← Chapters

ကျိန်စာအသက်ဝင်လာပြီ...

Vol. 48 Ch. 659

ကျိန်စာအသက်ဝင်လာပြီ...

Vol. 48 Ch. 659

စုမင်၏ ရှည်လျားသော ဆံပင်များက လေထဲ၌ ဖြာကျကာ ကခုန်နေဟန်ပေါ်လေသည် ။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း သူ့မျက်လုံးထဲရှိ တောက်ပမှုက လောကကြီထဲရှိအာရုံအဖမ်းစားနိုင်ဆုံး တည်ရှိမှုတစ်ခု ဖြစ်လာစေသည်။

ထိုအချိန်တွင် စုမင်က မာန်ပြည်ထောင် တစ်ခုလုံး၏ကောင်းချီးပေးခံရသော ကလေးအဖြစ်သို့ ပြောင်းလဲသွားသလိုပင် ဖြစ်သည်။ သူ၏ဆန္ဒကြောင့် တပြည်လုံး တုန်လှုပ်သွားလေသည်။ တိထျန်းအပေါ်သူဧ။်အမုန်းကို လူပိုသိလာပြီး သူ၏သတ်ဖြတ်လိုစိတ်ကြောင့် လောကကြီးပင်ဟိန်းဟောက်ရလေသည်။

ဤသည်မှာ မာန်ပြည်‌ ထောင်၊ တစ် လောကလုံးကို နှိုးဆော်သည့် မြင့်မြတ်သော စွမ်းရည်တစ်ခုဖြစ်သည်။ ထောင်သောင်းချီသော လူများက ၎င်းတို့၏ဘဝတွင် ဤကဲ့သို့ စွမ်းရည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူတို့၏ နှလုံးသားတစ်ခုလုံး ထူးဆန်း သောအအေးဓါတ်ကို ခံစားလိုက်ရပြီး သူတို့ ဤလောကနှင့် အံမဝင်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ထိုနေရာ၌ သောင်းနှင့်ချီသောအင်မော်တယ်တို့၏ တည်ရှိမှုက ၎င်း၏လမ်းကြောင်းကို ပိတ်ဆို့ခံရသကဲ့သို့ မြေပြင်ပေါ်ရှိ သဲများက ရေလှိုင်းကဲ့သို့ တလိမ့်လိမ့်တက်လာသည်။ လေထုက ရံဖန်ရံခါ ဖြတ်ကျော်တိုက်ခတ်သွားကာ နူးညံ့သယောင် ထင်ရသည်။သို့သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ထိတွေ့သောအခါ ရုတ်တရက် ပြင်းထန်လာသည်။

ဟိုးအဝေးက ကောင်းကင်ရှိ တိမ်တိုက်ကြီးများက နိမ့်ဆင်းသွားပြီး တစ်ချိန်တည်းမှာပဲ လူတိုင်းအပေါ် အရိပ်တစ်ခု ဖုံးလွှမ်းသွားလေသည်။ မာန်မျိုးနွယ်စုများ၏ လောကကြီးအတွင်း သက်ရှိအားလုံး ဟိန်းဟောက်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့်ပုံစံဖြင့် ကောင်းကင်တွင် သွေးနီရောင်ဝဲဂယက်များထွက်ပေါ်လာသည်။ ထိုဝဲဂယက်များက ကျယ်လောင်သောပေါက်ကွဲသံကို ယူဆောင်လာလေသည်။

ထိုဟောက်သံများက ကောင်းကင်ရှိ ဝဲဂယက်များ ၊ လေထု၊ တိမ်တိုက်များ၊ မြေပြင်ပေါ်ရှိ သဲများ၊ တောင်များ၊ မြစ်များ၊ သဲကန္တာရ၊ လွင်ပြင်များ အပါအဝင် ကမ္ဘာပေါ်ရှိ အဆုံးမဲ့သက်ရှိများစွာမှ ပေါ်ထွက်လာလေသည်။

ထို့ပြင်၎င်းတို့ထဲ၌ နို့စို့ကလေးများ၏ အော်ဟစ်သံများ၊ မိန်းမများ၏ ဒေါသသံများ၊ အော်ဟစ်သံများ၊ ဒေါသကြီးသော ယောက်ျားများ၏ က်ြိမ်းဝါးသံများ၊ ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ၏ မာန်ဖီသံများ၊ လေတိုက်ခတ်လာစဉ် အပင်များမှ ထွက်ပေါ်လာသော တဝေါဝေါ မြည်သံများ ပါဝင်သည်။

