← Chapters

သိပ် အထင်ကြီးဖို့ ကောင်းလွန်းတယ်

Vol. 72 Ch. 1076

သိပ် အထင်ကြီးဖို့ ကောင်းလွန်းတယ်

Vol. 72 Ch. 1076

၎င်းကို ကြားတော့ ကောင်မလေး၏ မိခင်သည် အံ့အားသင့်သွားခဲ့တော့သည်။

" ဒါပေမယ့် အဲ့ကောင်လေး ပြောတာကျတော့ ကျွန်မ သမီးရဲ့ အခြေအနေက အရမ်း ပြင်းထန်ပြီးတော့ ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုအပ်တယ်ဆို... မဟုတ်ရင် တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားနိုင်တယ်တဲ့... ပြီးတော့ ကျွန်မ သမီးရဲ့ လက်ရှိ အခြေအနေနဲ့ ဆေးကုသမှု ခံယူဖို့က အဆင်ပြေနေတယ် မဟုတ်ဘူးလား..."

ထောင်လျို၏ အမူအရာသည် အနည်းငယ် သဘာ၀ မကျ ဖြစ်သွားခဲ့တော့သည်။

သူသည်လည်း လင်းရီပြောသည်ကို သဘောတူသည်။

ကြွက်သားမျှင်များသာ မက သွေးကြောမျှင်များနှင့် နာ့ဗ်ကြောမျှင်များလည်း ထိခိုက်သွားခဲ့ပြီး အကယ်၍ အချိန်တိုအတွင်း ထိရောက်စွာ မကုသဘူးဆိုပါက အနာဂတ်တွင် ပို၍ ရှုပ်ထွေးသွားနိုင်သည်။

" အစ်မကြီး... အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ... "ထောင်လျို သူမကို နှစ်သိမ့်ပေးလိုက်ပြီး " အစ်မကြီးရဲ့ ၀တ်ပုံ စားပုံကို ကြည့်ရသလောက်တော့ တော်တော်လေး ချမ်းသာမယ့်ထဲ ပါတယ်... အစ်မက ထန်းချိန် အိမ်ယာမှာ နေထိုင်တဲ့ သူ ဖြစ် လောက်တယ်... တကယ်လို့ အစ်မကြီး မိသားစုသာ ဆေးရုံမှာ အဆက်အသွယ် တစ်ချို့ ရှိတယ်ဆိုရင် သူတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစား ကြည့်တာ အကောင်းဆုံးပဲ.. ကျွန်တော်တို့ ဒီမှာ ပစ္စည်း ကိရိယာ အစုံအလင် ရှိတယ်... ဒီလိုမျိုး ခွဲစိတ်မှုကို ကျွန်တော်တို့ ဆေးရုံမှာ ပြုလုပ်ဖို့ လုံး၀ ပြဿနာ မရှိဘူး... ဒါပေမယ့် ခက်တာက ကျွန်တော်တို့မှာက အရည်အချင်း မရှိဘူး ဖြစ်နေတာ... ကျွမ်းကျင်တဲ့သူ တစ်ယောက်လောက် ရှာနိုင်ရင် ချက်ချင်း ခွဲစိတ်လို့ ရပြီ... "

" ဟုတ်ကဲ့ ဟုတ်ကဲ့.. ကျွန်မ ယောက်ျားက ဟွာရှန်းဆေးရုံရဲ့ ဒါရိုက်တာနဲ့ သိတယ်... "

" အဲ့တာ ကောင်းတယ်.. မြန်မြန် သူ့ကို ဒီလာခိုင်းလိုက်... ကျွန်တော် သွားပြီး အစ်မကြီး သမီးအတွက် အန္တရာယ် ကင်းနိုင်သမျှ ကင်းအောင် အရင် ပြင်ဆင်ထားပေးမယ်... မြန်မြန်လုပ်တော့.. အချိန်မဖြုန်းနဲ့..."

" ဟုတ်ကဲ့ ဟုတ်ကဲ့.. ကျေးဇူးပါ ဒေါက်တာလျို.. ကျွန်မ အခုပဲ ဖုန်းဆက်လိုက်တော့မယ်..."

