← Chapters

အဆုံးမရှိသည့် လမ်း

Vol. 72 Ch. 1073

အဆုံးမရှိသည့် လမ်း

Vol. 72 Ch. 1073

“ သူကတော့ အမြဲတမ်း အရက်သောက်ဖို့ ရှာနေတော့တာပဲ… ထားလိုက်ပါဗျာ.. ကျုပ် သွားတော့မယ်…”

“ မလုပ်ပါနဲ့ကွာ… ခေါင်းဆောင်က မင်းကို စောင့်ပေးဖို့ ပြောထားတယ်ကွ… မင်း ထွက်သွားရင် ငါ တကယ်ကြီး အပြစ်ပေးခံရမှာ…”

“ ကောင်းပြီ ကောင်းပြီ.. ဒါဆိုလည်း ကျုပ် စောင့်လိုက်ပါ့မယ်…” လင်းရီ ပြုံးလိုက်ပြီး “ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်လည်း ရန်အကြီးအကဲနဲ့ မတွေ့ရတာ အတော်လေး ကြာနေပြီလေ…”

“ အဲ့လိုလား…” ကောင်းချုံ တဟားဟား ရယ်မောလိုက်ပြီး “ ပြီးတော့ ငါကြားတာ မင်း ကျုံးဝေ့တပ်ဖွဲ့ရဲ့ စမ်းသပ်မှုကိုလည်း ပထမ နေရာကနေ အောင်မြင်သွားတယ်လို့ ကြားတယ်… အချိန်ရှိရင် ငါ့ကို နည်းနည်းပါးပါး ညွှန်ပြပေးစမ်းပါ… ငါလည်း အဲ့ထဲ ဝင်နိုင်အောင်လို့ ကြိုးစားနေတာ….”

“ အဲ့လို ပြောတာတော့ နည်းနည်းလေး များသွားပြီ.. ကျုပ်က ဒီတိုင်း ကံကောင်းသွားရုံပါဗျာ…” လင်းရီ ယဉ်ကျေးစွာ ပြောဆိုလိုက်၏။

“ နှိမ့်ချမနေစမ်းနဲ့..” ကောင်းချုံ လင်းရီကို ပခုံးဖက်လိုက်ပြီး “ အပေါ်တက်ပြီး စောင့်ကြစို့.. ခေါင်းဆောင်က ခဏဆို ပြီးတော့မှာ..”

“ ကောင်းပြီလေ..”

ရိုးရှင်းစွာ စကားတစ်ချို့ ပြောဆိုပြီးနောက် နှစ်ယောက်သား အပေါ်ထပ်သို့ တက်၍ ရန်ကွမ်းရှနှင့် တွေ့လိုက်ကြသည်။

ရန်ကွမ်းရှ စစ်ဆေးမှု ပြုလုပ်နေသည်က ခြောက်လွှာ၌ပင်။ ထိုအလွှာက သာမန် လူနာဆောင်တို့နှင့် ခြားနားလေသည်။

ဤနေရာတွင် အင်မတန် နည်းပါးသည့် လူတစ်ချို့သာလျှင် ရှိပြီး ရောက်လာကြသည့် လူတိုင်းကလည်း စစ်ဒေသတွင် ရာထူးမြင့်မြင့် နေရာယူထားကြသူများသာ ဖြစ်သည်။ သာမန်လူများကတော့ ဤနေရာသို့ မလာရောက်နိုင်ကြချေ။

“ ဒီမှာ စောင့်ကြစို့….” ကောင်းချုံ သူ့ဘေးရှိ တံခါးကို လက်ညိုးထိုးပြရင်း “ ခဏနေဆို အဲ့တံခါးထဲကနေ ထွက်လာတော့မှာ…”

“ ကောင်းပြီလေ… အလျင်လိုစရာ မလိုပါဘူး..”