မြစ်များ စီးဆင်းသံ၊ လွင်ပြင်များမှ ဟိန်းဟောက်သံများ၊ တောင်များပြိုကျပြီး မရဏပင်လယ်မှ တလိမ့်လိမ့်လှိုင်းပုတ်သံတို့လည်း ပါဝင်လေသည်။

တစ်ချိန်တည်းမှာပင် ထိုအသံများစွာက လေထုထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လူ့နားဖြင့် မကြားနိုင်သော အသံတစ်သံက ထိုအသံများကြားထဲသို့ တိုးဝင်သွားလေသည်။

“ငါတို့လောကထဲက ထွက်သွား...”

ထိုအချိန်မှာ အင်မော်တယ်အားလုံးက မာန်ပြည်ထောင်၏စိတ်ဆန္ဒဖြစ်သော ဟိန်းဟောက်သံများကြောင့် မာန်ပြည်ထောင်ရှိသူတို့တည်ရှိမှုကို ငြင်းပယ်ခြင်းခံရလေသည်။

မာန်ပြည်ထောင်က နှစ်ထောင်ပေါင်းများစွာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသကဲ့သို့ ခေတ်အဆက်ဆက် ဆင်းရဲဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသည်။ ပြည်သူပြည်သားများက ထိုဒါဏ်ကို သည်းမခံနိုင်တော့သကဲ့သို့ အင်မော်တယ် အားလုံးကို မောင်းထုတ်ချင်ခဲ့ကြသည်။သို့သော် မြေနှိမ့်ရာလှံစိုက်ဆိုသည့်အတိုင်း စွမ်းအားကြီးသောအင်မော်တယ်များကို မတွန်းလှန်နိုင်ခဲ့ပေ။

အင်မော်တယ်ဂိုဏ်းများ သို့မဟုတ် နတ်ဆိုးဂိုဏ်းများဖြစ်စေ သူတို့၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ စုမင်က တိထျန်းကို တိုက်ခိုက်နေစဉ် ကျီအန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။ လက်တစ်ချောင်းတည်းဖြင့် မာန်ပြည်ထောင်တစ်ခုလုံးကို တုန်လှုပ်ဟိန်းဟောက်စေခဲ့သော စုမင်ကြောင့် ကျီအန်းပင် အံ့ဩမင်သက်သွားရလေသည်။

ထိုအချိန်တွင် စုမင်က ညာလက်ကို မြှောက်ကာ ခရမ်းရောင် ၀တ်ထားသော တိထျန်း ဆီသို့ ချိန်ရွယ်နေချိန်ဖြစ်သည်။

ရွှေရောင်ဝတ်ထားသည့် တိထျန်း၏မျက်လုံးများက ပြူးကျယ်သွားလေသည်။ ထို့ရွှေရောင်ဝတ်ရုံတိထျန်းက ရှေ့သို့ လျင်မြန်စွာ ခြေတစ်လှမ်းတိုးကာ စုမင်ဆီသို့ ဦးတည်သွားလေသည်။

“ဩဇာအာဏာသက်ရောက်ခြင်း...ဒီ‌ကလေးရဲ့စကားတစ်ခွန်းတည်းနဲ့ မာန်ပြည်ထောင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားတာပဲ...”

ကျီအန်းက အသက်ပြင်းပြင်းရှုရှိုက်လိုက်လေသည်။ ရွှေရောင်ဝတ်ရုံတိထျန်းကလည်း နေရာမှ ထွက်ပြေးမည်ကို သူသတိထားမိလေသည်။

နောက်ဆုံးတော့ သူလည်း အင်မော်တယ်တစ်ယောက်ပင်ဖြစ်သည်။ ထိုအာဏာသက်ရောက်ခြင်းက သူ့အတွက်အံ့သြစရာကောင်းလွန်းလှသည်။ တစ်လောကကလုံးကို ဆူညံပွတ်လောရိုက်အောင်လုပ်နိုင်သည့်သူကို သူ့တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ယခင်က ပထမဆုံးမာန်နတ်ဘုရားသခင်သာလျှင်ထိုကဲ့သို့သောအရာကိုလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။

“လောကရဲ့အရှင်သခင်တောင်မှ ဒါမျိုးလုပ်နိုင်မှာမဟုတ်ဘူး..မျိုးနွယ်စုရဲ့စွမ်းအားအကြီးဆုံးသူတောင် ဒီလိုမျိုး အာဏာသက်ရောက်မှု မရှိဘူး...”

