← Chapters

ငါမင်းကို အမျိုးသမီး စထွင်မာ တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်

Vol. 72 Ch. 1071

ငါမင်းကို အမျိုးသမီး စထွင်မာ တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်

Vol. 72 Ch. 1071

" တ-တကယ်ကြီးလား..."

" မယုံရင် သူ့ကို ရေတစ်ချို့ ပေးကြည့်လိုက်လေ... "

လီရန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။ သူ မသိစိတ်မှ လီချူးဟန်ကို ကြည့်လိုက်တော့ သူ့အား ပြုံးပြီး ခေါင်းညိမ့်ပြနေသည်ကို မြင်တွေ့လိုက်ရသည်။

" ကျွန်တော် နည်းနည်းလေး ကတိုက်ကရိုက် ဖြစ်သွားတယ်..."

" နင်က ခုမှ ဘွဲ့ရထားတာလေ.. ပြီးတော့ ဆေးခန်း အတွေ့အကြုံတွေလည်း မရှိသေးဘူး... နောက်ကျ သူ့အလိုလို ဖြစ်သွားပါလိမ့်မယ်... "လီချူးဟန် ပြောလိုက်ပြီး " ငါတို့ အရင်သွားတော့မယ်... တကယ်လို့ တစ်ခုခု လိုရင် ခေါ်လိုက်... "

" ဟုတ်ကဲ့ ဟုတ်ကဲ့... ကျေးဇူးပါ ဒါရိုက်တာလီ... "

လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး လင်းရီနှင့်အတူ ထွက်ခွာသွားခဲ့၏။

နှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း လီရန် ဧည့်ကြိုကောင်တာရှိ နာ့စ်များကို ခေါ်လိုက်ပြီး " ဒါရိုက်တာလီ ဘေးနားက ဘယ်သူလဲတဲ့... သူကရော ငါတို့ ဆေးရုံကပဲလား... "

" ဒေါက်တာက ဒါရိုက်တာလင်းကို ပြောနေတာလား... "နာ့စ် ငယ်ငယ်လေးမှ ပြောလိုက်ပြီး " သူက နှလုံး ခွဲစိတ်ဌာနရဲ့ လက်ထောက် ဒါရိုက်တာ ဖြစ်ခဲ့တာလေ...ဒါပေမယ့် နောက်ကျ နှုတ်ထွက်သွားခဲ့တာ...."

" တကယ်... ငါတို့ အသက်ချင်း ဘယ်လောက်မှ မကွာတာကို သူက နှလုံး ခွဲစိတ်ဌာနရဲ့ လက်ထောက် ဒါရိုက်တာတောင် ဖြစ်ပြီးနေပြီပေါ့... "

" သူက အဲ့တာထက်ကို ပိုတယ်... ကျွန်မ တခြား နာ့စ်တွေဆီက ပြောသံကြားတာတော့ ဒါရိုက်တာလင်းရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ဆေးရုံရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာဖို့က ပြဿနာ မရှိပါဘူးဆိုနေ... ကံဆိုးချင်တော့ သူက နှုတ်ထွက်သွားခဲ့တယ်လေ... "

လီရန် အချိန်အတော်ကြာသည်အထိ ငေးငိုင်နေမိတော့၏။

သူ တကယ်ကြီး နတ်ဘုရား တစ်ပါးနဲ့ ကြုံခဲ့ရတာပဲ...

နှစ်ယောက်သား အရေးပေါ် ဌာနမှ ထွက်လာခဲ့ပြီးနောက် လွတ်လပ်သည့် တစ်နေရာ၌ ထိုင်၍ စကား ခေတ္တပြောပြီး ၀မ်ရင်း၏ နေရာသို့ ထွက်လာခဲ့လိုက်သည်။

သူ အသီးများကို ပို့ပြီးနောက် အိမ်သို့ ပြန်လာခဲ့လေသည်။

အိမ်ရောက်တော့ အပေါက်၀တွင် အော်ဒီတစ်စင်း ရပ်ထားသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။