သူတို့ ထိုင်ချပြီးနောက် မကြာမီ အခန်းတံခါး ပွင့်ဟလာသည်။ လင်းရီနှင့် ကောင်းကျုံးယွမ်တို့ မသိစိတ်မှ တံခါးထံ အလိုအလျောက် အကြည့်ရောက်သွားခဲ့ကြ၏။

လူက ထွက်မလာသေးချေ။ သို့သော် အသံဗလံများကိုတော့ ကြားနေရသည်။

လင်းရီ အထဲသို့ လှမ်းကြည့်လိုက်၏။ ရန်ကွမ်းရှနှင့် မိုဟုန်ရှန်း အပြင် ဒေါက်တာတစ်ချို့နှင့် နာ့စ်များလည်း အခန်းထဲ ရှိနေကြလေသည်။

ဆေးကုသမှုကတော့ ထိပ်တန်းအဆင့်ဟု ပြော၍ ရ၏။

“ ခေါင်းဆောင်ရဲ့ ကျန်းမာရေးက တကယ့်ကို တော်တော်ကြီး ပြန်သက်သာလာနေတာပဲ…”

ပြောလိုက်သည့် လူကတော့ လုမင်ဖြစ်သည်။ သူက အဖြူရောင် ကုတ်ကို ဝတ်ဆင်ထားပြီး မျက်နှာတွင်တော့ မျက်မှန် တစ်လက်နှင့် ဖြစ်၏။ ကြည့်လိုက်သည်နှင့် ခေတ်ပညာတတ် လူတစ်ယောက်ဟူသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

“ အဲ့တုန်းက ခွဲစိတ်မှုက သိပ်အောင်မြင်လွန်းတယ်… မဟုတ်ရင် ခေါင်းဆောင် ပြန်ကျန်းမာလာဖို့ကို နှစ်ဝက်ကနေ တစ်နှစ်ခွဲလောက်အထိ ကြာနိုင်တယ်…”

ကောင်းချုံ လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် လက်မထောင်ပြလိုက်၏။

“ ကျုပ်ပြောသားပဲ အဆင်ပြေပါတယ်လို့… ဘာမှ စစ်ဆေးကြည့်နေစရာတောင် မလိုဘူး…”

လုမင် ခေါင်းထောင်လာပြီး တံခါး အပြင်ဘက်ရှိ လင်းရီကို လှမ်းကြည့်လိုက်သည်။

“ ကောင်လေး … မင်း ဘာစကားတွေ လျှောက်ပြောနေတာ… မင်း နားမလည်ရင် ဝင်မပြောနဲ့…”

“ ကျုပ်က နားမလည်ဘူး.. ဟုတ်လား….”

လင်းရီ ပြုံးလိုက်ပြီး “ ဘယ်သူကမှ သူ့ ကျန်းမာရေးကို ကျုပ်ထက် ပိုပြီး မသိနိုင်ဘူး… ကျုပ် စကားကို သံသယ မရှိနဲ့..”

လုမင်နဲ့ သူ့အနားတစ်ဝိုက်ရှိ ဒေါက်တာများနှင့် နာ့စ်များအားလုံး သရော်ပြုံး ပြုံးလိုက်ကြသည်။

ဒါရိုက်တာလုက ရန်ကျင်း ရုံးချုပ်ကနေ ပြောင်းလာခဲ့တာ…. ဒီကောင်က ဘာမဟုတ်တဲ့ အစောင့်တစ်ယောက်ကိုပဲ… ဒီလိုနေရာမှာ စကားဝင်ပြောဖို့ သူ့မှာ ဘာအရည်အချင်း ရှိနေတာကျလို့….

သူ့ကိုယ်သူ ခေါင်းဆောင် ဘေးနားမှာ နေ့တိုင် နေနိုင်တိုင်းနဲ့ ဝင်ပြောဖို့ အရည်အချင်း ရှိတယ်လို့များ ထင်နေတာလား မသိဘူး.. မဆိုင်တဲ့ နှစ်ခုကို လာပြီး ရောထွေးနေတယ်….။

“ မင်းက ဒီတိုင်း သက်တော်စောင့် တစ်ယောက်.. ငါက နှလုံးသွေးကြော ခွဲစိတ်ကုသမှု ဌာနရဲ့ ဒါရိုက်တာ… ငါ့ထက်ပိုပြီး ခေါင်းဆောင်ရန်ရဲ့ အခြေအနေကို မင်းက ပိုသိတယ်လို့ ထင်နေသေးလား…”

လင်းရီ ရန်ကွမ်းရှကို ညွှန်ပြလိုက်ပြီး “ ကျုပ်ကပဲ သူ့ကို ခွဲစိတ်ပေးခဲ့တာ… ကျုပ် ဘာမှ နားမလည်ဘူးလို့ ခင်များကော ထင်သေးလား…”

“ ဟင်..”

