← Chapters

ဒါကိုစား ၊ ဆယ်မိနစ် ပိုကြာမယ်

Vol. 72 Ch. 1068

ဒါကိုစား ၊ ဆယ်မိနစ် ပိုကြာမယ်

Vol. 72 Ch. 1068

" မင်း ဘာပြာလိုက်တယ်.. သူတို့က နှုတ်ဆက်ပြီး ပြန်သွားကြတယ် ဟုတ်လား...."

ရဲအရာရှိ နှစ်ဦးမှာ ကြက်သေသေသွားခဲ့ကြတော့၏။ သူတို့ အချင်းချင်း ပြန်ကြည့်လိုက်ကြရင်း တစ်ခုခု လွဲချော်နေသည်ဟု ခံစားလိုက်ရလေသည်။

တစ်ကီလိုကို ယွမ် ၅,၀၀၀ နှင့် ရောင်းချနေသည်က လုံး၀ အဓိပ္ပာယ် မရှိသည့် လုပ်ရပ်တစ်ခုဖြစ်သည်။ သူ၏ ရည်ရွယ်ချက်က မည်သည့်အရာပဲ ဖြစ်နေပါစေ ဤအရေးကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ရာ လိုအပ်လေသည်။ အဘယ်ကြောင့် နှုတ်ဆက်ပြီး ထွက်သွားရမည်နည်း။

သူ့ကိုယ်သူ ဗျူရိုခေါင်းဆောင် ဟု ထင်နေသည်လော။

" ခင်များတို့ မယုံဘူးဆိုလည်း ဖုန်းဆက်ပြီး မေးကြည့်လိုက်ကြပေါ့..." လင်းရီ ရယ်မောလိုက်ရင်း " ဒါပေမယ့် ခင်များတို့က ဒီကို ဥပဒေ ထိန်းသိမ်းဖို့ ရောက်လာကြတယ် ဆိုတော့ ကျုပ်လည်း သေချာပေါက် ပူးပေါင်းပေးရမှာပေါ့... ဒါပေမယ့် ကျုပ်ကို မဖမ်းခင် သေချာလေးတော့ စဉ်းစား... ဗျူရိုက အရာရှိကြီးတွေတောင် ကျုပ်ကို မထိရဲတာ ခင်များတို့ ကိုယ့်အနေအထားကို ပြန်စဉ်းစားကြည့်ဖို့ လိုလိမ့်မယ်.... "

" ဒါက..... "

နှစ်ယောက်လုံး ကြက်သေသေသွားကြပြန်သည်။

ဤစကားလုံးများက နည်းနည်းလေး မောက်မာလှသော်လည်း ယေဘုယျအားဖြင့် ပြောလာသည့် သူသာ အရက်မူးမနေပါက ထိုသို့ ပြောလာသည့်သူသည် ကျိန်းသေပေါက်ကို သူတို့ ဇယား သွားရှုပ်၍ မရသည့် လူဖြစ်သည်။

ခရိတ်ခ်...

အခြေအနေက ရှေ့မတိုး နောက်မဆုတ်သာ အနေအထားသို့ ကျရောက်နေစဉ်မှာပဲ ထန်းချိန် အိမ်ယာ ၀င်ပေါက်၀သို့ အက်စတွန် မာတင် ၀မ်းဆဲဗင်း တစ်စင်း ရောက်ရှိလာခဲ့သည်။

ယွမ် သန်း ၄၀ တန် ပြိုင်ကား တစ်စင်း ရောက်ရှိလာသည်ကို မြင်လိုက်ရတော့ ဘေး၌ ရပ်ကြည့်နေကြသူများမှ ကြက်သေသေသွားကြ၏။

တကယ့်ဘော့စ် ရောက်လာပြီပဲ.. ထန်းချိန်လို နေရာမျိုးမှာတောင် ဒီလိုကားမျိုး လူတိုင်း မစီးနိုင်ဘူး...

