အသက်သွင်းလော့
Vol. 48 Ch. 665
“မင်းရဲ့ကိုယ်ပွားတွေအားလုံး မသေမချင်း ကျိန်စာတိုက်ပစ်မယ်...”
စုမင်က ထိုသို့ပြောပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။လောကကြီးက တုန်လှုပ်သွားလေသည်။တိထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများက နေရာအနှံ့မှဖိအားများကို ခံစားရပြီး လျင်မြန်စွာ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် စုမင်က နောက်ထပ်ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်သည်နှင့် သူ၏ချီစွမ်းအားက တစ်ဖန်ပြန်တိုးလာသည်။ သူ့ခန္ဓာကိုယ်က လူတိုင်း၏မျက်လုံးများတွင် ပို၍ကြီးမားလာသည်။ ထိုအရာက ထင်ယောင်ထင်မှားတစ်ခု ဖြစ်သော်လည်း သူတို့၏နှလုံးသားတစ်ခုလုံးတွင် စွဲမြဲကာ ပြတ်သားနေခဲ့သည်။
“ငါ့မှာ မာန်ပြည်ထောင်ရဲ့ကံကြမ္မာရှိတယ်..”
စုမင်က ဟောက်သံနှင့်အတူ ရှေ့သို့နောက်တစ်လှမ်းတိုးလိုက်သော် သူ၏ချီစွမ်းအားက စကြဝဠာကြီးကို လှုပ်ခတ်သွားနိုင်သည့်အထိ ကြီးထွားလာသည်။
ရွှေဝတ်ရုံတိထျန်းက အေးစက်သောအသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ စုမင်၏ချီစွမ်းအား ဆက်ပြီးမတိုးပွားအောင် အကြံဉာဏ်ထုတ်နေလေသည် ။မဟုတ်လျှင် စုမင်က လောကကြီး၏စွမ်းအားကို ပို၍ စုစည်းဆွဲဆောင်နိုင်လိမ့်မည်။
သူ လှုပ်ရှားတော့မည့်အချိန်၌ စုမင်လည်း ရှေ့ကိုနောက်တစ်လှမ်းတိုးလိုက်သည်။
“ငါ့မှာ မာန်စိတ်ဝိညာဉ်နယ်ပယ်ရဲ့စွမ်းအားတွေရှိတယ်..”
“ ကောင်းကင်မှာ တစ်မူထူးခြားတဲ့ စွမ်းအားတွေ ရှိနေသေးတယ်...တိထျန်း မင်း သေကိုသေရမယ်.. မင်းမှာငါ့ကို တိုက်ဖို့ ဘာအစွမ်းအစရှိလို့လဲ..”
စုမင်က နောက်ဆုံးမေးခွန်းကို မာန်ပါပါ အော်ဟစ်ခဲ့သည်။ ထိုစကားများကြောင့် ကောင်းကင်၊ မြေကြီးနှင့်မာန်ပြည်ထောင်တစ်ခုလုံးဟိန်းဟောက်သွားပြီး အဆုံးမဲ့ ပဲ့တင်သံများ ထွက်ပေါ်လာသည်။
ထိုဟိန်းဟောက်သံများက ကောင်းကင်ကို တဟုန်ထိုး တုန်ခါသွားစေသည်။ အင်မော်တယ်များ၏ မျက်နှာများက ဖျော့တော့ကာ နောက်သို့ လွင့်စင်သွားလေသည်။ ထိုအချိန်တွင် ကျီအန်း၏ မျက်နှာက ပို၍မည်းမှောင်သွားပြီး အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။
ရွှေရောင်ဝတ်ထားသည့်တိထျန်း၏မျက်လုံးများက အပြူးသားဖြစ်သွားသည်။ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စုမင်ကို ညာလက်ဖြင့် ချိန်ရွယ်လိုက်သည်။
“ လောကကြီးရဲ့စွမ်းအားကို စုဆောင်းဖို့မင်းရဲ့မာန်ဝိညာဉ်ကို သုံးတယ်ပေါ့..ဒါဆို မင်းရဲ့ ဝိညာဉ်ကို ငါအရင်ဆုံး ဖျက်ဆီးပစ်မယ်...”
