← Chapters

ထိုနေ့တွင်

Vol. 48 Ch. 662

ထိုနေ့တွင်

Vol. 48 Ch. 662

လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက

အရှေ့မြေရိုင်းနယ်မြေရှိ မျိုးနွယ်စုပေါင်း ၁၂ ခုက အတူတကွပေါင်းစည်းသွားခဲ့သည်။ ထိုအချိန်တွင် ‌အရှေ့မြေရိုင်းမြောက်ပိုင်းနယ်‌မြေဟူ၍ ထွက်ပေါ်လာသည်။ မျိုးနွယ်စု ၁၂ ခုတို့ပူပေါင်းပြီးနောက် အထင်ကရကလန်ဟူ၍ စွမ်းအားကြီးသော ကလန်ကြီးတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ထိုကလန်အပြင် အလားတူစွမ်းအားကြီးကလန်သုံးခုရှိလေသည်။

အရှေ့မြေရိုင်းမြောက်ပိုင်းရှိအဘိုးအိုက ကောင်းကင်၌ ရပ်နေပြီး စုမင် မာန်စိတ်ဝိညာဉ်နယ်ပယ်သို့တက်လှမ်းနေသည်ကို တုန်လှုပ်အံ့ဩစွာကြည့်ရှု‌နေလေသည်။

သူ့အောက်မှာတော့ သောင်းနှင့်ချီသောမာန်ကျင့်ကြံသူများက ဝပ်တွားလျက်ရှိ နေပြီး သူတို့မျက်နှာမှာ စိတ်လှုပ်ရှားမှုများ ပေါ်လာလေသည်။

အဘိုးအိုက ခေါင်းကိုမော့ကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ ရယ်နေချိန်တွင် စိတ်လှုပ်ရှားနေသော ပီတိမျက်ရည်များက သူ့မျက်လုံးများမှ ကျဆင်းလာသည်။

“ကျုပ်တို့သွေးတွေက ပွက်ပွက်ဆူစေတဲ့ မာန်နတ်ဘုရားသခင်မွေးဖွာလာပြီ..ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ခံရပြီ..အထင်ကရကလန်မှာရှိတဲ့မျိုးနွယ်စုတွေ...ကျုပ်နဲ့အတူ စတုတ္ထမြောက်ဘုရားသခင်ကို ဂါရဝပြုဖို့ ထွက်လာကြလော့...”

“ကျုပ်တို့... သူပုန်တွေ လက်တုံ့ပြန်ဖို့ အချိန်တန်ပြီ.. “

အဘိုးအို၏ ရယ်မောသံက အရူးတစ်ယောက်ကဲ့သို့ ထင်ရသော်လည်း ထိုနေ့ကို အကြာကြီး စောင့်ဆိုင်းခဲ့ရခြင်းသာ ဖြစ်သည်။ သူ အချိန်အကြာကြီး စောင့်နေရသောနေ့၊ဖြစ်ပြီး ဒဏ္ဍာရီပုံပြင်များတွင် ပြောသောနေ့ ရောက်ရှိလာခဲ့ပြီ။

အထင်ကရကလန်မှာရှိသည့် မျိုးနွယ်စု တစ်ဆယ့်နှစ်ခုရှိ လူများက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် ဟောက်သံတွေ ထွက်ပေါ်လာသည်။ ထိုဟောက်သံများက စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ၊ ရူးသွပ်စွာအော်သံများ ဖြစ်သည်။

အထင်ကရကလန်ရှိ အဖိုးအို၏ ဦးဆောင်မှုအောက်တွင် ရှည်လျားသော စက်ဝန်းပြတ်အလင်းတန်းများက လျင်မြန်စွာ ပျံတက်လာသည်။ ကောင်းကင်ထက်တွင် အဆုံးမဲ့ ရှည်လျားသော အလင်းတန်းများဖြင့် အစားထိုးခဲ့သည်။ လေထုကို ဖြတ်သန်းသွားသည့် လေချွန်သံများ မြင့်တက်လာပြီး စ လူတစ်သောင်းနီးပါး ကောင်းကင်ယံတွင် အော်ဟစ်နေခဲ့သည်။

