← Chapters

အခန်း (၁၃၁၃)

Vol. 94 Ch. 1313

အခန်း (၁၃၁၃)

Vol. 94 Ch. 1313

နလန်မိုရန်က ယုထောင်မြို့ပျက်မှ ပြန်ရောက်လာသောအချိန်တွင် ဟယ်ရန်စွန်းနှင် ဟန်မူယဲ့၏အကြောင်းကို အဘိုးဖြစ်သော နလန်ဟယ်ဖူဆီသို့ ပြောပြခဲ့သည်။

မိသားစုခေါင်းဆောင်က နလန်မို၊ နလန်ဟယ်ဖူနှင့်နှင့် သီးသန့်ဆုံတွေ့ပြီး ထိုအကြောင်းကို သေချာမေးမြန်းခဲ့သည်။

ဘုရားမြို့၏ ဟယ်မိသားစုမှ သခင်လေးနှင့် ပန်းပဲပညာရှင်အစည်းအရုံးတွင် အကြွယ်ဝဆုံးဖြစ်သော ဆရာဟန် ....

နလန်မိုရန်က ဟယ်ရန်စွန်းနှင့် ဟန်မူယဲ့ကို သိနေသောကြောင့် နလန်မိသားစုတွင် လွတ်လပ်စွာ သွားလာနိုင်ပြီး နေကြတ်ကျောင်းတော်သို့ ရောက်လာခဲ့သည်။

နလန်ရှုက ဟယ်ရန်စွန်းတို့အကြောင်းကို တခြားလူများအား ပြောမပြခဲ့ပေ။

လေဟာနယ်မြို့ကြီးများအတွက် ဝေးကွာသော ဆက်ဆံရေးသည် အသုံးမဝင်ပေ။

သို့သော် ထိုလူများက သူတို့အိမ်သို့ ရောက်လာခဲ့သည်။

မြေပြင်တွင် လဲကျနေသော လူအိုကြီးက နားမလည်နိုင်ခဲ့ပေ။

နလန်မိုရန်က အမဲလိုက်ပွဲမတိုင်ခင် ပြန်မလာခဲ့ပေ။ သူ့ကို အပြစ်ပေးသင့်သည်။ သို့သော် အခြေအနေက ထူးဆန်းနေသည်။

“ကျေးဇူးပြုပြီး အထဲကြွခဲ့ပါ”

နလန်ဟယ်ဖူက ဦးညွတ်လိုက်ပြီး ပြောသည်။

နလန်မိသားစု၏ ခန်းဆောင်တွင် ဟန်မူယဲ့က လူအိုကြီးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။

နလန်ရှုဟု အမည်ရသော ထိုလူအိုကြီးသည် မိသားစုခေါင်းဆောင် ဖြစ်သည်။

နလန်မိသားစုက သူတော်စင်အဆင့် မိသားစုဟု ခံယူထားသော်လည်း မိသားစုထဲတွင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ရှိနေသည်။ ဥပမာအနေဖြင့် မိသားစုခေါင်းဆောင် နလန်ရှုသည် နတ်ဘုရားအဆင့် ချပ်ဝတ်သခင်တစ်ယောက် ဖြစ်သည်။

သူက နတ်ဘုရားအဆင့် ချပ်ဝတ်ကို သယ်ဆောင်ထားသည်။

နလန်ရှု၏စကားအရ ဆရာဟန်က နလန်မိသားစုသို့ အလည်ရောက်လာသောကြောင့် မိသားစုကို ဂုဏ်တက်စေသည်။ ထို့ကြောင့် အဆင့်မြင့်ထိုင်ခုံတွင် ထိုင်သင့်သည်။

ဟယ်ရန်စွန်း၊ ဖုန်းကျူထျန်းနှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ဘေးတွင် ထိုင်လိုက်ကြသည်။

“ဆရာဟန်က နလန်မိသားစုကိုယ်စား လေဟာနယ်အမဲလိုက်ပွဲမှာ ပါဝင်မယ်ဆိုတော့ ကျုပ်က အဖော်ပြုပေးရမှာပေါ့”

နလန်ရှုက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ဟယ်ရန်စွန်းနှင့် ဖုန်းကျူထျန်းတို့ကို လျစ်လျူရှုထားလျှင်ပင် တခြားလူများက အဆင့်မြင့်ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သူတို့သည် ယုံမင်မြို့၏ ထိပ်တန်းအဆင့် အင်အားစုနှင့် ယှဉ်နိုင်သည်။

“နလန်မိသားစုက ကောင်းမွန်တဲ့ဆုကြေးတွေကို ထုတ်မပေးနိုင်ပါဘူး”

နလန်ရှုက ပြောလိုက်သည်။ သူက လက်မြှောက်ပြီး ချပ်ဝတ်အစိတ်အပိုင်းကို ထုတ်ပေးသည်။

“ဒီပစ္စည်းကို လွန်ခဲ့တဲ့နှစ်တစ်သောင်းမှာ လျှို့ဝှက်နယ်မြေကနေ ရလာခဲ့တာပါ”

“ဒါက ဆရာဟန်ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

လျှို့ဝှက်နယ်မြေမှ ရလာသော ပစ္စည်း ....

