မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိခြင်း
Vol. 48 Ch. 663
မာန်ပြည်ထောင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။ မြောက်ပိုင်းနှင့်အနောက်ပိုင်းနယ်မြေတို့က အရှေ့မြေရိုင်းနယ် မြေနှင့် ဝေးကွာလွန်းလှသည်။သူတို့၏သွေးများက ဆူပွက်လာသကဲ့သို့ ခံစားရလျှင်တောင် ထိုနေရာကို မသွားနိုင်ကြပေ။ ယင်းအစား နယ်မြေတစ်ခွင်လုံးတွင် အလင်းတန်းများနှင့် ပြည့်နှက်နေလေသည်။
မည်သို့ပင်ဆိုစေကာမူ ဆင့်ခေါ်စာကို မဖြေဘဲ သွေးပူပွက်ခြင်းမှ ထွက်လာသော ခေါ်ဆိုမှုကို အတင်းအကြပ် ဖိနှိမ့်သော လူအနည်းငယ်လည်း ရှိပါသည်။ ၎င်းတို့က ဒဏ္ဍာရီကို မယုံကြည်သူများဖြစ်ကောင်းဖြစ်နိုင်သလို မိမိကိုယ်ကိုသာ ယုံကြည်ကြပြီး အချို့က အရာရာကို အရှုံးမပေးချင်ကြပေ။
စုမင်က ထိုအဖြစ်အပျက်များကို မသိသေးပေ။
ထိုအချိန်တွင် သူက မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေလေသည်။ သူ့အထက်တွင် မရေမတွက်နိုင်သော သက်တံများ သွယ်တန်းနေပြီး သူ၏မာန်အမှတ်အသားဖြစ်သည့်နက်မှောင်တောင်၏ရိပ်ယောင်နှင့် နဝမမြောက်တောင်ထွဋ်က သူ့နှလုံးသားထဲတွင် အမြစ်တွယ်နေလေသည်။ စုမင်၏ဆန္ဒကြောင့် ထိုတောင်နှစ်ခုက တစ်ခုနှင့်တစ်ခု အစွန်းချင်း ထပ်လာသည်။
ထိုတောင်များ တုန်လှုပ်လိုက်သည်နှင့် လောကကြီး တသိမ့်သိမ့်တုန်ခါသွားလေသည်။ သောင်းချီသောအင်မော်တယ်များက စုမင်ထံမှ စွမ်းအားလှိုင်းများ၏ပြင်းထန်သော ရိုက်ခတ်မှုချက်ချင်း ခံစားလိုက်ရပြီး ၎င်းတို့ကို နောက်ပြန်ဆုတ်သွားစေသည်။
ကောင်းကင်ရှိ ရွှေရောင်ဝတ်ရုံတိထျန်းက နက်မှောင်နေသောမျက်နှာနှင့် နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
စုမင်၏မာန်အမှတ်အသားက ပုံရိပ်ယောင်များက ထင်ရှားလာပြီး အချင်းချင်း ပေါင်းစပ်သွားသည်။ ထို့နောက် ရိုးရေစတေးနယ်ပယ်၏ စွမ်းအားဖြင့် သူ၏ အမှတ်အသားက ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်ကို ရရှိပြီး ဝိညာဉ်အဖြစ် စုစည်းသွားမည်ဖြစ်သည်။
ထိုဝိညာဉ်က လောကကြီးနှင့် ချိတ်ဆက်ထားနိုင်ပြီး ၎င်း၏ စွမ်းအားကို စုပ်ယူနိုင်မည်ဖြစ်သည်။ ထို့နောက် လူတစ်ယောက်၏ စိတ်ဝိညာဥ်၊ ဆန္ဒ၊ အသွေးအသား ပေါင်းစပ်မှုကြောင့် ကိုယ်ပိုင်မာန်နတ်ဘုရားရုပ်ထုကို ဖန်တီးနိုင်တော့မည် ဖြစ်သည်။
ရုပ်တု၏မျက်နှာကလည်း ၎င်း၏ပိုင်ရှင်၏ မျက်နှာကဲ့သို့ အတိအကျဖြစ်လာသည်။ ထို့နောက် ၎င်းက ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားပြီး ကျင့်ကြံသူက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ အောင်မြင်စွာရောက်ရှိသွားမည်ဖြစ်သည်။
၎င်းက ရိုးရှင်းသောပုံပေါက်သော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးတွင် အနည်းငယ်အမှားအယွင်းရှိလျှင် ထိုလူက ကျရှုံးမည်ဖြစ်သည်။
ယခင်က စုမင် မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရန် ပထမအကြိမ်ကြိုးစားသည်မှာ မအောင်မြင်ခဲ့ပေ။ စွမ်းအားအားလုံးကို သူ့ဝိညာဉ်ထဲသို့ ပေါင်းစပ်ရန် ကြိုးစားခဲ့သော်လည်း သူ၏ ဝိညာဉ်သည် မပြည့်စုံခဲ့ပေ။ ယခုခရမ်းရောင် ကျောက်တုံးက သူ့ခန္ဓာကိုယ်ထဲသို့ ရောနှောသွားပြီး နောက် သူ၏ စိတ်ဝိညာဉ် ပြီးပြည့်စုံသွားပြီဟု ပြင်းထန်သော ခံစားမှုတစ်ခု ရရှိခဲ့သည်။
“နက်မှောင်တောင်က ငါ့ဝိညာဉ်...နဝမမြောက်တောင်ထွဋ်က စိတ်ဆန္ဒပဲ...”