သူတို့၏ သွေးများက လမ်းညွှန်သည့်လမ်းကြောင်းအတိုင်း ပျံသန်းကြလေသည်။ ထိုဦးတည်ရာမှာ စုမင်ရှိသောစစ်မြေပြင်ဖြစ်ပြီး သူတို့ ပိုနီးကပ်လေလေ သူတို့၏ သွေးများက ပိုပွက်ပွက်ဆူလာလေလေ ဖြစ်သည်။

အရှေ့မြေရိုင်းနယ်မြေ၏ အခြားဦးတည်ရာမှာ အဆုံးမဲ့ သစ်ပင်များ ပြည့်နှက်နေသည့် နေရာဖြစ်သည်။ အဆိပ်သင့်သော မြူခိုးများက ထိုနေရာကို ဝန်းရံထားသောကြောင့်သက်ရှိအားလုံးအတွက် တားမြစ်ထားသော နေရာတစ်ခုအဖြစ် ထင်မြင်လာစေသည်။ အင်မော်တယ်များက ထိုနေရာမှာ မာန်ကျင့်ကြံသူများရှိမှန်း သိလျှင်တောင် အများစုမှာ လာရန်ဆန္ဒမရှိကြပေ ။

ထိုမျိုးနွယ်စု မာန်ပြည်ထောင်၏စွမ်းအားကြီးမျိုးနွယ်စုထဲမှ တစ်ခုဖြစ်ပြီး အထင်ကရကလန်နှင့်အဆင့်တူသော ဖန်းအမည်ရှိမာန်မျိုးနွယ်စုပင် ဖြစ်သည်။ ထိုမျိုးနွယ်စုဝင်များက ၎င်းတို့၏ သစ်တောကို လွယ်လွယ်ကူကူ မစွန့်ခဲ့ကြပေ။

သူတို့ကိုယ်သူတို့ လောကကြီးကို အဆက်သွယ်ဖြတ်ပြီး သီးသန့်နေကြသည်။ အင်မော်တယ်များက ထိုနေရာသို့လာပြီး ရန်မစပါက သူတို့ဘာသာ အေးဆေးနေကြသည်။ထိုသစ်တောက ၎င်းတို့၏ အဓိကအချက်အချာနေရာဖြစ်သည်။

ထိုသစ်တောမှ အနက်ရောင်မြူခိုးများ ပျံ့နှံ့ခြင်းမရှိသော်လည်း မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးမားစွာပြီးမြောက်အောင်မြင်ခဲ့သော ကျင့်ကြံသူမရှိဟု မဆိုလိုပေ။ ဖန်းမျိုးနွယ်စု၏ အကြီးအကဲသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုနယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့ပြီး အရှေ့နယ်မြေတစ်ခွင်လုံးတွင် လူသိများလေသည်။

ထိုအခိုက်အတန့်တွင် အဘိုးအိုက မျိုးနွယ်စုအားလုံးမှ လူပေါင်း တစ်သောင်းနီးပါးကို အဝေးသို့ ခေါ်ဆောင်သွားကာ စုမင်ရှိရာသို့ ချီတက်ကြလေသည်။မူလ ငြိမ်းချမ်းသော သစ်တောကြီးမှ သစ်ပင်အများအပြားက အဆိပ်မြူခိုးများကြားတွင် ယိမ်းယိုင်နေတော့သည်။ လူများစွာက သစ်ပင်ထဲမှ ထွက်ပေါ်လာပြီး တူညီသောအမူအရာရှိလေသည်။သူတို့၏ သွေးဆူပွက်မှုကြောင့် ဖန်းမျိုးနွယ်စုဝင်များ အားလုံး၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေခဲ့သည်။

တောနက်ကြီးအတွင်း၌ နေရာလွတ်တစ်ခုရှိ လေသည်။ သားရဲအရေခွံကို ၀တ်ဆင်ထားသော အဖိုးအိုတစ်ဦး မတ်တပ်ရပ်နေပြီး လူရှစ်ဦးက သူ့နောက်တွင် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေသည်။ သူတို့အားလုံးဆီက မာန်စိတ်ဝိညာဉ်နယ်ပယ် ထက်မနည်းသော စွမ်းအားလှိုင်းများက ပြန့်ကျဲနေလေသည်။ အနီးကပ်ကြည့်လျှင် ထိုသစ်တောထဲမှ တည်ရှိမှုများစွာ ထွက်လာသည်ကိုတွေ့ရသည်။

