← Chapters

အခန်း (၁၃၁၆)

Vol. 94 Ch. 1316

အခန်း (၁၃၁၆)

Vol. 94 Ch. 1316

“ဒီလိုလုပ်ဖို့ မလိုပါဘူး”

ဟန်မူယဲ့က လက်မြှောက်ပြီး ဝှေ့ယမ်းသည်။ ဟယ်သားအဖများက မတ်တပ်ရပ်လိုက်ကြသည်။

သူက ရှေ့တွင်ရှိသော လေဟာနယ်ကို ကြည်လိုက်ပြီး ပြောသည်။

“ဒါက မူယန်လေဟာနယ်လား”

ဟယ်ကျူက တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းညိတ်သည်။

“ကျွန်တော်တို့က သားရဲတွေကို အမဲလိုက်နေခဲ့တာပါ။ စွန်းမိသားစုနဲ့ ရင်ဆိုင်ရမယ်လို့ ထင်မထားခဲ့ဘူး”

ထို့နောက် သူက နလန်ရှုကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဒါပေမဲ့ ကျွန်တော်တို့က နတ်ဘုရားသားရဲရဲ့ အရိပ်အယောင်ကို ရှာတွေ့ခဲ့တယ်”

နတ်ဘုရားသားရဲ ....

နလန်ရှုက ပျော်ရွှင်သွားသည်။

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာသည်။

သူက နတ်ဘုရားသားရဲကို ရှာချင်သောကြောင့် ဤနေရာသို့ ရောက်လာခဲ့သည်။

သူတို့က စောင့်မနေဘဲ သင်္ဘောပျံနှင့် ခရီးနှင်လာကြသည်။

လမ်းတစ်လျှောက်တွင် သန်မာသောသားရဲများနှင့် ရင်ဆိုင်ရလျှင် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဤတစ်ကြိမ်တွင် နလန်မိသားစုက အစွမ်းကုန်ထုတ်သုံးထားသောကြောင့် သားရဲများနှင့် ရင်ဆိုင်ရာတွင် အခက်အခဲမရှိခဲ့ပေ။ ထို့အပြင် ဟန်မူယဲ့တို့လည်း ရှိနေသေးသည်။

ဟန်မူယဲ့နှင့် တခြားလူများက များသောအားဖြင့် မတိုက်ခိုက်ကြပေ။ သူတော်စင်အဆင့်နှင့် အဆင့်ကိုးကျွမ်းကျင်သူများကသာ သင်္ဘောထဲမှ မကြာခဏ ထွက်သွားလေ့ရှိသည်။

“ဒါက နတ်ဘုရားသားရဲ ချန်ထားခဲ့တဲ့ ပုံရိပ်ပဲ”

“ကျွန်တော်တို့က ပုံရိပ်ဖမ်းအစီအရင်ကို လေဟာနယ်ကျောက်တုံးတွေပေါ်မှာ တည်ဆောက်ထားတယ်”

ကုန်းပတ်တွင်ရှိသော ဟယ်ကျူက ပုံရိပ်တစ်ခုကို ထုတ်ပြသည်။

ဟန်မူယဲ့က စစ်ဆေးကြည့်လိုက်သည်။

ချိုတစ်ချောင်းသိုးတစ်ကောင်ကို မြင်ရသည်။

“ဒါက ကောင်းကင်ထမ်းဟိုသားရဲလား”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

‘ဒီမှာ နတ်ဘုရားသားရဲတွေ တကယ်ပဲ ရှိနေတာလား’

‘ဒါမှမဟုတ် တစ်ခုခုက နတ်ဘုရားသားရဲတွေကို ဆွဲဆောင်ခဲ့တာလား’

“ဘုန်း”

ရှေ့တွင် ပေါက်ကွဲသံကို ကြားရသည်။

“တစ်ယောက်ယောက်က တိုက်ခိုက်နေတာပဲ”

“နတ်ဘုရားသားရဲ”

နလန်ရှုက တီးတိုးပြောလိုက်ပြီး လက်မြှောက်သည်။ အလင်းလွှာတစ်ခုသည် သင်္ဘောကုန်းပတ်တွင် ပေါ်လာသည်။