ကားတံခါး ပွင့်ဟလာပြီး လျန်ကျင်းမင်နှင့် ငယ်ရွယ်သည့် အမျိုးသမီး တစ်ဦး ထွက်လာခဲ့ကြ၏။

" ဟမ်.. ညီကိုလင်း... မင်းဘာလို့ ဒီရောက်နေတာလဲ.... "

" ငါ့အိမ်က အသီးတွေ မှည့်ကုန်လို့လေ... ဒါကြောင့်မို့ ဒီနေရာမှာ လာရောင်းနေတာ...."

လျန်ကျင်းမင် ခွက်ထိုးခွက်လန် ရယ်မောလိုက်ရင်း " မင်းမှာ ခုရှိနေတာတွေက မလုံလောက်သေးလို့လား... ပိုက်ဆံ လိုနေသေးတယ်ပေါ့..."

" အများကြီးပဲလေကွာ... မရောင်းလို့ ငါတစ်ယောက်တည်း စားရင် လချီးလို စားနိုင်မှာလားကွ..ဘာပဲပြောပြော ငါလည်း တခြား ဘာလုပ်စရာမှ မရှိတာ...."

" အမှန်ပဲ.. မင်း အားယားနေတာကို ငါ မအံ့ဩတော့ဘူး..."

လျန်ကျင်းမင် ပြောပြီးနောက် ပတ်၀န်းကျင်ကို တစ်ချက် စူးစမ်းကြည့်လိုက်တော့ " ဘာတွေဖြစ်နေတာလဲ.. ဘာလို့ ဒီနား လူတွေ အုံနေကြတာ... ရဲတွေရောပဲ..."

လင်းရီ ၀မ်နာကို လက်ညိုးထိုးပြရင်း " အဲ့ဘွားတော် ရဲခေါ်လိုက်တာလေ...ပြောတာတော့ ငါ သူ့ကို ခြိမ်းခြောက်တယ်တဲ့.. ဒါကြောင့်မို့ ဖမ်းသွားကြမလို့... "

" လိုး... ဒါ စောက်ရမ်း အံ့အားသင့်စရာပဲ..."

လျန်ကျင်းမင် ဒေါသထွက်လျက် တဟားဟား ရယ်မောနေလိုက်သည်။ သူ ၀မ်နာထံ လျှောက်သွားလိုက်ပြီး " ခင်များက ကျုပ်ရဲ့ ညီကိုလင်းကို ဖမ်းခိုင်းတော့မယ်ပေါ့.. ဟုတ်လား..."

၀မ်နာနှင့် ရွှီလင်းတို့ ဆွံ့အသွားခဲ့ကြ၏။

ဒါ ဘယ်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်လဲ...

သူ့ အရှိန်အဝါတွေက သိပ် ကြောက်ဖို့ ကောင်းတာပဲ...

" ဟုတ်တယ်... သူငါ့ကို အရင် ခြိမ်းခြောက်လာခဲ့တာ...."၀မ်နာ အားတင်းလျက် အံကြိတ်ပြီး တီးတိုးပြန်ပြောလိုက်သည်။

" ငါ နင့်ကို ကြိုပြောထားမယ်... ငါ့ယောက်ျားက ဖျင်အန်း အာမခံ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာနော်... အဲ့ သောက်ငမွဲ အပင်စိုက်တဲ့ ကောင်ကြောင့်နဲ့တော့ ငါနဲ့ ရန်သူ လာမဖြစ်ချင်နဲ့..."

ဖြန်း....

လျန်ကျင်းမင် သူ့လက်မြောက်၍ ၀မ်နာ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

" ခင်များ ရူးနေတာလား... ကျုပ် ညီကိုလင်းက ဒီတိုင်း ဘ၀အတွေ့အကြုံရအောင် အသီးရောင်းနေတာကို ခင်များက ညစ်ပတ်နံစော်နေတဲ့ သောက်ငမွဲလို့ လာပြောနေတယ်ပေါ့... ခင်များကိုယ်ခင်များ သိပ်ဟုတ်လှပြီ ထင်နေတာလား... "

