← Chapters

မာန်ပြည်ထောင်ရဲ့ဒဏ္ဍာရီ

Vol. 48 Ch. 661

မာန်ပြည်ထောင်ရဲ့ဒဏ္ဍာရီ

Vol. 48 Ch. 661

တိုက်ပွဲတွင် ကျဆုံးသော လူထောင်ပေါင်းများစွာထံမှ စုဆောင်းထားသည့် မရဏအငွေ့အသက်ကြောင့် တိထျန်း၏မြင့်မြတ်သောရတနာများကို ဖျက်ဆီးနိုင်ခဲ့သည်။

ဟန်တောင်တန်းခေါင်းလောင်းက တိထျန်းကို ခဏမျှ နှောင့်နှေးစေ လေသည်။ ထို့ကြောင့် စုမင်က သူ့ကျိန်စာ၏ အရင်းအမြစ်ဖြစ်သော အနီရောင် လက်စွပ်ကို ထုတ်ပြရန် အချိန်အလုံအလောက် ရှိခဲ့သည်။

ထိုလက်စွပ်ကို သူ့လက်ချောင်းပေါ်တင်လိုက်သည်နှင့် တိထျန်း၏ဝိညာဉ်နှင့်ချိတ်ဆက်ရန် ကျစ်ထုံးအရုပ်ကိုအသုံးပြုခဲ့သည်။ ကျိန်စာနှင့်အတူမာန်ပြည်ထောင်တစ်ခုလုံးကို သူနှင့်ထပ်တူထပ်မျှဖြစ်စေခဲ့ပြီးနောက် ကျိန်စာက သူတစ်ယောက်တည်းမှ

တိုက်သောကျိန်စာမဟုတ်ပေ။ ပြည်ထောင်တစ်ခုလုံး၏ကျိန်စာဖြစ်သွားလေသည်။

ဤစွမ်းအားမျိုးက ကျင့်ကြံစွမ်းအားကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်သည်။ သူ့အသက်နှင့် သူ၏စွမ်းအားအားလုံးကို အကုန်ပေးဆပ်ခဲ့ပြီး သူ၏သတ်ဖြတ်လိုစိတ်က ‌ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့သည်။

ထို့နောက် တိထျန်း၏ကိုယ်ပွားကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သည်။

အကယ်၍ တိထျန်းက ဤနေရာသို့ ကိုယ်ပွားတစ်ဉီးကို စေလွှတ်ခဲ့မည်ဆိုလျှင် ဖြစ်ပျက်ခဲ့သမျှအားလုံးက စုမင်၏ အောင်မြင်မှုဟု ဆိုလိုပေလိမ့်မည်။ သူက ကြီးစွာသော အဖိုးအခကို ပေးခဲ့ရသော်လည်း အချိန်အတိုင်းအတာနယ်ပယ်များမှ လွတ်မြောက်နိုင်ခဲ့သည်။

သို့သော်... စုမင် စစ်မြေပြင်သို့ ရောက်ပြီးနောက် တိထျန်းစေလွှတ်လိုက်သောကိုယ်ပွားမှာ တစ်ယောက်မကပေ။

ခရမ်းရောင်ဝတ်ရုံတိထျန်း သေဆုံးပြီးနောက် ကိုယ်ပွားနှစ်ယောက် မဟုတ်ဘဲ... သုံးယောက် ရှိကြောင်း သိလိုက်ရသည်။ ရွှေရောင်ဝတ်ရုံတိထျန်းကလည်း သူ့ကို ဒုက္ခပေးရန် အဆင့်သင့်ဖြစ်နေလေသည်။

စုမင်က မြက်ခင်းပြင်ပေါ်တွင် လှဲနေချိန်တွင် သူ့အမြင်အာရုံမှာ မှုန်ဝါးသွားလေသည် ။ သူ့အသိစိတ်က တဖြည်းဖြည်း လွတ်သွားသော်လည်း ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိသည့် အရိပ်အမြွက်များထွက်ပေါ်လာသည်။ ထိုမလိုလားမှုက သူ့နှလုံးသားအတွင်း၌ ရူးသွပ်သော ဟောက်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို မကျေမနပ်ဖြစ်ရသည့်ခံစားချက်မှာ သူ့ပန်းတိုင် မပြီးမြောက်သေးသောကြောင့်ဖြစ်သည်။ သူက တိထျန်း ၏ကိုယ်ပွားများအားလုံးကိုတော့ မသတ်နိုင်ခဲ့ပေ။