ထိုတည်ရှိမှုများ၏ချီစွမ်းအားက ဖရိုဖရဲ ဖြစ်နေလေသည်။ ၎င်းတို့အကြည့်များက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အဘိုးအို ၏ရွေးချယ်မှုကို စောင့်ဆိုင်းနေလေသည်။

အဖိုးအို၏အမူအရာက အဆက်မပြတ်ပြောင်းလဲနေပြီး စိတ်ခံစားချက်အမျိုးမျိုး ခံစားနေရလေသည်။ သူ ခေါင်းကိုမော့ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရံဖန်ရံခါ စိတ်လှုပ်ရှားမှုကို ပြသပြီး အခြားအချိန်များတွင် တုံ့ဆိုင်းနေတတ်သည်။ သူ့သွေးကြောများထဲ သွေးများဆူပွက်နေသည်ကို ခံစားရပြီး အဝေးက လှမ်းလခေါ်သံကို ဝိုးတဝါးကြားရလေသည်။

“မင်းတို့အားလုံး သွားချင်ကြတာ ငါသတယ်…”

အချိန်အတန်ကြာပြီးနောက် အဘိုးအိုက ဖြည်းညှင်းစွာ ပြောလိုက်၏။ သူ့ပတ်ဝန်းကျင်တွင် မည်သူမျှ စကားမပြောကြသော်လည်း သူတို့၏ ပြင်းထန်သော အသက်ရှုသံများမှ သူတို့၏ ဆန္ဒကို ခံစားနိုင်သည်။

“ငါလည်း ငါ့သွေးတွေ ဆူပွက်နေတာကို ခံစားရတယ်.. ဒါက မာန်နတ်ဘုရားသခင် ပေါ်လာတဲ့ လက္ခဏာပဲ..ဒါပေမယ့် ဒီဆူပွက်မှုက အားနည်းနေသေးတယ်”

အဘိုးအိုက သက်ပြင်းတစ်ချက်ချပြီး ခေါင်းယမ်းလိုက်လေသည်။

သူက စွန့်စားဝံ့သူမဟုတ်ပေ။

အရှေ့မြေရိုင်းနယ်မြေ၏ အနောက်ဘက်နှင့် တောင်ပိုင်းတွင် အင်မော်တယ်များ ကျူးကျော်ဝင်ရောက်လာသောအခါ

မျိုးနွယ်စုကြီးနှစ်ခုက မတူညီသော‌နေရာနှစ်ခုမှာ ပုန်းအောင်းနေကြလေသည်။

သူတို့ထဲက တစ်စုက မြေကြီးနက်ရှိုင်းရာတွင်ရှိသော ကျောက်ဆွဲချလိုဏ်ဂူမှာ ပုန်းနေပြီး သူတို့၏ နာကျည်းမှုနှင့် ဒေါသများကို ဖိနှိပ်ရင်း နေ့ရက်များကို ကုန်ဆုံးခဲ့ကြသည်။သူတို့ ထွက်လာလျှင် အင်မော်တယ်များ၏အနိုင်ကျင့်မှုကို ခံရမည်စိုးသာကြောင့် မြေကြီးပေါ်တွင် ပေါ်မလာဝံ့ကြချေ။

အခြားမျိုးနွယ်စုက အဆုံးမဲ့တောင်တန်းတစ်ခုတွင် ပုန်းအောင်းနေခဲ့သည်။ သူတို့၏အတိတ်ဘုန်းကျက်သရေကို မပိုင်ဆိုင်တော့ဘဲ မျှော်လင့်ချက်ကင်းမဲ့သော အနာဂတ်တစ်ခုသာရှိခဲ့သည်။

တချိန်တည်းမှာပင် တောထဲရှိ အဘိုးအိုက သူ့ဆုံးဖြတ်ချက်ကို ချလိုက်သော် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသောဟိန်း ဟောက်သံများက အရှေ့မြေရိုင်းနယ်မြေ၏ တောင်ဘက် နက်နဲရာအရပ်ဆီ ပျံ့နှံ့သွားခဲ့သည်။ မြေကြီးအောက်ထိ ပဲ့တင်ထပ်လာသည်နှင့်အမျှ နက်နဲသော အက်ကြောင်းများ ပေါ်လာသည်။ အတွင်းမှ အရောင်အသွေးများစွာ ထွန်းလင်းတောက်ပနေပြီး ထိုအလင်းတန်းများမှ မာန်နတ်ဘုရား ရုပ်တု အမျိုးမျိုးမှ ဖြစ်သည်...

