← Chapters

ဒီသောက်ရူးတွေနဲ့ ပြိုင်ငြင်းမနေနဲ့

Vol. 72 Ch. 1066

ဒီသောက်ရူးတွေနဲ့ ပြိုင်ငြင်းမနေနဲ့

Vol. 72 Ch. 1066

လင်းရီသည်လည်း စိတ်သဘောထား သေးသိမ်ညံ့ဖျင်းသူ တစ်ဦး မဟုတ်သောကြောင့် သူမ၏ တုံ့ပြန်မှုကို နားလည်ပေးနိုင်သည်။

သူကိုယ်၌ပင် ပျှမ်းမျှဈေး ယွမ် ၂,၅၀၀ ဖြင့် ရောင်းနေရသည့်အတွက် ကြောင်တောင်တောင် နိုင်သည်ဟု ခံစားနေခဲ့ရ၏။

လင်းရီ နွှဲ့ရှောင်ဖေ့အတွက် မက်မွန်သီးတစ်လုံး ရွေးပေး၍ ပလတ်စတစ် အိတ်ဖြင့် ထည့်ပေးလိုက်သည်။

" ၁,၀၈၀ ယွမ်... ကျုပ်ကို ၁,၀၀၀ ပဲပေး..."

" အချောလေး... ခုနလေးတင် ငါ့ သူငယ်ချင်း ၀ယ်တုန်းကကျ နင်သူ့ကို ၅၀ ရာခိုင်နှုန်းများတောင် ဒစ်စကောင့် ပေးလိုက်တယ်... ငါ့ကျတော့ ဘာလို့ ယွမ် ၈၀ ပဲ လျှော့ပေးတာလဲ.. နင့်ဟာကြီးက မဟုတ်သေးဘူးနော်..." နွှဲ့ရှောင်ဖေ့ စောဒကတက်လိုက်ပြီး " ပိုပြီး လှတာလေး ၀တ်ခဲ့တာကို ဘာလဲ... စကတ်အတိုက နင့်အတွက် ဆွဲဆောင်မှု ရှိမနေလို့လား...."

" ချောတဲ့ ကောင်တွေကလည်း ဂုန်းဆင်းတဲ့ကောင်တွေပဲလေ.. သူက ကျုပ်ရဲ့ ပထမဆုံး ဈေးဦးဖောက်... ဒီတော့ ဈေးလျှော့ပေးလိုက်တာ သာမန်ပါပဲ..."

" ပြီးရော..."

နွှဲ့ရှောင်ဖေ့ များများစားစား ဂရုစိုက်မနေခဲ့ချေ။ သူမ အသီးကိုသာ ၀ယ်ပြီး ၎င်း၏ အကျိုးသက်ရောက်မှုကိုသာ စမ်းသပ်ကြည့်ချင်နေသည်။

အကယ်၍ အမှန်ပင် အကျိုးအာနိသင် ရှိခဲ့မည် ဆိုပါက သူမအတွက် များစွာ အကျိုးရှိသွားပေလိမ့်မည်။

ပိုက်ဆံ ရှင်းပြီးနောက် နှစ်ယောက်သား မက်မွန်သီးများကို သယ်လျက် အိမ်သို့ ပြေးလာခဲ့ကြ၏။

သူမ ချက်ချင်း ရေဖြင့် ဆေးကြောလိုက်ပြီး တစ်ခါတည်း မြည်းစမ်းကြည့်လိုက်သည်။

ထို့နောက် တစ်၀က်ခွဲ၍ ဖုန်းကျားကျားကို ခွဲပေးလိုက်၏။

" ငါမစားဘူး... နင်သာ မြန်မြန် အကုန်စားလိုက်... တော်နေကြာ အာနိသင် သက်ရောက်မှု မရှိတော့ပဲ နေလိမ့်မယ်...."

" အင်း.. ဒါဆိုငါလည်း အားမနာတော့ဘူးနော်...."