* ကောင်းပြီ.. ကျွန်တော် အရင်သွားနှင့်ပြီ...

ပြောပြီးနောက် လင်းရီ အခန်းထဲ ပြန်၀င်သွားခဲ့၏။

သူ့ကို အံ့အားသင့်သွားစေသည်က လင်းရီမှာ လူနာ၏ အနာကို ကုသနေသည်အား အမှတ်မထင် မြင်တွေ့လိုက်ရသောကြောင့်ပင်။

" မင်း ဘာတွေ လုပ်နေတာလဲ... "ထောင်လျို အလန့်တကြား အော်ဟစ်လိုက်ပြီး " မင်း လူနာကို တကယ်ကြီး ဆေးကုနေတယ်... မင်း ဒီမှာ လာ မရှုပ်စမ်းနဲ့ ဟေ့ကောင်...."

ထောင်လျိုလည်း လင်းရီကို ယခင်က မြင်ဖူးလေသည်။ မည်သို့ပင်ဆိုစေ သူက အပေါက်၀တွင် အသီးရောင်းနေခဲ့သည် မဟုတ်ပါလား။

သို့ပေမယ့်လည်း အသီးရောင်းသည့် လယ်သမားက တကယ်ကြီး ဒဏ်ရာရ လူနာကို ဆေးလာကုသနေသည်။ ဤသည်က နောက်စရာ မဟုတ်ပေ။

လင်းရီ သူ လုပ်နေသည့် အလုပ်ကို မရပ်တန့် လိုက်ပဲ တည်ငြိမ် အေးဆေးသည့် လေသံဖြင့် " တကယ်လို့ မင်း လုပ်နိုင်တယ်ဆိုရင် လုပ်.. မလုပ်နိုင်ဘူးဆိုရင် စကားလာမပြောနဲ့.. "

" နင် ဘာတွေ လာပြောနေတာလဲ.. သူက ကျွမ်းကျင်တဲ့ ဒေါက်တာ.. နင်က ဒီတိုင်း အသီးရောင်းသမားကိုများ နင့်ကိုယ်နင် သူ့ထက် သိတယ်များ ထင်နေတာလား..."၀မ်ထင် ပြောလိုက်၏။

" ခင်များတို့ လုပ်နိုင်ရင် လုပ်.. မလုပ်နိုင်ဘူးဆိုရင်လည်း သောက်စကား လာမပြောနဲ့.. "လင်းရီ ပြောလိုက်ပြီး " တကယ်လို့ ကျုပ်က မလုပ်နိုင်ရင် သူများ ကိစ္စမှာ ဘာလို့ ၀င်ပါနေမှာလဲ... "

" ဒါပေမယ့် နင်က ....."

" ထွက်သွားစမ်း... ကျုပ် လုပ်နေတာကို လာမနှောင့်ယှက်နဲ့... "

" ငါ မသွားဘူး... နင့်မှာ ငါ့ကို အမိန့်ပေးနိုင်တဲ့ ဘာအရည်အချင်း ရှိလို့လဲ... "

" ခင်များ ရူးပြီ..."

လင်းရီ ရေရွတ်လိုက်ပြီး လူနာ၏ အခြေအနေကို ကိုင်တွယ်ရာ၌ အာရုံစိုက်ထားလိုက်တော့၏။

" ကောင်လေး... မင်းမှာ ဆေးပညာ အခြေခံတစ်ချို့ ရှိတယ် ဆိုတာ ငါသိတယ်... ဒါပေမယ့် ငါပြောဦးမယ်... ဒီ ဒဏ်ရာရဲ့ အနေအထက သာမန်မဟုတ်ဘူးနော်... ထန်းချိန် အိမ်ယာမှာ နေနိုင်တဲ့ လူတိုင်းက ကျိုးဟိုင်မှာ လွှမ်းမိုးမှု ရှိတဲ့ လူတွေချည်းပဲ... တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် မင်း တာ၀န်ယူရလိမ့်မယ်... "