ပိန်ပိန်ပါးပါး အဖိုးအိုတစ်ဦးက ထိုရုပ်ပွားတော်များ၏ နောက်ကွယ်မှ လျင်မြန်စွာ ထွက်လာကာ လေထဲ၌ ရပ်နေလေ၏။ သူနှင့် သူ့မျိုးနွယ်စု နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော အာဃာတအငြိုးတရားများက လုံးလုံးလျားလျား ထွက်ပေါ်သွားသကဲ့သို့ ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောလိုက်သည်။

“မျောလွင့်တိမ်ကလန်ရဲ့ မျှော်လင့်ချက်ကြီး ရောက်ရှိလာပြီ... ငါတို့ရဲ့ သွေးတွေပွက်ပွက်ဆူရင်း မာန်နတ်ဘုရားသခင်မွေးဖွားလာပြီ..ငါတို့ ဘယ်လောက်ကြာကြာပုန်းနေရအုံးမှာလဲ...”

အဘိုးအိုက ရူးသွပ်သွားသကဲ့သို့ အော်ဟစ်နေလေ၏။

“ကျုပ်..ရွှယ်ရှာ..အစက မျှော်လင့်ချက်မဲ့ခဲ့ပေမဲ့ အခု မာန်နတ်ဘုရားပေါ်ထွက်လာတဲ့အလင်းတန်းတွေ တွေ့နေရပြီ..ငါတို့အခုလိုပုန်းနေရတာထက် သေတာကမှပိုကောင်းအုံးမယ်.. စတုတ္ထမြောက်နတ်ဘုရားကို ဂါဝရပြုဖို့ ငါနဲ့လိုက်ခဲ့ကြ...”

ပိန်လှီးသောအဘိုးအိုက ချက်ချင်း လှုပ်ရှားလိုက်ပြီး အဆုံးမဲ့ ဟောက်သံများက ချက်ချင်း မြေပြင်ပေါ်တွင် အက်ကြောင်းများကို ချန်ထားခဲ့သည်။ ရှည်လျားသော အလင်းတန်းများက လျင်မြန်စွာ ပျံထွက်သွားပြီး အများစုမှာ အရိုးစုများကဲ့သို့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သာ ရှိလေသည်။ ၊ သူတို့က မြေကြီးအောက် ပုန်းအောင်းပြီးကတည်းက အာဟာရချို့တဲ့လာသည်။ လတ်ဆတ်သောရေ၊ လေ၊ စားစရာများ မရရှိခဲ့ကြပေ။သူတို့၏ဘဝများက ဆိုးဝါးပြီး သနားစရာကောင်းလှသည်။

သူတို့မှာ ဆုံးရှုံးစရာ ဘာတစ်ခုမှ မရှိတော့ပေ။ ထို့ကြောင့် သူတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် တောင်များတွင် ပုန်းအောင်းနေထိုင်မှုက မြေအောက်တွင်ပုန်းအောင်းခြင်းထက် အနည်းငယ်ပိုကောင်းသည်။ အရှေ့မြေရိုင်းနယ်မြေကို တိတ်တဆိတ်သွားလိုသောဆန္ဒကို တွန်းအားပေးခဲ့ကြသည်။ သွေးဆူပွက်စေခဲ့သော ဒဏ္ဍာရီလာစတုတ္ထနတ်ဘုရားကို ဂါရဝပြုလိုစိတ်ကြောင့်ဖြစ်သည်။

အရှေ့မြေရိုင်းနယ်မြေအပြင် တောင်ပိုင်းအရုဏ်ဦးနံနက်ခင်းတွင် ၎င်းတို့၏သွေးများ ပွက်ပွက်ဆူနေသော တွေ့ရှိသူများလည်း ရှိခဲ့သည်။ ရှည်လျားသော အလင်းတန်းများက လူအုပ်အတွင်း၌ဖြစ်စေ ၎င်းတို့ကိုယ်တိုင်ဖြစ်စေ လေထဲသို့ ပျံတက်သွားကြသည်။ ထိုလူအားလုံးက သူတို့သွေးများက လမ်းညွှန်းရာ အရှေ့မြေရိုင်းနယ်မြေဆီသို့ ဦးတည်ပြီး အရှိန်တင်ကြလေသည်။