နွှဲ့ရှောင်ဖေ့ မက်မွန်သီးကို ယူ၍ တုံ့ဆိုင်းခြင်း မရှိ၊ တစ်ကိုက် ကိုက်ချလိုက်သည်။ သူမ၏ မျက်နှာထက်တွင်တော့ ကျေနပ် နှစ်သက်ကြည်နူးမှုတို့ ပြည့်နှက်နေသည်။

" ဒါ သိပ်အရသာ ရှိလွန်းတယ်... သူ ဘယ်လိုများ စိုက်ထားလို့ပါလိမ့်... လုံး၀ လက်ခံနိုင်စရာကို မရှိဘူး....."

" ပေါက်တတ်ကရ ပြောတာတွေ ရပ်ပြီး မြန်မြန်စား...."

မိနစ် အနည်းငယ် အတွင်းမှာပဲ နွှဲ့ရှောင်ဖေ့ မက်မက်သီး တစ်လုံးလုံး စားပြီးသွားပြီး လက်တွင် ပေနေသည့် အရည်များကိုပင် အလဟဿ မဖြစ်ရလေအောင် လျှာဖြင့် လျှက်လိုက်သေးသည်။

" ကျားကျား... မြန်မြန် ကြည့်ကြည့်စမ်းပါ... ငါ့မျက်နှာပေါ်က ၀က်ခြံတွေ ပျောက်သွားပြီလားလို့... "

" နင် အရူးလား... ဒါကို ဆရာဇော်ဂျီ ဖော်တဲ့ဆေးလို့များ နင်ထင်နေတာလား... ဒီလောက် မြန်မြန်ကြီး ဘယ် အစွမ်းပြပါ့မလဲဟဲ့..."ဖုန်းကျားကျား ပြောလိုက်ပြီး " ရေသွားချိုးပြီး အလုပ်ဖြစ်မဖြစ် ကြည့်ကြည့်လိုက်...."

" ကောင်းပြီလေ... နင် ပြောတဲ့ အတိုင်းပဲ... "

ယနေ့တွင်တော့ နွှဲ့ရှောင်ဖေ့ အလွန်လျှင်မြန်စွာ ရေမိုးချိုးနေသည်။ နာရီ၀က်ကြာတော့ သူမ ရေချိုးလို့ ပြီးသွားခဲ့၏။

" ချီးပဲ ကျားကျား .. မြန်မြန်လာကြည့်... ငါ့မျက်နှာပေါ်က ၀က်ခြံဖုတွေ မရှိတော့ဘူးဟဲ့ သိလား..."

ရေချိုးခန်းထဲမှ အော်သံကို ကြားတော့ ဖုန်းကျားကျား ညှပ်ဖိနပ်ကို ကမန်းကတန်း စီး၍ ပြေးလာတော့သည်။

ရေချိုးခန်းထဲတွင်တော့ နွှဲ့ရှောင်ဖေ့မှာ ကိုယ်လုံးတီး ဖြစ်နေလျက်ရှိသည်။

အကယ်၍ သာမန် နေ့လေး တစ်နေ့သာ ဆိုပါက ဖုန်းကျားကျား သေချာပေါက် သွားပြီး သူမ၏ ကောင်မလေးကို သွားရောက် ကျီစယ်မိပေမည်။ သို့ပေမယ့် ယခု အချိန်တွင်တော့ ထိုကိစ္စကို သူမ အာရုံရောက်မနေချေ။ သူမ၏ အာရုံက နွှဲ့ရှောင်ဖေ့ မျက်နှာပေါ်တွင်သာ လုံး၀ အာရုံစိုက်ထားခဲ့၏။

" ဘုရားရေ... တကယ်ကြီး ပျောက်ကုန်ပြီ... ပြီးတော့ နင့် အသားအရေတောင် ပိုပြီးတောင် လှလာသလိုပဲ... တစ်ချက်ထိလိုက်တာနဲ့ ရေတွေ ထွက်လာမလားတောင် မသိဘူး..."

