← Chapters

ရန်စီ၏ ဖိတ်ကြားမှု

Vol. 72 Ch. 1079

ရန်စီ၏ ဖိတ်ကြားမှု

Vol. 72 Ch. 1079

လင်းရီ သူမတို့နှစ်ယောက်အတွက် အသီးချိန်ပေးလိုက်ပြီး ချယ်ရီသီး တစ်ချို့ပင် လက်ဆောင် ထည့်ပေးလိုက်၏။ သူတော်တော်လေး စိတ်ကောင်းဝင်နေသည်။

“ ကျေးဇူးနော် အစ်ကို‌လေး.. ငါတို့ သွားနှင့်တော့မယ်… နောက်ကျရင် နင့်ဆိုင်ကို ကြေညာပေးမယ် သိလား…”

“ ကောင်းပြီ…”

သူမတို့ နှစ်ယောက် ထွက်ခွာသွားပြီးနောက် လင်းရီ အသီးများကို ဆက်လက် ရောင်းချလေသည်။

သို့သော်လည်း စီးပွားရေးက ခြောက်ကပ်ကပ်နှင့် တစ်နာရီ ကျော်တော့မှ တစ်ပေါင် ရောင်းလိုက်ရသည်။

( တစ်ပေါင် = ၄၅၃ ဂရမ် ၊ ထားပါ။ ငါးရာဂရမ် )

လင်းရီ အသီးများကို ငေးကြည့်နေလိုက်သည်။ အကုန်လုံးက ကြည့်လို့ကောင်းနေပြီး ယိုယွင်း ပျက်စီးတော့မည့် လက္ခဏာလည်း ပြသမလာသေးချေ။ အနည်းဆုံးတော့ ရက်သတ္တပတ် တစ်ခုလောက်အထိ အထားခံမည့် ပုံပင်။ သို့သော် သူ တတ်နိုင်သမျှ မြန်မြန်ရောင်းထွက်အောင် ရောင်းချရန်တော့ လိုအပ်သည်။

ကလင် ကလင် ကလင်…

လင်းရီ ဂိမ်း‌ နောက်တစ်ပွဲ စတင်တော့မည့် အချိန်မှာပဲ သူ့ဖုန်းသံ မြည်လာခဲ့၏။ ရန်စီမှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ နင် ဘာတွေ လုပ်နေတာလဲ… အပင်စိုက်တာကော အခြေအနေ ဘယ်လို ရှိလဲ..”

လတ်တလောတွင် လင်းရီနှင့် ရန်စီတို့ နှစ်ဦးစလုံးက အလုပ်များနေသောကြောင့် တစ်ယောက်နှင့် တစ်ယောက် မဆုံဖြစ်ကြချေ။ ဖုန်းထဲ၌သာ သုံးလေးကြိမ်ခန့် စကားပြောဖြစ်ကြလေသည်။ လင်းရီ အပင်များစိုက်နေပြီး ဝက်မွေးနေကြောင်း သူမသိတော့ အသံထွက် ကျယ်လောင်စွာ အော်ရယ်လု မတတ် ဖြစ်ပျက်သွားခဲ့တော့သည်။

“ အသီးတွေ အကုန်လုံးက ရင့်မှည့်ကုန်ပြီ.. ငါ ဒီနေ့ပဲ ကျိုးဟိုင်လာပြီး ရောင်းနေတာ… ဒီည ဆိုင်ပိတ်ရင် မင်းဆီ နည်းနည်း ပို့ပေးတော့မလို့ပဲ..” လင်းရီ မျက်နှာ တစ်ချက် နီမြန်းခြင်း မရှိဘဲ လိမ်ပြောလိုက်၏။

“ နင်က အနည်းဆုံးတော့ ပို့ပေးရကောင်းမှန်း သိသေးသားပဲ.. ငါ စဉ်းစားနေတာ နင်က မသောက်ဘူးဆို ငါ့ကို လာမရှာတော့ဘူးလားပေါ့…”

“ ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ.. ဘာပဲဖြစ်ဖြစ် ငါတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုက သာမန်မှ မဟုတ်တာကို ဒီလိုမျိုး ကောင်းတာရှိရင် မင်းကို မေ့လို့ ဘယ်ဖြစ်မှာ…”

“ ဒီည အဆင်ပြေတယ်.. ငါနင်နဲ့ ဆွေးနွေးစရာလည်း ရှိတယ်… နင် ငါနဲ့အတူ ညစာစုဝေးပွဲကို လာပေးမလားလို့… နင် အားလား…”

“ ညစာ စုဝေးပွဲ… ဟိုလို အလုပ်နဲ့ ပတ်သက်တဲ့ သောက်ရင်း စားရင်း ဘလိုင်းဒိတ်လုပ်တဲ့ ပွဲလိုမျိုးလား..”