ထောင်လျို၏ စကားလုံးများက သိပ်ကို ဆီလျော်နေခဲ့သည်။ သူ့တွင် လင်းရီကို အထင်သေးရန် ရည်ရွယ်ချက် မရှိချေ။ လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေ အစစ်အမှန်ကိုသာလျှင် ပြောပြလိုက်၏။

" ကျုပ် အဲ့တာတွေ မသိဘူးလို့ ထင်နေတာလား..."လင်းရီ ပြောလိုက်ပြီး " တကယ်လို့ ကျုပ်သာ အချိန်မီ မကိုင်တွယ်ဘူးဆိုရင် ဒီကောင်မလေး ဘ၀တစ်လျှောက်လုံး ဒုက္ခိတ ဖြစ်သွားရတော့မှာ.. ဒီတော့ အဲ့အနေအထားလောက်နဲ့ ကျုပ်ရဲ့ ရပ်တည်ချက်ကို ယိမ်းယိုင်စေဖို့ မဖြစ်နိုင်သေးဘူး... "

လင်းရီ၏ စကားလုံးများက ပြန်လည် မေးခွန်းမထုတ်နိုင်လောက်သည့် ယုံကြည်ချက်များ ပါ၀င်နေပြီး လူတိုင်း၏ ပါးစပ်ကို ပိတ်သွားစေတော့သည်။

" ဒေါက်တာ .. ကျွန်မ ဒုက္ခိတ ဖြစ်တော့မှာလားဟင်..."ကောင်မလေးမှ မျက်နှာ ဖြူ‌ဖျော့စွာဖြင့် ပြောလိုက်ပြီး " ကျွန်မ နောက်ထပ် ဆက်ကနိုင်ပါဦးတော့မလားဟင်... "

" ကောင်းပြီ.. ဘာမှ စိတ်မပူနဲ့.. "လင်းရီ သူမကို နှစ်သိမ့်ပေးလိုက်ပြီး " ခဏနေကျရင် နည်းနည်းတော့နာမယ်... ဒါပေမယ့် မင်း တောင့်ခံထားရမယ် ... ဟုတ်ပြီလား .. ဒီခုချိန်မှာ ထုံဆေး ပေးလို့ မရလို့... "

" ဟုတ် -ဟုတ်ကဲ့..."

လင်းရီ ဇာဂနာကို ထုတ်လိုက်ပြီး အနာပေါ်ရှိ ဖန်ကွဲစများအား စတင် သန့်ရှင်းတော့သည်။

ဖန်ကွဲစလေးများက အလွန့်အလွန်ကို သေးငယ်ပြီး ပြုလုပ်ရသည်မှာလည်း အင်မတန် လက်၀င်လှ၏။ သို့ပေမယ့် လင်းရီ၏ စူးရှသည့် အမြင်နှင့် ဆေးပညာ နည်းစနစ်ကြောင့် ကိုင်တွယ်ရာတွင် ခက်ခဲမှု တစ်စုံတစ်ရာမျှ မရှိခဲ့ချေ။

မသိလိုက်စွာဖြင့် ထောင်လျိုနှင့် ၀မ်ထင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ မျက်လုံးထဲတွင်တော့ နက်နက်ရှိုင်းရှိုင်း အံ့အားသင့်နေမှုများက အထင်းသားပင်။

ထိုကဲ့သို့သော အရည်အချင်းနှင့် ကျွမ်းကျင်သည့် လုပ်ဆောင်မှုတို့က သာမန် လူတစ်ယောက် ပြုနိုင်သည့် အမှု မဟုတ်ပါချေ။

' သူက တကယ်ကြီး လယ်သမားရော ဟုတ်ကော ဟုတ်ရဲ့လား... '

ရှင်းလင်းပြီးနောက်တွင်တော့ လင်းရီ ဆားဓာတ်ပါသည့် ရေဖြင့် အနာကို ကြိမ်ဖန်များစွာ ဆေးကြောလိုက်သည်။ အနာကို ဆေးကြောရန်အတွက် မိနစ် နှစ်ဆယ်လောက် အချိန်ကြာသွားခဲ့လေသည်။