" ဟုတ်ပါ့.. စပယ်ရှယ် ကုသမှုတွေ မလုပ်ထားဘဲနဲ့တောင် ငါ့အသားအရည်က အများကြီး ရေဓာတ်ပြည့်၀နေသလိုပဲ.. "

" ရပြီ ရပြီ .. ငါ သိပြီ... "ဖုန်းကျားကျား ပြောလိုက်ပြီး " အခု သူရောင်းတဲ့ အသီးတွေက တကယ်ကြီး အကျိုးသက် ရောက်မှုရှိတာကို ငါတို့ သေချာသွားပြီ...တော်တော်လေး အံ့ဩဖို့ကောင်းတယ်နော်.... "

" ငါတို့ ၀ယ်လှောင်ထားကြမလား... ဒါက ပုံမှန် စကင်းကဲ ပစ္စည်းတွေထက်တောင် ပိုကောင်းသေးတယ်...."

" ငါ ယွမ် တစ်သောင်းဖိုး ၀ယ်မယ်.. မဟုတ်ရင် ငါတော့ ဆုံးရှုံးသွားရတော့မှာ..." " သွားမယ် သွားမယ်... ယွမ် တစ်သောင်းက နည်းတဲ့ ပမာဏ မဟုတ်ဘူး... အရင်ဆုံး သိုလှောင်ထားရမယ်... "နွှဲ့ရှောင်ဖေ့ ပြောလိုက်သည်။

" ငါ့ကို ခဏစောင့်.. မနေ့တုန်းက အကြပ် တစ်ထည် ၀ယ်လာခဲ့သေးတယ်.. ငါ အဲ့တာ သွား၀တ်လိုက်ဦးမယ်..."

" မဖြစ်နိုင်တာ... နင် ဘာတွေ လျှောက်လုပ်နေတာလဲ... "

" နင် နည်းနည်းပိုပြီး လှအောင် ၀တ်စားသွားရင် အချောလေးက လျှော့ဈေးတွေ ပေးမယ်လို့ နင်မထင်ဘူးလား..."နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး " စကားမစပ် နင့် စတော်ကင် ငါ့ ခဏ ပေး၀တ်ဦး... ငါ သေချာလေး ၀တ်သွားမှ ဖြစ်မှာ..." " ဟွန့်... ခုနကကျ သူပဲ စက်သေနတ် ပစ်နေပြီးတော့ ခုကျတော့လည်း သူပဲ မြှူဆွယ်ချင်နေပြန်ပြီ... ငါတော့ နင် တဏှာဆိပ် မိနေပြီလို့ ထင်တယ်..."

" ငါက ပေါ်တင် မြှူဆွယ်တာ.. နင့်လို မဟုတ်ဘူး..."နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး " အပိုတွေ မပြောနဲ့ .. မြန်မြန် လုပ်တော့...ငါ့ကို စတော်ကင် ထုတ်ထားပေးနော်... "

ဆယ်မိနစ် ကြာပြီးနောက် နွှဲ့ရှောင်ဖေ့ ကိုယ်ကြပ်၀တ်စုံနှင့် အနက်ရောင် စတော်ကင်ကို ပြောင်းလဲ ၀တ်ဆင်လိုက်သည်။ သူမ၏ အသွင်က တော်တော်လေးကို အမြင်ဖမ်းစားချင်စရာ ဖြစ်နေလေသည်။

ထျန်းချိန် အိမ်ယာ၏ ၀င်ပေါက်၀တွင်တော့ သူသဟိုင်၏ အသီးအရွက် စီးပွားရေးမှာ အရှိန်အဟုန် ကောင်းလျက်ရှိသည်။

ဈေးနှုန်းက ကောင်တီထက် နှစ်ဆ ရှိနေသော်လည်း လူချမ်းသာတို့၏ မျက်လုံးထဲတွင်တော့ တော်တော်လေးကို ဈေးတန်နေသည်။