ထိုအချိန်တွင် သူ့ရှေ့မှ လေထုထဲမှ တအုန်းအုန်း အသံများ ထွက်ပေါ်လာသည်။ ထိုနေရာ၌ သရဖူကို ဝတ်ဆင်ထားသည့် ပုံရိပ်ယောင်တစ်ခုက ရွှေရောင်အလင်းတန်းများနှင့်အတူပေါ်လွင်လာပြီး စုမင် ဆီသို့ အရှိန်တင်လိုက်သည်။ ထိုရွှေရောင်အလင်းတန်းများအတွင်း ပါဝင်သောစွမ်းအားက လောကကြီးကို ခုတ်ပိုင်းနိုင်သော အဖျက်စွမ်းအားတစ်ခု ရှိနေလေသည်။ လောကတစ်ခွင် ရွှေရောင်သာထွန်းလင်းနေပြီး အခြားအရောင်များ ကင်းမဲ့သွားသကဲ့သို့ ဖြစ်နေသည်။
“ငါ့မျက်လုံးထဲမှာ အဖြူနဲ့အနက်ပဲမြင်တယ်..အနက်ရောင်က မင်းရဲ့စိတ်ဝိညာဉ်ဖြစ်ပြီး အဖြူက မင်းရဲ့စိတ်ဆန္ဒပဲ”
တိထျန်းစကားပြောပြီးနောက် စုမင်နားမှာ ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားပြီး သူ့ကိုယ်ကို အဖြူနှင့်အနက် အရောင်သမ်းသွားစေသည်။
“ရွှေက လောကကြီးကို သန့်စင်ဖို့ ငါသုံးတဲ့ အလင်းရောင်ပဲ..ဒီအလင်းရောင်နဲ့ မင်းရဲ့အနက်ရောင်စိတ်ဝိညာဉ်ကို သန့်စင်ပေးပြီး မင်းရဲ့ဖြူစင်တဲ့စိတ်ဆန္ဒကို ဖယ်ရှားပစ်မယ်.. “
တိထျန်း၏ ဘယ်လက်က ချက်ချင်းပင် တံဆိပ်ပေါင်း ကိုးဆယ့်ကိုးခုကို ဖန်တီးပြီး သူ့ဘယ်လက်ကို ညာဘက်သို့ တွန်းလိုက်သည်။
ထိုအချိန်တွင် စုမင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူအမည်း အရိပ်များက ပုံပျက်နေပြီး ရွှေရောင်အဖြစ်သို့ အစားထိုးသည့် လက္ခဏာများ ပြသနေသည်။
ထိုရွှေရောင်အလင်းတန်းအောက်တွင်
စုမင်က တည်ငြိမ်သောအမူအရာဖြင့်
သူ၏ဘယ်လက်ကို ဖြည်းညှင်းစွာ
မတင်လိုက်သည်။ သူ့ကိုယ်ပေါ်ရှိ အဖြူအမည်းအရိပ်များကို အနှောက်အယှက်မပေးဘဲ သူ့ဘယ်ဘက်လက်ရှိ ပထမလက်ညှိုးကို မြှောက်လိုက်သည်။
“လေ.....”
