← Chapters

ရှုပ်ထွေးသည့်ပြဿနာ

Vol. 72 Ch. 1080

ရှုပ်ထွေးသည့်ပြဿနာ

Vol. 72 Ch. 1080

လင်းရီ ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ “ ရိုက်ကူးရေးတုန်းက လုပ်တာ မဆိုးတော့ ပြန်ခေါ်ခံရတာလေ…” “ ကြည့်လိုက်.. ကျွန်မ ဘာပြောထားလဲ.. ရှင့်ရဲ့ ရုပ်ရည်နဲ့သာဆိုရင် အနုပညာနယ်ပယ်ထဲ ဝင်လိုက်တာနဲ့ ကျိန်းသေပေါက် အောင်မြင်လာမှာပါလို့… ရှင့်ကို ငှားလိုက်တာ ဒါရိုက်တာရန်က သေချာပေါက် မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလိုက်တာပဲ….”

“ မင်းမှန်တယ်… အဲ့တာကြောင့်ပဲ ငါ ဒီရောက်နေတာ…”

“ ကျွန်မတို့ အတူပူးပေါင်းပြီး အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်.. ကျွန်မကတော့ ခရိုခဝ ကျွန်းပေါ်မှာ ရိုက်ကူးတုန်းက အဖြစ်အပျက်တွေကို ခုထိ မမေ့နိုင်သေးဘူး…”

“ ငါရောပဲ…” လင်းရီ သာမန်လျှံကာ ပြောလိုက်သည်။

ယင်းက အမှန်ပင်။ သို့သော်လည်း လင်းရီ မှတ်မိသည်က မိကျောင်းကို သတ်ဖြတ်ခြင်း၊ ကျည်ဆံမှန်ခြင်းနဲ့ အနက်ဝတ်လူအား တွေ့ဆုံခဲ့ခြင်းတို့ပင်။

ကျန်သည်ကိုတော့ သူအားလုံး နီးပါး မေ့လျော့နေချေပြီ။

“ ဒါဆို ဒီနေ့ ကိစ္စ ပြောကြရအောင်… မင်း ဒါရိုက်တာရန်ရဲ့ ရှိုးကို ကျိန်းသေပေါက် လာပြီး ပံ့ပိုးပေးရမယ်နော်….”

“ ပြဿနာ မရှိဘူး… အစ်ကိုရီက တောင်းဆိုလာမှတော့ ကျွန်မ သေချာပေါက် ကူညီပေးရမှာပေါ့..”

“ ဒါဆို အတည်ဖြစ်သွားပြီ..”

“ အွန်း -အွန်း…”

သာယာနာပျော်ဖွယ် စကားတစ်ချို့ ဖလှယ်ပြီးနောက် ကျောက်ရင်ညန်နှင့် သူမ မန်နေဂျာမှ ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကြပြီး အခြားသူများ ရောက်လာမည်ကို စောင့်ဆိုင်းနေကြ၏။

ရန်စီကတော့ စိတ်ကောင်းဝင်နေခဲ့သည်။

ကျောက်ရင်ညန်က ဝင်ဝင်လာချင်း လင်းရီကို ဒက်ကနဲ မှတ်မိသွားခဲ့ပြီး နှစ်ယောက်ကလည်း ပျော်ရွှင်စွာဖြင့် အခင်မင် မပျက် စကားပြောခဲ့ကြသည်။ သူမနှင့်အတူ အလုပ်လုပ်ရန်က ပြဿနာ ရှိလိမ့်မည် မဟုတ်တော့ချေ။

“ မဆိုးဘူးပဲ…” ရန်စီ လင်းရီ နားအနား မသိမသာ ကပ်၍ တီးတိုး ပြောလိုက်ပြီး “ ဒီနေ့ ကိစ္စ အဆင်ပြေရင် ငါနင့်ကို ဒီည ဝယ်တိုက်မယ်….”