နေ့လည် မရောက်မီ အချိန်တွင်ပဲ သူ၏ ကုန်တစ်၀က်မှာ ရောင်းလို့ ကုန်သွားခဲ့၏။

အခြားတစ်ဖက်တွင်တော့ လင်းရီ၏ ဆိုင်လေးမှာ ဖုန်းကျားကျားနှင့် နွှဲ့ရှောင်ဖေ့တို့မှလွဲ၍ လာရောက် ၀ယ်ယူသူ တစ်ဦးမျှ မရှိသေးချေ။

" အစ်ကိုကြီးလင်း... ရှင်ရောင်းနေတာတွေက နည်းနည်းလေး ဈေးကြီးလွန်းတယ်လို့ မထင်ဘူးလား... "သူယောင် ပြောလိုက်ပြီး " ညီမအထင် ဈေးနည်းနည်း ချလိုက်ရင် ပိုကောင်းသွားမယ် ထင်တယ်...."

" ၀ယ်တာ မ၀ယ်တာ သူတို့ အပိုင်းပဲလေ.. ဆန္ဒရှိတဲ့သူတွေကတော့ ငါးစာ လာမိကြမှာပဲ... ပြီးရင် တစ်ယောက်စကား တစ်ယောက်နားနဲ့ လူတွေအများကြီး လာ၀ယ်ကြတော့မှာ... "

လင်းရီ ကြိုတင် စဉ်းစားထားပြီး ဖြစ်သည်။ အကယ်၍ တစ်ယောက်ကမျှ မ၀ယ်လျှင်ပင် သူ အရှုံးမရှိချေ။

အကယ်၍ မည်သူကမျှ မ၀ယ်ဘူးဆိုလျှင် သူသည်လည်း ယွမ် ဆယ်သိန်း ရနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်းပဲ သူ ဈေးလျှော့ပြီး အကုန်လုံးကို ရောင်းချလိုက်လျှင်ပင် ဆယ်သိန်းကို ရရှိနိုင်ဦးမည် မဟုတ်ချေ။ ထို့ကြောင့် ရလဒ်က အတူတူပင် ဖြစ်နေသဖြင့် သူ မစ်ရှင်ကို ပြီးမြောက်အောင် မလုပ်နိုင်မှတော့ အဘယ်ကြောင့် ဈေးလျှော့၍ ရောင်းရမည်နည်း။ ထိုသို့ လုပ်စရာ အကြောင်း မရှိချေ။

သူသဟိုင်၏ ဆိုင်ရှေ့တွင် ဟင်းသီး ဟင်းရွက် ရွေးနေသည့် သူမှ လင်းရီကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

အသီးစိုက်တဲ့ကောင်ကများ သောက်ကြီးသောက်ကျယ်တွေ ပြောလို့ပါလား...

" သူဌေး .. သူဌေး.... "

လင်းရီနှင့် သူယောင်တို့ စကားပြောနေသည့် အချိန်တွင်ပဲ ဖုန်းကျားကျားနှင့် နွှဲ့ရှောင်ဖေ့တို့ ရောက်လာခဲ့ကြသည်။

" အသီးလိုချင်လို့လား...."

" ဟုတ်တယ်... ငါ အသီး ၂ ကီလို ယူမယ်... ယွမ် တစ်သောင်းဖိုး ထည့်ပေး..."နွှဲ့ရှောင်ဖေ့ ပြောလိုက်၏။

" ငါရောပဲ ယွမ် တစ်သောင်းဖိုး ယူမယ်...."ဖုန်းကျားကျား ပြောလိုက်၏။

" အမ်... သေချာပါတယ်နော်..."