ထူးခြားပုံပေါ်သည်။

ဟန်မူယဲ့က တုံးဆိုင်းမနေဘဲ လက်ခံလိုက်သည်။ သူက ချီစွမ်းအင်ဖြင့် ချပ်ဝတ်အပိုင်းအစကို လွှမ်းခြုံသည်။

ချပ်ဝတ်အပိုင်းအစက အနည်းငယ် တုန်ခါနေပြီး မှတ်ဉာဏ်များကို မြင်လိုက်ရသည်။

ထိူချပ်ဝတ်အပိုင်းအစသည် အလွန်အားကောင်းသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ဆီမှ ဖြစ်သည်။

သို့သော် ထိုသို့ဆိုလျှင် နလန်ရှုက အလွန်တန်ဖိုးထားနေမည်မဟုတ်ပေ။

ဟန်မူယဲ့က မှတ်ဉာဏ်ထဲတွင် ဧရာမဆင်တစ်ကောင်နှင့် လှံကိုင်ထားသော ပုံရိပ်တစ်ခုကို မြင်ရသည်။ လှံတစ်ချက်သည် ဒါဇင်ချီသော လေဟာနယ်မြို့များကို ထိုးဖောက်ခဲ့သည်။

ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေသော စကြဝဠာအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး ချပ်ဝတ်အစိတ်အပိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။

ထိုအပိုင်းအစသည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ပတ်သတ်နေရုံသာမက အပြင်းအထန် ဒဏ်ရာရပြီး ထွက်ပြေးလာသော စကြဝဠာအဆင့် ကျွမ်းကျင်သူနှင့်လည်း ပတ်သတ်နေခဲ့သည်။

ထို့အပြင် စကြဝဠာအဆင့် ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်နိုင်သော နတ်ဘုရားဆင်သားရဲ၏ တည်နေရာကိုလည်း သဲလွန်စပေးထားသည်။

တခြားလူများ၏ လက်ထဲတွင် ထိုချပ်ဝတ်အပိုင်းအစက တန်ဖိုးသိပ်မရှိသော်လည်း ဟန်မူယဲ့အတွက် တန်ဖိုးမဖြတ်နိုင်ပေ။

“ကောင်းပြီ။ ဒါကို လက်ခံလိုက်မယ်”

“ဒီတစ်ကြိမ်မှာ နလန်မိသားစုရဲ့ နာမည်နဲ့ အမဲလိုက်ပွဲမှာ ပါဝင်မယ်”

“ဆုကြေးတွေအားလုံးကို နလန်မိသားစုက ယူနိုင်တယ်”

ဟန်မူယဲ့က ပြောသည်။

သူ့စကားကို ကြားရသောအခါ နလန်ရှုနှင့် နလန်ဟယ်ဖူက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးသည်။

သူတို့က အဖိုးတန်ရတနာတစ်ခုကို ထုတ်ပေးပြီး ဟန်မူယဲ့တို့က နလန်မိသားစုကို ကိုယ်စားပြုပေးလိမ့်မည်။

နှစ်ဖက်လုံးအတွက် အကျိုးရှိသည်။

မြို့လေးမြို့၏ ပူးပေါင်းအမဲလိုက်ပွဲတွင် ဆုများကို ချီးမြှင့်ပေးသည်။ ဟန်မူယဲ့က ထိုပစ္စည်းများကို စိတ်မဝင်စားသော်လည်း နလန်မိသားစုအတွက် သင့်တော်သည်။

မြို့လေးမြို့၏ ဆုကြေးသည် အကောင်အထည်ရှိသော ရတနာဖြစ်စေ၊ ဂုဏ်သတင်းဖြစ်စေ မိသားစုတိုင်းက လိုချင်ကြသည်။

နလန်ရှုနှင့် ဟန်မူယဲ့က သေချာဆွေးနွေးပြီး မနက်ဖြန်တွင် အမဲလိုက်ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။