သူ...မျက်လုံးမမှိတ်နိုင်သေးပေ။

ရွှေရောင်ဝတ်ထားသည့်တိထျန်း၏ ရောက်ရှိမှုက ပေါက်ကွဲသံများ ထွက်ပေါ်လာစေပြီး စုမင်၏ မျက်လုံးများရှိ မကြည်လင်မှုကို ဖယ်ရှားပစ်ခဲ့သည်။ သူ၏ ပင်ပန်းနွမ်းနယ်မှုများကြားတွင် စေ့စေ့စပ်စပ်အကြည့်တစ်ခုက နေရာယူလာသည်။

သူ၏ စွမ်းအားများ အားလုံးကုန်ဆုံးသွားပြီး သတိလွတ်နေသောစိတ်အာရုံကို ခဏချင်းစုစည်နိုင်သည်မှာအစွမ်းထက်သော ဆန္ဒဖြင့်သာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။

လူအများစုတွင် ထိုကဲ့သို့သောဆန္ဒကို မပိုင်ဆိုင်ခဲ့ကြသော်လည်း ဖယောင်းနဂါး၏ မသေဆုံးနိုင်ပြီး မပျက်စီးနိုင်သောကမ္ဘာတွင် အဆုံးမဲ့လူဝင်စားခြင်းသံသရာကို ဖြတ်သန်းခဲ့သောစုမင်တွင် ထိုသို့သောဆန္ဒရှိလေသည်။

ထိုဆန္ဒကို မည်သည့်အရာကမျှ ချေမှုန်းခြင်း မပြုနိုင်ပေ။ ကမ္ဘာကြီး ပျက်သုဥ်းသွားသည့်တိုင် ရှေ့ကို ဆက်သွားနိုင်မည့် ဆန္ဒတစ်ခု ဖြစ်သည်။ ခရမ်းရောင်ကျောက်တုံးက သူ့အား ပေးအပ်သော အကူအညီက သူ့စိတ်ဝိညာဉ် ပြည့်စုံသွားသလို ခံစားစေသည် ။

“ငါ ပြန်တိုက်နိုင်သေးတယ်”

စုမင်က တိုးတိုးလေး ရွေရွတ်လိုက်သည်။ ချက်ချင်းပင် ရွှေရောင်ဝတ်ထားသည့်တိထျန်းက သတ်ဖြတ်လိုစိတ်ဖြင့် သူ့ထံ နီးကပ်လာသည်။ စုမင်က ညာလက်ကို အားပါပါမြှောက်လိုက်ကာ သူ့မျက်ခုံးအလယ်ကို ပုတ်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲက ကျယ်လောင်သော ပေါက်ကွဲသံက ချက်ချင်း ထွက်ပေါ်လာသည်။ သူ့ကိုယ်ထဲ၌ ပြင်းထန်သော စွမ်းအားများဖြင့် လျင်မြန်စွာ ပေါက်ကွဲထွက်နေသော ချီစွမ်းအားအများအပြားလည်း ရှိနေသည်။

ထိုချီ၏ စွမ်းအားက ကျယ်လောင်သော အသံများနှင့်အတူ ချက်ချင်း ပျံ့နှံ့သွားပြီး ရွှေရောင်ဝတ်ရုံတိထျန်းနှင့် ထိတိုက်မိသွားလေသည်။ ထို့နောက် တိထျန်း ‌နောက်သို့လွင့်စင်သွားလေသည်။

တိထျန်းအား နောက်ပြန်ဆုတ်သွားစေသည့်အရာမှာ စုမင်၏ကိုယ်ပိုင်စွမ်းအားပေ။ လောကကြီးကို နှိုးဆော်လိုက်သော စွမ်းအားဖြစ်သည့် လောကကြီး၏ဝိညာဉ်ရေးရာစွမ်းအားပင်ဖြစ်သည်။