လင်းရီ အနည်းငယ် ကြက်သေသေသွားခဲ့သည်။ အကယ်၍ မိုးပျံအောင် အရသာရှိနေလျှင်ပင် ယခုလို ပြုမူနေရန် မလိုအပ်ဟု သူထင်သည်။

ယွမ် တစ်သောင်းသည်က နည်းပါးသည့် ပမာဏ တစ်ခု မဟုတ်ချေ။

" ဒါပေါ့... သေချာပေါက် ယူမှာ..."နွှဲ့ရှောင်ဖေ့ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်ပြီး "သူဌေး... နင်သိလား.. နင့်ရဲ့ အသီးတွေက သိပ်အရသာ ရှိရုံတင် မကဘူး... အသားအရေကို စိုပြေစေတဲ့ နေရာမှာလည်း ထိပ်တန်းပဲ... ငါတို့ မျက်နှာပေါ်က ၀က်ခြံတွေဆို အခု မရှိတော့ဘူးလေ... ဒါကြောင့်မို့ များများ ၀ယ်ပြီး အိမ်မှာ လှောင်ထားမလို့..."

ထိုစကားလုံးများက လူတော်တော်များများကို ဆွဲဆောင်သွားခဲ့သည်။

ဦးစွာအနေနှင့် အကျိုးသက်ရောက်မှုက နည်းနည်းလေး မျှော်လင့်မထားသောကြောင့် ဖြစ်သည်။

နွှဲ့ရှောင်ဖေ့နှင့် ဖုန်းကျားကျားတို့၏ လှပသည့် သွင်ပြင်တို့ပါ ရောစပ်သွားတော့ လူစိတ်၀င်စားချင်စရာ ဖြစ်လာနေသည်။

" ကောင်မလေး... နင်တို့ ဘာတွေ ပြောနေကြတာလဲ... သူတို့ အသီးတွေက လှပစေပြီး မျက်နှာကို အားဖြည့်ပေးတယ်ပေါ့ ဟုတ်လား...."

ပြောလိုက်သူက အသက်လေးဆယ် အရွယ်ရှိသည့် အမျိုးသမီး တစ်ဦးဖြစ်သည်။ အမည်မှာ ရွှီလင်း ဖြစ်၏။ သူမက စာရင်း၀င်ထားသည့် ကုမ္ပဏီတစ်ခု၏ အမှုဆောင် အရာရှိ တစ်ဦး ဖြစ်ပြီး လက်တွင်လည်း လက်သည်းခွံလောက် အရွယ်အစား ရှိသည့် စိန်လက်စွပ် တစ်ကွင်းကို ၀တ်ဆင်ထားလျက်ရှိကာ နေရောင်ထဲတွင် တလက်လက်နှင့် ကြည့်ရှုသူကို မျက်စိစူးသွားစေသည်။

" ဟုတ်တာပေါ့ ... မဟုတ်ရင် ကျွန်မတို့ကရော ဒီလောက် ဈေးကြီးတဲ့ အသီးတွေ အများကြီး ၀ယ် မယ်လို့ ထင်လား......"

" ဒါပေမယ့် ဒါက အသီးသပ်သပ်ပဲလေ.. "

အမျိုးသမီးများသည် ပင်ကိုယ်အားဖြင့် အလှအပကို စုံမက်ကြသည်။ အထူးသဖြင့် ဤကဲ့သို့ ချမ်းသာသည့် အမျိုးသမီးများက ပို၍ပင် စုံမက်ကြသည်။

အလှအပနှင့် အိုမင်းရင့်ရော်ခြင်းကို ထိန်းသိမ်းပေးမည် ဆိုပါက မည်သည့် ပမာဏပဲ ပေးရပေးရ ထိုက်တန်သည်။

" အစ်မရွှီ.. အဲ့လှတပတ ကောင်မလေး နှစ်ယောက်ကို အဲ့ကောင် ခေါ်ထားတယ်ဆိုတာ အရှင်းကြီးပဲ... ရှင် သူတို့စကားကို နားယောင်တော့မလို့လား... "

စကားပြောလိုက်သည့် အမျိုးသမီးကတော့ ၀မ်နာ ဖြစ်သည်။ သူမက ပိန်ပါးသွယ်လျပြီး ကိုယ်ပေါ်တွင် နာမည်ကြီး ဘရန်း အမှတ်တံဆိပ်များကိုသာ ဆင်ယင်ထား၏။ သူမ ဟင်းသီးဟင်းရွက် ၀ယ်သည့် အချိန်၌ပင် နေရာ၌ ရပ်နေပြီး သူဟဟိုင်ကို လက်ညိုးထိုးလျက် သူမအတွက် ကောင်းသည့် အရာများကို ရွေးချယ်ခိုင်းနေသည်။

