← Chapters

အခန်း (၁၃၁၄)

Vol. 94 Ch. 1314

အခန်း (၁၃၁၄)

Vol. 94 Ch. 1314

ခန်းဆောင်ထဲတွင် လူငယ်တချို့က ခေါင်းငုံ့ထားပြီး တချို့က ‌ခေါင်းခါလိုက်သည်။

မည်သို့ပင်ဖြစ်စေ နလန်ယွင်ဟွေ၏စကားကြောင့် ဟယ်ရန်စွန်းက နလန်မိသားစုတွင် ကျင့်ကြံရန် မဖြစ်နိုင်တော့ပေ။

“ကျွန်တော်က ဒီကိုမလာခင်မှာ အမေနဲ့ တွေ့ခဲ့တယ်”

ဟယ်ရန်စွန်းက မတ်တပ်ရပ်လိုက်ပြီး နလန်ယွင်ဟွေကို ပြောသည်။

“အဖေ့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့”

ထို့နောက် ဟယ်ရန်စွန်းက လက်မြှောက်လိုက်ပြီး ရွှေသေတ္တာတစ်လုံးကို ထုတ်ယူသည်။

“အဖေက အမဲလိုက်ပွဲကနေ ပြန်မလာနိုင်ရင်တောင် ဟယ်မိသားစုကို လာနိုင်တယ်လို့ ပြောလိုက်ပါတယ်”

ဟယ်ရန်စွန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ သေတ္တာက နလန်ယွင်ဟွေ၏ရှေ့သို့ ရောက်သွားသည်။

“ဒါက ဟယ်မိသားစုရဲ့ ရတနာတချို့ပါ။ ကျွန်တော့်အမေက ဟယ်မိသားစုကိုယ်စား တင်တောင်းကြေးအနေနဲ့ ပေးလိုက်ပါတယ်”

“ပြီးတော့ အဖေ့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးဆပ်တာလည်း ဟုတ်ပါတယ်”

ဟယ်ရန်စွန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ဆက်၍ လှည့်ထွက်သွားသည်။

“အစ်ကိုကြီး”

နလန်မိုရန်က မတ်တပ်ရပ်လိုက်သည်။

ဖုန်းကျူထျန်းက ရယ်လိုက်ပြီး နလန်မိုရန်၏ပခုံးကို ပုတ်ပေးသည်။ သူကလည်း ထွက်သွားခဲ့သည်။

သူတို့နှစ်ယောက် မရှိသောကြောင့် တခြားလူများကလည်း ဆက်နေမည်မဟုတ်ပေ။

ထို့ကြောင့် ဧည့်ခံပွဲက စောစီးစွာ အဆုံးသတ်သွားသည်။

“ဟယ်မိသားစုရဲ့ လူငယ်လေးက စိတ်လိုက်မာန်ပါရှိတာပဲ”

အမျိုးသမီးတစ်ယောက်က ခေါင်းခါသည်။

“သူက ငယ်သေးတယ်လေ။ သူ့အဖေကလည်း ဒီလိုမျိုး မောက်မာခဲ့တာပဲ”

တခြားတစ်ယောက်က ရယ်လိုက်သည်။

ခန်းဆောင်ထဲတွင်ရှိသော လူတချို့ကလည်း ကျယ်လောင်စွာ ရယ်မောနေကြသည်။

နလန်ယွင်ဟွေ၏ မျက်နှာထားက တည်ငြိမ်နေပြီး ရှေ့တွင်ရှိသော သေတ္တာကို ကြည့်သည်။

“တင်တောင်းကြေးတဲ့လား။ အရေးမပါတဲ့ မိသားစုလေးတစ်ခုက တင်တောင်းကြေးအကြောင်းကို ပြောရဲတယ်လား”

“ညီမယွင်ဟွေက ခဲအိုဟယ်ကျူကို သဘောမကျခဲ့ရင် ဟယ်မိသားစုလေးက ဘယ်လိုလုပ်ပြီး နလန်မိသားစုနဲ့ ဆက်သွယ်နိုင်မှာလဲ”

“နလန်မိုရန် ဒီအမှိုက်တွေကို ပြန်ပေးလိုက်”