ထိုအလင်းလွှာမှတစ်ဆင့် ဒါဇင်ချီသော ရုပ်သေးရုပ်များနှင့် တိုက်ခိုက်နေသော နတ်ဘုရားသားရဲတစ်ကောင်ကို မြင်ရသည်။

ခြေလေးဖက်တွင် မီးတောက်များဖြင့် လွှမ်းခြုံနေပြီး ဦးခေါင်းတွင် တောက်ပသောချိုတစ်ချောင်းကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ထမ်းဟိုသားရဲ ဖြစ်သည်။

ထိုသားရဲသည် အလွန်ကြီးမားပြီး တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ရုပ်သေးရုပ်များကို လွင့်ထွက်သွားစေသည်။

ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူတစ်ယောက် မဟုတ်လျှင် ထိုသားရဲကို တားဆီးနိုင်မည်မဟုတ်ပေ။

“သူတို့က ယုံဟွေမြို့ကပဲ”

နလန်ရှုက ညင်သာစွာ ရေရွတ်သည်။ ဓားမော့တစ်ချောင်းသည် သူ့လက်ထဲတွင် ပေါ်လာသည်။

ရွှေအလင်းများနှင့် သွယ်ယှက်နေသော ချပ်ဝတ်သည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။

ယုံမင်မြို့၊ ယုံဟွေမြို့၊ ကျီရယ်မြို့နှင့် ရှင်းရယ်မြို့တို့သည် တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးရန် မဟာမိတ်ဖွဲ့ထားကြသည်။ သို့သော် ကိုယ်ပိုင်အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ရမည်။

လေဟာနယ်အမဲလိုက်ပွဲတွင် မြို့လေးမြို့က ပူးပေါင်းထားသော်လည်း ယှဉ်ပြိုင်မှုတချို့ ရှိနေသည်။

သို့သော် ထိုဖြစ်ရပ်သည် မိသားစုငယ်များနှင့် မသက်ဆိုင်ပေ။

သူတို့အတွက် အမဲလိုက်ပွဲတွင် ရှင်သန်နိုင်လျှင် အောင်မြင်မှုကြီးတစ်ခု ဖြစ်သည်။

“ဘုန်း”

ကောင်းကင်ထမ်းဟိုသားရဲက ဦးချိုဖြင့် လေဟာနယ်ကို ထိုးခွဲသည်။ ကျင့်ကြံသူ အများအပြားက လေဟာနယ်အက်ကွဲကြောင်းထဲသို့ ရောက်သွားကြသည်။ သူတို့၏ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များက ဆက်တိုက် ပျက်စီးနေသည်။

“ဆင်းမယ်”

နလန်ရှုက အော်ဟစ်သည်။ သူ့ချပ်ဝတ်၏ ရွှေအလင်းက ဓားမော့နှင့် ပေါင်းစပ်သွားသည်။

ဓားမော့သည် ဖျတ်ခနဲလှုပ်ရှားသွားပြီး အလင်းလွှာတစ်ခုကို ဖန်တီး၍ အက်ကွဲကြောင်းကို ဖုံးအုပ်သည်။

ဓားမော့အလင်းကြောင့် အက်ကွဲကြောင်းထဲသို့ ပြုတ်ကျသွားသော ကျင့်ကြံသူများက ပြန်ထွက်လာနိုင်ခဲ့သည်။

“ယုံမင်မြို့ရဲ့ မိတ်ဆွေတွေလား”

“ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ”

စကားသံများကို ကြားရသည်။

သို့သော် လူအများအပြားက စိုးရိမ်သော မျက်နှာထားဖြင့် ရှိနေသည်။

လေဟာနယ်အမဲလိုက်ပွဲတွင် အမှန်တကယ် ကြင်နာမည့်လူ အများအပြား မရှိ‌ပေ။

နလန်ရှုက သူတို့ကို အာရုံမစိုက်ဘဲ လက်ကို ဝှေ့ယမ်းပြီး ဓားမော့ကို ဆုပ်ကိုင်သည်။ ထို့နောက် နတ်ဘုရားသားရဲကို ကြည့်လိုက်သည်။