ထိုစကားလုံးကို ပြောသည်နှင့် ဘယ်ဘက်လက်ညိုးမှာ ထူးဆန်းသောမှော် သင်္ကေတတစ်ခု ပေါ်လာပြီး
ခဏအတွင်းမှာပင် ကိုးကြိမ်ဆက်တိုက် လင်းလက်သွားခဲ့သည်။
စုမင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြေးလွှား နေသည့် အလွန်ကြီးမားသောမှော် သင်္ကေတတစ်ခု ပေါ်လာပြီး ၎င်းက သူနှင့် တစ်ထပ်တည်းကျနေသကဲ့သို့ ဖြစ်နေ လေသည်။ ထို မှော်သင်္ကေတကလည်း ကိုးကြိမ်ဆက်တိုက် ထွန်းတောက်ခဲ့သည်။
ထိုစဉ် စုမင်တစ်ဝိုက်တွင် လေတဝူးဝူးတိုက်သည့်အသံထွက်ပေါ်သည်။ ထိုမှော်သက်ေတက ကျယ်လောင်သော အသံများဖြင့် စတင် လည်ပတ်ကာ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးသော လေပွေအဖြစ် ပြောင်းလဲသွားသည်။
တခဏအတွင်း လေပွေတစ်ခုတည်းမဟုတ်ဘဲ ကိုးခုရှိလာသည်။ ၎င်းတို့က အရပ်ရပ်သို့ လျင်မြန်စွာ မတိုက်ခတ်မီ စုမင်ကို ဝန်းရံထားကြသည်။ ၎င်းတို့က လောကစွမ်းအား၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ စုမင် မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိသည်နှင့် သူ၏ဝိညာဉ်က ထိုစွမ်းအားကိုအသုံးပြုရန် လောကကြီးနှင့်ချိတ်ဆက်နိုင်ခဲ့သည်။ စုမင်၏ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိသရွေ့ လောကကြီး၏ အကန့်အသတ်မရှိသော စွမ်းအင်များကို စုစည်းနိုင်သည်။
မာန်စိတ်ဝိညာဉ်နယ်ပယ်တွင်ကြီးကျယ်စွာ ပြီးမြောက်နေသူ၏ ခန္ဓာကိုယ်က
စုမင်ဧ။်ကိုယ်နှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။ စုမင်၏ခန္ဓာကိုယ်က ရိုးရေးစတေးနယ်ပယ်မှာကတည်းက ကြံ့ခိုင်သန်မာနေပြီး မာန်ပြည်ထောင်၏သမိုင်းတွင် နှစ်ပေါင်းထောင်ပေါင်းများစွာအတွင်း တစ်ခါမှမပေါ်ခဲ့ဖူးပေ။ သူ၏ခန္ဓာကိုယ်၊အရိုးများ၊ အသားများနှင့် သွေးများအားလုံးက စစ်မှန်သောမာန်ကျင့်ကြံသူ အဖြစ်သို့ ပြောင်းလဲသွားပြီးနောက်မှသာ ပေါ်လာသည့် အစွမ်းထက်သောတည်ရှိမှုဖြစ်သည်။
ဤကဲ့သို့သောကိုယ်ခန္ဓာက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက်၊ မည်သို့သောစိတ်ကူးစိတ်သန်းဖြင့်မကြံဆနိုင်သောကြောက်စရာကောင်းသောတည်ရှိမှုဖြစ်လာလိမ့်မည်။ ထိုအရာက စုမင်ပိုင်ဆိုင်သောစွမ်းအားပင်ဖြစ်သည်။
သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ကနဦးအဆင့်တွင်ရှိနေသောကြောင့် လောကကြီး၏စွမ်းအားကို စုစည်းလိုက်သည့်အမြန်နှုန်းမှာ အလွန်မမြန်ဆန်သေးပေ။ သို့သော်လည်း ၎င်းက ဖုံးကွယ်နဂါးဂိုဏ်းမှနားလည်လာခဲ့သည့် “လေ” မှော်သင်္ကေတကို ကြီးမားသောစွမ်းအားများဖြင့် ပေါက်ကွဲထွက်အောင် လုပ်နိုင်သေးသည်။
ထိုစဉ် အခြားသောအင်မော်တယ်များနှငိ့အတူ မြေပြင်ပေါ်တွင် ရပ်နေကြသော ဖုံးကွယ်နဂါးဂိုဏ်းသားတို့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့ ဂိုဏ်းပိုင်ဆိုင်သည့် “လေ” မှော် သင်္ကေတကို မြင်လိုက်ရသောကြောင့် မယုံကြည်နိုင်စွာ ငေးကြည့်နေမိကြသည်။
