လင်းရီ၏ ကပ်ဘေး
Vol. 72 Ch. 1069
" ဖက်ခ်... အဲ့တာ အတည်ကြီးလား... တကယ်ကြီး အဲ့လို အရာမျိုး ရှိနေတယ်ပေါ့... ငိုးမ ဒီကောင် ငါတို့ကို ပစ္စည်းကောင်းတွေ ဝှက်ထားတယ်... "
" တကယ်ကြီး... "
လျန်ကျင်းမင် ပြောလိုက်ပြီး " ငါ ချယ်ရီသီး လက်တစ်ဆုပ်စာလောက်နဲ့ လိုက်ချီးသီး နည်းနည်း စားလိုက်တာ ခုထိ ကိုယ့်ကောင်က တက်ကြွ နေသေးတုန်းဗျာ... ခဏကျရင် နောက်တစ်ချီ ထပ်တွယ်လို့တောင် ရသေး... "
" နေဦး.. ငါတို့ အခုပဲ အဲ့ကောင်ကို သွားရှာနေပြီ..."
မကြာမီ နှစ်ယောက်လုံး ဖုန်းချ၍ လင်းရီကို လိုက်ရှာရန် စိုင်းပြင်းကြတော့သည်။
မုန်တိုင်း နောက်တစ်ချီလည်း ၀င်ပြီးနောက် လင်းရီ၏ ဆိုင်လေးသည်လည်း ပုံမှန်အတိုင်း တိတ်ဆိတ်သွားခဲ့တော့သည်။
လူတော်တော်များများက လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိကြသေးသော်လည်းပဲ သွားရှုပ်၍ မရသည့် လူဆိုတာတော့ အကုန်လုံးက နားလည်ထားကြသည်။ မဟုတ်ပါက ထိုမျှ ချမ်းသာပြီး အာဏာရှိသည့် သူဌေးသား တစ်ယောက်နှင့် သိကျွမ်းဖို့ရာမှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သို့သော် အမှန်တရားကို မသိရှိသေးသည့် လူတစ်ချို့ကလည်း ရှိနေမြဲ ဖြစ်ကာ လင်းရီရောင်းနေသည့် ကြီးမားလွန်းသော ဈေးနှုန်းကြောင့် ဆဲဆိုသွားကြသူများလည်း ရှိ၏။
သို့ပေမယ့်လည်း လူဆိုသည့် အမျိုးက စူးစမ်းချင်ကြည်သည့် သတ္တဝါ တစ်မျိုးပင် မဟုတ်ပေလော။ လင်းရီ၏ ချောမောသည့် ပြေပြေပြစ်ပြစ်ပြစ် ရုပ်ရည်လေးကြောင့် အချို့ ချမ်းသာသည့် သူဌေးမကြီးများကတော့ လိုလိုလားလား အမ်းကြရန် လင်းရီဆိုင်တွင် အသီး ၀ယ်ကြတော့သည်။
လင်းရီ စိတ်ထဲ တွက်ချက်မှု တစ်ချို့ ပြုလုပ်လိုက်၏။ ဤ မနက်ပိုင်းတွင် သူ ယွမ် သုံးသောင်းဖိုး ရောင်းထွက်ပြီးချေပြီ။
ဤ နှုန်းအတိုင်းဆိုပါက လက်ရှိ သူ့လက်ထဲ ရှိသည့် အသီးများ အားလုံး ကုန်စင်အောင် ရောင်းချရန် အတွက် အချိန် သုံးရက်မှ လေးရက်အထိ ကြာမြင့်လိမ့်မည်။
မွန်းလွဲ တစ်နာရီလောက်ရောက်တော့ သူသဟိုင်၏ ဟင်းသီးဟင်းရွက်များအားလုံး ရောင်းကုန်လု နီးနီး ဖြစ်သွားခဲ့တော့သည်။ ဤ အတွက် အဓိက ကျေးဇူးတင်ရမည့်လူက လင်းရီကိုပင်။
ဟင်းသီးဟင်းရွက် တစ်ချို့ ၀ယ်ရင်း အဆင်လေးကို အနီးကပ် လာငမ်းရသည်က လူတစ်ချို့အတွက် တန်လွန်းသည်ဟု ဆို၍ရ၏။
" အစ်ကိုဟိုင်... ခင်များ ရောင်းလို့ ပြီးရင်လည်း ပြန်တော့လေ... ကျုပ်ကို စောင့်မနေနဲ့တော့... "လင်းရီ ပြောလိုက်ပြီး " ကျုပ် ဒီည ရွာကို ပြန်မလာတော့ဘူး... မနက်ဖြန် မနက်ကျရင် ခင်များ ဒီကိုပဲ တန်းလာလိုက်တော့..."