“သိုလှောင်ရုံထဲက အသုံးမဝင်တဲ့ပစ္စည်းတွေကို ထုတ်ယူပြီး နှစ်ဆထည့်ပေးလိုက်။ မဟုတ်ရင် ငါတို့ နလန်မိသားစုက တခြားလူတွေကို အနိုင်ကျင့်နေတယ်လို့ ထင်သွားလိမ့်မယ်”

လူတစ်ယောက်က စကားပြောလိုက်ပြီး လက်ကို ဝှေ့ယမ်း၍ သေတ္တာကို ရိုက်ချသည်။

“ခွပ်”

သစ်သားသေတ္တာက လွင့်ထွက်သွားပြီး နလန်မိုရန်၏ရှေ့သို့ ရောက်လာသည်။

သေတ္တာထဲတွင်ရှိသော ပစ္စည်းများက ကြမ်းပြင်တွင် ပြန့်ကျဲနေသည်။

လူတိုင်းက ထိုပစ္စည်းများကို ကြည့်လိုက်ကြသည်။

သိပ်မများပေ။

ပစ္စည်းသုံးခုသာ ရှိသည်။

အစိမ်းရောင်လက်ကောက် ....

ရွှေရောင်ချပ်ဝတ် ....

မူလဒင်္ဂါးကတ်ပြား ....

“တကယ်ကို မိသားစုလေးတစ်ခုပဲ”

လူတစ်ယောက်က ခပ်ဟဟရယ်သည်။ လက်ကောက်သည် သာမန်ပစ္စည်းတစ်ခုနှင့် ဆင်တူသည်။

ချပ်ဝတ်ကတော့ အစစ်အမှန် ဖြစ်သည်။

သို့သော် ထိုချပ်ဝတ်က အဆင့်နိမ့်လိမ့်မည်။

‘အဆင့်ငါးလား။ ဒါမှမဟုတ် အဆင့်ခြောက်လား’

ဟယ်ကျူ၏စကားအရ ဟယ်မိသားစုသည် အဆင့်ငါးမိသားစုသာ ဖြစ်သည်။

နလန်မိသားစုသည် သူတော်စင်အဆင့် ဖြစ်သည်။ ထို့အပြင် သာမန်သူတော်စင်အဆင့် မိသားစု မဟုတ်ပေ။ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများလည်း ရှိနေသည်။

ကွာခြားချက်က အလွန်ကြီးမားသည်။

မူလဒင်္ဂါးများက ပို၍ သာမန်ဆန်သည်။

လေဟာနယ်မြို့ကြီးများက မူလဒင်္ဂါးကို သိပ်ဂရုမစိုက်ကြပေ။

“မိုရန်၊ ပစ္စည်းတွေ ငါ့ကိုပေး”

နလန်ယွင်ဟွေက ဘေးတွင်ရှိသော အမျိုးသမီးကျင့်ကြံသူကို ကြည့်လိုက်ပြီး ပြောသည်။

“အစ်မကြီးက တခြားလူတွေရဲ့ကိစ္စကို ဘာဖြစ်လို့ ဝင်ပါနေတာလဲ”

နလန်မိုရန်က ထိုင်ချလိုက်ပြီး ပစ္စည်းများကို သေတ္တာထဲသို့ ထည့်သည်။ ထို့နောက် နလန်ယွင်ဟွေဆီသို့ ပြန်ပေးလိုက်သည်။

နလန်ယွင်ဟွေက ကျောက်စိမ်းလက်ကောက်ကို ထုတ်ယူပြီး ဝတ်လိုက်သည်။

“ဟယ်မိသားစုက မိသားစုလေးတစ်ခုပဲလို့ ဟယ်ကျူက ပြောခဲ့တယ်။ ကျွန်မက သူနဲ့ လက်ထပ်ထားတာဆိုတော့ ဓလေ့ထုံးစံတွေကို လိုက်နာရမှာပေါ့”

“သူတို့က လက်ဆောင်ပေးလိုက်တယ်ဆိုတော့ ကျွန်မကို လက်ခံလိုက်တာပဲ”