စုမင်၏ ခက်ထန်သောအသံက ဖုံးကွယ် နဂါးဂိုဏ်းရှိ အင်မော်တယ်အားလုံးကို တုန်လှုပ်စေပြန်သည်။
“မိုး”
ဟု ပြတ်ပြတ်သားသားပြောပြန်သည်။
ထိုစကားလုံးကို ပြောပြီးချိန်၌ သူဘယ်လက်ခလယ်မှာ “မိုး” မှော်သင်္ကေတ ထွန်းတောက်လာသည်။ထိုသင်္ကေတက အရွယ်အစား လျင်မြန်စွာ ကြီးထွားလာပြီး စုမင်ရှေ့ရှိ “လေ” သင်္ကေတနှင့် အတူတကွ ထပ်တူကျသွားသည်။
ထိုအရာအားလုံးက ကောင်းကင်ကြီးကို ပဲ့တင်ထပ်သွားစေလေသည်။ ပြင်းထန်သော မုန်တိုင်းတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ မိုးက သည်းထန်စွာ ရွာသွန်းပြီး ပုံမှန်မဟုတ်သော မြင်ကွင်းနှင့် မြင်သူတိုင်း ထိတ်လန့်စေခဲ့သည်။
မိုး၊ လေနှင့် လောကကြီးက ရွှေရောင်အလင်းတန်းကို တိုက်ထုတ်ရန် ဟိန်းဟောက်နေသကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းများကို ခွဲထုတ်ပစ်ချင်ကြသည်။
ဖုံးကွယ်နဂါးဂိုဏ်း၏ကျင်းနန်က လျှင်မြန်စွာ အသက်ရှုစပြုလာသည်။ စုမင်က မည်မျှပင် အစွမ်းထက်ကို အသိအမှတ်ပြုလိုက်သော်လည်း သိပ်ပြီး မအံ့သြမိပေ။ သူ့နှလုံးသားများ တုန်ယင်နေသော်လည်း တည်ငြိမ်နေခဲ့သည်။ သို့သော်… လေနှင့် မိုး မှော်သင်္ကေတများ ပေါ်လာသောအခါတွင် သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ဤသည်မှာ ဖုံးကွယ်နဂါးဂိုဏ်း၏ ကျင့်စဉ်ဖြစ်သည်၊ သို့သော်ဖုံးကွယ်နဂါးဂိုဏ်း၏ မှော်သင်္ကေတနှစ်ခုကို ကျွမ်းကျင်စွာအသုံးပြုနိုင်သော လူလက်တစ်ဆုပ်စာမျှသာ ရှိသေးသည်။
ထို့နောက် ထိုအချိန်တွင်ကျင်းနန်၏ မျက်လုံးများ ပြူးကျယ်သွားသည့် မြင်ကွင်းတစ်ခုကလျင်မြန်စွာ ပုံဖော်လာခဲ့သည်။
“မိုးကြိုး...”
စုမင်က ခေါင်းကို မော့ပြီး ဟိန်းဟောက်လိုက်သည်။ မိုးခြိမ်းသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာပြီး မိုးနှင့်လေပွေများက အပြင်သို့ လျင်မြန်စွာ လွင့်ထွက်သွားသကဲ့သို့ ဖြစ်သွားသည်။
“မဖြစ်နိုင်ဘူး... သူ... သူက လေ၊ မိုးနဲ့ မိုးကြိုးမှော် သင်္ကေတတွေကို ကျွမ်းကျင်တာလား ဒါက... ဒါက...”
ကျင်းနန်က ချန်ချုံးဆီသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ချန်ချုံး၏ မျက်နှာက သွေးမရှိသယောင် ဖြူဖျော့နေပြီဖြစ်သည်။ သူက ကောင်းကင်ယံရှိ ရှေးဟောင်း သင်္ကေတ သုံးခုနှင့်ပေါင်းစည်းနေသောစုမင်ကို စိုက်ကြည့်နေလေသည်။ သူစိတ်ထဲမှာ မနာလိုစိတ်ဖြင့် လောင်ကျွမ်းလာသည်။ ယခင်က သူမှော သင်္ကေတနှစ်ခုကို ကျွမ်းကျင်ခဲ့ပြီး ထိုစွမ်းရည်ကြောင့် ဖုံးကွယ်နဂါးဂိုဏ်း၏ပါရမီရှင်တစ်ဦး ဖြစ်လာရခြင်းဖြစ်သည် ။ သို့သော် သူက တတိယမြောက်သင်္ကေတဖြစ်သည့် မိုးကြိုးသင်္ကေတ၏ ထက်ဝက်မျှသာ ကျွမ်းကျင်နိုင်ခဲ့သည်။သူ့ကိုယ်နှင့် လုံးဝမပေါင်းစပ်နိုင်သေးသော်လည်း အောင်မြင်စွာအသက်သွင်းနိုင်ခဲ့သည်။
ယခုတိုင် ထိုမိုးခြိမ်းသံက စုမင်၏လက်ပေါ်တွင် ပြတ်သားစွာပေါ်လာပြီး စကြာဝဠာအတွင်း မိုးခြိမ်းသံများ ပိုမိုကျယ်လောင်လာစေသည်။
“လျှပ်စီး...”