ကျန်သည်ကတော့ သွေးကြောများကို ချုပ်ဖို့ရန်သာ ကျန်တော့သည်။

လင်းရီ ဒဏ်ရာရနေသည့် ကောင်မလေးကို တစ်ချက်ကြည့်လိုက်တော့ အခြေအနေကောင်းနေကြောင်း မြင်တွေ့လိုက်ရတော့ သူ စိတ်ပူနေခြင်းကို ရပ်တန့်လိုက်သည်။

" အခု မင်းကို ထုံဆေးပေးတော့မယ်... ခဏဆို မနာတော့ပါဘူး... "

" အစ်ကိုကြီး.. ကျေးဇူးတင်ပါတယ်... "

လင်းရီ ပြုံးလိုက်ပြီး နာ့စ်ကို ပြောလိုက်သည်။

" ကျုပ်ကို ထုံဆေး ကမ်းပေးစမ်းပါဦး... "

နာ့စ်မှ ထုံဆေး ကမ်းပေးလိုက်ပြီး လူနာ၏ ခြေထောက်သို့ ထိုးသွင်းလိုက်၏။

မိနစ်အနည်းငယ် ကြာပြီးနောက် ထုံဆေး အာနိသင်ပြလာပြီး လင်းရီလည်း ချုပ်သည့် လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်တော့သည်။

" မီးကို အနီးကပ်ပေးဦး... "လင်းရီ ညွှန်ကြားလိုက်၏။

" ဪ... ဟုတ်ကဲ့... "နာ့စ် အငယ်လေးမှ လင်းရီ ပြောသည့် အတိုင်း အမြန်လုပ်ပေးလိုက်သည်။

လင်းရီ ထောင်လျိုကို တစ်ချက်ကြည့်လိုက်ပြီး " ဖနောင့်ကြောယူဖို့ ကျုပ်ကို ကူပေးဦး.. "

" ကောင်းပြီ... "

လင်းရီ ချုပ်အပ်ကို ယူလိုက်ပြီး အပ်အရှည်ကြီးတွင် ချည်လိုက်သည်။ သူ စုတ်ပြဲသည့် နေရာနှင့် တစ်မီလီမီတာ အကွာအဝေးမှ စတင်ချုပ်ရန် ဟန်ပြင်လိုက်၏။

" ဒီ အကွာအဝေးကနေ ချုပ်ဖို့ သေချာပြီလား.. တအား နီးကပ်လွန်းတယ်နော်.. လွယ်လွယ်လေး ချုပ်ရိုး ပျက်သွားနိုင်တယ်..."

ထောင်လျို၏ အတွေ့အကြုံရှိသည့် ရှုထောင့်မှ ကြည့်လျှင် ယခုလို ချုပ်ရိုးမျိုးကို နှစ် မီလီမီတာ အကွာအဝေးခန့်မှ စတင်ချုပ်သင့်၏။ သို့မှသာ လုံခြုံ စိတ်ချရပေမည်။

သို့ပေမယ့် အခြား ကျွမ်းကျင်သည့် ဆရာ၀န်များကတော့ ၁.၅ မီလီမီတာ အကွာအဝေးမှ စတင် ချုပ်လေ့ ရှိကြသည်။ ဤသည်က ယေဘုယျအားဖြင့် အကန့်အသတ်ဟု ခေါ်နိုင်သည်။

ထိုစဉ် ဤ ငနဲကတော့ တစ်မီလီမီတာ အကွာအဝေးမှ စတင်ချုပ်ဖို့ ဟန်ပြင်နေတော့၏။ ယုံကြည်ချက် လွန်ကဲလွန်းလှပေစွ။

" အဆင်ပြေတယ်.. ကျုပ် လုပ်နေတာကို ကျုပ်သိတယ်... "