ထိုအချိန်မှာပင် ကောင်းကင်တွင် ထူးခြားမှုတစ်ခု ပေါ်လာပြန်သည်။ လေထုထဲတွင် သက်တန့်ကြီးတစ်ခု တံတားသဖွယ် ‌ထွက်ပေါ်လာပြီး အဆုံးအစမရှိပေ။

သက်တံ့အောက်ရှိ လေဟာပြင်က တွန့်လိမ်ပုံပျက်သွားပြီး တောင်ကြီးတစ်ခု ပေါ်လာ လေသည်။ ထိုတောင်ကြီးတွင် လူ၏လက်ချောင်းနှင့်တူသော တောင်ကြီးငါးလုံးပါရှိသည်။ ၎င်းက မြေပြင်ပေါ်တွင် မားမားမတ်မတ်တည်ရှိနေပြီး မြင်သူတိုင်း၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားလေသည်။

မယုံကြည်နိုင်မှု နှင့် အံ့ဩမင်သက်နေသော အကြည့်များဖြင့် စုမင် ဆီသို့ လျင်မြန်စွာ ကြည့်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုတောင်ကြီးက နက်မှောင်တောင် ဖြစ်လေ၏

“ လောကကြီးရဲ့ စွမ်းအားက စုစည်းနေပြီး ကောင်းကင်မှာ အပြောင်းအလဲတစ်ခုပေါ်လာတယ်.. ဒါက... သူ မာန်စိတ်ဝိညာဉ်နယ်ပယ်ကို‌ တက်လှမ်းဖို့ကြိုးစားနေတာပဲ...”

“သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ရောက်ဖို့ ကြိုးစားနေတာ.. . အခုက သူပြသခဲ့တဲ့ စွမ်းအားကမာန်စိတ်ဝိညာဉ်နယ်ပယ်ရဲ့စွမ်းအားမဟုတ်လို့လား...”

ထို နေရာတစ်ဝိုက်ရှိ သောင်းနှင့်ချီသောအင်မော်တယ်များက ကျင့်ကြံမှုလမ်းစဉ်နှင့်ပတ်သတ်သာနက်နဲသော ဗဟုသုတရှိကြသည်။ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့် စုမင်ဘာလုပ်ဆောင်နေသည်ကို ပြောပြနိုင်သူ အများအပြားရှိသည်။

စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်ကို အမှန်တကယ်ရောက်ရှိရန် ကြိုးစားနေလေသည်။

ထိုကဲ့သို့ကျဉ်းထဲကျပ်ထဲကာလတွင် ရွှေ ရောင်ဝတ်ရုံတိထျန်းက သူ့ဆီသို့ ဒေါသတကြီး ရောက်လာသည်။သူ့တွင် လက်တုံ့ပြန်ရန် လိုအပ်သော စွမ်းအားကို မပိုင်ဆိုင်သေးကြောင်း သိလေသည်။ ထိုအချိန်တွင် သူက မာန်စိတ်ဝိညာဉ်နယ်ပယ်ရောက်လျှင် အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ရှိသေးသည်။

အထူးသဖြင့် ခရမ်းရောင် ကျောက်တုံးက သူ့ခန္ဓာကိုယ်ထဲသို့ ရောနှောဝင်ရောက်လာသောကြောင့် မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ မရောက်ရှိအောင် တားဆီးထားသော စွမ်းအားက ပျောက်ကွယ်သွားကြောင်း ခံစားရစေသည်။

ထို့ကြောင့် အရေးကြီးသောအခိုက်အတန့်အတွင်း စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ ခြေလှမ်းတစ်လှမ်းကိုလှမ်းရန် ရွေးချယ်ခဲ့သည်။

ကောင်းကင်မှာ သက်တံများ လှပစွာ သွယ်တန်း နေပြီး နက်မှောင်တောင်ကြီး ထင်ရှားစွာ ထွက်ပေါ်လာသည်။ တိထျန်းက ‌ဝိညာဉ်ရေးရာစွမ်းအားများကြောင့် နောက်သို့အဆက်မပြတ် လွင့်စင်သွားလေသည်။ ထိုဝိညာဉ်စွမ်းအားတင်မကဘဲ စုမင်နားကို အကပ်မခံသောစွမ်းအားတစ်ခုကလည်း တိထျန်းကို တားဆီးနေလေသည်။

