်ဟု နလန်မိုရန်က ထင်မထားခဲ့ပေ။

ဟယ်ရန်စွန်းရောက်လာလျှင် အံ့အားသင့်စရာကောင်းနေမည်ဟု တွေးထားခဲ့သည်။

သူက အစ်ကိုကြီး၏ ခွန်အားနှင့် နောက်ခံကို နားလည်သည်။

ဆရာဟန်နှင့် ဖုန်းကျူထျန်းတို့ကို တွေးမထားခဲ့ပေ။

ယခုအချိန်တွင် ဒါဇင်ချီသော ကျွမ်းကျင်သူများအပြင် ဆရာဟန်လည်း ရောက်လာသောကြောင့် လေဟာနယ်အမဲလိုက်ပွဲတွင် သူတို့၏ နလန်မိသားစုက တောက်ပနေလိမ့်မည်။

လမ်းတစ်လျှောက်တွင် နလန်မိုရန်က ဟန်မူယဲ့တို့ကို ရှင်းပြနေခဲ့သည်။

“ဒါက နလန်မိသားစုရဲ့ မောက်မာတဲ့သခင်လေး မဟုတ်ဘူးလား။ သူက တခြားမြို့ကနေ ပြန်ရောက်လာပြီလား”

သိပ်မဝေးသောနေရာတွင် အသံတစ်သံကို ကြားရသည်။

“ဟားဟား၊ အဲဒီကောင်စုတ်လေးက လေဟာနယ်အမဲလိုက်ပွဲမှာ ဝင်မပါရဲလောက်ဘူး။ မဟုတ်ရင် သူက နလန်မိသားစု ထွက်သွားတဲ့အချိန်မှာ ဘာဖြစ်လို့ ပြန်ရောက်လာတာလဲ”

လှောင်ပြောင်သောအသံကို ကြားရသည်။

ထိုစကားကြောင့် နလန်မိုရန်က ကြောင်အသွားသည်။

သူ့ဘေးတွင်ရှိသော ဟယ်ရန်စွန်း၏ မျက်လုံးများက စူးရှလာသည်။

“ချောင်ရှုဟယ်”

“နလန်မိသားစုရဲ့ အဖွဲ့က မူယန်လေဟာနယ်ကို ထွက်သွားပြီလား”

နလန်မိုရန်က ခေါင်းမော့လိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် လူငယ်ကို ကြည့်သည်။

သူ့စကားကို ကြားရသောအခါ လူငယ်က ရယ်လိုက်သည်။

“တစ်ရက်ကြာသွားပြီ။ သူတို့အားလုံးက သေနေလောက်ပြီ”

နလန်မိုရန်က တုန်ခါနေပြီး ဟယ်ရန်စွန်းကို လှည့်ကြည့်သည်။

“အစ်ကိုကြီး”

ဟယ်ရန်စွန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး တီးတိုးပြောသည်။

“အရင်ဆုံး နလန်မိသားစုကို သွားကြရအောင်”

သူတို့က ယုံမင်မြို့သို့ ရောက်လာသောကြောင့် နလန်မိသားစုဆီသို့ အလည်သွားရမည်။

ဟယ်ကျူနှင့် တခြားလူများက သတ်မှတ်ထားသောအချိန်ထက် ပိုစောပြီး မူယန်လေဟာနယ်သို့ ထွက်သွားပုံရသည်။ ထိုအကြောင်းကိုလည်း မေးရမည်။

သူတို့က လျင်မြန်စွာ လမ်း‌လျှောက်လာပြီး နာရီဝက်အကြာတွင် ဆယ်မိုင်ကျယ်ဝန်းသော အိမ်တော်တစ်ခုဆီသို့ ရောက်လာသည်။

“ဆယ့်သုံးယောက်မြောက်သခင်လေး”

“သခင်လေးက ပြန်လာပြီလား”

အိမ်တော်၏ရှေ့တွင် စကားသံများကို ရသည်။

လူတချို့က အိမ်တော်ထဲသို့ ဝင်သွားပြီး သတင်းပို့လိုက်သည်။ တချို့ကတော့ ကြိုဆိုရန် ပြေးထွက်လာကြသည်။

သူတို့ကို အရင်ဆုံး နှုတ်ဆက်လိုက်သောလူက ယုထောင်မြို့ပျက်သို့ လိုက်လာသော အကြီးအကဲချင် ဖြစ်သည်။

“သခင်လေး”

အကြီးအကဲချင်က အံ့အားသင့်နေသည်။ သူက ဟယ်ရန်စွန်း၊ ဟန်မူယဲ့နှင့် တခြားလူများကို မြင်ရသောအခါတွင် လျင်မြန်စွာ ဦးညွတ်သည်။