အပ်အရှည်ကြီးမှ ကြွက်သားမျှင်ကို ထိုးဖောက်သွားပြီး အခြား ကြွက်သားမျှင် တစ်ခုနှင့် တစ်စောင်း ချုပ်လျက်သား ဖြစ်သွားခဲ့၏။ ချုပ်ချက် တစ်ချက် ချင်းစီတိုင်းက ချောမွေ့လွန်းနေပြီး ထောင်လျိုကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့တော့၏။

မကြာမီ ကြွက်သားမျှင်များကို ချုပ်ရိုး ပေးပြီးသွားခဲ့ပြီး သွေးကြောများကို ချုပ်ရမည့် အချိန်ပင်။

ဤသည်က လင်းရီအတွက် ပို၍ပင် လွယ်ကူနေသေး၏။

သွေကြောမျှင်ကို ချုပ်ပြီးနောက် ကျန်ရှိသည်က အရေပြားကို ချုပ်ရိုးပေးဖို့ရာပင်။

ချုပ်ဖို့ရာ မခဲယဉ်းသော်လည်း လူနာက မိန်းကလေး ဖြစ်နေသည်ကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ထို့ကြောင့် လင်းရီ ဂရုတစိုက်ဖြင့် သေသေသပ်သပ် ချုပ်ပေးလိုက်၏။

ထောင်လျိုကတော့ ဘေးတွင် ရပ်ကြည့်နေရင်း ကျဆင်းနေသည့် ချွေးအေးများအား အင်္ကျီလက်ဖြင့် ပြန်သုတ်လိုက်၏။

အသီးရောင်းနေတဲ့ လယ်သမားက ဒီလောက် ပြောင်မြောက်တဲ့ ချုပ်ရိုးနည်းစနစ်တွေ တတ်ကျွမ်းနေတယ်...

ဒီလူက သိပ် အထင်ကြီးဖို့ကောင်းတာပဲ..

တစ်ချိန်တည်းတွင် သက်လတ်ပိုင်း လူကြီး တစ်ဦး အပြင်ဘက်မှ ဆေးကုသခန်းထဲသို့ ပြေး၀င်လာခဲ့၏။

" ထုန်ထုန် ဘယ်မလဲ... အခြေအနေ ဘယ်လိုရှိလဲ... "

သက်လတ်ပိုင်း လူကြီး၏ အမည်မှာ ရှောင်လီတုံ ဖြစ်ပြီး မီဒီယာ ကုမ္ပဏီတစ်ခု၏ စီအီးအိုပင်။

ဒဏ်ရာရသွားသည့် ကောင်မလေးကတော့ သူ့သမီး ရှောင်ယွီထုန်ပင် ဖြစ်ပေတော့သည်။

" ဒေါက်တာက အထဲမှာ သမီးလေးကို ကုပေးနေပြီ..."ရှောင်ယွီထုန်၏ မိခင် ၊ မုန့်ဖန်းဟွာမှ ပြောလိုက်၏။

" ရှင်ရော ဆေးရုံကို ဆက်သွယ်ပြီးပြီလား.. ဒေါက်တာ ဘယ်အချိန် ရောက်မလဲတဲ့... "

" ဒါရိုက်တာသွမ့်က ခဏဆို ရောက်လာခဲ့တော့မှာ.. ကျောင်းထုံး တွဲဖက် ဆေးရုံက လက်ထောက် ဒါရိုက်တာရောပဲ.. သူတို့ လာတဲ့ လမ်းမှာ ရောက်နေကြပြီ..."ရှောင်လီတုံ ပြောလိုက်သည်။

ရှောင်လီတုံ ပြောသွားသည့် ဒါရိုက်တာသွမ့်က သွမ့်ရုံချွမ်းမှ တစ်ပါး အခြားသူ မဟုတ်ချေ။ ယခင်က ဟွာရှန်းဆေးရုံ၏ လက်ထောက် ခေါင်းဆောင် တစ်ဦးဖြစ်သော်လည်းပဲ ယခု ဖူတန် ဆေးကျောင်း၏ လက်ထောက်ခေါင်းဆောင် အသစ် ဖြစ်လို့နေသည်။