ဆိုလိုသည်မှာ ကျိန်စာက ထိရောက်ဆဲဖြစ်သည်။ မာန်ပြည်ထောင်က ရွှေရောင်ဝတ်ရုံတိထျန်း၏တည်ရှိမှုကို ငြင်းဆိုနေခြင်းဖြစ်သည်။

နက်မှောင်တောင်တန်း၏ပုံရိပ်က

ပိုမိုရှင်းလင်းလာကာ အောက်ရှိ နက်မှောင်တောင်မျိုးနွယ်စုက တဖြည်းဖြည်း ထင်ရှားလာသည်။ မျိုးနွယ်စုအတွင်းရှိ မြက်ပင်များနှင့် သစ်ပင်များက ရှင်းရှင်းလင်းလင်း ပေါ်လွင်လာပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ယခုအခါတွင် စုမင်၏အမှတ်တရထဲရှိမျက်နှာများက အင်မော်တယ်ဂိုဏ်းများ၏ပါရမီရှင်၊ ထူးချွန်သူများဖြစ်နေကြပြီဖြစ်သည်။ နက်မှောင်တောင်ကိုစိုက်ကြည့်နေကြစဉ် သူတို့၏ မျက်နှာများတွင် မတူညီသော အမူအရာများ ရှိနေ လေသည်။

“စုမင်...သူက စုမင်ပဲ...”

ဝူလဲ့က တိုးတိုးလေးပြောလိုက်သည်။

သူမက မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေသော စုမင်ဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။ ရှုပ်ထွေးပွေလီသော ခံစားချက်များနှင့်အတူ သူမ၏ မျက်နှာပေါ်တွင် လစ်ဟာပြီး သနားစရာကောင်းသော အကြည့်တစ်ခု ပေါ်လာသည်။ သူမ နှလုံးသားကို အရမ်းတုန်လှုပ်စေခဲ့သူက နက်မှောင်‌တောင်၏စုမင် ဖြစ်လိမ့်မည်ဟုဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

ချန်ချုံး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုအချိန်တွင် သူ၏ အသက်ရှူသံ ရပ်တန့်သွားပုံရသည်။ ဝူလဲ့ကဲ့သို့ပင် စုမင်ဆီသို့ ဖျတ်ခနဲလှမ်းကြည့် ခါလိုက်သည်။ ထိုအချိန်တွင် သူ့ခေါင်းက ပူထူနေပြီး သူ့စိတ်က လုံးဝဗလာဖြစ်နေသည်။

ထို့ပြင် စစ်ခုံးနှင့်ရှန်ဟမ်နှစ်ယောက်လုံး တုန်လှုပ်သွားပြီး သူတို့၏ အကြည့်များက စုမင်အပေါ် တဖြည်းဖြည်း ကျသွားသည်။ သူတို့၏ ရှုပ်ထွေးပွေလီသော ခံစားချက်များကို တစ်ချက်ကြည့်လိုက်ရုံနှင့် မြင်နိုင်သည်။

“သူက... စုမင်ပဲ...”

နက်မှောင်တောင်၏ ပုံရိပ်ယောင်က ကောင်းကင်တွင် အမှန်တကယ်ရှိနေ လေသည်။ မျိုးနွယ်စုထဲရှိ မြက်ပင်များ၊ သစ်ပင်များ၊ အိမ်များ မရှိတော့ပေ။ လူများလည်း ပေါ်လာသည်... မျိုးနွယ်စုထဲရှိ အကြီးအကဲ..ပေလင်း..ချန်ရှင်း..ဝူလတို့ပင် ဖြစ်သည်။

ထိုလူများ အားလုံးက အတုအယောင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့ကစုမင်၏ နှလုံးသားထဲမှာ‌ နေရာယူထားလေသည်။ သူက ထိုလူများကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့်တိုင် သူတို့က သူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။

ပို၍တိကျစွာပြောရလျှင် အင်မော်တယ် များအနေဖြင့် သူတို့၏ကိုယ်ပိုင်ဖြစ်တည်မှု ၊ ကိုယ်ပိုင်ဘဝရရှိခဲ့သော်လည်း စုမင်၏အမှတ်တရများရှိလူများက စုမင်နှင့်ဆက်သွယ်ရင်းနှီးနေဆဲပင်ဖြစ်သည်။

“ဒါ... ဒါ... ဒါ ဝူလဲ့..နဲ့ပေလင်း..”