“ သဘောတူတယ်…”

တစ်ချိန်တည်းတွင် ကျောက်ရင်ညန်နှင့် သူမ၏ မန်နေဂျာအသစ် ကျန်းကျင်းဟွာသည်လည်း တိုးတိုးတိတ်တိတ် စကားပြောကြတော့၏။

“ နောင်ကျရင် နင်စကားပြောတဲ့ ပုံစံကို သတိထား… နင်က အရင်ကနဲ့ မတူတော့ဘူး…. အဆင့် A စာရင်းထဲ ဝင်တဲ့ အနုပညာရှင်တောင် ဖြစ်နေပြီ… တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါကျ နင့်ရဲ့ အကန့်အသတ်ကို နင်သိရတယ်… နင်တို့ရဲ့ ခင်မင်ရင်းနှီးမှုကိုလည်း ကန့်သတ်ထားရမယ်..”

“ ဒါပေမယ့် သူက ကျွန်မ မိတ်ဆွေကောင်းလေ… သူသာ မရှိရင် ကျွန်မလည်း အဲ့ကျွန်းပေါ်မှာ အဆုံးထိလျှောက်ပြီး ရှိုးမှာ နာမည်တွင်အောင် လုပ်နိုင်ခဲ့မှာတောင် မဟုတ်ဘူး.. “ “ နင် ပြောချင်တာကို ငါနားလည်တယ်… ဒါပေမယ့် နင့်ကိုယ်နင် ဘယ်သူဆိုတာ မမေ့လိုက်နဲ့… အနုပညာနယ်ပယ်က တခြားနယ်ပယ်တွေနဲ့ မတူဘူး… ညတွင်းချင်း ကျော်ကြားသွားနိုင်သလို ညတွင်းချင်းလည်း ပြိုလဲသွားနိုင်တယ်… ဒါကြောင့် ဂရုစိုက်ပြီး လက်ရှိ နင့်ရဲ့ ဂုဏ်သတင်းကို မြတ်နိုးရမယ်….”

“ နားလည်ပါပြီ အစ်မဟွာ…”

“ ငါ့အထင် ဒါရိုက်တာရန် သူ့ကို ဒီနေ့ ခေါ်လိုက်တာက နင့်ကို မဲဆွယ်ဖို့ပဲ ဖြစ်လိမ့်မယ်… သူ နင့်ကို ရှိုးအသစ်မှာ ပါဝင်စေချင်နေတာလေ…” ကျန်းကျင်းဟွာ ပြောလိုက်၏။

“ ကျွန်မကတော့ ပြဿနာ ရှိမယ် မထင်ဘူး.. သံဆိုတာ ပူတုန်း နာနာ ထုထားမှလေ… variety show များများ ရိုက်ကူးပြီး ကျွန်မရဲ့ A အဆင့် အနုပညာရှင်ဆိုတဲ့ အဆင့်အတန်းကို ခိုင်မာအောင် ပြုလုပ်ရမယ်… အဲ့တာမှပဲ အနုပညာနယ်ပယ်ထဲမှာ ခြေကုပ်ယူနိုင်မှာ…”

“ ရယ်ချင်စရာတွေ လာမပြောစမ်းနဲ့… နင်က အရင် ကျောက်ရင်ညန် မဟုတ်တော့ဘူး… နင် ဒီလိုမျိုး Variety show တွေကို လက်ခံလို့ မရတော့ဘူး… ဟိုလိုမျိုး တကယ့် ဆရာကြီးတွေနဲ့ ပြည့်နှက်နေတဲ့ variety show ကိုပဲ နင် လက်ခံသင့်တယ်…”

“ အမ်… ဒါပေမယ့် ကျွန်မဘက်က ကတိပေးပြီးသွားပြီလေ…. ကျွန်မ ကူညီရမှာပေါ့..”

“ အခြေအနေကို အရင်ဆုံး အကဲခတ်ကြည့်ကြတာ‌ပေါ့…” ကျန်းကျင်းဟွာ ပြောလိုက်ပြီး “ ငါတို့ ဒီနေ့ လာခဲ့တာက ကြည့်ကောင်းဖို့ မဟုတ်ဘူး… ဒါရိုက်တာကျောက်နဲ့ တွေ့ရဖို့ပဲ.. သူက ရန်ကျင်းက … ပြီးတော့ သူ့လက်ထဲမှာ အရင်းအမြစ်တွေလည်း အများကြီးပဲ… နင်သာ သူနဲ့ ကောင်းမွန်တဲ့ ပတ်သက်မှုတွေ တည်ဆောက်ထားနိုင်ရင် အနုပညာ နယ်ပယ်ထဲမှာ ကောင်းကောင်းကြီး ခြေကုပ်ယူနိုင်ပြီ…”

“ ကျွန်မ ဘာလုပ်ရမလဲ သိပါတယ်…”

“ ဒါဆို ငါ ဆက်မပြောတော့ဘူး…”

“ အွန်း-အွန်း….”