ဤသူတို့၏သွေးများ ဆူပွက်လာခြင်းသည် ခေါ်ဆိုမှုတစ်ခုလိုပင်။ ဤသည်မှာ မာန်သွေးများထကြွလာခြင်း၏ လက္ခဏာဖြစ်သည်။

ထိုအချိန်တွင် တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိကျွန်းပေါင်း မြောက်မြားစွာ၌ ခေါင်းမော့ကြည့်နေသော လူတစ်စုရှိလေသည်။ သူတို့ကိုယ်သူတို့ ကံကြမ္မာမျိုးနွယ်စုဟု သတ်မှတ်ထားသူများပင်ဖြစ်သည်။

သူတို့က တောင်ပိုင်းအရုဏ်ဦးအစွန်းရှိ ကျွန်းများစွာတွင် နေထိုင်ကြသည်။

တစ်ချို့က ကွဲကွာသွားကြပြီး တချို့က စုဝေးနေထိုင်ကြလေသည်။ သူတို့အားလုံး တစ်ယောက်နှင့်တစ်ယောက် ရှာဖွေရန် ကြိုးစားနေကြသော်လည်း တောင်ပိုင်းအရုဏ်ဦးနယ်မြေပြိုကွဲမှုနှင့် နောက်ဆက်တွဲပြောင်းလဲမှုတွေကြောင့် တစ်ယောက်ကိုတစ်ယောက် ရှာဖွေရန် ခက်ခဲခဲ့သည်။

ထိုအချိန်တွင် ကျွန်းများရှိ လူများ အားလုံးက၎င်းတို့၏နတ်ဘုရားရုပ်ထုကို ကိုးကွယ်နေကြပြီး တုန်လှုပ်သွားကြသည်။ သူတို့သွေးများ ပွက်ပွက်ဆူလာကြောင်း ခံစားရသော်လည်း မာန်ကျင့်ကြံသူများ ခံစားရသလို မဟုတ်ပေ။ သူတို့ခံစားရသည်မှာ တစ်မျိုးတစ်မည်ထူးဆန်းနေပြီး စကားလုံးဖြင့်ဖော်ပြ၍မရနိုင်ပေ။

စုမင်က ကံကြမ္မာမျိုးနွယ်စု၏နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် စုမင် နှင့် ထိုမျိုးနွယ်ကြား ဘယ်သောအခါမှ ဆက်ဆံရေးကျဲခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်းမျိုး မရှိနိုင်ပေ။

ထိုအချိန်တွင် စုမင်နှင့် သူတို့ကြားရှိ ဆက်စပ်မှုက ၎င်းတို့၏ နှလုံးသားများ တုန်လှုပ်သွားအောင် ပြုလုပ်ပေးခဲ့သည်။ သူတို့၏သွေးများ ဆူပွက်လာတာကြောင့် တခဏအတွင်းမှာ သူတို့၏ စွမ်းအားများ တိုးပွားလာခဲ့သည်။

မြစ်တစ်စင်းက နိမ့်ရာသို့ စီးဆင်းသွားပြီး ရာနှင့်ချီသော ချောင်းငယ်များအဖြစ်သို့ ကွဲထွက်သွားလေသည်။ ခွဲထွက်သွားသော ချောင်းငယ်များရှိ ရေများက လျင်မြန်စွာ ခန်းခြောက်သွားသော်လည်း အချို့မှာ ရေများ စီးဆင်းနေဆဲ ဖြစ်သည်။

သို့ပေမယ့် တစ်နေ့မှာ ထိုမြစ်အထက်ပိုင်းမှာ အဆုံးမဲ့ရေပမာဏ ရုတ်တရက်စီး‌ဆင်းလာခဲ့လျှင် ထိုမြစ်မှ အကိုင်းအခက်ဖြာထွက်လာသော ချောင်းများမှာ ရေများတသွင်သွင်စီးဆင်းပေလိမ့်မည်။

သစ်ပင်ကြီးများ၏ အကိုင်းအခက်နှင့် အရွက်များ၏ သိပ်သည်းဆကို နေရောင်ခြည်က အဆုံးအဖြတ်ပေးရသကဲ့သို့ သစ်ပင်၏ အမြစ်ရှင် မရှင် ရေက အဆုံးဖြတ်ပေးလေသည်။

ဤသည်မှာ အရင်းအမြစ်၏ စွမ်းအားဖြစ်သည်။

“လေးစားရပါသောအကြီးအကဲမိုက

ကျုပ်တို့ကို ဆင့်ခေါ်နေပြီ...”