“အဲဒီလူက နတ်ဆိုးဂိုဏ်းရဲ့ ရှန်ဟမ်... နဲ့

မဟာမြူရွက်အင်မော်တယ်ဂိုဏ်းကချန်ရှင်း...”

“ဟိုမှာ ချန်လုံပဲ...”

စုမင်၏ နက်မှောင်တောင်အမှတ်အသားထင်ရှားလာသောအခါ အင်မော်တယ်များကြားတွင် ကျယ်လောင်သော အသံများ ချက်ချင်း ထွက်ပေါ်လာသည်။

လေထုထဲတွင် စကားသံများက ချက်ချင်းပင် ပြည့်သွားလေသည်။ အင်မော်တယ်များက နက်မှောင်တောင်ရှိလူများကို မြင်လိုက်ရသောအခါ အများစုမှာ တုန်လှုပ်ချောက်ချားသွားလေသည်။

ထိုအင်မော်တယ်များ၏ မျက်နှာပေါ်ရှိ ရှုပ်ထွေးပွေလီသောအမူအရာများကို မြင်ခဲ့ရပြီး လူတိုင်း၏နှလုံးသားများက ကြီးကျယ်သောလျှို့ဝှက်ချက်အချို့ရှိသကဲ့သို့ ထိတ်လန့်နေ လေသည်။

အင်မော်တယ်ဂိုဏ်းများ အနေဖြင့် ထို

လျှို့ဝှက်ချက်ကို အပြင်လူမသိစေချင် ပေ။

ရွှေရောင်ဝတ်ထားသည့်တိထျန်း၏ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့သွားသည် ။ ကောင်းကင်မှာ ကျန်ရစ်နေသော ကျီအန်း၏ အမူအရာက ပို၍ နက်မှောင်လာသည်။ သူ တစ်ခုခုကို သတိရသွားပုံရပြီး သူ့အကြည့်များက ရွှေ ရောင်ဝတ်ရုံကိုယ်ပွားပေါ် တဖြည်းဖြည်း ကျဆင်းသွားသည်။

ထို့နောက် ကောင်းကင်ရှိ လေဟာပြင်ထဲတွင် တွန့်လိမ်ပုံပျက်မှုတစ်ခုပေါ်လာပြန်သည်။ ထိုအရာက အေးခဲကောင်းကင်ကလန်၏နဝမမြောက်တောင်ထွဋ်ပင်ဖြစ်သည်။

သူ့ဘဝတွင် ထိုတောင်က နက်မှောင်တောင်နည်းတူ ယှဉ်တွဲနေထိုင်ခဲ့သော နေရာတစ်ခုဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့က သူ၏မာန်အမှတ်အသား အတွင်းသို့ ပေါင်းစပ်သွားသည်။

နဝမမြောက်တောင်ထွဋ်တွင် လူအချို့လည်းရှိကြပြီး ၎င်းတို့က မိသားစုလိုသဘောထားရသော ဆရာကြီးနှင့်သူ့စီနီယာအစ်ကိုများပင်ဖြစ်သည်။

နဝမမြောက်တောင်ထွဋ်က နက် မှောင်တောင်နှင့်အတူ ကောင်းကင်ယံကို သိမ်းပိုက်လိုက်သည်။ ကောင်းကင်ရှိ သက်တံက ပို၍ပင်တောက်ပလာခဲ့သည်။

မာန်ကျင့်ကြံသူ များ နှင့် သက်ဆိုင်သော တည်ရှိမှု သည် ကောင်းကင် မှ လျင်မြန်စွာ ဆင်းသက်လာ သည် ။

ထိုသို့ဖြစ်သောအခါ ကောင်းကင်က ပုံပျက်သွားသွားလေသည်။ အလင်းတန်းများ လွင့်ပါးလာကာ နယ်မြေအများစု ရုတ်တရက် အမှောင်ဖုံးသွားခဲ့သည်။