၀မ်နာ ပါးရိုက်ခံလိုက်ရ၍ မြေပြင်သို့ လဲကျသွားပြီး အရိုက်ခံလိုက်ရသည့် သူမ မျက်နှာတစ်ခြမ်းကို လက်ဖြင့် ကိုင်ထားရင်း " နင် ငါ့ကို ရိုက်လိုက်တယ်.... "

" ကျုပ် စိတ်ကောင်း၀င်နေလို့သာ ခင်များကို မသတ်လိုက်တာ... "လျန်ကျင်းမင် ပြောပြီး‌နောက် ထွီခနဲ တံတွေး ထွေးချလိုက်ပြီး " သောက်ရေး မပါတဲ့ အထွေထွေ မန်နေဂျာကများ လာပြီး မောက်မာပြနေလိုက်သေးတယ်... ရှင်းဟွာ လေကြောင်းကုမ္ပဏီက ကျုပ်ပိုင်တာပဲ... ခင်များနဲ့ ကျုပ်နဲ့က အဆင့်ချင်း မတူဘူးဆိုတာ မှတ်ထား...."

" ရှင်းဟွာ လေကြောင်းကုမ္ပဏီ .. "

ထိုစကား ကြားတော့ ၀မ်နာ ချက်ချင်း အံ့အားသင့်သွားခဲ့တော့သည်။

အဲ့ ကုမ္ပဏီက ဟွာရှရဲ့ နာမည်ကြီး ကုမ္ပဏီ တစ်ခုလေ... သူမက တကယ်ကြီး သူတို့ရဲ့ သခင်လေးနဲ့ ဒီမှာ လာတွေ့နေရတယ်...

၀မ်နာ ခေါင်း ပူထူသွားခဲ့တော့သည်။ သူမ မသိစိတ်မှ လင်းရီကို ကြည့်မိလိုက်တော့ လင်းရီသည်လည်း သူမကို ပြုံးပြုံးလေး ကြည့်နေကြောင်း မြင်တွေ့လိုက်ရလေသည်။

ထိုအချိန်ကျတော့မှ သူမရှေ့တွင် ရပ်နေသည့် အသီးသည်လေးမှာ ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်ကြောင်း သူမ သတိထားမိသွားခဲ့တော့သည်။

သူ ဤနေရာသို့ ဘ၀အတွေ့အကြုံရရန် ရောက်လာသည် ဆိုသည်က ဖြစ်ကောင်းဖြစ်နိုင်သည်။

ထို့ပြင် သူ့လက်တွင် ပတ်ထားသည့် Richard Mille နာရီကလည်း ပစ္စည်း အစစ် ဖြစ်လောက်၏။

၀မ်နာကို ကိုင်တွယ်ပြီးနောက် လျန်ကျင်းမင် ရဲအရာရှိ နှစ်ယောက်ကို ကြည့်လိုက်ပြီး " အရာရှိကြီးတို့.. ဒီကိစ္စက ဖြေရှင်းပြီးသွားပါပြီ.. ခင်များတို့ ပြန်လို့ရပြီ... "

" ဒါက...."

အရာရှိ နှစ်ယောက်မှာ တော်တော်လေးကို ဘေးကြပ်နံကြပ် ဖြစ်နေတော့၏။

မင်းက အာဏာပါဝါကြီးနေရင်တောင် ဒီလိုမျိုးကြီး ဖြေရှင်းလိုက်တာကတော့ မဟုတ်သေးဘူးလေကွာ...

" မဒမ်၀မ်.. ခင်များက ကျုပ်တို့ကို ဖုန်းဆက်ခေါ်ခဲ့တဲ့ သူပဲ.. ခင်များ ဘယ်လိုထင်လဲ... "အကယ်၍ ၀မ်နာကသာ လက်မလျှော့ဘူးဆိုပါက သူတို့ကလည်း သင့်တင့်မျှတအောင် လုပ်ဆောင်ပေးရလိမ့်မည်။

" မလိုဘူး မလိုဘူး... ဒါ ကျွန်မ အမှား... ဘာရဲမှ မလိုတော့ဘူး... ဒီကိစ္စကို သီးသန့်ပဲ ဖြေရှင်းလိုက်တော့ပဲ...နင်တို့ ပြန်လိုက်တော့...."၀မ်နာ သူမ မျက်နှာတစ်ဖက်ကို အုပ်ထားရင်း ပြောလိုက်သည်။

" ခင်များတို့က သီးသန့် ဖြေရှင်းချင်တယ် ဆိုမှတော့ ကျုပ်တို့လည်း ဘာမှ ဆက်မပြောလိုတော့ဘူး..."