သူမတို့ စကားပြောနေစဉ် သီးသန့်ခန်း တံခါး ပွင့်ဟလာပြီး အမျိုးသား နှစ်ဦး ဝင်ရောက်လာခဲ့၏။

တစ်ယောက်ကတော့ အသက်ကြီးနေပြီး အသက်ငါးဆယ် အရွယ်ခန့် ရှိလိမ့်မည်။ သူက ခန္ဓာကိုယ် ပိန်ပါးပြီး အဝတ်အစားများကို ဖြစ်ကတတ်ဆန်း ထူးဆန်းစွာ ဝတ်စားထားသည်။

AJ1 တစ်စုံ၊ အပြာရောင်ဂျင်းနှင့် အဖြူရောင် လက်ပြတ်ကို ဝတ်ဆင်ထားခဲ့၏။ ထိုအဝတ်အစားများက ပေါင်းစပ်ထားမှုက သူ၏ အဝတ်စားဒီဇိုင်းကို တော်တော်ကြီး ဆန်းပြားသွားစေခဲ့သည်။

အဝတ်အစားက ထူးဆန်းနေပါသော်လည်း အမြော်အမြင်ကြီးမည့် မျက်လုံးတို့က ၎င်းသည် ပါရမီရှင် တစ်ဦးဖြစ်ကြောင်းကို ပြောပြနေသည်။

ရန်စီ ပြောသည့် ဒါရိုက်တာကျောက်ဆိုသူက ထိုဘိုးတော်ကြီး ဖြစ်လိမ့်မည်ဟု လင်းရီ ခန့်မှန်းလိုက်၏။ သူ့အနောက်ရှိ ငယ်ရွယ်သည့် တစ်ယောက်ကတော့ ၎င်း၏ လက်ထောက် ဖြစ်ပေလိမ့်မည်။

ထို သက်လတ်ပိုင်းလူ ဝင်လာတော့ ရန်စီနှင့် ကျောက်ရင်ညန်တို့ မတ်တပ်ရပ်လိုက်ကြသည်။

“ လင်းရီ ငါနင့်ကို မိတ်ဆက်ပေးမယ်… ဒါက ကျောက်ဟိုင်ဟုန်၊ ဒါရိုက်တာကျောက်လို့ခေါ်တယ်.. ‘ တက်နေဝန်း’ နဲ့ ‘ အရှေ့အရပ်ရဲ့ သူရိန်’ ဆိုတာ သူ့ရဲ့ နာမည်ကြီး လက်ရာတွေပဲလေ…” နှစ်ယောက်လုံးက ဒါရိုက်တာများ ဖြစ်ကြသော်လည်း သူတို့ နှစ်ယောက်ကြားရှိ ကွာဟမှုက ကမ္ဘာကြီးလောက်ကို ကြီးသည်။

ရန်စီသည်က TV ဌာန၏ ဒါရိုက်တာ တစ်ဦးမျှသာ ဖြစ်ပြီး အရိုးသားဆုံး ပြောရသော် သူမက နာမည် မရှိ၊ သာမန် အလုပ်သမား မျှသာ ဖြစ်၏။

သို့သော်လည်း ကျောက်ဟိုင်ဟုန်ကတော့ ခြားနားသည်။ သူက အနုပညာနယ်ပယ်ထဲရှိ အမှန်အကန် ဆရာ တစ်ဆူ ဖြစ်လေသည်။

နှစ်ယောက်ကို နှိုင်းယှဉ်လို့ မည်သို့မျှ မဖြစ်နိုင်ချေ။

“ ဟယ်လို ဒါရိုက်တာကျောက်… ကျွန်မက ကျောက်ရင်ညန်ပါ.. ကျွန်မ ရှင့်အကြောင်းတွေ အများကြီး ကြားဖူးပါတယ်… ရှင်နဲ့ ထမင်းအတူစားရတာ ဂုဏ်ယူစရာပါပဲ….” ကျောက်ရင်ညန် ဦးညွှတ်ပြီး အင်မတန် ယဉ်ကျေးစွာ ပြောဆိုလိုက်၏။