စုမင်က တိုးတိုးလေး ရေရွက်သည် ။ ထိုစကားများ သူ့ပါးစပ်မှ ထွက်ခွာသွားချိန်တွင် ကောင်းကင်ယံ၌ နက်မှောင်တောင်နှင့်နဝမမြောက်တောင်ထွဋ်က ရောယှက်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။
ကောင်းကင်ထက်တွင် သက်တံများ ထပ်မံပေါ်ထွက်လာသည်။ ထိုသက်တံများနောက်ကွယ်မှာ တွန့်လိမ်ပုံပျက်မှုများ ဖြစ်ပေါ်လာပြီး အတွင်းထဲမှာ အဆက်မပြတ်တုန်ခါလာလေသည်။ ထိုသက်တံများထဲမှ တစ်စုံတစ်ခုက လောကကြီးထဲသို့ ဆင်းသက်ရန် အတင်းကြိုးစားနေသယောင် ထင်ရလေသည်။
ထိုအချိန်တွင် စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ရန် ကြိုးစားခဲ့စဉ်က သူ့အမှတ်တရထဲမှ ချိပ်တံဆိပ်က ချိုးဖျက်လုနီးပါးဖြစ်နေသည်ကိုတစ်ဖန်ခံစားလိုက်ရပြန်သည်။
“မာန်စိတ်ဝိညာဉ်နယ်ပယ်...ဒီနေ့ ငါမာန်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ရမယ်...”
စုမင်က ခေါင်းကို မော့ပြီး ကြိမ်းဝါးလိုက်သည်။ သူက မြေပြင်မှ ဖြည်းညှင်းစွာထလာသည်။ သူ တုန်လှုပ်နေသော်လည်း သူ့မျက်လုံးများတွင် စူးစူးရဲရဲ တောက်လောင်နေသော မီးတောက်တစ်ခု ရှိနေသည်။
သူက ရွှေရောင်ဝတ်ရုံတိထျန်းကို စိုက်ကြည့်ကာ သူ့မျက်လုံးများတွင် သတ်ပစ်
လိုစိတ်ကပြင်းထန်လွန်းသဖြင့် မြင်သူတိုင်း တုန်လှုပ်ခြောက်ခြားသွားရသည်။ ထိုအရာက သာမန်သတ်ဖြတ်လိုစိတ်မဟုတ်သလို သာမန်ဟုန်းဟုန်းတောက်နေသော စိတ်ဆုံးဖြတ်ချက်တစ်ခုလည်း မဟုတ်ပေ။၎င်းက စစ်မှန်သော သတ်ဖြတ်လိုစိတ်ဖြစ်ပြီး မကြာသေးမီက ခရမ်းရောင်ဝတ်ရုံကိုယ်ပွား၏ သေဆုံးမှုကြောင့် ရွှေရောင်ဝတ်ရုံတိထျန်းကို ထိတ်လန့်စေခဲ့သည်။
စုမင်က သူ၏ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး ကောင်းကင်သို့ တွန်းလိုက်သည်။
“ကံကြမ္မာက ငါ့ကောင်းကင်ပဲ..”
