မာန်စိတ်ဝိညာဉ်နယ်ပယ်ရဲ့စွမ်းအား
Vol. 48 Ch. 664
ထိုအချိန်တွင် စုမင်က လူအားလုံးဧ။်အာရုံစိုက်မှု၏ဗဟိုဟု ဆိုနိုင်သည်။ ကောင်းကင်ရှိ တွန့်လိမ်ပုံပျက်မှုများက နေ ဆန့်ထွက်လာသော လက်များက ပေထောင်ချီရှည်လျားလေသည်။ တစ်ချိန်တည်းတွင် ကြီးကျယ်ခမ်းနားသော တည်ရှိမှုက လူတိုင်း၏နှလုံးသားကို တုန်လှုပ်ချောက်ချားစေသည်။
စုမင်က ထိုလက်ဖဝါးပေါ်တွင် ရပ်နေ လေသည်။ သူ၏ရှည်လျားသော ဆံပင်များက လေနှင့်အတူ လွင့်မျောနေပြီး မျက်လုံးများသည် ကြယ်များကဲ့သို့ပင် ထွန်းလင်းတောက်ပနေလေသည်။ သက်တန့်များကသူ့နောက်ရှိ ဟင်းလင်းပြင်ကို နေရာယူပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်၏သန့်စင်သောစွမ်းအားက သူ့ခန္ဓာကိုယ်ကနေ ပြန့်ကျဲနေလေသည်။
ထိုအချိန်တွင် သူ့တွင် ထူးဆန်းပြီး စွဲမက်ဖွယ်ကောင်းသော လေထုတစ်ခု ရှိနေပြီး မျက်လုံးများကို မှိတ်လိုက်သည်။
သူ၏ခက်ထန်သောအမူအရာနှင့် ထူးဆန်းသောလေထုနှင့်ပေါင်းစပ်ထားသောအရှိန်အဝါက ခေတ်အဆက်ဆက်နတ်ဘုရားတို့၏ဘုန်းကျက်သရေကို လက်ဆင့်ကမ်းယူထားသကဲ့သို့ဖြစ်နေတော့သည်။ထိုမြင်ကွင်းကို ပန်းချီဆရာတစ်ယောက်က ရေးဆွဲနိုင်ခဲ့လျှင်တစ်လောကလုံးကို တုန်လှုပ်သွားစေမည့် ပုံတစ်ပုံဖြစ်မှာ သေချာလေသည်။
သို့သော် ဆန့်ထွက်လာသောလက်တွင် လက္ခဏာလမ်းကြောင်းများ မရှိပေ။
ထောင်သောင်းမကသောအင်မော်တယ်များက စုမင်ကို စိတ်ရှုပ်ထွေးပြီး တုန်လှုပ်ချောက်ချားသည့်မျက်နှာများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့၏ခံစားချက်များကို မဖုံးဖိနိုင်ခဲ့ပေ။ စုမင်၏ဖြစ်တည်မှု၊ သူ၏မာန်နတ်ဘုရားရုပ်တု
ကြီးမားသော စွမ်းအားလှိုင်းဂယက်များနှင့် လောကကြီးပေါ်ရှိ ပြောင်းလဲမှုများအားလုံးက မာန်နတ်ဘုရား၏ရုပ်တုဖြစ်လာသည်။
“စုမင်..”