ရဲအရာရှိ နှစ်ဦးမှ ပြန်လည် မောင်းထွက်သွားခဲ့ကြသည်။ လျန်ကျင်းမင် ၀မ်နာကို တစ်ချက်ကြည့်လိုက်ပြီး " ခင်များကကော ဒီမှာ ယီးလုပ်နေသေးတာလား... လစ်လေ..."

ရွှီလင်း ၀မ်နာကို လက်တွဲခေါ်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့တော့၏။

ဘေး၌ ရပ်ကြည့်နေကြသူများ၏ မျက်နှာထက်တွင်တော့ ရှော့ခ်ရနေသေးသည့် အမူအရာက ခုထိ မပျောက်ကွယ်ကြသေးချေ။

ထန်းချိန် အိမ်ယာမှာ နေနိုင်ကြတဲ့သူတွေလည်း တကယ့် ချမ်းသာတဲ့ ဒုတိယ မျိုးဆက်နဲ့ တွေ့ရင် ဘာမှ မတတ်နိုင်ကြပါလားနော်...

" ဟိုက် သောက်ကျိုးနည်း .... ညီကိုလင်း... မင်းရဲ့ ချယ်ရီသီးတွေက ချိုလှချည်လားဟ... "

လျန်ကျင်းမင် အားနာမနေဘဲ နောက်တစ်လုံး ထပ်ဖြုတ်လိုက်၏။

လင်းရီ အပေါ်ယံတွင် တည်ငြိမ်သည့် မျက်နှာ အမူအရာကို ထိန်းသိမ်းထားသော်လည်း ရင်ထဲတွင်တော့ သွေး တစ်စက်စက် ယိုစီးကျနေသည်။

' ငိုးမသားလေး လိမ့်စားမနေနဲ့ဟ.. ဒီက ဈေးဦးတောင် ဖောက်သေးတာမဟုတ်ဘူး...'

" မင်း ဒီကို ဘာလာလုပ်တာ..."လင်းရီ မေးလိုက်သည်။

" ဒီမှာ အိမ်ရှိတယ်လေ... ငါ အားရင် ဒီလာနေကျပဲ..."လျန်ကျင်းမင် ပြောလိုက်ပြီး " ညီကိုချင်းလည်း ဒီမှာ အိမ်တစ်လုံးရှိတယ်... မင်းကော တစ်လုံးလောက် ယူဦးမလား...."

" တာ့တာပဲ... ငါ့ ကျိုကျုံး ဗီလာက ဒီထက် တစ်ဆင့် ပိုမြင့်တယ်..."

" ဒီအိမ်တွေရဲ့ သဘောသဘာ၀က မတူဘူးကွ... ဘယ်လိုပဲဖြစ်ဖြစ် အရံအိမ် တစ်လုံးလောက်တော့ ရှိထားသင့်တယ်.... ဘာပဲပြောပြော အိမ်က မင်း အိပ်ဖို့ပဲလေ... တစ်လုံးတည်း ရှိနေရင် ဘယ်အဆင်ပြေမှာ..."

" မင်းတို့ကောင်တွေက တကယ့် ဉာဏ်ကြီးရှင်တွေပဲ..."

ချယ်ရီသီးများ စားသောက်ပြီးနောက် လျန်ကျင်းမင် လိုက်ချီးသီးများကို ဆွဲဖြုတ်လိုက်သည်။ " ညီကိုလင်း.. မင်း စိုက်တဲ့ အသီးတွေကလည်း ကောင်းလှချည်လားဟ... ဒီချယ်ရီတွေဆို တစ်ကီလို ယွမ် ၄၀၀ လောက် တန်တယ်... "

" ကီလို၀က်ကို ယွမ် ၂,၅၀၀ ..."