စုမင် သူ့လက်ကို လွှဲယမ်းလိုက်သည်နှင့် နဝမမြောက်တောင်ထွဋ်နှင့်နက်မှောင်တောင်ကြားမှ ကလေးငယ်၏ ပုံရိပ်ယောင် ပေါ်လာသည်။ထိုကလေးက ခရမ်းရောင်ဆံပင်နှင့် လူငယ်တစ်ယောက်၏ ပုံရိပ်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ထိုစဉ် ကြည့်ရှုသူအားလုံးနီးပါး အသက်ရှူကြပ်သွားစေရန် ထူးဆန်းသော မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ယံ၌ နောက်ထပ် သက်တံများ ထွက်ပေါ်လာ လေသည်။
ကောင်းကင်ကြီးရှိ အပြောင်းအလဲများက ကြီးမားလွန်းသောကြောင့် ကောင်းကင်တစ်ခုလုံး ပြိုကျသွားတော့မယ့်ပုံပင်ဖြစ်သည်။
ထိုနယ်မြေတစ်ဝိုက်ရှိ သောင်းနှင့်ချီသော
ကျင့်ကြံသူများက သိပ်အမူအရာမပျက်သော်လည်း တိထျန်းနှင့်ကျီအန်း၏အမူအရာများမှာ ခရမ်းရောင်ဆံပင်ရှိသော လူငယ်၏မျက်နှာကို မြင်လိုက်ရချိန်တွင် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူတို့၏ မျက်နှာများတွင် ဖုံးကွယ်၍မရသော ထိတ်လန့်တုန်လှုပ်သည့် အမူအရာများပင် ရှိခဲ့သည်။
“ သူက တကယ်ပဲ မှော်ဆန်တဲ့ လှည့်ကွက်တစ်ခုကို ထုတ်ပြနိုင်ခဲ့တာပဲ...”
ကျီအန်း၏အမူအရာပြောင်းလဲလာသည်နှင့်အမျှ ခရမ်းရောင်ဆံပင်ရှိသော လူငယ်လေး၏ ပုံရိပ်ယောင်က သူ့အတွက် အတိအကျ ကြောက်လန့်စရာသကဲ့သို့ နောက်သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
တိထျန်း၏ မျက်နှာက ဖြူဖျော့လာပြီး တုန်လှုပ်သွားသော်လည်း ခဏအကြာတွင် သူ ရူးသွပ်စွာ ရယ်နေတော့သည်။
“ကံကြမ္မာရဲ့... မှော်ဆန်တဲ့ လှည့်ဖြားမှု... ဒါဆို သူက တကယ်ပဲ ကံကြမ္မာလား..”
“ငါ့ဝိညာဉ်က လောကထဲမှာရှိတယ်...”
စုမင်က မျက်လုံးများကိုမှိတ်ပြီး တိုးတိုးလေးပြောလိုက်သည်။ထိုစကားများကိုပြောလိုက်သော် လောကကြီးက ချက်ချင်းဟိန်းဟောက်လာပြီး တောင်နှစ်ခုနှင်ြ ကံကြမ္မာ၏ပုံရိပ်ယောင်က ထပ်တူကျလာသည်။
ထိုသုံးမျိုးပေါင်းစပ်သွားပြီးနောက် စုမင် တုန်လှုပ်သွားလေသည်။ သူ့မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်နေသော်လည်း တောက်ပသောအလင်းရောင်တစ်ခု လင်းလက်လာသည်။
“မင်းတို့အားလုံး ခရမ်းရောင်ဆံပင်နဲ့ အသွင်အပြင်ကို ကြောက်ရွံ့ကြတဲ့အတွက် ငါ ဒီရုပ်တုကို ပတ်ပြီး ဒီပုံစံဖြစ်အောင် လုပ်မယ်...”
“ကံကြမ္မာက ပုံရိပ်..နက်မှောင်တောင်က ဝိညာဉ်..နဝမမြောက်တောင်ထွဋ်က စိတ်ဆန္ဒ ဖြစ်လိမ့်မယ်..
ထိုစဉ် ခရမ်းရောင်ဆံပင်ရှိသော လူငယ်လေးက ကောင်းကင်တွင် မျက်လုံးများကို ချက်ချင်းမှိတ်လိုက်ကာ ပုံရိပ်ယောင်သုံးခု၏ အလယ်ဗဟိုဖြစ်လာသည်။
နဝမမြောက်တောင်ထွဋ်က သူ၏ညာဘက်တွင်ရှိပြီး နက်မှောင်တောင်ကသူ၏ဘယ်ဘက်တွင်ရှိသည်။ ထို့နောက် လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး.