စုမင်၏ နောက်ဆုံးစကားက ကျင်းနန်၏ နှလုံးသားနက်နဲရာရှိ ပါရမီရှင်ဟူသောဂုဏ်ပုဒ်ကို လုံးဝ ကြေကွဲသွားစေခဲ့သည်။ ချန်ချုံး၏ မာနကိုလည်း လုံးဝ ရိုက်ချိုးပစ်လိုက်သည်။ ကြေကွဲသော အပြုံးတစ်ခု သူ့နှုတ်ခမ်းတွင် ပေါ်လာသည်။ သူက ပါရမီရှင်ဖြစ်ဖြစ်၊ ဂိုဏ်းအကြီးအကဲဖြစ်စေကာမှု စုမင်နှင့် နှိုင်းယှဥ်လျှင် ဘာမှမဟုတ်တော့ပေ။.
စုမင်၏ အသံက လေထဲတွင် တဟုန်ထိုး တုန်လှုပ်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးပြီးနောက် ကောင်းကင်ယံရှိ လျှပ်စီးကြောင်းတစ်ခုက ဟင်းလင်းပြင်ကို ထက်ဝက်ပိုင်းသွားသကဲ့သို့ ထင်ရသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လျှပ်စီးမှအလင်း၊ မုန်တိုင်းမှ ရူးသွပ်မှု၊ လေပွေအူသံများနှင့် မိုးခြိမ်းသံဟောက်သံများက စုမင်အနားတွင် တဝဲလည်လည်ရှိနေလေသည်။ ထို့ပြင် တစ်လောကလုံးကိုလွှမ်းခြုံထားသောရွှေရောင်အလင်းတ န်းများ ချက်ချင်း လွင့်ပါးသွားခဲ့သည်။ထို့နောက် လုံးဝပျောက်ကွယ်သွားသည်။
တိထျန်း ၏ ခန္ဓာကိုယ်က တုန်လှုပ်ခြောက်ခြားသွားသော်လည်း သူ၏ကျင့်စဉ်က ပျက်စီးသွားလေသည်။ သူက နောက်သို့လွင့်စင်မသွားအောင် တောင့်ခံထားလေသည်။စုမင်က လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး သင်္ကေတများကိုသုံး၍ ရွှေရောင်အလင်းတန်းများကို ဖျက်ဆီးပစ်လိုက်စဉ် သူ့မျက်နှာက အနည်းငယ် ဖြူဖျော့သွားလေသည်။သို့သော် သူ့မျက်လုံးများတွင် ကြည်လင်ပြတ်သားမှု ရှိနေသည်။
“မင်း ငါ့ဝိညာဉ်ကို မဆွဲနုတ်နိုင်ဘူး.အခု ငါ့အလှည့်ပဲ...”