" ခုနေ ငါထွက်သွားရင် မင်း အသီးတွေ ဘယ်လို ဆက်ရောင်းတော့မှာ... ငါ စောင့်နေပါ့မယ်ကွာ... ဘာပဲဖြစ်ဖြစ် ပြန်သွားရင်လည်း လုပ်စရာ ရှိတာမှ မဟုတ်တာ... မင်းဆိုင်သိမ်းပြီးမှပဲ ပြန်မယ်... "
" မလိုဘူး မလိုဘူး.. မရီးက ခင်များပြန်လာမှာကို အိမ်မှာ မျှော်နေတော့မှာ... ခင်များ ဒီမနက်လည်း စောစော ထခဲ့ရသေးတယ်မလား... ပြန်ပြီး ကောင်းကောင်း သွားနားလိုက်ပါ..."
လင်းရီမှ အတင်း ခေါင်းမာနေသည်ကို မြင်တော့ သူသဟိုင်လည်း သူ့ကိုယ်သူ နေရန် တွန်းအား ပေးမနေတော့ချေ။
လင်းရီ ကားထဲမှ သူ့အသီးများကို အောက်ချလိုက်ပြီး သူသဟိုင်နှင့် သူယောင်ကို နှုတ်ဆက်လိုက်၏။
လင်းရီ အလျင် လိုမနေချေ။ သူ ဂိမ်းလေးဆော့လိုက်၊ အသီးလေးရောင်းလိုက်နှင့် အဆင်ပြေနေပြီး ဘ၀ကြီးက သက်တောင့်သက်သာ ဖြစ်လွန်းသည်ဟု စိတ်ထဲ ခံစားနေရတော့၏။
များမကြာမီတွင် ပေါ်ချယ် တစ်စင်း လင်းရီရှေ့ ထိုးရပ်လာခဲ့သည်။
မူလကတော့ လင်းရီ များများ စဉ်းစား မနေချေ။ ထန်းချိန်ကဲ့သို့ အိမ်ယာမျိုးတွင် ပေါ်ချယ်က ကားအကောင်းစား မဟုတ်သောကြောင့် သူ့ကို စိတ်၀င်စားအောင် မပြုလုပ်နိုင်ချေ။
သို့သော်လည်းပဲ သူ လိုင်စင် နံပါတ်ပြားကို တစ်ချက်ကြည့်လိုက်မိတော့ သူ့နှလုံး အပြင်ဘက်သို့ ပျံထွက်တော့ မယောင် ဖြစ်ပျက်သွားခဲ့သည်။
ဤသည်က ဟော်ယွမ်ယွမ်၏ ကား ဖြစ်နေသည်။
သူမ၏ အကျင့်စရိုက်နှင့်ဆိုပါက သူ၏ အသီးများအားလုံး အားမနာစတမ်း စားသောက်ရန် လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သေချာသည်ကတော့ လျန်ကျင်းမင်၏ စနက် ဖြစ်လောက်၏။
ကား ရပ်တန့်သွားခဲ့ပြီးနောက် ဟော်ယွမ်ယွမ်နှင့် ကျီချင်းရန်တို့ ကားထဲမှ အရင်ဆုံး ထွက်လာခဲ့ပြီး သူမတို့ နောက်တွင်တော့ ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ လိုက်ပါလာကြသည်။
" ဟားဟား.. ညီကိုလင်း.. ချစ်ညီကိုကြီး... အသီးလေး နည်းနည်းလောက် လုပ်ပါဦးဟ... ငါ လျန်ကြီးဆီက သတင်းကောင်းတွေ ကြားထား ပြီးပြီနော်..."ကောင်းကျုံးယွမ် အပြုံးတစ်ပွင့်ဖြင့် ပြောလာခဲ့သည်။
" ချီးပဲ.. ငါ ပိုက်ဆံရှာဖို့ လိုသေးတယ်ကွ... "
" ပိုက်ဆံ အကြောင်းပြောတာက ငါတို့ ရင်းနှီးမှုကို ထိခိုက်စေပါတယ်ကွာ... "
" ရင်းနှီးမှုအကြောင်း ပြောတာကလည်း ပိုက်ဆံကို ထိခိုက်စေတယ်ကွ...."