ထိုစကားလုံးများအား ကြားပြီးသည့်နောက်တွင်တော့ လုမင်နှင့် ကျန်သူများအားလုံး မျက်နှာ အမူအရာ အေးခဲသွားကြတော့သည်။

သူတို့အားလုံး နားကြားမှားလိုက်သည်ဟု ခံစားနေမိတော့၏။

“ ခေါင်းဆောင်.. သူ- သူပြောသွားတာ…..”

ရန်ကွမ်းရှ လေးလေးနက်နက် ခေါင်းညိမ့်လိုက်ပြီး “ သူက အရင်တုန်းက ဟွာရှန်းဆေးရုံ နှလုံးသွေးကြော ခွဲစိတ်ဌာနရဲ့ လက်ထောက် ဒါရိုက်တာလေ… ငါ့ကို ခွဲစိတ်ပေးခဲ့တာလည်း သူပဲပေါ့… မင်းက ခုမှ ရန်ကျင်းက ပြောင်းလာခဲ့တာဆိုတော့ သူ့အကြောင်း သိသေးဦးမှာ မဟုတ်ဘူး….”

“ ဒါဆို သူ-သူက ဒါရိုက်တာလင်းပေါ့..” လုမင် အံ့အားသင့်သည့် လေသံဖြင့် ပြောလာခဲ့၏။

“ မင်းလည်း သူ့ကို သိနေတယ်..”

“ ဘုရားရေ.. ကျုပ် သူ့နာမည်ကို ရန်ကျင်းမှာ ကြားပဲ ကြားဖူးခဲ့တာ… တစ်ခါမှ လူကိုယ်တိုင် မမြင်ဖူးသေးဘူး… ဒီနေ့လိုမျိုး လာတွေ့ရလိမ့်မယ်လို့တောင် မထင်ထားဘူး..”

လုမင် အပြင်သို့ ထွက်လာခဲ့ပြီး ယဉ်ကျေးစွာ လက်ဆန့်တန်းလျက် “ ဟယ်လို ဒါရိုက်တာလင်း… ဒါ ကျုပ်တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံဖူးခြင်းပါ… ကျုပ် ဒါရိုက်တာလင်းကို မမှတ်မိဘူး ဖြစ်သွားတယ်ဗျာ.. တကယ်ကို စိတ်မရှိပါနဲ့…”

“ အသေးအမွှားလေးပါ….”

လင်းရီသည်လည်း စိတ်သဘောထား သေးသိမ်ညံ့ဖျင်းသူ တစ်ဦး မဟုတ်သောကြောင့် စိတ်ထဲ ထားမနေခဲ့ချေ။

အချင်းချင်း သာယာနာပျော်ဖွယ် စကားတစ်ချို့ ဖလှယ်ပြီးနောက် လေးယောက်သား တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာ၍ ကားထံ ပြန်လာခဲ့ကြလေသည်။

“ ကောင်လေး… မင်း ငါ့ကို မေးစရာ ရှိနေလို့လား.. အသီး‌တွေ ပိုက်ပြီး ရောက်ချလာတယ်ပေါ့….” ရန်ကွမ်းရှ ကားထဲတွင် အပြုံးဖြင့် မေးလိုက်သည်။

“ ကျစ်… အကြီးအကဲက လူကောင်းလူကောင်း တစ်ယောက်ရဲ့ နှလုံးသားကို ကိုယ့်ရဲ့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ အကဲဖြတ်လိုက်တဲ့ ဥပမာကောင်းပဲ…”

ရှေ့ခုံတွင် ထိုင်နေသည့် မိုဟုန်ရှန်းနှင့် ကောင်းချုံတို့ ကူကယ်ရာမဲ့စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ဟွာရှ တစ်ခုလုံးတွင် လင်းရီမှ လွဲ၍ မည်သူကမျှ ယခုလို စကားမျိုး ပြောဝံ့လိမ့်မည် မဟုတ်ချေ။

“ ဟေ… ဒါဆို ငါမင်းကို အထင်လွဲသွားတာပေါ့ … ဟုတ်လား…”

“ အကြီးအကဲလည်း ကျုပ် ခြံကို ရောက်ဖူးရဲ့သားနဲ့.. ဖန်လုံအိမ်ထဲက အသီး‌တွေ ရင့်မှည့်ကုန်ပြီလေ… ဒါကြောင့်မို့ အကြီးအကဲလည်း စားရအောင် ယူလာခဲ့ပေးတာ…”

ရန်ကွမ်းရှ၏ အကြည့်က လင်းရီ အိတ်ကပ်ထံ ရောက်သွားခဲ့ပြီး “ ငါထင်နေတာ မင်း အပြင်ကနေ ဝယ်လာခဲ့သလားပေါ့… လက်စသတ်တော့ ကိုယ့်ဘာကိုယ် စိုက်ထားတဲ့ အသီးတွေ ဖြစ်နေတာပဲ….”