နလန်ဟယ်ဖူက ဟန်မူယဲ့တို့ကို ဧည့်ခံပွဲတက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ သို့သော် ဟန်မူယဲ့က စိတ်မဝင်စားပေ။ အာခီမီနည်းစနစ်များကို လေ့လာချင်သည်ဟုသာ ပြောခဲ့သည်။

ဟန်မူယဲ့နှင့်အတူ ပါလာသော လူအများစုကလည်း စိတ်မဝင်စားကြပေ။ သို့သော် ဟယ်ရန်စွန်း၊ ဖုန်းကျူထျန်းနှင့် လူငယ်တချို့က တက်ရောက်ခဲ့ကြသည်။

ဧည့်ခံပွဲကို ခန်းဆောင်တစ်ခုတွင် ကျင်းပခဲ့သည်။

နလန်မိသားစုက လေဟာနယ်မြို့၏ မိသားစုကြီးတစ်ခု ဖြစ်သည်။ သူတို့က ယုံမင်မြို့တွင် ထိပ်တန်းအဆင့် မဟုတ်သော်လည်း ရှည်လျားသော သမိုင်းကြောင်းကို ပိုင်ဆိုင်သည်။ သူတို့၏ အဆောက်အအုံများက ခမ်းနားသည်။

ဟယ်ရန်စွန်းနှင့် ဖုန်းကျူထျန်းတို့က နေကြတ်ကျောင်းတော်တွင် ပညာသင်ယူခြင်းကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီး သူတော်စင်အဆင့်တွင် ရှိနေကြသည်။ သူတို့က နလန်မိုရန်နှင့်အတူ ထိုင်လိုက်ကြသည်။

သိပ်မဝေးသောနေရာတွင် နလန်မိသားစု၏ လူငယ်များကို မြင်နိုင်သည်။

ထိပ်ဆုံးတွင် အကြီးအကဲတချို့ ရှိနေကြသည်။

ယခုအချိန်တွင် အပြုံးတစ်ခုနှင့်အတူ သေရည်ခွက်မြှောက်ပြီး ဟယ်ရန်စွန်းနှင့် ဖုန်းကျူထျန်းကို စကားပြောနေသော နလန်ဟယ်ဖူမှလွဲ၍ တခြားလူများ၏မျက်နှာထားက ထူးဆန်းနေကြသည်။

မိသားစုက သူတို့အတွက် ဧည့်ခံပွဲကျင်းပပေးခဲ့သော်လည်း လူငယ်တချို့သာ ရောက်လာသည်။

‘ငါတို့ နလန်မိသားစုကို မလေးစားတာလား’

‘သူတို့က နလန်မိုရန်ခေါ်လာတဲ့ ကျောင်းသားတွေပဲ။ ဘာထူးခြားနေလို့လဲ’

‘နေကြတ်မြို့က လေဟာနယ်ကိုအသစ်ရောက်လာတဲ့ မြို့တစ်မြို့ပဲ။ အခုထိ အဆင့်မမီသေးဘူး’

‘သူတို့က နလန်မိသားစုကို မျက်နှာချိုသွေးဖို့ ယုံမင်မြို့ကို ရောက်လာတာမဟုတ်ဘူးလား’

‘ဘာဖြစ်လို့ အရမ်းမောက်မာနေတာလဲ’

‘ခေါင်းဆောင်နဲ့ အကြီးအကဲကတောင် သူတို့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတယ်’

‘ဖုန်းကောမြို့သခင်လေးကလွဲပြီး တခြားလူတွေက သာမန်ပဲမဟုတ်ဘူးလား’

‘တခြားတစ်ယောက်က နလန်မိသားစုကို လက်ထပ်ပြီး ဝင်ရောက်လာတဲ့ ဟယ်ကျူရဲ့ အကြီးဆုံးသားမဟုတ်လား’

‘သူကလည်း နလန်မိသားစုကို ဝင်ရောက်ချင်နေတာလား’

လူအများအပြားက တံခါးဝတွင် ဖြစ်ပေါ်ခဲ့သော နလန်ယွင်ဟွေ၏ တိုက်ခိုက်မှုကို ကြားခဲ့ရသည်။

နလန်ယွင်ဟွေက ဟယ်ကျူ၏ အကြီးဆုံးသားကို အစွမ်းပြချင်နေသည်ဟု ပြောကြသည်။

သူမက ပထမဇနီး မဟုတ်ပေ။

ခဏအကြာတွင် နလန်ဟယ်ဖူက အပြုံးတစ်ခုနှင့်အတူ မတ်တပ်ရပ်လိုက်ပြီး ပြောသည်။

“ဒီနေ့ဧည့်ခံပွဲက မိသားစုဧည့်ခံပွဲလို့ ပြောနိုင်တယ်။ ငါက ဝင်မပါတော့ပါဘူး”