ရွှေရောင်ဝတ်ရုံတိထျန်းက စုမင်ကို စိုက်ကြည့်ပြီး နာမည် ခေါ်လိုက်သည်။ ဤသည်မှာ စစ်မြေပြင်ရှိ လူအုပ်ရှေ့တွင် စုမင်၏ နာမည်ကို ပထမဆုံးအကြိမ် ပြောခြင်းဖြစ်သည်။
ရွှေဝတ်ရုံတိထျန်းက ထိုအမည်နာမကို ခေါ်လိုက်သောအခါ သူ့အသံက အရှေ့မြေရိုင်းနယ်မြေတစ်ခွင်ပဲ့တင်ထပ်သွားလေသည်။
လူအားလုံးက ထိုနာမည်က အမြဲတမ်း မှတ်မိနေမှာဖြစ်ပြီး သူတို့ဧ။်အမှတ်တရများကနေ ဘယ်တော့မှ ပျောက်ကွယ်သွားတော့မှာ မဟုတ်ပေ။
အထူးသဖြင့် စုမင်ဧ။်မာန်နတ်ဘုရား ရုပ်တုတွင် လျှို့ဝှက်ဆန်းကြယ်သော လေထုတစ်ခု ရှိနေလေသည်။ လူတိုင်၏နှလုံးသားက အဆက်မပြတ် တဒိတ်ဒိတ် တုန်ယင်နေကြလေသည်။
အဘယ်ကြောင့်ဆိုသော် စုမင်က ထိုမျှကြီးကျယ်ခမ်းနားသော တည်ရှိမှုကို ဆင့်ခေါ်နိုင်သော်လည်း လက်တစ်ချောင်းသာ ဖန်ဆင်းနိုင်ခဲ့သည်။
မာန် နတ်ဘုရားရုပ်တုတွင် ညာလက်သာ ရှိသော်လည်း ပုံပျက်တွန့်လိမ်မှုများမှာ အနီးနားတွင် ရှိနေကြောင်း သိရှိနိုင်သည်။ သက်တံများက ပျောက်ကွယ်မသွားဘဲ တိုးပွားလာခဲ့သည်။ ထိုအရာက... အဓိပ္ပါယ်တစ်ခုသာ ဆိုလိုသည်။
စုမင်၏မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ တက်လှမ်းသည့်လမ်းစဉ်က မပြီးဆုံးသေးပေ။
ယခုမှသာ သူ၏လျှောက်လှမ်းသည့်လမ်းစဉ်က အစသာဖြစ်သည်။
စုမင်က သူ့ရုပ်တု၏ ညာလက်ဝါးပေါ်တွင် မတ်တပ်ရပ်ကာ လောကကြီးကို ငုံ့ကြည့်ကာ တိထျန်းကို ပထမဆုံးအကြိမ် စိန်ခေါ်လိုက်သည်။ ထိုအချိန်တွင်၊ တိုက်ပွဲ၏အဓိကပန်းတိုင်မှာ အရှေ့မြေရိုင်း မျှော်စင်ကို ပိုင်ဆိုင်ခြင်းအကြောင်းမဟုတ်တော့ဘဲ... စုမင် တိုးတက်လာခြင်းနှင့်တိထျန်း နေရာပျောက်ခြင်းပင်ဖြစ်သည်။
ထက်မြက်သော စစ်သည်တော်သည်ပင်လျှင် အမြင့်သို့ရောက်ရန် အခြားသူ၏ အလောင်းကို ချနင်းရပေမည်၊ သို့မှသာ မြင်သူအားလုံး၏ စိတ်နှလုံးကို ထိုးနှက်နိုင်မည်ဖြစ်သည်။ ဤထိုးနှက်ချက်က ချိပ်တံဆိပ်တစ်ခုကဲ့သို့ဖြစ်ပြီး ၎င်းတို့အတွင်း၌ နက်ရှိုင်းစွာ ထွင်းထုထားမည်ဖြစ်သည်။
စစ်မြေပြင်ရှိ လူထောင်ပေါင်းများစွာက အသက်ရှုမြန်ဆန်လာ သည်။ သူတို့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုမရှိသလို တုန်လှုပ်ခြင်းလည်းမရှိပေ။ အခြားမျိုးနွယ်မှ အစွမ်းထက်သော စစ်သည်တော်တစ်ဦးကို တွေ့လိုက်ရသောကြောင့် ရှုပ်ထွေးသော ခံစားချက်များသာ ရှိခဲ့သည်။ ထို့အပြင် စုမင်ကို တိတ်တဆိတ် လေးစားနေလေသည်။