ရွှေရောင်ဝတ်ရုံတိထျန်းက ရှေ့ကို အရှိန်တင်နေလျှင်တောင် ကျိန်စာကို မပြောင်းလဲနိုင်ပေ။ စုမင်၏ လက်ချောင်းများက အောက်သို့ လွှဲယမ်းလိုက်ပြီး ခရမ်းရောင် ၀တ်ထားသော တိထျန်းဆီသို့ ချိန်ရွယ်လိုက်သည်။

စုမင်မင်၏ မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာသည်။ ၎င်းတို့အတွင်း၌ အသက်မဲ့သောအကြည့်တစ်ခု ရှိနေသည်။ သို့သော် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အသက်မဲ့သောအကြည့်က အရေးမကြီးပေ။ သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးတွင် တည်ရှိနေသည်မှာ ငြိမ်သက်ခြင်းပင်ဖြစ်သည်။

ခရမ်းရောင်ဝတ်ရုံတိထျန်းက ကြောက်လန့်သွားပြီး သူ့မျက်လုံးထဲမှာ မယုံကြည်နိုင်မှုများ ပေါ်ထွက်လာလေသည်။ ပထမဆုံးအကြိမ် သူ ထိတ်လန့်သွားပြီး စုမင်၏ ငြိမ်သက်သော နှလုံးသားက အတိုင်းအတာတစ်ခုအထိပင် ကျေနပ်သွားခဲ့သည်။

“တိထျန်း...ကြောက်နေပြီ..”

တိထျန်းက စုမင်ရှေ့မှာ သူ၏ကြောက်ရွံ့မှုကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်းပြသခဲ့သည်။ သူ၏ထိတ်လန့်နေပုံက သူ့မာနကို ရစရာမရှိအောင် ထိခိုက်သွားခဲ့သည်။ သူက ကျားရှေ့မှောက်လဲသောသမင်းငယ်လေးကဲ့သို့ပင် ဖြစ်နေ‌တော့သည်။

“မင်းလည်း ခုမှ အကြောက်တရားကို ခံစားဖူးသွားပြီပေါ့..”

ထို့နောက် ခရမ်းရောင်ဝတ်ထားသည့်ဝိထျန်း၏မျက်နှာက ချက်ချင်းဖျော့သွားသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် အကွက်များစွာ ပေါ်လာသည်။ ထိုအကွက်များအောက်ရှိအသားများ ပုပ်ပွလာချိန်တွင် တိထျန်းက ဖော်ပြ၍မရသော နာကျင်မှုကို ခံစားခဲ့ရသည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်က လောကကြီးမှ ပြင်းပြင်းထန်ထန် ငြင်းပယ်ခံနေရသည်ဟုလည်း ခံစားရသည်။ ဤနေရာ၌ သူနှင့်အတူ ယှဉ်တွဲ မနေထိုင်နိုင်သလို ခံစားခဲ့ရသည်။ သူ မသေလျှင် စုမင်၏သတ်ဖြတ်လိုစိတ်များ မရပ်‌တန့်တော့ပေ။

သူ့မျက်လုံးများရှိကြည်လင်ပြတ်သားမှုကို အမှောင်ရိပ်က အစားထိုးဝင်ရောက်သွားခဲ့သည်။ တစ်စုံတစ်ယောက်က မြေ အောက်ကမ္ဘာရှိရွံ့မြေများကို မြင်ဖူးလျှင် တိထျန်း၏မျက်လုံးများနှင့်အလားတူဖြစ်ကြောင်းပြောပြနိုင်ပေလိမ့်မည်။

ခရမ်းရောင်ဝတ်ထားသည့်တိထျန်း ၏မျက်လုံးများက ကမ္ဘာပေါ်ရှိ မြစ်ကြမ်းပြင်အောက်သို့ ရောက်ရှိသွားသကဲ့သို့ပင်ဖြစ်နေတော့သည်။

သူ့မျက်လုံးများက ဖုံးကွယ်ခံရလိုက်ရပြီး အလင်းရောင်ကို ဘယ်တော့မှ မမြင်နိုင်တော့ပေ။ ဤသည်မှာ စုမင်၏ ပထမဆုံးကျိန်စာ ပြည့်စုံမှုဖြစ်သည်။

“ငါ မင်းကို ကျိန်ဆဲတယ်... မင်းဟာ ကမ္ဘာရဲ့ မြစ်တွေထဲ ကျသွားပြီး အလင်းရောင်ကို ဘယ်တော့မှ မတွေ့ရပါစေနဲ့...”