သူမက ပြုံးလိုက်ပြီး နလန်မိုရန်ကို ကြည့်သည်။

“မိုရန်၊ မင်းအဖေရဲ့ မျိုးရိုးနာမည်ကိုယူပြီး အမေနဲ့အတူ ဘုရားမြို့ကို သွားမလား”

မျိုးရိုးနာမည်ကို ပြောင်းလဲမည်။

နလန်မိုရန်က ကြောင်အနေသည်။

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းကလည်း ကြောင်အသွားခဲ့သည်။

“ယွင်ဟွေ၊ နင်က ရူးနေတာလား”

“ယွင်ဟွေ၊ ခေါင်းဆောင်က နင့်ကို အပြစ်ပေးလိမ့်မယ်”

လူအများအပြား၏ မျက်နှာထားက ပြောင်းလဲသွားပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

နလန်ယွင်ဟွေက ဂရုမစိုက်ပေ။ သူမက ချပ်ဝတ်သံမဏိပြားကို ကောက်ယူပြီး ခပ်ဟဟရယ်သည်။

“ဟယ်မိသားစုက ချပ်ဝတ်သခင် မိသားစုပဲ။ ကျွန်မကလည်း ချပ်ဝတ်သခင်ပဲ။ သူတို့က စိတ်ရင်းနဲ့ လက်ဆောင်ပေးခဲ့တယ်။ ဒီချပ်ဝတ်က အဆင့်လေး၊ အဆင့်ငါး ဖြစ်နေရင်တောင် ....”

သူမက ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သော ချပ်ဝတ်က အဆုံးမရှိသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။

“နတ်ဘုရားအဆင့်ချပ်ဝတ်လား”

“ဒါက နတ်ဘုရားအဆင့်ပဲ”

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက မတ်တပ်ရပ်လိုက်ကြသည်။

သူတို့အားလုံးက နတ်ဘုရားအဆင့်ချပ်ဝတ်၏ တန်ဖိုးကို နားလည်ကြသည်။

နလန်မိသားစု၏ ကြွယ်ဝမှု ဆယ်ပုံတစ်ပုံနှင့် ညီမျှသည်။

‘ဟယ်မိသားစုက နတ်ဘုရားအဆင့်ချပ်ဝတ်ကို ဘယ်လိုလုပ်ပြီး လက်ဆောင်ပေးနိုင်တာလဲ’

‘လေဟာနယ်မြို့ကြီးတွေရဲ့ မင်္ဂလာပွဲ ဖြစ်နေရင်တောင် ဒီလိုရတနာမျိုးကို လက်ဖွဲ့အနေနဲ့ မပေးကြဘူးလေ’

“နတ်ဘုရားအဆင့် ....”

နလန်ယွင်ဟွေက ရေရွတ်သည်။

ထိုချပ်ဝတ်က နတ်ဘုရားအဆင့် ဖြစ်သော်လည်း အဆင့်နိမ့်ကျင့်ကြံသူများက ထိန်းချုပ်နိုင်သည်။

သူမက အဆင့်ရှစ်ချပ်ဝတ်သခင်သာ ဖြစ်သည်။

ထိုချပ်ဝတ်မျိုး၏ တန်ဖိုးသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။

သူမက မူလဒင်္ဂါးကတ်ပြားကို ကြည့်လိုက်ပြီး ညင်သာစွာ အသက်သွင်းသည်။

ဟယ်မိသားစုက တင်တောင်းကြေးအနေဖြင့် မည်မျှ ပေးလိုက်သနည်း။

မူလဒင်္ဂါးကတ်ပြားက ချီစွမ်းအင်ဖြင့် တောက်ပလာပြီး ကိန်းဂဏန်းများကို ဖော်ပြသည်။

နလန်ယွင်ဟွေ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး ငေးမောနေခဲ့သည်။

“ဒါက ....”

“ဘုရားရေ ....”