“သခင်လေးဟယ်၊ သခင်လေးဖုန်းနဲ့ တခြားလူငယ်တွေအားလုံးက ပါရမီရှင်တွေပဲ။ နလန်မိုရန်နဲ့လည်း ရင်းနှီးကြတယ်။ ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ် နေကြပါ”

ထို့နောက် နလန်ဟယ်ဖူက ဘေးတစ်နေရာသို့ ညင်သာစွာ တစ်ချက်ကြည့်သည်။

ထိုနေရာတွင် နလန်မိသားစု၏ လူငယ်တချို့ ထိုင်နေသည်။ သူတို့အားလုံးက ချောမောလှပသော လူငယ်နှင့် အမျိုးသမီးများ ဖြစ်ကြသည်။

နလန်ဟယ်ဖူ ထွက်သွားသောအခါ ခန်းဆောင်၏ လေထုက ပေါ့ပါးသွားသည်။

နလန်မိသားစု၏ လူငယ်များက မတ်တပ်ရပ်လိုက်ကြသည်။

“ညီအစ်ကိုဆယ့်သုံး၊ နေကြတ်မြို့မှာ မင်းရဲ့ကျင့်ကြံခြင်းက ဘယ်လိုရှိလဲ”

“အစ်ကိုမိုရန်၊ အတန်းဖော်တွေနဲ့ မိတ်ဆက်ပေးအုံးလေ”

နလန်မိုရန်နှင့် ဆက်ဆံရေးကောင်းသော လူငယ်တချို့နှင့် နလန်ဟွမ်ဖူ၏အကြည့်ကို နားလည်သော မိန်းကလေးတချို့က ဟယ်ရန်စွန်းနှင့် တခြားလူများဆီသို့ ချဉ်းကပ်လာခဲ့သည်။

နလန်မိုရန်က ပြုံးလိုက်ပြီး ဟယ်ရန်စွန်းကို အစ်ကိုကြီးဟု ခေါ်ဆို၍ မိတ်ဆက်ပေးလိုက်သည်။

ထိုစကားကြောင့် လူအများက တုံ့ပြန်လိုက်ကြသည်။

“အဟမ်း .... ဒေါ်လေးယွင်ဟွေ၊ သူက ဦးလေးဟယ်ကျူရဲ့ အကြီးဆုံးသားဆိုတာလား”

အသံတစ်သံကို ကြားရသည်။

ပိုးသားဝတ်စုံနှင့် လူငယ်တစ်ယောက်က ဘေးတွင်ထိုင်နေသော နလန်ယွင်ဟွေကို ကြည့်သည်။

ထိုအသံကြောင့် လူတိုင်းက ခေါင်းမော့ကြည့်လိုက်ကြသည်။ တချို့က နလန်ယွင်ဟွေကိုကြည့်ပြီး တချို့ကတော့ ဟယ်ရန်စွန်းကို ကြည့်သည်။

နလန်ယွင်‌ဟွေက မျက်မှောင်ကြုတ်သည်။

“ဟုတ်တယ်။ ဒါက ငါ့အစ်ကိုကြီးပဲ”

နလန်မိုရန်၏ ကြည်လင်‌သောအသံတွင် ဂုဏ်ယူမှုတချို့ ပါဝင်နေသည်။

တခြားလူများက ဟယ်ရန်စွန်း၏ ခွန်အားနှင့် ကြွယ်ဝမှုကို မသိနိုင်သော်လည်း သူကတော့ သိသည်။

သူ့အမြင်တွင် နလန်မိသားစုတစ်ခုလုံးကပင် အစ်ကိုကြီး၏ ကြွယ်ဝမှုနှင့် မယှဉ်နိုင်ပေ။

ထိုအရာသည် သူ၏ ခန့်မှန်းချက်သာ ဖြစ်သည်။ သူက ဘုရားမြို့သို့ မ‌ရောက်ဖူးသေးပေ။ အကယ်၍ ဘုရားမြို့သို့ ရောက်သွားပြီး ကျူကျင်းကုန်သွယ်‌ရေးအဖွဲ့၏ အလုပ်ရုံကို လေ့လာနိုင်ခဲ့လျှင် နလန်မိသားစု၏ ကြွယ်ဝမှုက အနည်းငယ်သာဖြစ်ကြောင်း နားလည်သွားလိမ့်မည်။

နလန်မိုရန်၏မျက်နှာထားကို မြင်ရသောအခါတွင် လူတချို့က ခပ်ဟဟရယ်သည်။ တချို့ကတော့ ခေါင်းခါလိုက်ကြသည်။

‘မင်းက နလန်မိသားစုရဲ့ ဆယ့်သုံးယောက်မြောက်သခင်လေးလေ။ မြို့လေးတစ်မြို့က လူတစ်ယောက်ကို ဘာဖြစ်လို့ ဒီလောက်အထိ လေးစားနေတာလဲ’

နလန်မိသားစုသည် လေဟာနယ်မြို့၏ မိသားစုကြီးတစ်ခု ဖြစ်သည်။

“ဒေါ်လေးယွင်ဟွေ သူက ....”