" ကျွန်မတို့ ဒါ သရုပ်ဆောင်နေတာ မဟုတ်ဘူး... တကယ့်ကို ပစ္စည်းကောင်းမို့ ပြောနေရတာ..."နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး " ကျွန်မတို့ကို ထင်ရာမြင်ရာတွေ လာစွပ်စွဲမနေနဲ့..."

" ဟမ့်..."၀မ်နာ နှာခေါင်းရှုံ့လိုက်ပြီး " နင်တို့ နှစ်ယောက်ရဲ့ ၀တ်ပုံစားပုံ အမူအရာကို ကြည့်လိုက်တာနဲ့ နင်တို့တွေက ဒီ ထန်းချိန် အိမ်ယာမှ နေနိုင်တဲ့ သူတွေနဲ့လည်း မတူဘူး... တစ်ချက်ကြည့်လိုက်တာနဲ့ အပြင်လူဆိုတာ ငါ တပ်အပ် ပြောနိုင်တယ်... နင်တို့ လူတွေကို အသီး ၀ယ်စေချင်တယ်ဆိုရင်လည်း တစ်ကီလိုကို ယွမ် ၅,၀၀၀ မလုပ်နဲ့ပေါ့... ငါတို့ အဲ့ပိုက်ဆံကို ပေးချင်ရင် သူတောင်းစားကိုပဲ ပေးလိုက်မယ်... သူ့ကိုတော့ မပေးနိုင်ဘူး.... "

" ရှင် မယုံဘူးဆိုလည်း ထားလိုက်တော့...."

နွှဲ့ရှောင်ဖေ့ စောဒက တက်လိုက်၏။ သို့ပေမယ့် ဘာမှ ဆက်မပြောတော့ချေ။

သူမနှင့် ဖုန်းကျားကျားတို့ နှစ်ယောက်လုံးက ၀င်ငွေ မဆိုးလှသော်လည်း ထန်းချိန် အိမ်ယာရှိ နေထိုင်သူများကို စော်ကားရန် မတတ်နိုင်ကြောင်း ကောင်းစွာ နားလည်ကြသည်။

လုံး၀ လိုအပ်သည့် အခြေအနေမျိုးမှလွဲ၍ သူမ၏ ဒေါသကို မျိုသိပ်ထားပြီး အခြားသူများနှင့် အပြိုင်ငြင်းခုန်လိမ့်မည် မဟုတ်ချေ။

" လာလာ အလှလေးတို့... အဲ့သောက်ရူးတွေနဲ့ သွားငြင်းမနေနဲ့..."လင်းရီ သူမတို့ နှစ်ယောက်ကို ကြည့်၍ ပြောလိုက်ပြီး " ငါ မင်းတို့ဖို့ ချိန်ပေးမယ်..."

" အင်း... "

" နင် သောက်ဆင်းရဲပြီး အပင်စိုက်တဲ့ကောင်... နင် ဘယ်သူ့ကို သောက်ရူးလို့ ပြောနေတာလဲ... "

၀မ်နာ ဒေါသ ထောင်းခနဲ ဖြစ်သွားခဲ့တော့၏။ သူမနှင့် အဆင့်အတန်းခြင်း တူသည့် လူချမ်းသာများ ဆဲဆိုသည်က အဆင်ပြေသော်လည်း ယခုလို ငနုံငအ ယဉ်ကျေးမှု နားမလည်သည့် သောက်တောသားတစ်ကောင်က သူမကို အမှန်ပင် ဆဲဝံ့နေသည်။ ဤသည်ကို သူမ လုံး၀ လက်သင့်မခံနိုင်ချေ။

All Chapters