ခရမ်းရောင်ဝတ်ရုံတိထျန်းက သူ့ပါးစပ်ကို မဖွင့်နိုင်ပေ။ သူ့လည်ပင်းမှာ စူးရှသောဝေဒနာကိုခံစားရပြီး နာကျင်စွာအော်ဟစ်လိုက်သော်လည်း လွတ်မြောက်မှုကို မတွေ့နိုင်ပေ။ ထိုအချိန်တွင် သူ၏ ညာလက်မောင်းကို မမြင်နိုင်သော လက်ကြီးတစ်စုံက ဆုပ်ကိုင်လိုက်ပြီး သူ့လက်ကို အရင်းမှ ဆွဲဖြုတ်နေလေသည်။

ထို့နောက် ထောင်သောင်းချီသော တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များရှေ့တွင် ခရမ်းရောင်ဝတ်ထားသည့်တိထျန်း ၏ညာလက်က စုမင် ကောက်ရိုးရုပ်ကို လုပ်သည့်ပုံစံအတိုင်း သူ့ခန္ဓာကိုယ်ပေါ်မှ ပြုတ်ထွက်သွားသည်။ ခရမ်းရောင်ဝတ်ထားသည့်တိထျန်းက စုမင်လက်ထဲရှိ အရုပ်လေးဖြစ်သွားလေသည်။

တစ်ချိန်တည်းမှာပင် အဝေးမှနီးကပ်လာသော ရွှေရောင်ဝတ်ရုံတိထျန်းက ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကြောင့် ရပ်တန့်သွားသည်။ သူ့မျက်နှာကလည်း ဖြူဖျော့လာပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။သူ့ ညာဘက်လက်ကို လှမ်းကြည့်လိုက်သော် ပြုတ်ထွက်တော့မည့် အရိပ်အယောင်ကို တွေ့လိုက်ရသည်။

အမှောင်ရိပ်တစ်ခုလည်း သူ့မျက်လုံးထဲတွင် ပေါ်လာပြီး ၎င်းတို့က ရွှေရောင်အလင်းတန်းများကို တွန်းလှန်နေပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိလေထုက ချက်ချင်းအားကောင်းလာပြီး မမြင်နိုင်သောပုံစံဖြင့် သူ့ဆီသို့ အားပြင်းပြင်းတိုက်ခတ်နေလေသည်။ရွှေရောင်ဝတ်ထားသည့်တိထျန်း၏စွမ်းအားက ကြီးမားလျှင်တောင် လေအဟုန်ကို မလွန်ဆန်နိုင်ပေ။

ထိုအရာက သာမာန်လေပြင်းမဟုတ်ပေ။ ဤသည်မှာ မာန်ပြည်ထောင်တစ်ခုလုံးမှ ဖြစ်ပေါ်လာသော ဆန္ဒဖြစ်ပြီး၊ သူ၏ဖြစ်တည်မှုကို ငြင်းပယ်သည့် တွန်းအားတစ်ခုဖြစ်သည်။ ရွှေ ရောင်ဝတ်ရုံတိထျန်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းခဲ့လျှင်တောင် သူ၏တည်ရှိမှုကို ငြင်းပယ်လိုက်သော ဤစွမ်းအားက ပိုမိုအားကောင်းလာမည်ဖြစ်သည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ... မဖြစ်နိုင်ဘူးး...”