၎င်းက ကျီချင်းရန်၏ ဖခင် မောင်းသည့် ကားဖြစ်ကြောင်းကို သူ ကောင်းကောင်းကြီး မှတ်မိနေသည်။

မျှော်လင့်ထားသည့်အတိုင်း ကျီအန်းထိုက်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ကျီချင်းရန်နှင့် သူမ အမေ ၊ စုန့်မင်ဟွေ့ကတော့ မီးဖိုချောင်ထဲတွင် ချက်ရင်းပြုတ်ရင်းဖြင့် အလုပ်ရှုပ်နေကြသည်။

" ရီ... ပြန်လာပြီလား..."

လင်းရီ ၀င်လာသည်ကို မြင်တော့ ကျီချင်းရန် လှမ်း နှုတ်ဆက်လိုက်၏။

" အန်ကယ်နဲ့ အန်တီလာမှာကို ဘာလို့ ငါ့ကို ကြိုမပြောတာ... "

" အမေက မပြောခိုင်းလို့လေ.. သူပြောတာ နင် အလုပ်လုပ်နေတာကို မနှောင့်ယှက်ချင်ဘူးတဲ့..."

" ငါက ဒီတိုင်း အသီးလေး ရောင်းနေတာကို အဲ့လောက်ကြီး စိုးရိမ်ဖို့ မလိုပါဘူးကွာ... "လင်းရီ ပြောလိုက်ပြီး " နောက်ဆို ငါ့ကို ကြိုပြီးပြော.. ဟုတ်ပြီလား....."

" အင်းပါ .. ဟုတ်ပါပြီ..."

" အန်တီတို့လည်း အားနေတာနဲ့ နင်တို့ဆီ အလည်လာကြည့်တာပါကွယ်..."စုန့်မင်ဟွေ့ ပြောလိုက်ပြီး " နင်တို့ နှစ်ယောက် ကိုယ့်အလုပ်ကိုယ်သာ လုပ်ကြ... ငါတို့ကို ရေးကြီးခွင်ကျယ် လုပ်မနေနဲ့..."

" မိဘတွေဆိုတာ ဘယ်အချိန် ဘယ်နေရာပဲ ဖြစ်ဖြစ် ဦးစားပေးပဲလေဗျာ.. အဲ့ဒီ စည်းမျဉ်းကိုတော့ ချိုးဖောက်လို့ ဘယ်ရမှာလဲ... "

လင်းရီ၏ နေထိုင်ပြုမူပုံတို့ကို ၀မ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖူတို့မှ သေချာလေး ပုံသွင်းထားခဲ့ခြင်း ဖြစ်သည်။

သူ ငယ်စဉ်အခါက လူကြီးသူမကို ရွှတ်နောက်နောက် ပြုတတ်သည့် အမူအကျင့်ကြောင့် ကြိမ်စာ အကျွေးခံရသည်မှာလည်း မနည်းမနောပင်။

လူအိုကြီးတို့ စုံတွဲမှာ သိနားလည်စွာဖြင့် ပြုံးလိုက်ပြီး စိတ်ထဲကြိတ်၍ ပျော်ရွှင်နေကြတော့၏။

သားမက်လေးက ပိုက်ဆံ ရှာနိုင်သည်မှာ မှန်သော်လည်းပဲ ပို၍ အရေးကြီးသည်က ၎င်း၏ ကိုယ်ကျင့်စရိုက်ပင်။ ဤသည်က အခြားသော အရာရာတို့ထက် ပိုပြီး အရေးကြီးသည်။ ရွှေထက် အရေးကြီးလေသည်။

" အဖေနဲ့ ခဏနေပေးလိုက်ဦး.. ခဏဆို ညစာ ရတော့မယ်...."ကျီချင်းရန် မီးဖိုချောင်ထဲမှ လှမ်းပြောလိုက်၏။

" ရတာပေါ့... "

လင်းရီ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ကျီအန်းထိုက်မှ Douyu လိုက်စထွင်းတစ်ခုအား ကြည့်ရှုနေသည်ကို လင်းရီ မြင်တွေ့လိုက်ရလေသည်။