“ နင့်ကြည့်ရတာ တော်တော်လေး အတွေ့အကြုံ များခဲ့သလိုပဲနော်…”

“ ငါအများကြီး ကြုံခဲ့ဖူးလို့လေ…”

“ ငါရောပဲ..” ရန်စီ ပြောလိုက်ပြီး “ နင် အခုဘယ်မှာလဲ.. ငါ နင့်ဆီ လာခဲ့လိုက်မယ်… ငါတို့ တွေ့တော့ကျမှ အသေးစိတ် ပြောကြတာပေါ့…”

“ ထန်းချိန် အိမ်ယာ ဝင်ပေါက်ဝမှာ… အဲ့နေရာလာခဲ့လိုက်…”

“ ငါက ဆင်ခြေဖုံးကို ရောက်နေတာ…. နောက်တစ်နာရီဆို နင့်ဆီ ရောက်လာမယ်… အချိန်ကို ခန့်မှန်းပြီး ကြိုတင် ပြင်ဆင် သိမ်းဆည်းထားနော်…”

“ အိုကေ…”

ရန်စီ၏ ဖုန်းကို ချပြီးနောက် လင်းရီ ဖုန်းနှင့် ဂိမ်းခဏ ဆော့လိုက်သည်။

ထို့ပြင် လင်းရီ၏ ကံဇာတာလေးက တော်တော်လေး မြင့်တက်နေသည်။ သူ့အား စွဲလမ်းနေသည့် ကောင်မလေး ငယ်ငယ်လေး နှစ်ယောက်နှင့် တွေ့ပြီး တစ်ယောက်ကို အသီး တစ်ကီလိုစီ ဝယ်သွားခဲ့ကာ သူ၏ စီးပွားရေးကို ကူညီပေးသွားခဲ့၏။

မိနစ် လေးဆယ်ကျော် ကြာပြီးနောက် လင်းရီ အသီးများကို ကားထဲ ပြန်ထည့်လိုက်ပြီး ရန်စီဖို့ အနည်းငယ် ဖယ်ကြဉ်ထားလိုက်သည်။

မည်သို့ပင်ဆိုစေ သူသည် သူမနှင့် ကြိမ်ဖန်များစွာ သောက်ဖူးလေသည်။ ထို့ကြောင့် တစ်ချို့ အနည်းငယ်တော့ ပေးသင့်၏။ မမျှမတတော့ မလုပ်သင့်ချေ။

မကြာမီ ရန်စီ၏ Volkswaen CC မှာ လင်းရီ ရှေ့ ထိုးရပ်လာသည်။

“ ကားထဲဝင်… မြန်မြန်လုပ်.. ငါတို့ နောက်ကျတော့မှာ…”

လင်းရီ အချိန် ဖြုန်းမနေဘဲ ရန်စီ၏ ကားထဲ ဝင်လိုက်၏။

သူမကတော့ ပုံမှန်အတိုင်း ဆွဲဆောင်မှု အပြည့်ဖြင့် ဖြစ်နေလေသည်။ သူမ၏ ခါးကြဉ်ကြဉ်ကလေးကို ထင်ရှားပေါ်လွင်စေမည့် အနီရောင် ဝတ်စုံတစ်ထည်ကိုလည်း ဝတ်ဆင်ထားသေးသည်။

“ မင်း ဘာလို့ ဒီကားကြီး မောင်းနေတာ… ဒါ ယွမ် နှစ်သိန်းလောက်ပဲ ပေးရတယ်မလား..”