“ အပြင်က အသီးတွေ ဝယ်လာတာက မရိုးသားရာ ကျတယ်… ပြီးတော့ ကျုပ်စိုက်တဲ့ အသီးတွေလောက်လည်း မချိုဘူးလေ…”

“ မင်း တော်တော်လေး စဉ်းစားတတ်တာပဲ…”

“ ဒါက ဘာမှ မဟုတ်သေးဘူး… သိပ်မကြာခင် ကျုပ် မွေးထားတဲ့ ဝက်ကိုလည်း ပေါ်တော့မှာ… အဲ့ခါကျ အကြီးအကဲဖို့ ဝက်နံရိုး တစ်ချို့ ပို့လိုက်မယ်….”

“ ကောင်းပြီ… ငါမှတ်ထားမယ်…” ရန်ကွမ်းရှ နှစ်ခြိုက်စွာ ရယ်မောရင်း ပြောလိုက်သည်။

“ စကားမစပ် ငါကြားတာ မင်း ကျုံးဝေ့တပ်ဖွဲ့ ဝင်ခွင့် စစ်ဆေးပွဲမှာ ပထမ ရခဲ့တယ်ဆို… ပြီးတော့ မစ်ရှင် တစ်ခုတောင် လုပ်ပြီးသွားပြီ ဆိုပဲ.. ဘယ်လို ခံစားရလဲ.. မင်း နေသားကျသွားပြီလား….”

“ အဆင်ပြေရုံပါပဲ.. ကျုပ် ထင်ထားသလောက်လည်း သန်မာ မနေကြဘူး.. ဒါပေမယ့် တိလိရာ့ ကျွန်းပေါ်ရောက်ရင်တော့ အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်နဲ့ တူတယ်…”

“ သေချာပေါက်ပဲပေါ့… မင်း အခု လုပ်နေတဲ့ မစ်ရှင်တွေဆိုတာ ပါမွှားလေးတွေပဲ… အစောပိုင်း အခြေအနေမှာတော့ မင်း ကမ္ဘာအနှံ့ ပတ်သွားနေရမယ်… ကျွန်းပေါ် ရောက်ဖို့ကတော့ မင်းတို့ လူသစ်လေးတွေ လုံလောက်အောင် ကြီးထွားတဲ့ အထိ စောင့်ဖို့ လိုသေးတယ်…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။

“ အမှန်ပဲ… ခုချိန်သာ ပို့လိုက်လို့ကတော့ အမြှောက်စာ ဖြစ်သွားရုံပဲ ရှိမှာ… ဒီလို မစ်ရှင်တွေနဲ့ အရင်ဆုံး လေ့ကျင့်တာက ပိုကောင်းတယ်…”

ရန်ကွမ်းရှ လင်းရီ၏ ပခုံးကို လေးနက်တည်ကြည်စွာ ပုတ်လိုက်ပြီး “ ငါ မီလိလေးဆီက ကြားထားတာ မင်းရဲ့ စီးပွားရေး လုပ်ငန်းတွေက အမြတ်တော်တော် ရတယ်ဆိုပဲ.. မင်းကို ဟွာရှမှာ နာမည်ကြီး တိုင်ကွန်း တစ်ယောက်လို့ သတ်မှတ်လို့ ရတယ်… ဒါပေမယ့် ငါမင်းကို သိစေချင်တာ ဒီငွေတွေက မျိုးဆက် ဘယ်နှဆက်အထိ တည်ရှိနိုင်မလဲ ဆိုတာ ပြောရခက်တယ်…”

“ အကြီးအကဲက ဘာကို ဆိုလိုချင်နေတာလဲ… ကျုပ်ကို တခြား ဦးတည်ရာဘက်တွေမှာလည်း တိုးတက်စေချင်နေတာလား….”