“အမြင်မှားနေတာတော့ မဟုတ်ဘူးမလား”

ခန်းဆောင်ထဲတွင် ဆူညံသံများဖြင့် ပြည့်နှက်သွားသည်။

မူလဒင်္ဂါးများသည် မထူးခြားပေ။

မြို့ကြီးများတွင်ရှိသော မိသားစုများ၏အမြင်တွင် မူလဒင်္ဂါးက သာမန်အဆန်ဆုံးအရာ ဖြစ်သည်။

သို့သော် သာမန်ဆန်သော ပစ္စည်းများက အတိုင်းအတာတစ်ခုသို့ ရောက်လာသောအခါတွင် ထူးခြားသွားသည်။

ခန်းဆောင်ထဲတွင် နလန်ယွင်ဟွေ၏ လက်ချောင်းများက တုန်ခါနေပြီး ကတ်ပြားတွင်ပေါ်နေသော နံပတ်များကို ပယ်ဖျက်လိုက်သည်။ သူမက အသက်ရှူသွင်းပြီး နလန်မိုရန်ကို ကြည့်သည်။

“မိုရန်၊ ဒီလောက်များတဲ့ ပိုက်ဆံတွေကို တစ်ခါမှ မမြင်ဖူးဘူးမဟုတ်လား”

သူမ၏အသံက အလွန်ကျယ်လောင်သည်။ နလန်မိုရန်ကိုသာ ပြောနေခြင်း မဟုတ်ပေ။

လူတိုင်းကြားနိုင်အောင် ပြောခဲ့သည်။

သူတို့က ထိုသို့ များပြားသော ငွေကြေးကို မမြင်ဖူးပေ။

နလန်မိသားစုသည် ထိုမျှ မချမ်းသာပေ။

မူလဒင်္ဂါး သန်းရှစ်သောင်းရှစ်ထောင် ဖြစ်သည်။

သူတို့က ထိုနံပတ်များကို အကြိမ်ပေါင်းများစွာ အတည်ပြုခဲ့သည်။

မိသားစုလေးတစ်ခုဖြစ်သော ဟယ်မိသားစုသည် ထိုသို့ များပြားသောပမာဏကို ထုတ်ပေးနိုင်သည်။

“အမေ၊ အခု ဟယ်မိသားစုကိုသွားပြီး ဘိုးဘေးတွေကို အရိုအသေပေးလိုက်ရင် ကျွန်တော်လည်း လက်ဆောင်ရမယ်ထင်လား”

နလန်မိုရန်၏ မျက်လုံးများက တောက်ပနေပြီး တီးတိုးပြောသည်။

“ဒီလောက်များတဲ့ ကြွယ်ဝမှုနဲ့ဆိုရင် မျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်တော့မယ်”

ခန်းဆောင်ထဲတွင် အထင်သေးနေခဲ့သော လူငယ်များက နလန်မိုရန်ကို အားကျစွာ ကြည့်လိုက်ကြသည်။

ပါရမီရှင်တစ်ယောက်ကို နတ်ဘုရားအဆင့်အထိ ပျိုးထောင်ပေးရန် အရာအားလုံး အဆင်ပြေနေလျှင် အနည်းဆုံး မူလဒင်္ဂါး သန်းတစ်ရာကို လိုအပ်သည်။

ပုံမှန်အခြေအနေတွင် နတ်ဘုရားအဆင့်သို့ရောက်ရန် သန်းတစ်ထောင်၊ နှစ်ထောင်ခန့် လိုအပ်သည်။

မည်သို့ပင်ဖြစ်စေ မူလဒင်္ဂါးသန်းငါးရာ ရှိနေလျှင် နတ်ဘုရားအဆင့်သို့ ရောက်ရန် အာမခံချက်ရှိသည်။

မူလဒင်္ဂါးသန်းငါးရာကို အထင်မသေးသင့်ပေ။

မိသားစုကြီးများက ကြွယ်ဝသော်လည်း လူတိုင်းကို ထောက်ပံ့ပေးနေရသည်။

ဥပမာအနေဖြင့် နလန်မိသားစုသည် သန်းထောင်ချီ၍ ချမ်းသာသည်။

သို့သော် မိသားစု၏ ကျွမ်းကျင်သူများနှင့် မျိုးဆက်သစ်များကို ထောက်ပံ့ပေးရသည်။ ထို့အပြင် အဆက်အသွယ်များအတွက်လည်း အသုံးပြုရသည်။ အရေးပေါ်အခြေအနေအတွက် စုဆောင်းမှုကိုလည်း ဆောင်ရွက်ရသည်။ ထို့ကြောင့် ကုန်ကျစရိတ်လည်း များပြားသည်။ လူတစ်ယောက်တည်းကို အားစိုက်ပြီး ပျိုးထောင်ပေးရန် ခက်ခဲသည်။