ပုံရိပ်ယောင်သုံးခုလုံးလုံး ပေါင်းစပ်သွားသည်။
စုမင်၏ စိတ်ထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူ၏ခေါင်းရှိ ချိပ်တံဆိပ်က လျင်မြန်စွာ ကျိုးပဲ့သွားသော်လည်း လုံးဝ မပြိုကွဲခဲ့ပေ။ ထိုတံဆိပ် လုံးဝမပြိုကွဲအောင် ဟန့်တားရန် အခြားဘက်ခြမ်းမှ စွမ်းအားလှိုင်းတစ်ခု ထွက်လာသကဲ့သို့ပင် ထင်ရသည်။
စုမင်ထံမှ အေးစက်သော လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သူ၏စိတ်ဝိညာဉ်က ပြီး ခရမ်းရောင်ဆံပင်ရှိသော လူငယ်လေးတစ်ဦး၏ ပုံရိပ်ယောင်က လူအုပ်ကြီးရှေ့တွင် ပေါ်လာသည်။
ထိုလူငယ်က မျက်လုံးများကို မှိတ်ထားပြီး သူ၏ရှည်လျားသောဆံပင်များက လေထဲတွင် ဖြာကျနေလေသည်။ လောကကြီးမှ အဆုံးမဲ့ စွမ်းအင်ပမာဏသည် သူ့ဆီသို့ ရူးသွပ်စွာလှည့်ပတ်ကာ နေလေသည်။ ထို့အတွက်ကြောင့် ထိုဝိညာဉ်က လျင်မြန်စွာ အသွင်ပြောင်းသွားပြီး ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်ရရှိသွားသည်။
ထိုဝိညာဉ်က လောကကြီး၏ စွမ်းအားကို စုပ်ယူလိုက်ပြီး အဆုံးမဲ့သက်တံများ၏နောက်ကွယ်မှ ကောင်းကင်ယံက ပုံပျက်ပန်းပျက်ဖြစ်နေသည့် ဖိအားလှိုင်းကြီးတစ်ခုက နေရာတစ်ခုပေါ် လျင်မြန်စွာ ဆင်းသက်လာသည်။
ထိုစွမ်းအားလှိုင်း ဆင်းသက်လာသော် အင်မော်တယ်များက ချက်ချင်း တုန်လှုပ်သွားတော့သည်။ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရထားသူတချိုက သွေးချောင်းဆိုးပြီး တုန်တုန်ယင်ယင်နှင့် ဒူးထောက်လျှက်သာ ဖြစ်နေလေသည်။
အင်မော်တယ်များ ဒူးထောက်ချပြီးနောက် အခြားသူများသည် ချက်ချင်းလိုက်၍ ဒူးထောက်လိုက်ကြသည်။ ကောင်းကင်ရှိ ရွှေရောင်ဝတ်ရုံတိထျန်းနှင့်ကျီအန်းတို့တောင် ထိုဖိအားလှိုင်းကို ခံစားလိုက်ရပြီး သူတို့၏ အမူအရာများ ပျက်ယွင်းသွားကြသည်။
“သူ မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ရောက်ဖို့ ကြိုးစားနေတာပဲ.. လောကကြီးထဲ ဒီလို ဖိအားတွေနဲ့ ထိတ်လန့်တုန်လှုပ်စရာ အပြောင်းအလဲတွေကိုတောင် ဆင့်ခေါ်နိုင်တယ်..”
“သူက မာန်ပြည်ထောင်ရဲ့ကံကြမ္မာကို ရရင်တောင် ဒီလို ဖိအားတွေကို ဆင့်မခေါ်နိုင်ဘူး...အဲ့ဒီကောင်လေးက အရမ်း ထူဆန်းတယ်...”
ရွှေရောင်ဝတ်ရုံတိထျန်း၏နှလုံးသား တုန်လှုပ်သွားသည်။ သူက စုမင်ကိုကြည့်ရန် ခေါင်းမော့လိုက်ပြီး ရုတ်တရက်မျက်မှောင်ကြုတ်သွားလေသည်။
စုမင်ကို စိုက်ကြည့်နေသော ကျီအန်းက
အနည်းငယ် နောက်ပြန်ဆုတ်သွားပြီးသူ့အသက်ရှူသံ တဖြည်းဖြည်း မြန်လာသည်ကို တွေ့လိုက်ရသည်။သူ့ယပ်တောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီးသဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
“မာန်နတ်ဘုရားသခင်ရဲ့ရုပ်တု..”