တစ်ချိန်တည်းမှာပင် စုမင်က ရိုးရေစတေးနယ်ပယ်၏ကြီးကျယ်သော ပြီး မြောက်မှုအဆင့်ကို ဖြတ်ကျော်ပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်ကနဉီးနယ်ပယ်ကို တက်လှမ်းလာသည်။ထိုစဉ် လူအများ၏နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေသည့်အပြင် ပိုမိုပြင်းထန်သော အပြောင်းအလဲတစ်ခုကို လှုံ့ဆော်ပေးခဲ့သည်။ မာန်ကျင့်ကြံသူအားလုံး၏သွေးကြောများက လျင်မြန်စွာ စီးဆင်းနေလေသည်။
စုမင် မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိသွားသည်နှင့် မာန်ကျင့်ကြံသူများ၏သွေးက ပွက်ပွက်ဆူသောအဆင့်မှ ပေါက်ကွဲထွက်လာသည့်အဆင့်သို့ရောက်ရှိလာလေသည်။၎င်းမှာ မီးတောင်ပေါက်ကွဲသော ခံစားချက်မျိုးပင်ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ သွေးများအားလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သလို ခံစားလာစေသည်။ သူတို့၏ခန္ဓာကိုယ်ကို စွန့်ပြီး လွတ်လပ်စွာဟစ်ကြွေးချင်ကြလေသည်။
ထိုစဉ် စုမင်နှင့်အလှမ်းဝေးသော လေထုထဲရှိ အထင်ကရကလန်ဦးဆောင်သူအဘိုးကြီးနှင့်လူပေါင်း တစ်သောင်း နီးပါးက စိတ်အားတက်ကြံစွာ ဟစ်ကြွေးလိုက်လေသည်။ ထိုဟောက်သံများအတွင်းပါရှိသော တက်ကြွမှုကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသော်လည်း ထိုအသံများက အချိန်အတော်ကြာအောင် ပဲ့တင်ထပ်ပြီးမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် အဘိုးအိုလည်း စိတ်လှုပ်ရှား မင်သက်နေလေသည်။ သူ ရှေ့ကို တိုးလာရင်း ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည် ။ သူ၏ ရယ်မောသံ ရှေးကျသောတည်ရှိမှုတစ်ခုပါရှိပြီးသူ၏စိတ်ဝိညာဉ်၏ နက်နဲမှုမှ တိုက်ရိုက်ထွက်လာသည်။
ထိုရယ်မောသံများတွင် မျက်ရည်များနှင့် ကြည်နူးမှုများနှင့်အတူ ပါလာခဲ့သည်။ သူရွေးချယ်တာ မမှားကြောင်း ခံစားရလေသည်။ မာန်ပြည်ထောင်၏ဒဏ္ဍာရီတွင် အမှားအယွင်းမရှိဟုလည်း သူသိသည်။
စတုတ္ထမာန်ဘုရားသခင် မွေးဖွားလာခြင်း၏နိမိတ်လက္ခဏာများအမှန်တကယ်ပေါ်လာကြောင်းသူသိခဲ့သည်။ ဤနိမိတ်လက္ခဏာများက စုမင်အတွင်း၌ ရူးသွပ်စွာ ထွက်ပေါ်နေပြီး မကြာမီမှာပင် လုံးဝ ထုတ်ဖော်ပြသလာသည်။
“မာန်ပြည်ထောင်ရဲ့အနာဂတ်ဟာ ငါတို့ရဲ့သွေးတွေ လောင်ကျွမ်းနေတဲ့ဦးတည်ရာ အတိုင်း ငါတို့ရှေ့ရောက်လာပြီ...မာန်ကျင့်ကြံသူတွေအားလုံးက ဒီနေ့ကို အမှတ်ရနေလိမ့်မယ်... မာန်ပြည်ထောင်ရဲ့သမိုင်းတစ်လျှောက်မှာ ငါတို့ရဲ့ အခမ်းနားဆုံး အခိုက်အတန့်ကို ရောက်သွားတဲ့ နေ့တစ်နေ့ ဖြစ်လိမ့်မယ်..”