“နှုတ်ဆက်ပါတယ်ဆရာဟန်၊ နှုတ်ဆက်ပါတယ် သခင်လေးဟယ်”

“အကြီးအကဲချင်၊ အဖေက မူယန်လေဟာနယ်ကို ဘာဖြစ်လို့ ကြိုသွားခဲ့တာလဲ”

နလန်မိုရန်က အကြီးအကဲချင်ကို ကြည့်လိုက်ပြီး တီးတိုးမေးသည်။

အကြီးအကဲချင်က အခက်တွေ့နေပုံရသည်။

“မိုရန်၊ သူတို့က နတ်ဘုရားသားရဲကို ရှာတွေ့ခဲ့တယ်။ မြို့လေးမြို့ရဲ့ လူတွေအားလုံးက အဲဒီနေရာမှာ စုစည်းနေကြတယ်”

“အဲဒါကြောင့် ကြိုတင်ပြီး ထွက်သွားခဲ့တာပဲ”

အိမ်တော်ထဲမှ အသံတစ်သံ ထွက်လာသည်။ အပြာဖျော့ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က လမ်းလျှောက်လာပြီး ညင်သာသောမျက်နှာထားဖြင့် နလန်မိုရန်ကို ကြည့်သည်။

“အမေ”

နလန်မိုရန်က စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။

ဟယ်ကျူ၏ ဒုတိယဇနီး၊ နလန်ယွင်ဟွေ ဖြစ်သည်။

နလန်ယွင်ဟူက ဟယ်ရန်စွန်းကို မြင်လိုက်ရသည်။

“နလန်မိုရန်၊ မင်းက အိမ်ပြန်လာရဲသေးတယ်ပေါ့”

ထိုအချိန်တွင် အထင်သေးမှုများဖြင့် ပြည့်နှက်နေသော စကားသံကို ဆက်ကြားရသည်။

အနက်ရောင်ချပ်ဝတ်နှင့် အသက်ငါးဆယ်အရွယ် လူတစ်ယောက်က လျင်မြန်စွာ ရှေ့တက်လာသည်။

“နလန်မိသားစုမှာ မင်းလိုမျိုး ငကြောက်တစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”

နလန်မိုရန်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သို့သော် သူမပြောနိုင်ခင် နလန်ယွင်ဟွေက တစ်ဖက်သို့လှည့်ပြီး အနီရောင်ချပ်ဝတ်ကို တစ်ခါတည်း အသက်သွင်းသည်။

သူမက လက်သီးဖြင့် ထိုးချသည်။

“ဘုန်း”

လက်သီးပုံရိပ်က နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်ချပ်ဝတ်နှင့် လူအိုကြီးကို ရိုက်ခတ်သည်။ လူအိုကြီးက ပေတစ်ရာအကွာအထိ နောက်ဆုတ်ပေးလိုက်ရသည်။

လူအိုကြီးက သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး ဖြူဖျော့သွားသည်။

“နလန်ကျိ၊ နင့်ရဲ့ ဆွေးမြည့်နေတဲ့ အရိုးတွေက နလန်မိသားစုအတွက် တန်ဖိုးရှိသေးတယ်လို့ ထင်နေတာလား”

နလန်ယင်ဟွေက ခပ်အုပ်အုပ် ပြောလိုက်သည်။ သူမက လှံတစ်ချောင်းကို ထုတ်ယူပြီး လူအိုကြီး၏ရင်ဘတ်ကို ချိန်ထားသည်။

“ငါက နင့်ကို မသတ်ရဲဘူးလို့ ထင်နေတာလား”

အေးစက်သော သတ်ဖြတ်လိုစိတ်သည် လူအိုကြီး၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။

“မင်း၊ မင်း ....”

လူအိုကြီးက ကြောက်ရွံ့စိတ်ကြောင့် တုန်ခါနေသည်။

“ယွင်ဟွေ၊ ဧည့်သည်တွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှက်မရစေနဲ့”

အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ထပ်ရောက်လာသည်။

“အကြီးအကဲ၊ ကျွန်တော့်ကို ကယ်ပါအုံး ....”

လဲကျနေသော လူအိုကြီးက ပြောလိုက်သည်။

အသစ်ရောက်လာသော လူအိုကြီးက နှာမှုတ်လိုက်ပြီး ဟယ်ရန်စွန်း၊ ဟန်မူယဲ့နှင့် တခြားလူများကို ကြည့်သည်။ သူက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။

“နလန်ဟယ်ဖူက ဆရာဟန်နဲ့ သခင်လေးဟယ်ကို ကြိုဆိုလိုက်ပါတယ်”

All Chapters