ရွှေရောင်ဝတ်ထားသည့်တိထျန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ခရမ်းရောင်ဝတ်ရုံကိုယ်ပွားကို ကယ်တင်ချင်သောကြောင့် ရှေ့သို့ လျင်မြန်စွာ ခြေတစ်လှမ်းတိုးခဲ့သည်။ သူကိုယ်တိုင်ကိုယ်ပွားဖြစ်နိုင်သော်လည်း အင်မော်တယ်ပြည်၌ သူ့တွင်ကိုယ်ပွားလေးယောက်ရှိသေးသည်။ သို့သော် ယခင်က ထိုလေးဦးထဲမှ တစ်ဦးက သေဆုံးသွားခဲ့ပြီးဖြစ်သောကြောင့် နောက်ထပ်သေဆုံးမှုများ ထပ်မံမဖြစ်ပွားစေချင်တော့ပေ။သို့မဟုတ်ပါက

ထိုကိုယ်ပွားများဆုံးရှုံးမှုက သူ့အပေါ် သိသိသာသာ အကျိုးသက်ရောက်စေမည်ဖြစ်သည်။

ရွှေရောင်ဝတ်ထားသည့်တိထျန်းက ခေတ္တရပ်နေချိန် ခရမ်းရောင်ဝတ်ရုံတိထျန်းဧ။်ညာလက်ပြတ်သွားပြီး ထိုလက်က အနက်ရောင်ပြာဖြစ်သွားသည်။ သို့သော်သူ့ ပခုံးပေါ်မှ သွေးတစ်စက်မျှ ကျဆင်းသွားခြင်းမရှိပေ။

အဘယ်ကြောင့်‌ဆိုသော်... သူ့မှာ သွေးမရှိတော့ပေ။စုမင်၏ ဒုတိယကျိန်စာကြောင့် သူ၏သွေးများနှင့် သူ၏သွေးကြောများ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

ရလဒ်အနေဖြင့် ခရမ်းရောင်ဝတ်ထားသည့်တိထျန်း၏နှုတ်ခမ်းထောင့်ရှိ သွေးများက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ့မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။ ထိုအချိန်တွင် သူ၏ညာလက်မောင်းကဲ့သို့ပင် မမြင်နိုင်သောလက်မောင်းတစ်စုံက ဘယ်ဘက်လက်ကို ဆွဲဖြဲသွားခဲ့သည်။

ခရမ်းရောင်ဝတ်ထားသည့်တိထျန်းက ကြောက်လန့်သွားပြီး သူ၏ဆံပင်များက အနက်မှ အဖြူရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူ့မျက်နှာက ချက်ချင်းပင် အိုစနာကျ၊ ရင့်ရော်သွားပြီး ယခင်တိထျန်းအသွင်အပြင်နှင့် ဆီနှင့်ရေကဲ့သို့ ကွဲပြားသွားလေသည်။

တစ်နေ့တွင် သူ့ကိုယ်ပွားမှာ စုမင်၏ ကျိန်စာကြောင့် ဤမျှလောက် ဒဏ်ရာပြင်းထန်စွာ ရလိမ့်မည်ဟု တိထျန်းက တစ်သက်လုံး မမျှော်လင့်ခဲ့ပေ။ ဤကျိန်စာက သူ၏ စွမ်းအားကန့်သတ်ချက်များကို ကျော်လွန်နေပြီဖြစ်သည်။ ၎င်းက မာန်ပြည်ထောင်တစ်ခုလုံး၏အလိုဆန္ဒနှင့်ပေါင်းစပ်ခဲ့ပြီး၊ ကနဦးကျင့်ကြံမှုမှရရှိသောစွမ်းအားအားလုံး၏အထက်တွင်ရပ်တည်ခဲ့သည်။

သို့သော် ခရမ်းရောင်ဝတ်ထားသည့်တိထျန်း ၏ကျိန်စာက အသက်ဝင်လာပြီဖြစ်သည်။ ပေါက်ကွဲသံကြီးက နားအူမတက်ပျံ့လွင့်လာလေသည်။သူ့ ခြေလက်များ ပြတ် တောက်သွားကာ အမြင်အာရုံပါ ယိုယွင်းလာသည်။ ထိုခဏအတောအတွင်း သူ၏ ဝိညာဉ်တည်ရှိမှုသက ကမ္ဘာပေါ်ရှိ အဆုံးမရှိသော လူဝင်စားခြင်းသံသရာကို ဖြတ်ကျော်ခံစားနိုင်ရန် ထွက်သွားပုံရသည်။