" အန်ကယ်ကျီ.. ဘာတွေလဲ ကြည့်နေတာ... "

" ဒီတိုင်း ပျင်းလို့ လျှောက်ကြည့်နေတာပါကွာ... ခု ဒီစထွင်မာ မာကျောက် ကစားပြတာ ကြည့်နေတာ... "

" မာကျောက် ကစားတာ ကြည့်ရတာ ပျင်းစရာကြီး... ဒီပလတ်ဖောင်းထဲမှာ မိန်းကလေး ငယ်ငယ်လေးတွေ အများကြီး ရှိတာကို ကြည့်လိုက်လို့လည်း ဘာမှမဖြစ်ပါဘူး အန်ကယ်ရာ... "လင်းရီ စနောက်လိုက်၏။

" မင်း ဘာတွေ လာပြောနေတာ... ငါ့အသက်အရွယ်ကြီးနဲ့ ဘာလို့ မိန်းမငယ်လေးတွေကို လိုက်ကြည့်နေရမှာလားကွ..."

" အန်ကယ်ကလည်း ဒါက အသက်အရွယ်နဲ့ မဆိုင်ပါဘူး... ဘယ်သူမဆို အလှတရားကို ခံစားကြည့်သင့်တာပဲလေ... "လင်းရီ ပြောလိုက်ပြီး " အသက်သာ ကြီးပါစေ... စိတ်ကိုတော့ နုပျိုနေအောင် ထားရမယ်ဆိုတဲ့ စကားလည်း ရှိတယ်မလား... "

လင်းရီ သူ ယွင်ရွှေ ဗီလာကို ပထမဆုံး အကြိမ် သွားဖူးတုန်းက ကျီအန်းထိုက်နှင့် ဆုံခဲ့သည့် အချိန်ကို ယခုထိ မှတ်မိနေသေးသည်။

ထိုစဉ်က အဘိုးကြီးမှာ S ပုံစံ ထိုင်ထက ဘာမှန်းဆိုတာကို သိနေလေသည်။

" အိမ်း... " ကျီအန်းထိုက် မေးစေ့ကို ပွတ်သပ်လိုက်ရင်း " မင်း ပြောတာ မှန်တယ်... နိုင်ငံကတောင် ဒီ စထွင်းတွေကို အဓိကထား လွင့်နေသေးတာ ငါတို့ကြည့်လို့လည်း လာဖမ်းနေမှာမှ မဟုတ်တာ... "

" ဒါပေါ့ဗျ..."

ကျီအန်းထိုက် မီးဖိုချောင်ဘက် တစ်ချက်ခိုးကြည့်လိုက်ပြီး လင်းရီကို လေသံ တိုးတိုးလေးဖြင့် " ငါ မင်းကို တစ်ခုပြောပြမယ်... ငါ သိပ်မကြာခင်တုန်းက တော်တော်လေးကောင်းတဲ့ စထွင်မာတစ်ယောက် တွေ့ထားတယ်ကွ... ငါ မင်းကို ပြမယ်..."

" ဒါ သိပ်ကောင်းတာပေါ့.."

သို့ဖြင့် ခမည်းခမက်နှင့် သားမက်တို့မှာ အမျိုးသမီး စထွင်မာလေးများကို အတူထိုင်ကြည့်ကြတော့၏။ ဤသည်က ဟွာရှ တစ်ပြည်လုံးတွင် ရှားမှရှား မြင်တွေ့ရမည့် မြင်ကွင်းတစ်ခု ဖြစ်မည်မှာ လုံး၀ ကျိန်းသေသည်။

ကျီအန်းထိုက် ပတ်၀န်းကျင်ကို သေချာစစ်ဆေးကြည့်လိုက်ပြီး အမျိုးသမီး စထွင်မာ၏ အခန်းထဲသို့ ၀င်လိုက်၏။ သူမ၏ နာမည်ပြောင်ကတော့ ' အဖြူလေးက ဘယ်တော့မှ မအိပ်ဘူး ' ဆိုသည့် အင်တာနက် နာမည်နှင့်ပင်။