ကျောက်ဟိုင်ဟုန် ခေါင်းညိမ့်လိုက်ပြီး “ ငါ မင်းကို သိတယ်… မင်းက ဒရာမာ အသစ်ထဲမှာ တော်တော်ကောင်းကောင်းကြီးကို သရုပ်ဆောင်နိုင်ခဲ့တာပဲ… ငါ ရုပ်ရှင် နောက်တစ်ကား ရိုက်ဖို့ ရှိတယ်… အဲ့အကြောင်း မင်းနဲ့ စကားပြောတော့မလို့ပဲ…”

ကျောက်ရင်ညန် အပျော်လွန်သွားခဲ့၏။ ကျောက်ဟိုင်ဟုန်သည်က နယ်ပယ်ထဲရှိ နာမည်ကြီး ဒါရိုက်တာ တစ်ယောက် ဖြစ်လေသည်။ အကယ်၍ သူမကသာ နောက် ဇာတ်ကားတွင် ဝင်ရိုက်နိုင်မည် ဆိုပါက အနုပညာနယ်ပယ်ထဲတွင် ခိုင်မာစွာ ခြေကုပ်ယူနိုင်တော့ပေမည်။

သူမ ဤအခွင့်အရေးကို အမိအရ အသုံးချရမည် ဖြစ်၏။

“ ကျေးဇူးပါ ဒါရိုက်တာကျောက်… ကျေးဇူးပါ… ရှင်နဲ့ အလုပ်အတူတူ လုပ်ရမှာ ကျွန်မအတွက် ဝမ်းသာစရာပါပဲ….”

ကျောက်ရင်ညန်၏ မြှောက်ပင့်မှုတွင် ကျောက်ဟိုင်ဟုန် စိတ်သဘောခွေ့သွားခဲ့၏။ သူ၏ လက်ထောက်မှ ထိုင်ခုံကို နောက်သို့ ဆွဲပေးလိုက်ပြီး ကျောက်ဟိုင်ဟုန် ဝင်ထိုင်လိုက်သည်။

ထို့နောက် သူ၏ အကြည့်က လင်းရီအပေါ် ကျရောက်သွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင်ပဲ သူ၏ အမူအရာသည် အေးခဲသွားပြီး လင်းရီကို စုန်ချည် ဆန်ချည် သုံးလေးကြိမ်ခန့် ထပ်ကြည့်လိုက်၏။

လူမျက်နှာ အရိပ်အကဲကို ကောင်းစွာ ဖတ်တတ်သည့် ရန်စီသည်လည်း ကျောက်ဟိုင်ဟုန်၏ အမူအရာနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားခဲ့ကာ လင်းရီကို အလျင်စလို မိတ်ဆက်ပေးလိုက်၏။

“ ဒါရိုက်တာကျောက်.. သူက လင်းရီလေ… အရင် ကျွန်မ ရိုက်ကူးတဲ့ တောတွင်း ရှင်သန်ခြင်း အစီအစဉ်မှာ နောက်ဆုံး ပန်းတိုင်ကို အောင်မြင်အောင် ရောက်နိုင်ခဲ့တဲ့ လူတစ်ယောက်ပေါ့…. သူရဲ့ ရုပ်ရည်သွင်ပြင်ကော အုတ်မြစ်ကော အကုန်လုံးက ထိပ်တန်းပဲ…”

ကျောက်ဟိုင်ဟုန်၏ အမူအရာ တစ်စက်လေးမျှ မပြောင်းလဲသွားချေ။ အေးစက်မြဲ အေးစက်နေလျက် ရှိသည်။

“ မင်း တလောတုန်းက ရန်ကျင်း OT ဘားမှာ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့သေးတယ်မလား…”

ထိုစကား ပြောပြောပြီးချင် အခန်းထဲရှိ လူတိုင်း ကြက်သေသေသွားခဲ့ကြတော့၏။ ယခုလို ဖြစ်ပျက်လိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ကြချေ။

“ ခင်များက ဘယ်လိုသိတာ… ဖြတ်သွားဖြတ်လာလူလား..”