စနစ်၏ ပုံမှန် အမူအကျင့်ရတော့ အကယ်၍ မိသားစု၀င် သို့မဟုတ် သူငယ်ချင်းများ ပစ္စည်း လာရောက်၀ယ်ယူပါက စာရင်းထဲ မထည့်ဖို့ များသည်။ မဟုတ်ပါက မစ်ရှင်ကို မိနစ်ပိုင်းအတွင်း ပြီးအောင် ပြုလုပ်လိုက်၍ရ၏။ ထိုသို့ဆိုပါက ညစ်ပတ်နေသည်နှင့် ကွာခြားလိမ့်မည် မဟုတ်တော့ချေ။
" ဟော်ယွမ်ယွမ်.. မင်းတို့ နှစ်ကောင် ထိန်းထိန်းသိမ်းသိမ်းလေး ပြုမူကြရင် ကောင်းမယ်နော်... မင်းတို့ စိတ်ကြိုက်စားသွားတာက ရတယ်... ဒါပေမယ့် ငါ လခွမ်းမို့လို့ ကျွတ်ကျွတ်အိတ်ကြီးနဲ့ ထည့်သယ်နေကြတာလား..."
" ကျွန်မလည်း ရှင့်နား မကြာမကြာ အခွင့်အရေး လာယူနေတာလည်း မဟုတ်ပဲနဲ့ကို ခုရသလောက်တော့ ယူထားရမှာပေါ့... "ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " ပြီးတော့ ကောင်း နဲ့ ကျွန်မကလည်း ဒီ အသီးတွေ စိုက်တုန်းက ကူညီပေးထားသေးတယ်လေ.. အသီးတစ်ချို့ ခွဲပေးသင့်တာ သာမန်ပဲ မဟုတ်ဘူးလား..."
လင်းရီ သက်ပြင်းချလိုက်၏။ သူတော့ နွားလို ရုန်းကန်ရတော့မည်။
ယခုလို ဟော်ယွမ်ယွမ် ရောက်လာပြီး စားသောက်နေသဖြင့် မစ်ရှင်၏ ခက်ခဲမှုသည်လည်း နှစ်ဆတိုးသွားခဲ့တော့၏။
သူ့ရဲ့ အောင်မြင်မှုလမ်းကြောင်းမှာ ဒီယွမ်ယွမ်က ခလုတ်ကန်သင်း လာဖြစ်နေတာပဲ...
ကျီချင်းရန် လင်းရီကို တိတ်တဆိတ် ဆွဲဆိတ်လိုက်ပြီး စကားဆက်မပြောရန် တားမြစ်လိုက်သည်။
အကယ်၍ ဟော်ယွမ်ယွမ် တစ်ယောက်တည်း ရှိသည်ဆိုပါက ပြဿနာ မရှိသော်ငြား ယခု ကောင်းကျူံးယွမ်ကပါ ရောက်လို့နေသည်။ ထို့ကြောင့် သူမကို မျက်နှာသာ တစ်ချို့ ပေးသင့်၏။
" လင်းကြီး... မင်း ဒီကောင်တွေကို ဘယ်လိုတွေတောင် စိုက်ခဲ့တာ... သောက်ရမ်း အရသာ ရှိလွန်းတယ်..."ချင်းဟန် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး " ၅၀၀ ဂရမ်ကို ဘယ်လောက်လဲ..."
" ၂,၅၀၀ "
" ဖူး...."ချင်းဟန် သွေးအန်လုနီးပါး ဖြစ်သွားခဲ့တော့၏။
" ကီလို၀က်ကို ယွမ် ၂,၅၀၀ ပေါ့ ဟုတ်လား..."
" ဈေးနိမ့်ပြီး ရောင်းရင် စိန်ခေါ်မှုတွေ ရှိမှာ မဟုတ်ဘူးလေ..."လင်းရီ ပြောလိုက်ပြီး " ဒါကြောင့်မို့ ငါ့ကိုယ်ငါ ရည်မှန်းချက် တစ်ခု ချမှတ်လိုက်တာ.. ငါ ဒီအသီးတွေ အကုန်လုံးကို ယွမ် ဆယ်သိန်းရအောင် ရောင်းမယ်... တကယ်လို့ ဈေးကြီးကြီးမှ မတင်ထားရင်လည်း ယွမ်ဆယ်သိန်း ဘယ်ရနိုင်တော့မှာ...."