လင်းရီ မ၀င်လာခင် ကတည်းကပင် ကျီအန်းထိုက်မှာ သူမ၏ လိုက်စထွင်းကို ကြည့်ရှုနေသည်။ လင်းရီရောက်လာတော့ သူသည်လည်း မတတ်နိုင်တော့ပဲ အခြား တစ်ယောက်၏ လိုက်စထွင်းအခန်းထဲသို့ ရွေ့ပြောင်းလိုက်ရတော့၏။

" ဒီ အမျိုးသမီးက အသက်သုံးဆယ် အရွယ်ရှိတဲ့ပုံ ပေါက်တယ်နော်..."

" မင်း နားမလည်ပါဘူး..."ကျီအန်းထိုက် ပြောလိုက်ပြီး " သူက နည်းနည်း အသက်ကြီးနေပြီ ဆိုပေမယ့် အဲ့ဒီ မိန်းမငယ်လေးတွေထက် အများကြီး သာတယ်ကွ...သူက နည်းနည်းလေး အေးစက်စက်နိုင်ရင်နိုင်မယ်.. ဒါပေမယ့် ငါက သူ ပိုက်ဆံ မမက်တာကို သဘောကျတာ... မနေ့ကဆို ငါ သူ့ကို ယွမ် ၁,၀၀၀ မုန့်ဖိုးပေးလိုက်တာတောင် သူ ပြန်ပြောတာ ကျေးဇူးတင်ပါတယ်.. ဒီလောက်ပဲ... ဒီလိုမျိုး ပိုက်ဆံအပေါ် ထားတဲ့ သဘောတရားကို ငါ မလေးစားပဲ မနေနိုင်ဘူး... "

" အဲ့တာ ဟန်ဆောင်နေတာ.. အန်ကယ်တော့ လှည့်စားခံလိုက်ရပြီ... "လင်းရီ ပြောလိုက်ပြီး " အန်ကယ့် မိသားစုက ပိုက်ဆံ မရှားဘူးဆိုပေမယ့် ဒီလိုလုပ်လို့တော့ မကောင်းဘူးနော် အန်ကယ်..."

ကျီအန်းထိုက်၏ အရွယ်မှာ အသက်အားဖြင့် တော်တော်လေး မငယ်တော့ချေ။ ထို့ကြောင့် ပင်ကိုယ်အားဖြင့် တချို့သော ရုပ်၀တ္ထုပစ္စည်းများအား သံယောဇဉ် ဖြတ်ပြီးဖြစ်၏။ ထို့ကြောင့် ပိုက်ဆံ သုံးသည်က တွင်းထဲ ပစ်ချထည့်လိုက်သလိုပင်။ သူ့စိတ်ထဲ နှစ်သက်သည့် မည်သည့်အရာကိုမဆို ပိုက်ဆံသုံးရန် ၀န်လေးနေလိမ့်မည် မဟုတ်ချေ။

" အဲ့လို မပြောစမ်းနဲ့.. ဒီလို အမူအရာမျိုးက ဘယ်လိုလုပ်ပြီး အတု ဖြစ်နိုင်မှာလဲ... "ကျီအန်းထိုက် ပြောလိုက်ပြီး " ပြီးတော့ ငါသူ့ကို စောင့်ကြည့်နေတာ တော်တော်လေး ကြာပြီ... အမြဲတမ်း ဒီလိုပုံစံပဲ... စကားလည်း သိပ်မပြောဘူး... ပါရမီပါတယ်... သူက မင်းရဲ့ ပိုက်ဆံကို ဂရုမစိုက်တဲ့ လူစားမျိုးကွ... ဒီတော့ အေးစက်စက်နိုင်တာ မဆန်းပါဘူး..."