" ဟမ်... ဘာပြောလိုက်တယ်... ကီလို၀က်ကို ယွမ် ၂,၅၀၀ ဟုတ်လား..."

" အမှန်ပဲ... မျိုးမတူတော့ ဈေးကြီးတာ သဘာ၀ပဲလေ...."

" အမှန်အတိုင်းပြောရရင် ငါတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုကြောင့်သာ မဟုတ်လို့ကတော့ စကတည်းကနေ ငါ ပိတ်ဆဲ မိနေပြီ သိလား... "လျန်ကျင်းမင် မယုံကြည်နိုင် ဖြစ်နေပြီး " ကီလို၀က်ကို ယွမ် ၂,၅၀၀ .. ဒါနောက်နေတာတော့ မဟုတ်ဘူးမလား..."

" ဟေ့ကောင် .. မင်း ဘာသိလို့..."လင်းရီ လျန်ကျင်းမင်နားထဲ တီးတိုးပြောလိုက်ပြီး " မင်း ငါ့အသီး စားရင် မင်းရဲ့ ပုံမှန်ထက် ဆယ်မိနစ် ပိုကြာမယ်..."

လျန်ကျင်းမင်၏ အမူအရာမှာ ရုတ်ချည်း တုံ့ဆိုင်းသွားပြီး " ညီကို.. မင်းစိုက်နေတာ အသီးတွေဆိုတာ သေချာပါတယ်နော်... ကာမ အားတိုးဆေးတွေတော့ မဟုတ်ဘူးမလား...."

" ဘာတွေ လာပြောနေတာ... ငါမင်းကို ဘယ်တုန်းက ညာခဲ့ဖူးလို့... "

" ဒါလည်း ဟုတ်တာပဲ... "လျန်ကျင်းမင် နောက်ထပ် ချယ်ရီ လက်တစ်ဆုပ်ခန့် ယူသွားလိုက်ပြီး " ငါ အာသာပြေအောင် နည်းနည်း ယူသွားမယ်နော်... "

" ငိုးပဲ... မင်း နိုင်ငံကြီးသား ပီသစမ်း ဟေ့ကောင်... အဲ့တာ ကီလို ၀က်လောက် ရှိတယ်ကွ.. ငါ ပိုက်ဆံ ရှာဖို့ လိုသေးတယ်..."

" ချီးပဲ.. ငါ နည်းနည်းလောက်လေး စားတာကို မင်းက ရင်နာပြနေတယ်ပေါ့.... ယီးတောင် မပေးဘူးဟျောင့်... "

လျန်ကျင်းမင် ပြောရင်းဖြင့် အသီးပိုက်ပြီး သူ့ကားထံ ခေါ်လာသည့် ကောင်မလေးနှင့် ပြေးသွားခဲ့သည်။

" အစ်ကိုမင်.. အဲ့လူက ဘယ်သူလဲဟင်... သူနဲ့ သိတာလား..."သူ့ အဖော် ကောင်မလေးမှ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

" ငါသာ သူနဲ့ မရင်းနှီးရင် ညီကိုလို့ ခေါ်ပါ့မလား... "လျန်ကျင်းမင် ပြောလိုက်ပြီး " အဲ့တာ မင်း ပြောပြောနေတဲ့ ကျိုးဟိုင်ရဲ့ နာမည်ကြီး သခင်လေးလင်းလေ... "

" အာ... ဒါဆို သူက နားလည်ရခက်တဲ့ သခင်လေးလင်းပေါ့... "

" ညီကိုလင်းရဲ့ အတွေးအခေါ်တွေက ထူးတော့ ထူးဆန်းတယ်... သူက ငါတို့နဲ့ မတူဘူး... အံ့ဩမနေနဲ့..."လျန်ကျင်းမင် မလာသည့် ချယ်ရီများအား ကမ်းပေးလိုက်ရင်း " စားကြည့်.. ဘယ်လို ကောင်းလို့ ကောင်းမှန်းကို မသိတာ..." " ကျေးဇူးနော် အစ်ကိုမင်... "ကောင်မလေးမှ လျန်ကျင်းမင်၏ ပါးကို နမ်းလိုက်ပြီး " ငါ နင့်ကို သေချာပေါက် ခဏနဲ့ ပြီးအောင် လုပ်ပေးမယ်..."