ထိုနတ်ဘုရားသားရဲ၏ ခွန်အားကို သူက မခုခံနိုင်ပေ။

သို့သော် သူက နောက်ခံရှိသောကြောင့် လှုပ်ရှားရဲသည်။

ဆရာဟန်နှင့် တခြားလူများက နတ်ဘုရားသားရဲကို အနိုင်မရလျှင်ပင် တားဆီးနိုင်လိမ့်မည်။

ဤနေရာတွင် တိုက်ပွဲပြင်းထန်နေလျှင် တခြားကျွမ်းကျင်သူများလည်း ရောက်လာကြလိမ့်မည်။

ထိုအချိန်တွင် နလန်မိသားစုက နတ်ဘုရားသားရဲကို တားဆီးထားသောကြောင့် အကျိုးအမြတ် ရလိမ့်မည်။

နလန်ရှု၏အမြင်တွင် သူက နတ်ဘုရားသားရဲကို အသက်စွန့်၍ တိုက်ခိုက်နေရန် မလိုအပ်ပေ။ အချိန်ဆွဲထားရုံသာ ဖြစ်သည်။

“သတ်”

သူက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ပျံထွက်လာသည်။ သူ့ချပ်ဝတ်တွင်ရှိသော ရွှေအလင်းက ပေထောင်ချီမြင့်မားသော စစ်သူကြီးပုံရိပ်ကို ဖန်တီးသည်။

နလန်မိသားစု၏ ကျွမ်းကျင်သူများသည် သူ့နောက်တွင် ပါလာကြသည်။

နလန်ရှု၏ ဓားမော့အလင်းက ထပ်မံပေါ်ထွက်လာပြီး ကောင်းကင်ထမ်းဟိုသားရဲ၏ ဦးခေါင်းကို ခုတ်ချသည်။

နတ်ဘုရားသားရဲ၏ ဦးချိုက တုန်ခါနေပြီး ‌ရွှေအလင်းလွှာများကို ထုတ်လွှတ်၍ ဓားမော့အလင်းကို တားဆီးသည်။

“ဒါက မူလကမ္ဘာခေတ်ရဲ့ နတ်ဘုရားသားရဲ မဟုတ်ဘူး။ တခြားကမ္ဘာကနေ ဖမ်းလာပြီး လေဟာနယ်မှာ မွေးလာတာ ဖြစ်လိမ့်မယ်”

ဟန်မူယဲ့က ရွှေရောင်ငှက်၏အသံကို ကြားလိုက်ရသည်။

မဟာနေမင်းရွှေကျီးကန်းက အလွန်ရှည်လျားသော သက်တမ်းနှင့် မူလကမ္ဘာခေတ်၏ နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သောကြောင့် ဗဟုသုတကြွယ်ဝသည်။

“လေဟာနယ်က အရမ်းကျယ်ပြန့်တယ်။ နတ်ဘုရားသားရဲ တစ်ကောင်ထက်ပိုပြီး ရှိနေလိမ့်မယ်”

“ရိုးရိုးသားသားပြောရရင် သူတို့က နတ်ဘုရားသားရဲဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူး”

“သူတို့က တခြားသားရဲတွေထက် ပိုသန်မာနေတာပဲ ရှိတယ်။ ကမ္ဘာဦးအဆင့်ထက် နည်းနည်းလောက်ပဲ ပိုသာတယ်”

ခေးအော့က အထင်သေးစွာ ပြောသည်။

သူက အမြဲ မာနကြီးခဲ့သည်။

“မင်းက အဲဒီကောင်းကင်ထမ်းဟိုကို အနိုင်ယူနိုင်လို့လား”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ပြောသည်။

“ကောင်းကင်ထမ်းဟိုမှာ ဦးချိုကို အသုံးပြုပြီး တိုက်ခိုက်နိုင်တဲ့ တခြားပုံစံတစ်ခု ရှိသေးတယ်”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ထိုသားရဲကို ပိုမိုနားလည်သည်။

ဟန်မူယဲ့က ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နေသော ကောင်းကင်ထမ်းဟိုကို ကြည့်လိုက်ပြီး တိတ်ဆိတ်နေသည်။