ထိုအချိန်တွင် စုမင်က သူ့ခေါင်းကို လျင်မြန်စွာ မော့လိုက်ပြီး ကောင်းကင်ရှိ သူ့ဝိညာဉ်ဆီသို့ ဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံကြားသည်နှင့် ဝိညာဉ်ဧ။်( ခရမ်းရောင်ဆံပင်နဲ့ကောင်လေး) မျက်လုံး ပွင့်လာလေသည်။
ထိုစဉ်တွင်ပင် ခရမ်းရောင်ဆံပင်ကောင်လေးက သူ့ခေါင်းကိုလှည့်ကာ ရွှေရောင်ဝတ်ထားသည့် တိထျန်းဆီသို့ လှမ်းကြည့်လိုက်သည်။
တိထျန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည် ။ သူ၏အတွင်းစိတ်အတွေးများကို ဖုံးကွယ်ထားနိုင်သော်လည်း သူ၏ဆုတ်ခွာမှုက သူ၏ကြောက်လန့်မှုကို ဖော်ထုတ်ပြသခဲ့သည်။
စုမင် ဟစ်ကြွေးလိုက်သည့်အခါ ကောင်းကင်မှ သက်တန့်တစ်ဝက်ခန့် ပြိုကျကာ သူ့စိတ်ဝိညာဉ်ဆီသို့ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအလင်းတန်းများက ခရမ်းရောင်ဆံပင်နှင့်ဝိညာဥ်ထဲသို့ ရောနှောသွားသည်။ထို့နောက် ထိုဝိညာဉ်က ပေါက်ကွဲသံနှင့်အတူ ကွဲအက်သွားသည်။
ထိုပြိုကျမှုက ကျရှုံးခြင်းမဟုတ်ပေ။ သို့သော် သူက မာန်နတ်ဘုရားသခင်၏ရုပ်တုကို ခိုင်မာစေခဲ့သည်ဟူသော နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။
ထို့နောက် တောက်ပသောပုံဆောင်ခဲအလင်းရောင်က ထိုကွဲအက်နေသော ဝိညာဉ်နှင့်ပေါင်းစပ်ကာ လေထုထဲတွင် ရုပ်ထုတစ်ခုဖြစ်လာသည်။
ဤသည်မှာ မာန်နတ်ဘုရား စုမင်၏ ၏ရုပ်တုဖြစ်သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် အနီးနားရှိ လူအုပ်ကြီးက ရုပ်တု ပေါ်လာသည်ကို မြင်လိုက်ရပြီး လေထဲတွင် ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာသည်။
ထိုအသံက မြေပြင်ပေါ်ရှိ လူထောင်ပေါင်းများစွာထံမှ ထွက်ပေါ်လာသည်။ ရွှေရောင်ဝတ်ထားသည့်တိထျန်းနှင့်ကျီအန်းက ထိုဖြစ်ပုံကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ ထို့မောက် သူတို့၏အမူအရာများ တစ်ဖန်ပြောင်းလဲသွားကာ ထိတ်လန့်ချောက်ချားမှုကို ခံစားရလေသည်။
အဘယ်ကြောင့်ဆိုသော် ...စုမင်၏မာန်ဘုရားသခင် ရုပ်တုက မပြည့်စုံသောကြောင့် ဖြစ်သည်။ လက်တစ်ဖက်တည်းသာ ရှိသည်။ ထိုလက်မှာ ညာလက်ဖြစ်သည်။
ကျန်ခြေလက်များက ကျောက်စိမ်းကဲ့သို့ ပုံဆောင်ခဲအလင်းများဖြင့် တောက်ပနေသည်။ တောက်ပသော အလင်းတန်းများက ၎င်းတို့ကို ဝိုင်းရံထားသောကြောင့် လောကကြီး၏ ကြီးကျယ်ခမ်းနားသော အရောင်များကို စုစည်းထားပုံရသည်။ ထိုအချိန်တွင် ညာဘက်လက်က လေထဲ၌ လွင့်မျောနေပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်အတွင်းရှိ စွမ်းအားကြီးသော တည်ရှိနေမှုများကို ဖော်ထုတ်ပေးနေသည်။