“ငါတို့ပြည်ကနေ အင်မော်တယ်ကောင်စုတ်တွေကို မောင်းထုတ်ရမဲ့အချိန်က သိပ်မဝေးတော့ဘူး..”
“မျိုးနွယ်စုဝင်တွေ...မင်းတို့ရဲ့အမြန်နှုန်းအဆုံးထိ တင်လိုက်...မင်းတို့ရဲ့အတောက်ပဆုံးတည်ရှိမှုတွေကို ဖော်ထုတ်ပြလိုက်.. ငါတို့တွေ... ကောင်းကင်ကိုဖြတ်သန်းပြီး မာန်နတ်ဘုရားသခင်ကို ဂါဝရပြုဖို့ သွားကြမယ်...”
အဘိုးအိုပြောသည့်အတိုင်း၊ သူ့နောက်ကွယ်ရှိ အထင်ကရကလန်မှ တပည့်များအားလုံးက စိတ်လှုပ်ရှားစွာဖြင့် အလားတူဟိန်းဟောက်ကြသည်။
“ငါတို့ ကောင်းကင်ကို ဖြတ်ပြီး မာန် နတ်ဘုရားသခင်ကို ဂါဝရပြုဖို့ သွားကြမယ်..”
ထိုဟိန်းဟောက်သံများက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။ မူလက လူဆိတ်ညံသောမြေက ချက်ချင်းမြက်ပင်များပေါက်လာသကဲ့သို့ စိမ်းလန်းသော အရိပ်အယောင်များ ပေါ်လာသည်။
အရှေ့မြေရိုင်းနယ်မြေ၏ အခြားဦးတည်ရာမှ ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းလာသော အလင်းတန်းတစ်သောင်းလည်း ရှိသည်။ ထိုလူများက မာန်ကျင့်ကြံသူများက အများစုမှာ ပိန်လှီးနေလေသည်။ သို့သော်၊ သူတို့မျက်လုံးထဲတွင် တောက်လောင်နေသောမီးက အထင်ကရကလန်မှသူများထက် အားမနည်းပေ။ စကားတစ်ခွန်းမှ မပြောခဲ့ကြသော်လည်း သူတို့၏သွေးထဲရှိ စိတ်လှုပ်ရှားမှုနှင့် ပေါက်ကွဲသံများက မြင်သူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားစေရန် လုံလောက်သည်။
ဤလူအုပ်စုက ရူးသွပ်နေသာဝံပုလွေများကဲ့သို့ ဖြစ်သော်လည်း သားကောင်ကို လိုက်မရှာခဲ့ကြပေ။ ယင်းအစား သူတို့၏မာန်နတ်ဘုရားကို ဂါဝရပြုရန်ထွက်လာခဲ့ကြသည်။
ဦးဆောင်သူမှာ သွေးနီရောင်မျက်လုံးများနှင့် ပိန်ပိန်ပါးပါးအဘိုးကြီးဖြစ်သည်။ သူ့သွေးထဲရှိ မီးတောက်နှင့် ပေါက်ကွဲသံများက သူ၏ကနဦးကျင့်ကြံစွမ်းအားကို တစ်ဖန်တိုးပွားလာစေပြီး မှားယွင်းသည့်ရွေးချယ်မှု လုံးဝမလုပ်ခဲ့ကြောင်း ခံစားရစေသည်။
“မြန်မြန်ချီတက်ကြ...မျောလွင့်တိမ်မျိုးနွယ်စုကပဲ စတုတ္ထမြောက်မာန်နတ်ဘုရားသခင်ရှေ့မှာ ပထမဆုံးပေါ်လာလိမ့်မယ်.. စတုတ္ထဘုရားသခင်ရဲ့ ရှေ့မှာ ပထမဆုံးရောက်တဲ့ မျိုးနွယ်စုဖြစ်အောင်လုပ်မယ်...”