သူတို့ဧ။်မျိုးနွယ်စုဝင်များက ဖြည်းညှင်းစွာ မော့လိုက်ကြသည်။ စိတ်လှုပ်ရှားမှုနှင့် ဆန္ဒတို့က သူတို့၏မျက်နှာပေါ်တွင် ပေါ်လာပြီး တစ်ချက်မျှ တုံ့ဆိုင်းမနေဘဲ သူတို့ မျိုးနွယ်စုဝင်များ အားလုံးနှင့်အတူ အရှေ့မြေရိုင်းနယ်သို့ အရှိန်တင်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းအရုဏ်ဦးနယ်မြေအနီးတစ်ဝိုက် ကျွန်းများကြားရှိ နေရာအများအပြားမှ ရှည်လျားသောအလင်းတန်းအများအပြား ထွက်ပေါ်လာခဲ့သည်။ ဤရှည်လျားသောအလင်းတန်းများက ၎င်းတို့၏လူများနှင့် ကွဲကွာသွားသော ကံကြမ္မာမျိုးနွယ်စုဝင်များဖြစ်သည်။

၎င်းတို့ထဲတွင် နှစ်ပေါင်းများစွာ နှုတ်ဆိတ်နေသူများ၊တိတ်ဆိတ်နေပြီး အခြားသူများကို ဂရုမစိုက်သူများက ၎င်းတို့၏ဂိုဏ်းခွဲများကြားတွင် အခြားသူများထက် ထူးချွန်သူများ ဖြစ်လာကြသူများလည်း ရှိသည်။

သို့သော်၊ သူတို့အားလုံးက မဆိုင်းမတွဘဲ အရာအားလုံးကို စွန့်လွှတ်ကာ အရှေ့မြေရိုင်းနယ်မြေဆီသို့ ဦးတည်လာခဲ့သည်။ ပွက်ပွက်‌ဆူနေသောသွေးများနှင့်တစ်စုံတစ်ခုကြား အားနည်းသောဆက်သွယ်မှုကို လိုက်ရှာရန် ချီတက်လာခဲ့ကြသည်။ သူတို့ရှာဖွေနေသည်မှာ လေးစားရပါသော အကြီးအကဲမိုပင်ဖြစ်သည်။

“ကျုပ် ခင်ဗျားဆီမှာ ထပ်ပြီးအမှု့မထမ်းနိုင်တော့ဘူး...ကျုပ်ကိုခွင့်လွှတ်ပါ...”

ကျွန်းငယ်လေးပေါ်ရှိ သန်မာပြီး အရပ်ရှည်သော အမျိုးသားတစ်ဦးက သူ၏လက်ဖဝါးကို လက်သီးဖြင့် ပတ်ကာ သူ့ရှေ့မှ လူလတ်ပိုင်းအရွယ်ကို ဦးညွတ်လိုက်သည်။ သူ့မျက်နှာတွင် ဆုံးဖြတ်ချက်တစ်ခု ရှိနေပြီး တွယ်တာမှုတစ်စုံတစ်ရာမရှိဘဲ ကောင်းကင်ဆီသို့ ပြေးသွားခဲ့သည်။ သူဝတ်ထားသော ငွေရောင်သံချပ်ကာကိုတောင် ဆုတ်ဖြဲပစ်လိုက်သည်။

သူ့နောက်ရှိလူများက ငေးရင်းမောရင်းကျန်နေခဲ့ရလေသည်။

ကျယ်လောင်သော အော်ဟစ်သံများနှင့်အတူ သေးငယ်သော ကျွန်းငယ်လေးမှ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေပါသည်။

“နန်းကုန်းဟန့်... ငါတို့အကြီးအကဲက မင်းကို နှစ်တွေအကြာကြီး ကောင်းကောင်း ဆက်ဆံခဲ့တာ မင်းသိလား..မင်းဘာလို့ သူ့ကို သစ္စာဖောက်တာလဲ...”