မိသားစုကြီးများက ကြွယ်ဝပုံသော်လည်း ငွေကြေးအနည်းငယ်ကိုသာ သုံးစွဲနိုင်ကြသည်။

ယခု သန်းသောင်းချီသော မူလဒင်္ဂါးများကို မြင်လိုက်ရသည်။ ယုံမင်မြို့ကပင် ထိုပမာဏကို လွယ်ကူစွာ ထုတ်သုံးမည်မဟုတ်ပေ။

နလန်မိုရန်က ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။

“မူယန်လေဟာနယ်ကိုသွားဖို့ အစ်ကိုကြီးနဲ့ စကားပြောလိုက်အုံးမယ်”

ခန်းဆောင်ထဲတွင် နလန်ယွင်ဟွေက သေတ္တာကို သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ လူတိုင်းက သူမကို ပြုံးပြလိုက်သည်။

အလိုလျောက် ပြုံးမိခြင်း ဖြစ်သည်။

မတတ်နိုင်ပေ။

သန်းကြွယ်သူဌေးတစ်ယောက်ကို မည်သူက ရိုင်းစိုင်းစွာ ဆက်ဆံမည်နည်း။

နလန်ယွင်ဟွေ၏ မျက်နှာထားက တည်ငြိမ်နေသည်။

မည်သို့ပင်ဖြစ်စေ သူမက ဘုရားမြို့သို့သွားရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် တခြားကိစ္စများကို ဂရုစိုက်နေရန် မလိုအပ်ပေ။

ခန်းဆောင်ထဲတွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ညီမယွင်ဟွေက တကယ်ကံကောင်းတာပဲ ....”

လူတစ်ယောက်က တီးတိုးပြောသည်။

....

နောက်တစ်နေ့တွင် နလန်မိသားစု၏ ကျွမ်းကျင်သူများက လေဟာနယ်အမဲလိုက်ပွဲသို့ တိတ်ဆိတ်စွာ ထွက်သွားကြသည်။

ဟန်မူယဲ့တို့အပြင် နလန်မိသားစု၏ခေါင်းဆောင် နလန်ရှုနှင့် တခြားကျွမ်းကျင်သူများလည်း ပါလာကြသည်။

ယခင်က နလန်မိသားစုသည် အစစ်အမှန်ကျွမ်းကျင်သူများကို အမဲလိုက်ပွဲသို့ စေလွှတ်လေ့မရှိပေ။

ဤတစ်ကြိမ်တွင် ဟယ်ကျူတို့ကို စေလွှတ်ပြီးသားဖြစ်သော်လည်း နလန်မိသားစု၏ ကျွမ်းကျင်သူအားလုံးနီးပါးက ထပ်မံပေါ်ထွက်လာကြသည်။

နလန်ရှု၏အမြင်တွင် ဆရာဟန်၊ ဖုန်းကျူထျန်းနှင့် တခြားကျွမ်းကျင်သူများ ရှိနေသောကြောင့် ဤတစ်ကြိမ်သည် နလန်မိသားစု၏ သမိုင်းတစ်လျှောက်တွင် အသန်မာဆုံးအင်အားစု ဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံးအခွင့်အရေးကိုလည်း ဆုပ်ကိုင်နိုင်လိမ့်မည်။

ဤအခွင့်အရေးကို လွတ်သွားလျှင် နောက်တစ်ကြိမ်အတွက် မသေချာတော့ပေ။

သူက ထွက်မလာခင် အရာအားလုံးကို စီစဉ်ထားခဲ့သည်။

သင်္ဘောပျံက လေဟာနယ်တွင် ပျံသန်းနေခဲ့သည်။

နှစ်ရက်အကြာတွင် သူတို့က မရေမတွက်နိုင်သော လွင့်မျောနေသည့် ကျောက်တုံးများနှင့် တောက်ပ‌သောပတ်ဝန်းကျင်ကို မြင်လိုက်ရသည်။

All Chapters