“ အင်း… အရင်ကားကို ရောင်းလိုက်ပြီး ဒီကား ပြောင်းလိုက်တာလေ…”

“ ဘာလို့… ပိုက်ဆံ ကြပ်တည်းနေလို့လား… “

“ ငါ အဲ့ရှိုး ရိုက်ပြီးကတည်းကရင် အလုပ်ထွက်လိုက်ပြီး ကိုယ်ပိုင် မီဒီယာ တစ်ခု တည်ထောင်လိုက်ပြီ… ခု ကိုယ်ပိုင် စီးပွားရေး လုပ်နေတာ…”

ရန်စီ၏ အပြုအမူက လင်းရီကို အံ့အားသင့်သွားစေခဲ့သည်။

ထိုကဲ့သို့ အောင်မြင်မှု ကြီးကြီးမားမား ရရှိထားသည့် ရှိုးကို ရိုက်ကူးပြီးနောက် သူမ အလုပ်အကိုင်က အထွတ်အထိပ်သို့ ရောက်ရှိနေသင့်လေသည်။ သူမ အလုပ်ကြိုးစားဖို့ ဆန္ဒ ရှိနေသရွေ့ ဒါရိုက်တာ ရာထူး တစ်နေရာ ရလာရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူမကတော့ ထိုအခိုက်အတန့်တွင် အလုပ်ထွက်ရန် ပြတ်ပြတ်သားသား ရွေးချယ် ဆုံးဖြတ်ခဲ့သည်။ သာမန်လူသာဆိုပါက ထိုသို့ ပြုလုပ်ရန် စွမ်းသာလိမ့်မည် မဟုတ်ချေ။

“ သူများအတွက် အမြဲတမ်း အလုပ်လုပ်ပေးနေရတာကြီးက အကြံကောင်း မဟုတ်ဘူးလေ… ကိုယ့်အတွက်ကိုယ်လည်း ကြိုးစားပေးဦးမှပေါ့… နင်ကော အဲ့လို မထင်ဘူးလား…”

“ အမှန်ပဲ…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ မင်း ရင်းနှီးမြုပ်နှံပေးမယ့်သူတွေ လိုရင် ပြောနော်.. ငါ့မှာ ပိုက်ဆံ ရှိတယ်… ပမာဏ တစ်ခုသာ ပြောလိုက်….”

“ နင့်လေသံက ငါ့ကို နင့်ရဲ့ အပျော်မယားလို ပုံစံ ပေါက်အောင် လုပ်နေတယ်နော်…” ရန်စီ အပြုံးဖြင့် ပြောလိုက်သည်။

“ ဒီလောက် အများကြီး သောက်ထားမှတော့ ဝိုင်ဖိုး တစ်ချို့တော့ ပေးသင့်တာ ပုံမှန်ပဲ မဟုတ်ဘူးလား…”

“ လဲသေလိုက်… ပေါက်တတ်ကရတွေ လာမပြောနဲ့… ငါဒီကိုလာတာ ကိုယ့်ကိုယ်ကို ရောင်းဖို့ မဟုတ်ဘူး…” ရန်စီ ပြောလိုက်ပြီး “ ငါ variety show တစ်ခု စီစဉ်ချင်တယ်.. ဒီနေ့ ငါ ဒါရိုက်တာ တစ်ယောက်နဲ့ ချိန်းထားပြီး ကျောက်ရင်ညန်နဲ့ collaboration လုပ်ဖို့လည်း ပြောထားသေးတယ်… ဒါရိုက်တာနဲ့ကတော့ ပြဿနာ သိပ်မရှိဘူး.. အဓိကက ကျောက်ရင်ညန်...သူက ခု အရမ်း ရေပန်းစားနေပြီးတော့ လူတော်တော်များကလည်း သူနဲ့ အလုပ်အတူ လုပ်ချင်နေကြတာလေ… သူမကို စည်းရုံးဖို့က အရမ်းခက်ခဲတယ်… ဒါကြောင့်မို့ နင့်ကိုပါ လိုက်ခဲ့စေချင်တာ…”

“ ငါ့ကို လိုက်ပြီး မဲဆွယ်စေချင်တယ်ပေါ့….”

“ တော်တယ်…” ရန်စီ ပြောလိုက်ပြီး “ နင်တို့ နှစ်ယောက်က ခရိုခဝ ကျွန်းမှာ အဆုံးထိ အတူ လျှောက်ခဲ့ကြတာလေ.. ငါ နင်တို့ နောက် လိုက်တဲ့ ကင်မရာသမားနောက် မေးကြည့်တော့ နင်တို့ နှစ်ယောက်က တော်တော်လေး ရင်းနှီးကြတယ်တဲ့.. ဒါကြောင့်မို့ နင့်ကို အကူအညီတောင်းချင်လို့…”