“ဟုတ်တယ်...သခင်ကြီးက ကျုပ်အပေါ်ကောင်းကောင်းဆက်ဆံပေးခဲ့တယ်..ဒါ့ကြောင့်ကျုပ်လည်း နှစ်တွေအကြာကြီးအမှုထမ်းပေးခဲ့တယ်လေ..ဒါပေမဲ့ အခု လေးစားရတဲ့အကြီးအကဲမိုက ကျုပ်ကိုဆင့်ခေါ်‌နေပြီ...ကျုပ်ထွက်သွားရတော့မယ်...”

ကျယ်လောင်သောအသံများ လေထဲတွင် ဟိန်းဟောက်နေချိန်တွင် ထိုလူက ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်သို့ ခုန်တက်သွားသည်။

နောက်ထပ်ကျွန်းငယ်လေးတစ်ခု၏ တောင်ထိပ်မှာ တိတ်ဆိတ်ဆိတ် ရပ်နေလူငယ်တစ်ယောက် ရှိလေသည်။ သူ့နောက်မှာ မိန်းမတစ်ယောက် ရှိနေပြီး လူငယ်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။

“ရှင် သွားကိုသွားမှဖြစ်မှာလား...”

အချိန်အတော်ကြာပြီးနောက် သူမက တိုးတိုးလေးမေးလိုက်သည်။

“ငါ ငယ်ငယ်တုန်းကတော့ သူက ငါတို့မျိုးနွယ်စုဝင်အားလုံးကို အဲဒီ့နေရာကနေ ခေါ်ထုတ်ခဲ့တာပဲ..အဲဒီအချိန်မှာ ငါက သူ့ကျောပြင်ကို ကြည့်ပြီး စွမ်းအားကြီး ကြံ့ခိုင်သန်မာအောင်လုပ်မယ်လို့ ကျိန်ဆိုလိုက်တယ်...အခု ငါက အရွယ်ရောက်လာပြီ..ငါ့ကိုယ်ပိုင်မိသားစု၊ ငါ့ကိုယ်ပိုင်ဘဝရှိတယ်…ဒါပေမဲ့ ..ငါက ကံကြမ္မာမျိုးနွယ်စုဝင်တစ်‌ယောက်ပဲ...”

လူငယ်လေးက မျက်လုံးများကိုမှိတ်လိုက်ပြီး ခဏအကြာတွင် အမြန်ဖွင့်ကာ လေထဲသို့ ခြေတစ်လှမ်းတိုးလိုက်သည်..။

သူ့ကို တိတ်တဆိတ်ကြည့်နေရင်း ခွန်အားများ ဆုံးရှုံးသွားသလို ဖြစ်နေသော အမျိုးသမီးကို ချန်ထားရစ်ခဲ့လေသည်။

“ငါ့ကိုစောင့်နေ.. ငါပြန်လာခဲ့မယ်”

အလားတူ မြင်ကွင်းက တောင်ပိုင်းအရုဏ်ဦးတစ်ဝိုက်တွင် ပြန့်ကျဲနေသော ကျွန်းအများအပြားတွင် ပေါ်လာသည်။ မည်ကဲ့သို့ စွမ်းအားမျိုးဖြစ်ဖြစ်၊ မည်ကဲ့သို့ လူမျိုးဖြစ်ဖြစ် လေးစားရသောအကြီးအကဲမိုဆီသို့ သွားရာလမ်းကို

မတားဆီးနိုင်ခဲ့ပေ။

Note

ရွှယ်ရှ.. အရှေ့မြေရိုင်းနယ်မြေမှာ မာန်စိတ်ဝိညာဉ်ပယ်ကို ကြီးကျယ်စွာပြီးမြောက်အောင်မြင်ခဲ့တဲ့ မာန်ကျင့်ကြံသူ ငါးယောက်ထဲက တစ်ယောက်...

နန်းကုန်းဟန်... ရှာမန်မြို့တော်ကိုသွားရာလမ်းမှာ စုမင်နဲ့မိတ်ဖွဲ့ခဲ့တဲ့လူ.. ယင်ကိုးပါးလောကကနေ လွတ်မြောက်ပြီးတဲ့ ရှာမန်တွေရဲ့ခေါင်းဆောင်..ပြောရရင် ကံကြမ္မာမျိုးနွယ်စုရဲ့ခေါင်းဆောင်... စုမင်ကို သူတို့ရဲ့အကြီးအကဲ.. ဘုရားသခင်လုပ်ဖို့ တောင်းဆိုခဲ့တဲ့သူ...

All Chapters