" အဲ့တာကတော့ အန်ကယ့် စိတ်တိုင်းကျပဲလေ.. ကျွန်တော်ဆို ပိုက်ဆံ သုံးစရာတောင် မလိုဘူး.. ဒီ ကောင်မလေးတွေက ဒယ်ဒီလို့ ခေါ်ရဖို့ကို အပြိုင်အဆိုင် လုနေကြရတာ... "

" အဓိပ္ပာယ် မရှိတာ... တကယ်လို့ မင်း ဒုံးပျံ တစ်စင်းလောက်မှ မပို့ပေးဘူးဆိုရင် လူတွေက မင်းကို လျစ်လျူရှုထားကြမှာပဲ... "ကျီအန်းထိုက် ပြောလိုက်၏။

" အန်ကယ်က မယုံဘူးပေါ့..."

လင်းရီ ဖုန်းထုတ်လိုက်ပြီး Douyu အက်ပ်ကို ဖွင့်လိုက်သည်။ ထို့နောက် အမျိုးသမီး စထွင်မာ၏ အခန်းထဲ ၀င်ရောက်လိုက်၏။

ထိုသို့ ၀င်ရင်းနှင့်လည်း စိတ်ထဲ သူ့ အနာဂတ် ခမည်းခမက်ကြီး တိတ်တခိုး သဘောကျနေရသူလေးကို သူ့လက်နှင့် ဖျက်ဆီး မိတော့မည်ဟု စိတ်ထဲ ခံစားနေမိတော့သည်။

" ဘရားသားမာ့စ်... ဟုတ်လား.. မင်း နာမည်ကလည်း အဆန်းကြီး..."ကျီအန်းထိုက် ပြောလိုက်ပြီး " ငါ့လောက်တောင် မကောင်းဘူး... "

" အန်ကယ့်နာမည်က ဘာမို့လို့... "

" ဂျန်တဲ၀င်း... "

လင်းရီ ".... "

" မင့်ထက် ကောင်းတယ်မလား... "

" ဒါပေါ့ ဒါပေါ့.. ဒီနာမည်က တော်တော်ကောင်းတယ်... တစ်ခေတ်မှာ တစ်ခါလောက်သာ မြင်ရမယ့် နာမည်မျိုးပဲ..."

" အရေးမပါတာတွေ လာပြောမနေနဲ့.. အရင်ခေါင်းစဉ်ကို ပြန်သွားရအောင်... သူ့ကြည့်ရတာ မင်းကို ဂရုစိုက်နေတဲ့ပုံပေါ်လို့လား...."ကျီအန်းထိုက် ပြောပြီး နည်းနည်းလေးလည်း ဘ၀င်ခိုက်သွားခဲ့သည်။

" အာ... မျက်နှာဖုံး အစ်ကိုကြီး ဒီရောက်လာတယ်... ကျွန်မရဲ့ လိုက်စထွင်းကနေ ကြိုဆိုပါတယ်နော် အစ်ကိုကြီး... "

ကျီအန်းထိုက် ဘ၀င်ခိုက်နေတုန်းမှာပဲ အမျိုးသမီး စထွင်မာလေးမှာ စိတ်အားထက်သန်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး တောက်ပသည့် အပြုံးတစ်ပွင့်ကို လှစ်ဟာပြလာခဲ့ကာ ကိုယ်ကိုပင် ကိုင်း၍ ဦးညွှတ်လိုက်သေး၏။

လင်းရီ သူ နောက်ဆုံး စထွင်း ပြုလုပ်ခဲ့သည်မှာ အချိန်အတော် ကြာခဲ့ပြီး ဖြစ်သော်လည်းပဲ လင်းရီ၏ ဒဏ္ဍာရီဆန်မှုတို့ကတော့ Douyu ထဲ ဆက်လက် ပျံ့နှံ့နေစဲပင်။

ထို့ပြင် ကျန်းရှောင်ယွီသည်လည်း တစ်ခါတစ်ရံ သူမ လိုက်စထွင်း၏ ရေပန်းစားမှုကို တိုးမြင့်ရန်အတွက် လင်းရီကို ဆွဲဆွဲခေါ်ပြီး လိုက်စထွင်း အတူ ပြုလုပ်လေ့ရှိသေး၏။

All Chapters