“ မင်းငါ့ကို နည်းနည်းလေး အထင်ကြီးလွန်း မနေဘူးလား… ငါတို့ရဲ့ ရင်းနှီးပတ်သက်မှုက ကောင်းတယ်ဆိုပေမယ့် အဲ့ဒီ အချိန်တုန်းကပဲလေ… ပြီးတော့ ငါ့ဖုန်းနံပါတ်တောင် သူ့ဆီ ပေးခဲ့တာ မဟုတ်ဘူး… တော်တော်ကြာနေပြီ.. ငါ့ စကားလုံးတွေက သူ့အပေါ် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး…”

“ အနည်းဆုံးတော့ နင်တို့ နှစ်ယောက်မှာ ရင်းနှီးမှု ရှိခဲ့ဖူးတယ်လေ… နင့်ကြောင့်သာ မဟုတ်ရင် သူက ပန်းတိုင်ထိ ရောက်လာခဲ့နိုင်မှာလားတဲ့…”ရန်စီ ပြောလိုက်ပြီး “ ပြီးတော့ ငါ စုံစမ်းပြီးသွားပြီ… သူမ ဒီ အချိန်သုံးလထဲ အားတဲ့ အချိန်တွေ ရှိတယ်တဲ့.. ငါတို့ သူမကို ရနိုင်တယ်လေ…”

“ အဲ့လိုဆိုရင်တော့ ငါ ကြိုးစားကြည့်ပေးဖို့ စိတ်မရှိပါဘူး…”

လင်းရီ သူ့စိတ်ထဲ ကျောက်ရင်ညန်မှာ ဆိုးရွားသူ တစ်ယောက် မဟုတ်ဟု ခံစားခဲ့ရသည်။ သူမက ရိုးသားလေသည်။

၎င်းအပြင် သူသည်လည်း ခရိုခဝ ကျွန်းပေါ်၌ သူမကို တော်တော်လေး ကူညီပေးခဲ့ပြီး သူမနှင့် ခိုင်မာသည့် ဆက်ဆံရေး တစ်ခု ရှိထားခဲ့၏။ အကယ်၍ သူမတွင် အချိန်ရှိမည်ဆိုပါက ကျိန်းသေပေါက် သူ့ကို ကူညီပေးလိမ့်မည်။

“ အမှန်ဆို မင်း ဒီလိုတွေ လုပ်ဖို့ လိုမယ်လို့တောင် ငါ မထင်ဘူး… မင်း ပိုက်ဆံ လိုတယ်ဆိုရင်လည်း ငါ့ကို ပြောလိုက်လေ…. ငါ ရင်းနှီးပေးမှာပေါ့… အဲ့တာဆို မင်း ကြိုက်တဲ့သူနဲ့ စာချုပ်ချုပ်လို့ရပြီ… ပိုက်ဆံ အများကြီးကို ငြင်းတဲ့သူ ရှိမယ်လို့တော့ ငါမထင်ဘူး…”

“ အဲ့လိုမျိုး လုပ်လိုက်ရင် ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်ရှီတယ်လို့ ခံစားရတော့မှာလဲ.. နင့်ရဲ့ စရိုက်နဲ့ ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထည့်တွက်လိုက်ရင် ငါသုံးဖို့ ပိုက်ဆံ မလောက်ဘူးလို့ပြောပြီး နင့်နား ယွမ် တစ်သိန်း ဒါမှမဟုတ် တစ်သန်းလောက် တောင်းရင်တောင် နင် လက်တွန့်နေမှာ မဟုတ်ဘူးမလား…”

“ မင်းသာ ပြောလာမယ်ဆိုရင် အဲ့တာထက်ကို ပိုပေးလို့ရတယ်…”

“ ကောင်းပြီလေ.. ငါလည်း ပိုက်ဆံ ပြတ်မနေပါဘူး… တကယ်လို့ အလုပ်မဖြစ်ဘူး ဆိုရင်တောင် နင် ငါ့နောက်မှာ ရှိနေမှတော့ စားဝတ်နေရေး ဘာပူစရာ လိုသေးလို့… ငါက ဒီတိုင်း ငါ့ရဲ့ အရည်အချင်းတွေကို သက်သေပြချင်ရုံပါပဲ..”