ထိုအချိန်တွင် စူးစူးဝါးဝါး အော်သံများက အရပ်ရပ်မှ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ၎င်းတို့က လောကရှိ အဆုံးမဲ့အာဃာတ အမုန်းတရားများ ပြည့်နှက်နေသည့် ဝိညာဉ်များထံမှ ထွက်လာသည်။ ထိုဝိညာဉ်များက ကောင်းကင်၌ ပေါ်လာပြီး ယောက်ျားမိန်းမ၊ သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးက မာန်ပြည် ထောင်၌ သေဆုံးသွားခဲ့ကြသူများဖြစ်သည်။

ထိုဝိညာဉ်များအတွင်းမှ ပြင်းထန်သောမုန်းတီးမှုတို့က ခရမ်းရောင်ဝတ်ရုံတိထျန်း ဆီသို့ ပြေးလာပြီး ရူးသွပ်စွာ ဝိုင်းရံထားလေသည်။

ထိုအရာက စုမင်၏ တတိယမြောက် ကျိန်စာပင်ဖြစ်သည်။

“မင်းကို ငါကျိန်ဆဲတယ်... မင်းရဲ့စိတ်ဝိညာဉ်ဟာ သန်းပေါင်းများစွာသော လူဝင်စားခြင်းတွေကို ဖြတ်ကျော်ပြီး ကမ္ဘာကြီးရဲ့ ရက်စက်မှုတွေနဲ့ အဆုံးမဲ့ ပျက်စီးခြင်းတွေကို ခံစားရပါစေ..”

အဆုံးမဲ့ အမုန်းတရားများ ပြည့်နှက်နေသော ဝိညာဉ်များက သူ့ကို ကိုက်စားနေသကဲ့သို့ ထောင်သောင်းမကသောအင်မော်တယ်များက ထိတ်လန့်တုန်လှုပ်သွားလေသည်။ကျီအန်းလည်း တုန်လှုပ်သွားပြီး ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။

ခရမ်းရောင်ဝတ်ထားသည့်တိထျန်းက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ကြီးစွာသော နာကျင်ကိုက်ခဲမှုဝေဒနာကို တစ်ဆစ်ဆစ်ခံစားနေရလေသည်။ သူ နာကျင်သော်လည်း အသံတစ်သံမျှ မထုတ်နိုင်ပေ။ ထိုဆင်းရဲဒုက္ခက အဆုံးစွန်သော ဝေဒနာကို ဖြစ်စေ၏။ ထိုဒုက္ခက သူ၏ အလိုဆန္ဒကို ပြိုပျက်စေလောက်အောင် ဖြစ်စေ၏။ သူ့ခန္ဓာကိုယ် အများစုကို ဖုံးလွှမ်းသွားသည်အထိ အနက်ရောင် အကွက်များ ပေါ်လာသည်။ အရေပြား ကွဲအက်ခြင်း၊ အရိုးများ နှင့် သွေးများ ယိုယွင်းပျက်စီးခြင်း၊ နာကျင်နေသော်လည်း ဟစ်အော်နိုင်ခြင်း မရှိတော့သည့် အခြေအနေတွင် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး နာကျင်မှု ပမာဏက သူ့အပေါ် ကျရောက် လာလေသည်။ သူ့၏ဖြစ်ပုံမှာ အရှင်လတ်လတ်ငရဲကျသည်ထက်ပင် ဆိုးဝါးနေတော့သည်။

ထိုအရာက စတုတ္ထမြောက် ကျိန်စာပင်ဖြစ်သည်။

“ငါ မင်းကိုကျိန်စာတိုက်တယ်... မင်းရဲ့အရိုးတွေက တစ်လက်မချင်းစီ ကွဲအက်သွားပြီး မင်းရဲ့အသွေးအသားတွေကို ထိုးဖောက်စားသုံးတဲ့ ဆူးချွန်တွေဖြစ်ပါစေ...”

လက်များဆုံးရှုံးပြီး အသားပုပ်ပွသွားသော ခရမ်းရောင်ဝတ်တိထျန်းက ထူးထူးဆန်းဆန်းပုံစံဖြင့် စတင်တွန့်လိမ်သွားသည်။ ကျိန်စာအောက်မှာ သူ့အရိုးများက တစ်လက်မချင်းစီ ကွဲအက်သွားလေသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများက ငေါ့ထွက်ကာ ဓားဖြင့်ထိုးသလို ခံစားရစေသည်။

ထိုနာကျင်မှုမျိုးက မြင်သူတိုင်း ကြက်သီးတဖြန်းဖြန်းထပြီး အေးစက်တုန်လှုပ်သွားစေသည်။

All Chapters