သူက ထိုသားရဲမျိုးကို ချပ်ဝတ်အပိုင်းအစ၏ မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသည်။

ထိုသားရဲများကို တခြားစကြဝဠာမှ ခေါ်လာခဲ့ကြသည်။ သူတို့က အလွန်အမင်း မသန်မာသောကြောင့် စီးတော်သားရဲအဖြစ် အသုံးပြုရန် သင့်တော်သည်။

နောက်ပိုင်းတွင် ထိုသားရဲများက ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲပြီး လေဟာနယ်စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည်။ သူတို့၏ ဦးချိုက လေဟာနယ်ကို ချိုးဖောက်နိုင်သည်။

အရွယ်ရောက်နေသော ကောင်းကင်ထမ်းဟိုသားရဲများသည် လေဟာနယ်ထဲသို့ ထွက်ပြေးလာပြီး အားကောင်းသောသက်ရှိများ ဖြစ်လာခဲ့သည်။

လေဟာနယ်တွင်ရှိသော သားရဲအများစုသည် လေဟာနယ်စွမ်းအားကို ထိန်းချုပ်နိုင်ကြသည်။ ထိုသို့ဖြင့် ကောင်းကင်ထမ်းဟိုများက တိုးတက်လာခဲ့ကြသည်။

“ဝှစ် ....”

နလန်ရှုက ဓားမော့ဖြင့် နောက်တစ်ကြိမ် ခုတ်ချလိုက်သောအခါ ကောင်းကင်ထမ်းဟိုက အလေးအနက်ထားလိုက်သည်။ ဦး‌ခေါင်းတွင်ရှိသော ဦးချိုက ရှည်လျားလာပြီး ခန္ဓာကိုယ်က လူဝံတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားသည်။

ထိုအရာသည် ကောင်းကင်ထမ်းဟိုသားရဲ၏ တိုက်ခိုက်ရေးပုံစံ ဖြစ်သည်။ မီးတောက်များဖြင့် ရစ်ပတ်ထားသော ခြေလေးဖက်ပုံစံသည် စီးတော်သားရဲပုံစံ ဖြစ်သည်။

ထိုပုံစံနှစ်မျိုးကြောင့် သူတို့က ထိန်းချုပ်ခံခဲ့ရသည်။

“ဘုန်း”

ကောင်းကင်ထမ်းဟို၏ ဦးချိုက ဓားမော့ကို ရိုက်ထုတ်လိုက်သည်။

နလန်ရှု၏ မျက်နှာက ဖြူဖျော့နေပြီး နောက်ဆုတ်သွားသည်။ သူ့ချပ်ဝတ်မှတစ်ဆင့် ဖြစ်ပေါ်လာသော စစ်သူကြီးပုံရိပ်က ယိမ်းယိုင်နေသည်။

“ဝီ”

ကောင်းကင်ထမ်းဟိုက တုံ့ဆိုင်းမနေဘဲ ဦးချိုဖြင့် ထိုးချသည်။

“ကြမ်းတမ်းလိုက်တဲ့သားရဲပဲ”

ဟယ်ကျူက ရေရွတ်လိုက်ပြီး ပျံထွက်လာသည်။

သူက အဆင့်ရှစ် အထွတ်အထိပ်သာ ဖြစ်သည်။ သိပ်မသန်မာပေ။

သို့သော် နလန်မိသားစု၏ မျိုးဆက်သစ်များထဲတွင် အသန်မာဆုံးလူတစ်ယောက် ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူက တခြားလူများကို ဦးဆောင်ပြီး အမဲလိုက်ရန် ထွက်လာခဲ့သည်။ သူပျံသန်းသွားသောအခါ နလန်မိသားစု၏ တပည့်များကလည်း ပျံထွက်လာကြသည်။