စကားပြောလိုက်သောလူငယ်က အပြုံးတစ်ခုကို ညှစ်ထုတ်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

“ဒီအစ်ကိုကြီးဟယ်က နလန်မိသားစုမှာ ကျင့်ကြံဖို့ အစီအစဉ်ရှိလား”

‘ဟယ်ရန်စွန်းက နလန်မိသားစုမှာ ကျင့်ကြံမှာလား’

ဟယ်ရန်စွန်း၏ ဖခင်ဖြစ်သော ဟယ်ကျူသည် နလန်မိသားစုတွင် ရှိနေသည်။

ထိုဆက်ဆံရေးသည် အနည်းငယ် ရှုပ်ထွေးပြီး ရှက်စရာကောင်းသော်လည်း ကျင့်ကြံခြင်းလောကတွင် အရေးအကြီးဆုံးအရာသည် အရင်းအမြစ်နှင့် အခွင့်အရေးသာ ဖြစ်သည်။

‘မြို့ငယ်လေးက လေဟာနယ်မြို့နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ’

‘ဟယ်မိသားစုက နလန်မိသားစုထက် နိမ့်ကျတယ်လေ’

ဟယ်ရန်စွန်းက နလန်မိသားစုတွင် ကျင့်ကြံနိုင်ရန် နလန်မိုရန်နှင့် ဆက်သွယ်ခဲ့ကြောင်း ထင်ရှားသည်။

သူ၏ လှည့်စားမှုများကြောင့် နလန်မိုရန်က အလွန်ယုံကြည်နေခြင်း ဖြစ်လိမ့်မည်။

ခန်းဆောင်၏ လေထုက အနည်းငယ် ထူးဆန်းလာသည်။

နလန်မိသားစု၏ မိန်းကလေးများက ဟယ်ရန်စွန်းကို စပ်စုလိုစိတ်တချို့ဖြင့် ကြည့်သည်။ တချို့ကတော့ ဖုန်းကျူထျန်းဘက်သို့ ရောက်သွားကြသည်။

ဟယ်ရန်စွန်း၏ မျက်နှာထားက တည်ငြိမ်နေသည်။

နလန်ယွင်ဟွေက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောသည်။

“ဒါက ငါ့အမှားပါ။ ဘုရားမြို့မှာရှိတဲ့ အစ်မကြီးဆီကို အလည်မလာဖြစ်ခဲ့ဘူး”

“ဒီတစ်ကြိမ်မှာ ဟယ်ကျူပြန်မလာနိုင်ရင်လည်း ငါက ဘုရားမြို့ကို လာနေပါ့မယ်”

ခန်းဆောင်တွင်ရှိသော လေထုက အေးခဲသွားသည်။

နလန်မိုရန်က စကားပြောချင်သော်လည်း တိတ်ဆိတ်စွာ နေလိုက်သည်။

နလန်မိသားစု၏ လူငယ်များက အံ့အားသင့်သွားကြသည်။

သို့သော် လူတချို့က ပြုံးလိုက်သည်။

“ညီမယွင်ဟွေ၊ ဘာတွေပြောနေတာလဲ။ ဘုရားမြို့က ကုန်းမြေရဲ့ မြို့လေးတစ်မြို့ပဲ။ ညီမက ဘာဖြစ်လို့ အဲဒီကိုသွားနေမှာလဲ”

အစိမ်းရောင်ဝတ်စုံနှင့် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က အံ့အားသင့်စွာ ပြောသည်။

“ဟုတ်တယ်။ ခဲအိုက ပြန်မလာနိုင်ဘူးဆိုရင်တောင် နလန်မိသားစုနဲ့ပဲ နေသင့်တယ်။ ကုန်းမြေရဲ့ မြို့လေးတစ်မြို့က အထင်ကြီးစရာမရှိဘူး”

တခြားအမျိုးသမီးတစ်ယောက်ကလည်း မျက်မှောင်ကြုတ်လျက် ပြောသည်။

All Chapters