စကားပြောနေစဉ် စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဘယ်လက်ကို လျင်မြန်စွာ မြှောက်ကာ တိထျန်းဆီသို့ လွှဲယမ်းလိုက်သည်။ ချက်ချင်းပင်၊ ထပ်တူကျနေသော မှော်သင်္ကေတလေးခုက ကျယ်လောင်သော အသံများဖြင့် ရှေ့သို့ တိုးဝင်လာသည်။
တိထျန်းနားတွင် လေ၊ မိုး၊ မိုးကြိုးနှင့်လျှပ်စီးမှော်သင်္ကေတလေးခုတို့ဖြင့် ချက်ချင်းဝိုင်းရံထားသည်။
တစ်ချိန်တည်းမှာပင် စုမင်က ရှေ့တစ်လှမ်းတိုးလိုက်သောအခါ သူက တိထျန်း ၏အထက်တွင် ပေါ်လာပြီး ခေါင်းကို ငုံ့လိုက်သည်။ သူ့ ညာလက်ကို မြှောက်ပြီး အောက်ကို မြန်မြန် တွန်းလိုက်သည်။
ထိုစဉ် လောကကြီးထဲတွင် မိုးခြိမ်းသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။မာန်နတ်ဘုရားရုပ်တုမှညာလက် ပေါ်လာပြီး တိထျန်းကို ဖိရန် ၎င်း၏ လက်ငါးချောင်းလုံးကို ကျယ်ကျယ်ဆန့်ထုတ်လိုက်သည်။
ထိုလက်ဖဝါးက တိထျန်းဆီသို့ဦးတည်နေချိန်တွင် အောက်ရှိအင်မော်တယ်များက ထိုညာလက်တစ်ဝိုက်တွင်နက်မှောင်တောင်နှင့်နဝမမြောက်တောင်ထွဋ်၏ပုံရိပ်ယောင်များကို ချက်ချင်းမြင်တွေ့လိုက်ရသည်။တောင်နှစ်တောင်ကြားတွင် သတ်ဖြတ်လိုစိတ်နှင့်ပြည့်နှက်နေသော ခရမ်းရောင်ဆံပင်နှင့်လူငယ်လေး ရှိနေလေသည်။ထိုအရာသုံးမျိုးက မာန်နတ်ဘုရားရုပ်တု၏ ညာဘက်လက်ကို ဖန်ဆင်းသည့်အရာအားလုံးဖြစ်သည်။
တောင်များက တိထျန်းပေါ်သို့ပြိုကျနေ လေသည်။ထိုအရာအားလုံးက မာန်စိတ်ဝိညာဉ်နယ်ပယ် ကနဦးအဆင့်တွင်စုမင်စုဆောင်းနိုင်သည့် အပြင်းထန်ဆုံးသောစွမ်းအားဖြစ်သည်။ ထိုနေရာမှ စုစည်းထားသော စွမ်းအားကြောင့် လောကကြီးက အရောင်ပြယ်လွင့်သွားပြီး စကြာဝဠာကို ပြောင်းလဲစေခဲ့သည်။ ထိုအချိန်တွင်တိထျန်း၏မျက်နှာက အလွန် နောက်တစ်ကြိမ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ကောင်းကင်ဖောက်ထွင်းကျင့်စဉ်..”
လေပွေ၊ မိုး၊ လျှပ်စီး၊ မိုးခြိမ်းသံများနှင့် မာန်ဝိညာဉ်များဖြစ်သော တောင်တန်းများ ဝန်းရံထားစဉ် တိထျန်း၏ နှုတ်ခမ်းမှ ဟိန်း ဟောက်သံတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။
သူပြောပြီးသည်နှင့် တစ်လောကလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
လောကကြီးက မည်းမှောင်သွားပြီး တိထျန်းတစ်ဝိုက်မှာ အဖြူရောင်မီးတောက်များ ထွက်ပေါ်လာသည်။ ထိုခဏ၌ပင် လောကကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားတစ်ခု ပျံ့နှံ့သွားသည်။ ထိုမီးတောက်များက မြင်သူအများစု၏ နှလုံးသားနှင့် စိတ်များကို ချက်ချင်း လွတ်သွားစေသည်။
“ငါ ဒီကိုယ်ပွားကို စွမ်းအားတွေအများကြီးပေးထားတယ်...ပြီးတော့ ကောင်းကင်ဖောက်ထွင်းကျင့်စဉ်ကိုအသက်သွင်းမယ်...စုမင်..မင်းမသေအောင် ဘယ်လိုခုခံရမလဲ ကြည့်ရသေးတာပေါ့..ဟားးးး”
ရွှေရောင်ဝတ်ရုံတိထျန်း၏ခန္ဓာကိုယ်မှအဖြူရောင်မီးတောက်များ ပျံ့နှံ့သွားချိန်တွင် သူ့အမူအရာက ခဏတာရူးသွပ်သွားဟန်တူသည်။
ထိုအချိန်တွင် စုမင်က တည်ငြိမ်သောမျက်နှာဖြင့် မျက်လုံးများကိုမှိတ်ထားသည်။ သူ၏မာန်ဝိညာဉ်က ပျံ့နှံ့သွားပြီး သူ၏စိတ်ဆန္ဒ လောကကြီးနှင့် ပေါင်းစပ်သွားခဲ့သည်။
“မာန်စိတ်ဝိညာဉ်နယ်ပယ်အလယ်လတ်အဆင့်...အသက်သွင်းလော့...”