လူတစ်သောင်းတို့က တစ်ချိန်တည်းတွင် ခပ်ကျယ်ကျယ်ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ကြပြီး ၎င်းတို့၏အသံများက နဂါးငွေ့တန်းကိုပင် လှုပ်ခါသွားစေသည်။ ထို့နောက်မြေပြင်ကို တုန်လှုပ်စေကာ ၎င်းတို့၏ အရှိန်ကလည်း ပို၍ပင် မြန်ဆန်လာခဲ့သည်။
၎င်းတို့အပြင်၊ အရှေ့မြေရိုင်းနယ်မြေ အထက်ကောင်းကင်ယံတွင် အဆုံးမဲ့ပြန့်ကျဲနေသော အုပ်စုများစွာလည်း ရှိသေးသည်။ ထိုလူများ အားလုံးက သူတို့၏ လောင်ကျွမ်းနေသော သွေးများနောက်ကို လိုက်နေကြသည်။
သူတို့၏ သွေးများ လောင်ကျွမ်းနေချိန်တွင် ၎င်းတို့၏ စွမ်းအားကို အနည်းငယ် တိုးလာစေသည်။ထိုမျှသာမက ၎င်းတို့၏ နှလုံးသားအတွင်းမှ ခေါ်သံကိုပါ အားကောင်းစေကာ ရူးသွပ်သွားလောက်အောင် အထိပင် ပြင်းထန်လာခဲ့သည်။
ထိုအချိန်တွင် မာန်ကျင့်ကြံသူတို့၏မျှော်လင့်ချက်၊ အနာဂတ်နှင့် ၎င်းတို့၏နယ်မြေက ၎င်းတို့နှင့်သက်ဆိုင်နေသေးသလားဆိုသည့်မေးခွန်းကို မှန်ကန်စွာဖြေဆိုနိုင်ခဲ့သည်။
ကံကြမ္မာမျိုးနွယ်စုက ၎င်းတို့ကိုယ်ထဲရှိ အဆုံးမရှိသော ပေါက်ကွဲနိုင်သည့် အလားအလာများစွာကို တွေ့ရှိခဲ့ပြီး လေးစားထိုက်သောအကြီးအကဲမို ဆီသို့ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ရှေ့သို့ တွန်းပို့နိုင်ခဲ့သည်။
၎င်းတို့ကြောင့် အရှေ့ဘက်မြေရိုင်းနယ်မြေ တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ အဆုံးမရှိသော မျိုးနွယ်စုငယ်များမှ အဖွဲ့ဝင်များသည်လည်း သွေးများ မီးလောင်နေသကဲ့သို့ ရှုပ်ထွေးမှုများကြားတွင် ၎င်းတို့၏သွေးများ ဆင့်ခေါ်ရာအရပ်ဆီသို့ ရူးသွပ်စွာ ပျံတက်သွားကြသည်။
တောင်တန်းအတွင်း ပုန်းအောင်းနေသောကျင့်ကြံသူများ၏တက်ကြွမှုက ယခင်ကထက် ပိုမိုပြင်းထန်လာသော်လည်း အချိန်အတော်ကြာပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း စိတ်ဓာတ်ခိုင်မာမှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသောလူငယ်များက တောင်တန်းများမှ လျင်မြန်စွာ ပြေးထွက်လာကြသည်။ သူတို့က ထိုလမ်းကို လျှောက်ရန် ရွေးချယ်ခဲ့သော မျိုးနွယ်စုရှိ လက်တစ်ဆုပ်စာ လူအနည်းငယ်သာ ဖြစ်သည်။ သူတို့က မျိုးဆက်ဟောင်းများနှင့် ကွဲပြားသည်။ သူတို့က ပုန်းဝှက်ကာ မနေထိုင်ချင်တော့ဘဲ အင်မော်တယ်တို့ဧ။်လောင်းရိပ်မှ ရုန်းထွက်ချင်ကြသည်။ သူတို့၏ အနာဂတ်အတွက် တိုက်ပွဲဝင်ချင်ကြလေသည်။
ထို့ကြောင့်သူတို့ဘာသာသူတို့ ပျံသန်းဖို့ရွေးချယ်ပြီး သူတို့၏သွေးများဦးတည်ရာလမ်းကြောင်းအတိုင်း ပျံသန်းခဲ့သည်။
သူတို့ မျိုးနွယ်စုက သူတို့ကို မတားဘဲ တိတ်တိတ်လေးပဲ ကြည့်နေကြသည်။
ချီလေ့ထျန်းရှိရာ မျိုးနွယ်စုအတွင်းမှ လူများက ၎င်းတို့၏သွေးများ တစ်ဖန်ဆူပွက်လာသည်ကို တွေ့သောအခါ ချီလေ့ထျန်း အံကြိတ်ကာ လက်မောင်းကို လှည့်လိုက်သည်။ သူ၏ မျိုးနွယ်စုမှ လူပေါင်း တစ်သောင်းခန့် ပျံတက်သွားလေသည်။
“ငါ အသက်ရှင်ရှင် မရှင်ရှင် အရေးမကြီးဘူး.. .ငါ့ဆီ ဘယ်လိုအန္တရာယ်ပဲလာလာ..
ဒီဒဏ္ဍာရီထဲကလို တစ်နေ့ကျဖြစ်လာမယ်လို့ ယုံကြည်ထားတယ်...ချီတက်ကြ...မာန်နတ်ဘုရားကို ဂါဝရပြုဖို့ သွားကြမယ်..”
လောကကြီး တုန်လှုပ်သွားသော်လည်း ဖန်းမျိုးနွယ်စုတွင် ပြောင်းလဲမှုများစွာ မရှိခဲ့သေးပေ။ သူတို့က တောထဲတွင် ဆက်လက်ပုန်းရှောင်နေခဲ့ကြသော်လည်းသားရဲဝတ်ရုံဝတ်ဆင်ထားသော အဘိုးအို၏နောက်တွင် ဒူးထောက်ထိုင်နေသည့်ရှိသည်။ သူတို့၏မျက်နှာတွင် ဆုံးဖြတ်ချက်ခိုင်မာနေပြီး တင်းမာ သောအကြည့်များရှိလေသည်။
...........................................
အရှေ့မြေရိုင်းနယ်မြေရှိကောင်းကင်ယံ၌ အဆုံးမဲ့ရှည်လျားသော အလန်းတန်းများက စုမင်ရှိရာနေရာသို့ ချီတက်နေလေသည်။ ထိုစဉ် ရွှေရောင်ဝတ်ရုံတိထျန်းက
ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပါတော့သည်။သူ့အမူအရာက သုန်မှုန်မနေတော့ဘဲ တည်ငြိမ်မှုရလာလေသည်။ထို့နောက် စုမင်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်ပြီး စကားစပြောလိုက်သည်။
“မင်းလိုကောင်က... သေရတော့မဲ့လူပဲ.
ငါ့ကို ဒီလိုပြောရဲတယ်ပေါ့..”