ယင်းက လင်းရီကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စက ပေါက်ကွဲထွက်သွားသော်လည်းပဲ သတင်းကို ကန့်သတ်ထားကြသောကြောင့် သူကဲ့သို့ ဒါရိုက်တာ တစ်ယောက် သိနေသည်မှာ ထူးဆန်းလှချေသည်။

“ ဟမ့်…”

ကျောက်ဟိုင်ဟုန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ မင်း ဘယ်လိုတောင် ပြောဝံ့နေတာ… မင်း ရိုက်လိုက်တဲ့ လူတွေထဲ ကျောက်ကျိန်းယွီဆိုတာ ငါ့တူလေးပဲ…”

ကျောက်ဟိုင်ဟုန်သည်က ကျောက်ကျိန်းယွီ၏ သွေးရင်း ဦးလေး တစ်ယောက် မဟုတ်ပဲ သွေးဝေး ဦးလေးတစ်ယောက်သာ ဖြစ်သည်။

သို့သော်လည်း လက်ရှိ အနုပညာနယ်ပယ်ထဲ သူ၏ လက်ရှိ အဆင့်အတန်းသို့ ရောက်အောင် ပင့်တင်ပေးခဲ့သည်က ကျောက်မိသားစုပင် ဖြစ်တော့သည်။

အမ်….

ဤသည်က အနည်းငယ်တော့ ကသိကအောက် နိုင်စရာပင်။

“ တော်တော်လေး တိုက်ဆိုင်တယ်နော်…” လင်းရီ ရယ်မောလိုက်ရင်း “ ဘယ်တတ်နိုင်မှာ… ခင်များ တူလေး ကံဆိုးသွားတာကိုပဲ အပြစ်တင်ရမှာပဲ… သူက ကျောက်မိုနဲ့ ကျန်တဲ့ကောင်တွေ အားကိုးနဲ့ လာမိုက်ချင်မှတော့ နောင်ကြဉ်သွားအောင် နည်းနည်းလောက် သင်ခန်းစာ ပေးလိုက်တာလေ…”

ဘန်း….

ကျောက်ဟိုင်ဟုန် စားပွဲကို ရိုက်နှက်လိုက်ပြီး ချက်ချင်း မတ်တပ်ရပ်ကာ ရန်စီကို ကြည့်လိုက်သည်။

“ ဒါရိုက်တာရန် … ကျုပ်တို့ ဒီနေ့ ညစာကို စားစရာ အကြောင်း မရှိတော့ဘူး ထင်တယ်… အခုပဲ လမ်းခွဲကြတာပေါ့…”

“ ဒါက….”

ဘာဖြစ်နေမှန်း သူမ မသိသော်လည်း လင်းရီ နှင့် ကျောက်ဟိုင်ဟုန်ကြားတွင် ရန်ငြိုးကြီးကြီးမားမား ရှိထားသည်ကိုတော့ ရန်စီ ပြောနိုင်သည်။ သူမတို့ ပူးပေါင်းဆောင်ရွက်ဖို့ရာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။

“ ဒါရိုက်တာကျောက်.. ကျွန်မ လိုက်ပို့ပေးပါ့မယ်…”

“ မလိုပါဘူး…” ကျောက်ဟိုင်ဟုန် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

“ ဒါရိုက်တာကျောက်… ခဏလေး စောင့်ပါဦး… ကျွန်မတို့လည်း ရှင်နဲ့ သွားချင်ပါတယ်….” ကျန်းကျင်ဟွားမှ ပြောလိုက်သည်။

ရန်စီ ကြက်သေသေသွားခဲ့ပြီး “ ငါတို့ အလုပ် အတူ လုပ်ကြမယ်လို့ သဘောတူထားပြီးသား မဟုတ်ဘူးလား.. အခု နင်တို့လည်း ထွက်သွားမယ်ဆို ဘယ်လိုလုပ်ပြီး….” “ ဒါရိုက်တာရန်… ရှင် မဟုတ်မဟတ်တွေ လျှောက်မပြောစမ်းပါနဲ့… ကျွန်မတို့ ရှင်နဲ့ အတူတူ အလုပ်လုပ်ဖို့ သဘောမတူရသေးပါဘူး..”

All Chapters