လင်းရီ၏ စကားလုံးများက ဟော်ယွမ်ယွမ်ကို သူ ဤ အသီးများအား ပိုက်ဆံ ရအောင် ရောင်းရဦးမည်ဟု မသိမသာ အရိပ်အမြွက်ပေးနေခြင်း ဖြစ်သည်။
" ကောင်း... ငါ့ကို အိတ်နောက်တစ်လုံးလောက် ပေးပါဦး... မက်မွန်သီးနဲ့ လိုင်ချီး နည်းနည်းလောက် ထပ်ယူသွားရအောင်..."
လင်းရီ "..... "
ဘယ်လိုတောင် မသိတတ်လိုက်လဲ...
ချင်းဟန်နှင့် ကောင်းကျုံးယွမ်ကတော့ နည်းနည်းပါးပါး စားသောက်ပြီးနောက် ရပ်တန့်လိုက်ကြသည်။ သို့သော် ဟော်ယွမ်ယွမ်ကတော့ လုံး၀ ရပ်တန့်ခြင်း မရှိ။ သူမ အသီးတစ်မျိုးစီကို အိတ်တစ်လုံးစာ ထည့်ယူနေသည်။
သူမရိတ်သိမ်းသွားသည့် ပမာဏက တစ်ဆယ်ကီလိုလောက်ရှိ၏။
အစကတော့ လျန်ကျင်းမင် ပေါ်လာခဲ့သည်မှာ ကိစ္စကောင်းတစ်ခု ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အဆုံးတွင် သူ့အား သစ္စာဖောက်သွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
ထိုအခိုက်အတန့်တွင် လင်းရီ ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားခဲ့တော့၏။
အခွင့်ကောင်းနှင့် တွေ့ကြုံလာပါက လက်မလွတ်စတမ်း အခွင့်အရေးယူရမည်။
၎င်းဆိုရိုးက လက်ရှိ အသီးများအား ယဉ်ကျေးနေခြင်း မရှိဘဲ ဆက်တိုက်သိမ်းယူနေသည့် ဟော်ယွမ်ယွမ်အား အပြည့်အ၀ ဖော်ကြူးပြနေသကဲ့သို့ ရှိ၏။
" ဘယ်လိုလဲ... . နင် အသီးတွေ ရောင်းရလို့ ပင်ပန်းနေပြီလား..."ကျီချင်းရန် မေးမြန်းလာခဲ့သည်။
" မပင်ပန်းပါဘူး... ဒါပေမယ့် နည်းနည်းတော့ နှေးတယ်... ရောင်းမကောင်းဘူး..."
" အဲ့တာ နင်ကိုက ဈေးကြီးကြီးနဲ့ တင်ရောင်းနေလို့လေ... ဘယ်သူကရော ဒီဈေးနဲ့ လာ၀ယ်မှာမို့လို့လဲ... ဘယ်သူမှ သွေးစုပ် မခံချင်ဘူးလေ... "
" အဲ့လို မပြောနဲ့.. ငါတို့ရဲ့ အသီးမှာက မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လေ... "
" ခုနတုန်းက လျန်ကြီး မပြောဘူးလား... ဒီအသီးတွေက ဆယ်မိနစ် ပိုကြာစေပါတယ်ဆိုနေ..."
ကျီချင်းရန် မျက်နှာ နီရဲသွားခဲ့တော့သည်။
ဘာတွေဖြစ်နေတာလဲ... ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး အာနိသင် ရှိနေရတာလဲ...