ထိုအချိန်တွင် စုမင် ဆုံးရှုံးသွားသော စွမ်းအားက ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ပြေးဝင်လာသည်။ ထို့နောက် သူ၏ဆံပင်များက လေမတိုက်ဘဲ လွင့်နေလေသည်။ မာန်နတ်ဘုရားသခင့်ရုပ်တုရှိလက်က သူ၏ညာဘက်လက်ဆီသို့ ဦးတည်ကာ အသက်တစ်ရှိုက်စာအတွင်း ပေါင်းစပ်သွား လေသည်။
ထိုအခိုက်အတန့်၌ မာန်စိတ်ဝိညာဉ်နယ်ပယ်၏စွမ်းအားက စုမင် ၏ခန္ဓာကိုယ်မှပေါက်ကွဲသံနှင့်အတူထွက်ပေါ်လာသည်။
နောက်ဆုံးတွင် စာမင်က ရိုးရေစတေးနယ်ပယ်ကိုချိုးဖြတ်ပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ဝင်ရောက်ခဲ့သည်။ သူက
၎င်း၏ ကနဦးအဆင့်တွင်သာ ဖြစ်နိုင်သော်လည်း ရိုးရေစတေးနယ်ပယ်နှင့်မာန်စိတ်ဝိညာဉ်နယ်ပယ်အကြား ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ကွာခြားလေသည်။
လောကကြီး၏ စွမ်းအားက ရူးသွပ်သောအရှိန်ဖြင့် ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။စုမင်၏ မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားကာ အဆုံးမဲ့တောက်ပသော အလင်းရောင်ဖြင့် အစားထိုးသွားခဲ့သည်။ ထိုအလင်းရောင်ကြောင့် သူ့မျက်လုံးထဲတွင် ကြယ်များရှိနေပုံရပြီး ၎င်းတို့ကို အချိန်အကြာကြီး ကြည့်နိုင်သူ မရှိပေ။
သက်တံများက လှပစွာ ထွန်းလင်းလာပြီး ကောင်းကင်မှာ နောက်ထပ်ပုံပျက်မှုများ ဖြစ်ပေါ်လာပြန်သည်။ယခုတစ်ကြိမ်တွင် ၎င်းတို့က အရှေ့မြေရိုင်းနယ် မြေတစ်ခုတည်းသာမက မာန်မျိုးနွယ်စု နယ်မြေအများစုကို လွှမ်းခြုံထားသည်။ ထိုပုံပျက်တွန့်လိမ်မှုများမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ထိုနေရာမှ ဆင်းသက်လာသော ဖိအားများက ပို၍ ပြင်းထန်လာသည်။
“သူ့ရုပ်တုမှာ လက်တစ်ဖက်ပဲရှိတယ်.. ဒါက... ဒါ... ဒီလူကမာန်စိတ်ဝိညာဉ်နယ်ပယ်ကို လုံးဝမတက်လှမ်းနိုင်သေးဘူး ဆိုလိုတာလား...”
“ကောင်းကင်မှာ ပြောင်းလဲမှုတွေ ရှိနေသေးတယ်..မပျောက်ကွယ်သွားဘဲနဲ့...ပို တောင်အားကောင်းလာတယ်...”
“ဘာတွေဖြစ်နေတာလဲ..”
ထိုရုတ်ရုတ်သဲသဲစကားသံများကြားတွင် ကောင်းကင်ယံမှ ကွဲအက်နေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ကျယ်လောင်လွန်းသောကြောင့် လူတိုင်း ကျယ်လောင်လွန်းလို့ လူတိုင်း၏လိပ်ပြာလွင့်မတတ် တုန်ယင်သွားကြသည်။
ဆင်းသက်လာသည့်အရာမှာ အနှိုင်းမဲ့ကြီးမားသော ညာလက်တစ်လက်ဖြစ်သည်။
စုမင်က ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ကောင်းကင်မှ ဆင်းသက်လာသော ဧရာမလက်ဖဝါးပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ထို့နောက် တိထျန်းကို ခေါင်းငုံ့ကြည့်နေလေသည်။
“တိထျန်း... ငါတို့ ဆက်ပြီး တိုက်ခိုက်ကြမယ်...”
စုမင် ထိုသို့ပြောပြီးသည်နှင့် တိထျန်း သူ့ အနားမကပ်အောင် တားဆီးထားသည့် ဖိအားများက ချက်ချင်း ပျောက်ကွယ်သွားလေသည်။