ကျိန်စာ၏ အနက်ရောင်မြူခိုးများက ရွှေရောင်ဝတ်ရုံတိထျန်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ သို့သော် သူ့အပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွန်းလင်းလာသောအခါ သူ့မျက်နှာပေါ်တွင် ဂုဏ်သိက္ခာရှိသော အမူအရာတစ်ခု ပေါ်လာသည်။သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ့အတွင်းမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံလိုက်သည်နှင့် ပိုမိုအားကောင်းလာသည်။
အချုပ်အခြာအာဏာပိုင်သုံးပါးနှင့် ဧကရာဇ်ငါးပါးတို့၏ သာလွန်မြင့်မြတ်မှုက သူ့ထံမှ ရုတ်တရက် ဖြာထွက်စပြုလာသည်။
“မှန်တယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မင်းရဲ့ကိုယ်ပွားထဲက တစ်ယောက်ကို တောင်ပိုင်းအာရုဏ်ဦးနယ်မြေရဲ့ရှာမန်မြို့မှာ သတ်ပစ်လိုက်ပြီးပြီး...ပြီးတော့ ခုနလေးတင် မင်းရဲ့ကိုယ်ပွားထဲက နောက်ထပ်တစ်ယောက်ကို ငါ သတ်ပစ်လိုက်ပြီးပြီ...”
စုမင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
တိထျန်းက သူ့ဆီသို့ ရွေ့လာချိန်တွင် သူလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည် ။ ၎င်းတို့ကြားတွင် ပေတစ်ထောင်ရှိနိုင်သော်လည်း ခြေလှမ်းများကို တစ်ပြိုင်နက်တည်း တိုးလိုက်သည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်မှစွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ ထိုလှိုင်းလုံးများက တစ်ဖက်နှင့်တစ်ဖက် ဖြိုခွင်းရန် ပြင်းထန်စွာ တိုက်ခတ်သွားကြသည်။
အဝေးမှကြည့်လျှင် ထိုမြင်ကွင်းက ပုံရိပ်ယောင်ကဲ့သို့ ထင်ရသည်။ တိထျန်းတွင် ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံထားပြီး လောကကြီး၏တစ်ဝက်ကို ရွှေရောင်ဆိုးထားသကဲ့သို့ ဖြစ်နေလေသည်။ လူတိုင်း၏မျက်စိရှေ့တွင်လည်း ခြေသည်းငါးချောင်းပါသော ရွှေနဂါးတစ်ကောင်၏ ပုံရိပ်ယောင်မှာ ပေါ်လွင်နေပါသည်။ ထိုနဂါးက စုမင်ကို ဟိန်းဟောက်လိုက်ပြီး ရွှေရောင်အလင်းတန်းနှင့်အတူ ပြေးထွက်လာသည်။
စုမင်က သူ့လက်မောင်းကို လှုပ်လိုက်သောအခါ မာန်နတ်ဘုရားရုပ်တု၏ ညာလက်မှအနက်ရောင် မြူခိုးလုံးများက ကောင်းကင်သို့ လွင့်ပျံလာသည်။ ထိုမြူခိုးထုက ကျိန်စာနှင့်တူသည်။ ထို့နောက် ကောင်းကင်သို့ တလိမ်လိမ်တက်သွားပြီး ရွှေနဂါးကြီးဖြင့် တိုက်မိသွားလေသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးက ပဲ့တင်ထပ်လာပြီး အရပ်ရပ်သို့ တုန်ခါသွားသည်။ ထိုအချိန်တွင်စုမင်က ရှေ့သို့နောက်တစ်လှမ်းတိုးလိုက်သည်။
“တကယ်လို့ မင်းရဲ့ကိုယ်ပွားနှစ်ယောက်ကို သတ်နိုင်ခံ့ရင်...”
စုမင်၏ အသံက လေထဲမှာ ပျံ့လွင့်နေပြီးသူလှမ်းလိုက်သောခြေလှမ်းက လေထုကို ဟိန်းဟောက်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် တိထျန်းက သူ့ဆီ ဦးတည်လာနေသော နေရာအနှံ့က လောကကြီး၏ စွမ်းအားကို ခံစားလိုက်ရသည်။ စုမင်က လောကကြီးကို အပြည့်အဝ ထိန်းချုပ်ထားလေသည်။
ဤသည်မှာ မာန်စိတ်ဝိညာဉ်နယ်ပယ် ၏ စွမ်းအားဖြစ်သည် - လောကကြီး၏စွမ်းအားကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိသည်။