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်က အလုပ်များသူများ ဖြစ်သောကြောင့် စကားခေတ္တ ပြောပြီး ပြန်သွားခဲ့ကြတော့သည်။
သူမ မပြန်ခင် ကျီချင်းရန်သည်လည်း ရုံးတွင် စားရန် အိတ်တစ်လုံးဖြင့် မက်မွန်သီးများ ထည့်ယူသွားလေသည်။
သူတို့ အကုန်လုံး ထွက်သွားခဲ့ပြီးနောက် လင်းရီ ညနေ သုံးနာရီလောက်တွင် ပန်းသီး တစ်လုံး ရောင်းလိုက်ရပြီး သူ့အတွက် ယွမ် ၇၀၀ ရရှိလိုက်သည်။ ထို့နောက် လာပြီးမေးမြန်း ၀ယ်ယူသူများလည်း မရှိကြတော့ချေ။၎င်းက လင်းရီကို ဆိုင်ပိတ်သိမ်းစေချင်လောက်သည်အထိ ဖြစ်သွားစေခဲ့တော့၏။
လင်းရီ ၀မ်ရန်ကို ဖုန်းဆက်လိုက်ပြီး သူမကို ထရပ်တစ်စင်း ယူလာခဲ့ဖို့ ပြောလိုက်သည်။
သူ ထရပ်ထဲ အသီးများ ပြန်သိမ်းလိုက်ပြီး လျန်ရူရွှယ်၏ ရုံးခန်းသို့ မောင်းသွားလိုက်တော့၏။
လင်းရီ ရောက်လာသည်ကို မြင်တော့ ဂိတ်စောင့်မှ ပြုံးလိုက်ပြီး ဘာမှ မမေးမမြန်းဘဲ တံခါးဖွင့်ပေးလိုက်သည်။
ဆေးလိပ်ဘူး၏ အကျိုးကျေးဇူးများပင်။
လင်းရီ လျန်ရူရွှယ်၏ ရုံးခန်းထဲ ရောက်လာတော့ မည်သူမျှ ရှိမနေကြောင်းကို သူ သတိထားမိသွားခဲ့လေသည်။
လှည့်ပတ် မေးမြန်း စုံစမ်းကြည့်ပြီးနောက် သူမ အစည်းအဝေး တစ်ခုသို့ ရောက်နေကြောင်းကို လင်းရီ သိလိုက်ရသည်။
လင်းရီလည်း အလျင်လိုမနေချေ။ ထို့ကြောင့် သူ ရုံးခန်းထဲတွင် ထိုင်၍ စောင့်ဆိုင်းနေလိုက်၏။
နာရီ၀က်ကြာပြီးနောက် လျန်ရူရွှယ် တစ်စုံတစ်ယောက်နှင့် စကားပြောနေရင်း စည်းချက်ကျကျ လမ်းလျှောက်လာသည့် ဒေါက်ဖိနပ်သံများကို လင်းရီ ကြားလိုက်ရသည်။
ချလပ်...
လျန်ရူရွှယ် တံခါး တွန်းဖွင့်ပြီး ၀င်လာခဲ့၏။ လင်းရီ အလျင်အမြန် ပြေးသွား၍ သူမ မျက်လုံးများကို နောက်မှ အုပ်ထားလိုက်သည်။
လျန်ရူရွှယ်၏ တုံ့ပြန်မှုက အလွန်လျင်မြန်သည်။ သူမ လင်းရီလက်ထဲမှ ရုန်းထွက်ပြီး လက်မောင်းကို ဆွဲ၍ ပခုံးပေါ်တင်မြှောက် ကိုင်ပေါက်ရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း သူမ အင်အား မထုတ်ရခင်မှာပဲ ရုတ်ချည်း ရပ်တန့်သွားခဲ့တော့၏။
" နင်ငါ့ကို သေအောင် ခြောက်လှန့်နေတာပဲ.. ငါက ဘယ်သူများလဲလို့... "လျန်ရူရွှယ် မျက်လုံးလှန်ပြလိုက်၏။
" စဉ်းစားကြည့်လေ... လူဆိုးတာဆိုရင် ဒီထဲ ၀င်နေနိုင်မှာလား..."
" ဒါက ဒီတိုင်း ငါ့ကိုယ်က အလိုအလျောက် တုံ့ပြန်နေတာပဲ... "လျန်ရူရွှယ် ပြောလိုက်ပြီး " ငါ တက္ကသိုလ် တက်တုန်းက အိမ်ပြန်လာရင် အဖေက ဒီလို လှည့်ကွက်မျိုး လုပ်နေကြလေ... ငါ အပြင်ဘက်မှာ အနိုင်ကျင့်ခံရမှာကို ကြောက်လို့တဲ့... " " ကိုယ့်ယောက္ခမကြီးကရော ဂရုမစိုက်ဘူးလား...."
" သူက ဘေးကနေပြီး အားပေးနေတာလေ... မဟုတ်ရင် အဖေက ငါ့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့မှာတောင် မဟုတ်ဘူး..."