“ မင်းက ဒီအသက်အရွယ်တောင် ရောက်နေပြီကို အိပ်မက်တွေအကြောင်း တစ်ဖန် ပြန်ပြောမယ်ဆိုရင် တအား စိတ်ကူးယဉ်ဆန်သလိုမျိုး ဖြစ်သွားမယ်နော်…”

“ ဒီ အသက်အရွယ်တောင် ဆိုတဲ့ နင့်စကားက ဘာစကားလဲ… ငါ အဲ့လောက်ထိလည်း အသက်မကြီးသေးပါဘူး… ဟုတ်ပြီလား..” ရန်စီ မျက်လုံးလှိမ့်လိုက်၏။

“ ငါ TV ဌာနမှာ ရှိတုန်းက လူတိုင်းက ငါ့ကို လုပ်နိုင်စွမ်း ရှိတယ်လို့ ပြောကြတယ်လေ.. ဒါပေမယ့် ငါ့ကိုယ်ငါတော့ အဲ့လောက် အရည်အချင်း ရှိတယ် မထင်ဘူး… ဒါပေမယ့် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားပြီး အဟုတ်ကြီး ထင်မိတဲ့ အခိုက်အတန့်တွေလည်း ရှိတယ်… ဒါကြောင့်မို့ ထွက်လာပြီး ငါ့ရဲ့ အရည်အချင်း အစစ်အမှန်က ဘယ်လောက်ထိရှိလဲ ဆိုတာ စမ်းသပ်ကြည့်ချင်လို့…”

“ ဒါဆိုလည်း မင်း ဖြစ်ချင်သလို လုပ်ပေါ့… မင်းကို ပံ့ပိုးပေးဖို့က ပြဿနာ မရှိဘူး…”

“ ဒါကြောင့် နင်ငါ့ကို ကူညီပေးလို့… ငါတို့ တကယ်ကြီး ကျောက်ရင်ညန်ကိုသာ ရနိုင်မယ်ဆိုရင် ကြည့်ရှုသူတွေရဲ့ မှတ်ချက်က လုံးဝကို ပေါဇစ်တစ် ဖြစ်နေမယ်ဆိုတာ အာမခံတယ်…”

“ အင်း… ငါအကောင်းဆုံး ကြိုးစားပေးမယ်…”

နာရီဝက်ကြာပြီးနောက် ရန်စီ ဟိုတယ် တစ်ခုရှေ့တွင် ကားထိုးရပ်လိုက်ပြီး လင်းရီနှင့်အတူ သီးသန့်ခန်းဘက် ထွက်လာခဲ့၏။

“ မြန်မြန်လေး.. သူတို့ ခဏဆို ဒီရောက်လာတော့မှာ… ငါတို့က ပထမဆုံး သူတို့နဲ့ တွေ့ရတဲ့သူတွေပဲ… နောက်ကျရင် ကောင်းမှာ မဟုတ်ဘူး…”

“ ကျိုးဟိုင်က လူတွေက ငါ့ကိုပဲ စောင့်နေကြရတာပါ… ဘယ်တုန်းကများ ငါက တခြားသူတွေကို စောင့်ဖို့ လိုသွားတာပါလိမ့်…”

ရန်စီ မျက်တောင် ပုတ်ခတ် ပုတ်ခတ် ပြုလိုက်ပြီး “ ဒါ ငါ့ကို ကူညီဖို့ အတွက်ပဲလေ… အလုပ်ကြိုးစားပေးလို့ ကျေးဇူးပဲနော် ဥက္ကဌလင်း..”

“ သွားကြစို့..”

နှစ်ယောက်သား ဟိုတယ်၏ သီးသန့်ခန်းထဲသို့ ရောက်လာခဲ့ကြ၏။ အခန်းက စတုရန်းမီတာ ငါးဆယ်လောက်ကျယ်ဝန်းပြီး ဒီဇိုင်းနှင့် ရသဂုဏ်ကတော့ လုံလောက်သည်ထက်ပင် ပိုနေသည်။

သူတို့နှစ်ယောက် ရောက်လာခဲ့ပြီး မကြာမီ သီးသန့်ခန်း တံခါး ပွင့်ဟလာခဲ့တော့၏။ မွှေးပျံ့သည့် သင်းရနံ့တို့နှင့်အတူ ကျောက်ရင်ညန်နှင့် သူမ၏ မန်နေဂျာသည် အခန်းထဲသို့ လျှောက်လှမ်းလာခဲ့ကြသည်။

လင်းရီကို မြင်တော့ ကျောက်ရင်ညန် ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီးနောက် အံ့အားသင့်သည့် လေသံဖြင့် “ အစ်ကိုရီ.. ရှင်လည်း ဒီရောက်နေတယ်…”

All Chapters