" မင်းရဲ့ အကောင်းဆုံးကိုသာလုပ်..."

ထို့နောက် နှစ်ယောက်သား မြေအောက် ကားပါကင်သို့ သွားပြီး အိမ်သို့ ပြန်လာခဲ့ကြလေသည်။

တစ်နာရီ ကြာပြီးနောက် ...

သူ၏ ကောင်မလေးသည်လည်း မောဟိုက်သွားခဲ့တော့သည်။ ကုတင်ပေါ်တွင် ကိုယ်ဗလာကျင်းလျက် ခြေပစ်လက်ပစ်ဖြင့် လဲလျောင်းနေပြီး လက်တစ်ချောင်း မြှောက်ဖို့တောင် အားအင် မရှိတော့သည့် ဟန်ပင်။

လျန်ကျင်းမင်လည်း အသက်ပြင်းပြင်းရှူရင်း စီးကရက် မီးညှိလိုက်၏။ ထို့နောက် ဖုန်းထုတ်၍ ချင်းဟန်ထံ ဝီချက်မှ တစ်ဆင့် ဗွီဒီယိုကော ခေါ်လိုက်တော့သည်။ သူ ကောင်းကျုံးယွမ်ကိုပါ ဆွဲထည့်လိုက်သေး၏။

" ဘာကိစ္စလဲ... "

ဖုန်းထဲတွင် ချင်းဟန်မှ သူ၏ ရုံးခန်းထဲ ရှိနေပြီး ကိုင်းမပါသည့် မျက်မှန်ကို တပ်ဆင်ထားသည်။

သူ့ဘေးတွင်တော့ ကောင်းကျုံးယွမ်မှ လေ့ကျင့်ခန်း လုပ်ထားသကဲ့သို့ ချွေးများ ရွှဲနစ်နေသည်။ " ညီကိုချင်း ... ညီကိုကောင်း... ငါ ခုနလေးတင်ပဲ ညီကိုလင်း ထန်းချိန် အိမ်ယာရှေ့မှာ အသီးရောင်းနေတာ မြင်လိုက်တယ်... "

" အာ... အသီးရောင်းနေတယ် ဟုတ်လား..."

ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ကြသည်။

ချင်းဟန်မှ " သာမန်ပါပဲ... သူ့အတွေးအခေါ်တွေက ငါတို့နဲ့ မတူဘူးလေ.. ပြီးတော့ အဲ့ကောင် အပင်တွေ စိုက်ထားသေးတယ်မလား... ထွက်လာပြီး အသီးရောင်းနေတယ်ဆိုတာ သာမန်ပါပဲ... "

" အဲ့တာတော့ ငါလည်း သိတာပေါ့... ဒါပေမယ့် ညီကိုလင်း ပြောတာ သူ့ရဲ့ ချယ်ရီသီးတွေ စားရင် ဆယ်မိနစ် ပိုကြာစေတယ်တဲ့... ငါ စမ်းပြီးသွားပြီ... တကယ်လည်း အလုပ်ဖြစ်တယ်... "လျန်ကျင်းမင် စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်၏။ သူ၏ အမူအရာက အများအပြား ဖြတ်သန်းခဲ့ရသည့် ပုံစံ ပေါက်နေလေသည်။ " ဒါကြောင့် ငါစဉ်းစားထားတာ... ငါတို့ ညီကိုလင်းရဲ့ ခြံထဲ သွားပြီး စူးစမ်းကြည့်ကြရင် ကောင်းမလားလို့... "

All Chapters