ထိုပုံပျက်ခြင်းမှ တစ်စုံတစ်ခု ထွက်လာရန် ကြိုးပမ်းနေသကဲ့သို့ပင်။ ထို့ပြင် အမှောင်ထုက အ‌ရှေ့မြေရိုင်းနယ်မြေရှိကောင်းကင်တစ်ခုလုံးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။

ထိုအချိန်တွင် အရှေ့မြေရိုင်းနယ်မြေ မျိုးနွယ်စုများအတွင်းရှိ မာန်ကျင့်ကြံသူ များအားလုံး၏နှလုံးသားများက တုန်လှုပ်ခြင်းကို ခံစားခဲ့ရသည်။ သူတို့လုပ် နေသမျှကို ချက်ချင်းပစ်ချပြီး အိမ်ထဲမှ ထွက်လာကာ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ သူတို့၏ အမူအရာက အံ့ဩတုန်လှုပ်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သွေးကြောများအတွင်း သွေးများ

တဆတ်ဆတ်တုန်ယင်နေ သည်ကို ခံစားရသောကြောင့် ဖြစ်သည်။

ထိုအရာက ရိုးရိုးတုန်လှုပ်ခြင်းမဟုတ်ဘဲ၎င်းတို့၏သွေးများ မီးအပူပေးထားသကဲ့သို့ ပွက်ပွက်ဆူနေခြင်းဖြစ်သည်။

ထိုထူးဆန်းတဲ့မြင်ကွင်းက မာန်ကျင့်ကြံသူ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။အဘယ်ကြောင့် သူတို့ သွေးများ ပွက်ပွက်ဆူနေသည်ကို မသိရပေ။

ထိုအချိန်တွင် အရှေ့မြေရိုင်းနယ်မြေရှိမျိုးနွယ်စုကြီးတစ်ခုတွင် မာန်စိတ်ဝိညာဉ်နယ်ပယ်ချိုးဖြတ်အောင်မြင်ခြင်းကို ကိုယ်စားပြုသောမြူခိုးကြီးက ပျောက်ကွယ်သွားခဲ့သည်။

ဆံနီအဘိုးအိုတစ်ယောက်က လျှပ်စီးများ ဝန်းရံရင်း လေထဲမှာ ရပ်နေလေသည်။ သူက ကောင်းကင်ရှိ တွန့်လိမ်ပုံပျက်နေသော ပုံသဏ္ဍာန်များကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ထိုစ‌ဉ် သူ့အမူအရာက ပျော်ရွှင်မှုနှင့် အံ့ဩထိတ်လန့်မှုတို့ကို ဖော်ပြကာ နောက်ဆုံးတွင် အဆက်မပြတ် ပြောင်းလဲနေသော ခံစားချက်မျိုးစုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ့သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရပြီး သူ့စွမ်းအားများ တိုးလာသလို ခံစားလိုက်ရသည်… အနည်းငယ် တိုးပွားမှုက သူ့ကို မငြိမ်မသက်ဖြစ်စေလေသည်။ သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုက တဖြည်းဖြည်း ပေါ်လာပြီးလေသည်။

ရှေးခေတ်ကတည်းက မာန်ပြည်ထောင်မှာ အစဉ်အဆက်လက်ဆင့်ကမ်းလာခဲ့သည့်ဒဏ္ဍာရီတစ်ခုကို အမှတ်ရစေခဲ့သည်...

ပထမဆုံးမာန်နတ်ဘုရားသခင်ထွက်ပေါ်လာသောအခါ မာန်ကျင့်ကြံသူများ၏သွေးများ ပွက်ပွက်ဆူလာသည်။ ထို့ စုမင် မာန်စိတ်ဝိညာဉ်နယ်ပယ်အောင်မြင်စွာတက်လှမ်းချိန်တွင်လည်း ပထမမာန်နတ်ဘုရားနှင့်အလားတူ သွေးဆူပွက်သည့်ဖြစ်ရပ်များ ထွက်ပေါ်လာခဲ့သည်။

All Chapters