သူတို့က ဝင်္ကပါကို ဖွဲ့စည်းပြီး လှံတစ်ချောင်းကို ထုတ်ဖော်သည်။

ထိုလှံက သာမန် သူတော်စင်အဆင့်ထက် ပိုသန်မာသည်။

လှံရှည်သည် ကောင်းကင်ထမ်းဟို၏ လည်ပင်းဆီသို့ ပြေးဝင်သွားသည်။

သူက နလန်ရှုကို ကယ်တင်ရန် မကြိုးစားဘဲ နတ်ဘုရားသားရဲကို တိုက်ခိုက်ခဲ့သည်။

ဟယ်ကျူက အမှန်တကယ် ပြတ်သားသည်။

“မင်းအဖေက ပြတ်သားတဲ့လူတစ်ယောက်ပဲ”

ဖုန်းကျူထျန်းက ဟယ်ကျူကို ကြည့်လိုက်ပြီး ရယ်မောလျက် ပြောသည်။

သာမန်လူတစ်ယောက်ဆိုလျှင် နလန်ရှုကို အဆင်အခြင်မဲ့စွာ ကယ်တင်ရန် ကြိုးစားလိမ့်မည်။ သို့သော် ဟယ်ကျူကတော့ နတ်ဘုရားသားရဲကို တိုက်ခိုက်ခဲ့သည်။

ထိုသို့ လုပ်လိုက်လျှင် နလန်ရှုကို ကယ်တင်နိုင်မည်ဖြစ်သော်လည်း နတ်ဘုရားသားရဲက ဒေါသထွက်သွားလိမ့်မည်။

သို့သော် ဟယ်ကျူက ထိုသို့ လုပ်ရဲသည်။

သူက ကိုယ်ပိုင်စည်းမျဉ်းကို လိုက်နာပြီး တာဝန်ယူတတ်သော လူတစ်ယောက် ဖြစ်သည်။

သူက အဆင့်ငါးကျင့်ကြံခြင်းနှင့် နလန်မိသားစု၏ နလန်ယွင်ဟွေကို ဆွဲဆောင်နိုင်ခဲ့သောကြောင့် အံ့အားသင့်နေရန် မလိုတော့ပေ။

“ဘုန်း”

ကောင်းကင်ထမ်းဟိုက ဦးချိုတိုက်ခိုက်မှုကို လမ်းကြောင်းပြောင်းပြီး တိုးဝင်လာသော လှံရှည်ကို ခုခံလိုက်သည်။

လှံရှည်က တစ်ခါတည်း ပျောက်ကွယ်သွားသည်။

ဟယ်ကျူတို့က နောက်ဆုတ်ပေးလိုက်ရသည်။

ကောင်းကင်ထမ်းဟိုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

အဆင့်ရှစ်ကျင့်ကြံသူတစ်ယောက်က သူ့ကို တိုက်ခိုက်ရဲသည်။

‘ဒါက နတ်ဘုရားသားရဲကို အထင်သေးနေတာလား’

နတ်ဘုရားသားရဲများတွင်လည်း ဂုဏ်သိက္ခာ ရှိသည်။

“ဂါး ....”

ကောင်းကင်ထမ်းဟိုက ဟိန်းဟောက်လိုက်ပြီး ဦးချိုဖြင့် ဟယ်ကျူကို တိုက်ခိုက်သည်။

သင်္ဘောပျံ၏ ကုန်းပတ်တွင်ရှိသော နလန်မိုရန်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူ့ဘေးတွင်ရှိနေ‌သော ဟယ်ရန်စွန်းက ပြေးထွက်လာသည်။ သူက ချပ်ဝတ်ကို တစ်ခါတည်း အသက်သွင်းခဲ့သည်။

ရွှေရောင်စစ်သူကြီးပုံရိပ်သည် သူ့နောက်တွင် ပေါ်ထွက်လာသည်။

ဓားမော့နှစ်လက်သည် သူ့လက်ထဲတွင် ရှိနေသည်။

ရုပ်သေးရုပ်က ပြေးထွက်လာပြီး သူ့ထက်အရင် ကောင်းကင်ထမ်းဟို၏ ဦးချိုနှင့် ရင်ဆိုင်လိုက်သည်။

“ရွှပ်”

ရုပ်သေးရုပ်၏ ဓားမော့နှစ်လက်က ဦးချိုတစ်လျှောက် ပြေးဆင်းသွားပြီး ကောင်းကင်ထမ်းဟို၏ ဦးခေါင်းကို ခုတ်ချသည်။

All Chapters