ကောင်မလေး အဖေ၏ အဆက်အသွယ်တို့က တော်တော်ကြီးကို သန်မာ အားကောင်းလွန်းလှသည်။

ဖုန်းတစ်ချက် ဆက်ရုံမျှနှင့် တကယ့် ခေါင်းဆောင်ကြီးများကို ဤနေရာသို့ ရောက်လာအောင် စွမ်းဆောင်နိုင်သည်။

သာမန်လူသာဆိုပါက ထိုသို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

" အခု အခြေအနေ ဘယ်လိုရှိလဲ.. "

" ကျွန်မလည်း မသိဘူး... သူတို့ အထဲမှာ ရှိနေတာ တော်တော်လေး ကြာနေကြပြီ... "မုန့်ဖန်းဟွာ သူမ၏ မျက်ရည်များကို သုတ်ရင်း ပြောလိုက်ပြီး " ဒေါက်တာ ပြောတာ ကျွန်မတို့ ခွဲစိတ်မှုကို မြန်မြန်လုပ်သင့်တယ်တဲ့.. မဟုတ်ရင် သမီးလေး တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားနိုင်တယ်တဲ့.. ရှင် မြန်မြန် ဒေါက်တာကို လာခဲ့ဖို့ ပြောလိုက်စမ်းပါ... "

" ငါပြောပြီးပြီ.. သူ အခု လမ်းမှာ ရောက်နေပြီ... "

ရှောင်လီတုံလည်း သူတို့ကို အမြန်ရောက်လာစေချင်သည်။ ဖြစ်နိုင်မည်ဆိုပါက တစ်ဖက်သူကို ဒုံးပျံပင် စီးခိုင်းလိုက်ချင်သေးသည်။

သို့‌သော်လည်း လောက ဓမ္မတာအရ ၎င်းတို့ကို ကိုယ်က ဆက်တိုက် သွားလောနေ၍ မဖြစ်ချည်။

ဆယ်မိနစ်ကြာပြီးနောက် ဆေးရုံတံခါး ပွင့်လာခဲ့ပြီး သွမ့်ရုန်ချွမ်းနှင့် အခြား သက်လတ်ပိုင်း လူကြီးတစ်ဦး ရောက်လာခဲ့လေသည်။

ထိုသူ၏ နာမည်မှာ လီ၀န်ကျစ်း ဖြစ်ပြီး ကျောင်းထုံး တက္ကသိုလ်၏ တွဲဖက် ပထမ ဆေးရုံ လက်ထောက် ဒါရိုက်တာ တစ်ယောက် ဖြစ်သည်။ သူ၏ အရည်အချင်းသည်လည်း သွမ့်ရုံချွမ်းနှင့် သိပ်မကွာချေ။

" ဒါရိုက်တာသွမ့်... ဒါရိုက်တာလီ... ရောက်လာကြပြီလား..."ရှောင်လီတုံ နှုတ်ဆက်လိုက်သည်။

" မင့်သမီး ဘယ်မှာလဲ.. ငါတို့ ကြည့်ရအောင် ခေါ်သွားပေးလေ... "

" သမီးက အခု ကုသခန်းထဲမှာ ကျွန်မ အခုပဲ ခေါ်သွားပေးမယ်..."မုန့်ဖန်းဟွာ ပြောလိုက်သည်။

" ကောင်းပြီ.. သွားကြည့်ကြတာပေါ့... ဒီကိစ္စကို ကြန့်ကြာနေလို့ မဖြစ်ဘူး... "

လေးယောက်သား အထဲ၀င်တော့မည့် အချိန်တွင်ပဲ နာ့စ်တစ်ဦး ထွက်လာခဲ့ပြီး " ရှင်တို့ ဒါ ဘာလုပ်ကြတာလဲ.. ကျွန်မတို့ အခု ခွဲစိတ်မှု လုပ်နေတာ မပြီးသေးဘူး... ရှင်တို့ အထဲ ၀င်လို့ မရသေးဘူး...."

All Chapters