ရန်ကွမ်းရှ ခေါင်းညိမ့်လိုက်သည်။ “ ကျုံးဝေ့ တပ်ဖွဲ့က တော်တော်လေး ကောင်းတဲ့ နေရာပဲ… မင်းရဲ့ အနာဂတ် တိုးတက်မှုတွေအတွက် တော်တော်လေး အကျိုးရှိလိမ့်မယ်.. ပြီးတော့ ဒီလိုမျိုး တိုးတက်တယ်ဆိုတာကလည်း မျက်နှာကြက်(အကန့်အသတ်)မရှိဘူး… မင်းကသာ ကြိုးစားပြီး ကံလေး နည်းနည်း ရှိနေသရွေ့ ငါ့လို နေရာမျိုး ရောက်ဖို့ ဘာမှ မခက်ခဲဘူး… မင်း ငါပြောတာကို သဘောပေါက်တယ်မလား…”

ရန်ကွမ်းရှ၏ စကားလုံးများက လင်းရီကို အံ့အားသင့်သွားစေခဲ့သည်။

အာဏာနယ်ပယ် စက်၀န်းတွင် သင်က အစိုးရဝန်ထမ်း တစ်ခုဖြစ်လာသည့် သာမန် လူတစ်ဦးဖြစ်ပြီး ဤနယ်ပယ်ထဲ ရောက်ရှိလာခဲ့သည် ဆိုပါက တော်တော်လေး ကြီးမြတ်သည့်ပုံရပြီး လူတိုင်းကလည်း မနာလို ဖြစ်မိကြလိမ့်မည်။ သို့သော်လည်း အလုပ်ခွင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် သင်၏ အနာဂတ် အကန့်အသတ်ကို ကြိုတင် မြင်ယောင်နိုင်ပြီး ဖြစ်လိမ့်မည်။

အခြားတစ်ဖက်တွင်တော့ အကယ်၍ သင်၏ မိသားစု၌ သန်မာအားကောင်းသည့် အဆက်အသွယ်တစ်ချို့ ရှိခဲ့မည် ဆိုပါက အနာဂတ်တွင် သင်မည်မျှ ဆက်သွားနိုင်မည်ကို မည်သူကမျှ မသိရှိနိုင်ချေ။

ထိုသို့ ပြောရသော်လည်းပဲ ယခုလို အခြေအနေမျိုး၌ပင် သင်၏ ဦးခေါင်းထက်၌ မမြင်နိုင်သည့် မျက်နှာကြက် တစ်ခုက ရှိနေဆဲပင် ဖြစ်သည်။၎င်းကို အစိုးရက သတ်မှတ်ထားပြီးဖြစ်၏။ သို့ပေမယ့် လူ တော်တော်များများက မမြင်နိုင်ကြချေ။

ရန်ကွမ်းရှ၏ စကားလုံးများက နက်ရှိုင်းသည့် အဓိပ္ပာယ်ကို ဆောင်ကြဉ်းနေသည်။

လင်းရီ၏ လမ်းက အဆုံးမရှိကြောင်းကို သူ ပြောပြထားပြီးဖြစ်၏။ သူ ပြောသည့် အတိုင်း လုံလောက်သည့် အားထုတ်မှုနှင့် ကံလေး နည်းနည်းသာ ရှိလိုက်မည် ဆိုပါက လင်းရီအဖို့ အာဏာ၏ အထွတ်အထိပ်ကို တက်ရောက်နိုင်ဖို့ရာက အမှန်ပင် ဖြစ်နိုင်လေသည်။

“ ကျေးဇူးတင်ပါတယ်… အကြီးအကဲရန်… ကျုပ် ဒါကို သေချာပေါက် အမှတ်ရနေမှာပါ…”

“ ချရေးထားလိုက်…” ရန်ကွမ်းရှ အပြုံးဖြင့် ပြောလိုက်ပြီး “ ခု လက်ရှိ မင်းက လူချမ်းသာ တစ်ဦးလို့ပဲ သတ်မှတ်လို့ရတယ်… ကုန်ကုန်ပြောရရင်ကွာ…. မင်းက ငါ့မျက်လုံးထဲမှာ ဘာကောင်မှ မဟုတ်သေးဘူး.. ဒါပေမယ့် မင်းသာ တခြား လမ်းကြောင်း တစ်ခုဆီ လျှောက်လမ်းလိုက်မယ် ဆိုရင်တော့ မင်းနဲ့ မင်းမိသားစုကိုလည်း လင်းမိသားစုကြီးဆိုပြီး သတ်မှတ်လို့ရပြီ…”

All Chapters