← Chapters

ကျိန်စာတိုက်ပစ်မယ်

Vol. 48 Ch. 658

ကျိန်စာတိုက်ပစ်မယ်

Vol. 48 Ch. 658

ထိုကောက်ရိုးရုပ်က အနက်ရောင်ပြောင်းလဲသွားသော် တိထျန်း၏ခြေလှမ်းများက တုံ့ခနဲ ရပ်တန့်သွားလေသည်။ထို့နောက် စုမင်နှင့် ခြေလှမ်းရာချီအကွာအဝေးတွင် ပေါ်လာလေသည်။သူ့အမူအရာက မယုံနိုင်လောက်အောင်ကို နက်မှောင်သွားသည်။ အကြောင်းမှာ အနက်ရောင်အရှိန်အဝါကြီးက သူ့ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။

သူ စုမင်ကို မတားဆီးနိုင်ခဲ့ပေ။ထိုအချိန်တွင် သူ့ကိုယ်သူ ထိန်းချုပ်မှု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။သူ့အား ကြောက်လန့်စေသော စွမ်းအားတစ်ခုက အဆုံးမဲ့စကြာဝဠာမှ ထွက်ပေါ်လာပြီး မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေပုံရသည်။

ထိုအရာက စွမ်းအားတစ်မျိုးပင်ဖြစ်သည်။ မာန်ပြည်ထောင်တစ်ခုလုံးမှထွက်ပေါ်လာသောဖိအားပင်ဖြစ်သည်။ သူ မသိလိုက်ခင်မှာပင် ထိုစွမ်းအားက သူ့ကိုယ်ပေါ်သို့ ရောက်ရှိလာလေသည်။

အနက်ရောင်မြူခိုးထုက သူ့အား ဝိုင်းရံထားကာ တခဏအတွင်း အလွန်ထူထဲလာသည်။

ထိုအရာက စုမင်၏ကျိန်စာပင်ဖြစ်သည်။ အနက်ရောင်မြူခိုးထုက သူ၏သတ်ဖြတ်လိုစိတ်၊ တိထျန်းကိုဖျက်စီးပစ်ချင်သော ဆန္ဒပင်ဖြစ်သည်။

မူလက ကျိန်စာမှာ တိထျန်းကို ဖျက်ဆီးပစ်ရန် မလုံလောက်သော်လည်း စုမင်၏စွမ်းရည်ကို ကျွမ်းကျင်စွာအသက်သွင်းမှုကြောင့် တိထျန်းကို သတ်ဖြတ်ရန်လုပ်ဆောင်နိုင်လေသည်။ သူက ကျစ်ထုံးရုပ်တစ်ရုပ်တည်းဖြင့် တိထျန်းကိုခြယ်လှယ်လွှမ်းမိုးနိုင်ခဲ့သည်။

“ငါ မင်းကို ကျိန်စာတိုက်လိုက်မယ်... မင်းဟာ ကမ္ဘာရဲ့ မြစ်တွေထဲ ကျသွားပြီး အလင်းရောင်ကို ဘယ်တော့မှ မတွေ့ရပါစေနဲ့...”

စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ ကျိန်စာတိုက်ထားသော ညာလက်ဖြင့် အရုပ်၏ ညာဖက်လက်မောင်းကို ဆုတ်ဖြဲလိုက်သည်။

“ငါ မင်းကို ကျိန်ဆဲတယ်... ဘယ်စကြဝဠာထဲမှာပဲ ရှိပါစေ မြစ်တွေရဲ့ သွေးကြောတွေထဲ စိမ့်ဝင်နေတဲ့ မင်းရဲ့တည်ရှိမှု အားလုံး ပျောက်ကွယ်ပျက်စီးပါစေ.. မင်းရဲ့ဝိညာဉ်နဲ့အတူ ငရဲကျပါစေ..”

စုမင်က ရှေ့သို့နောက်တစ်လှမ်းတိုးကာ မြက်ထုံးအရုပ်၏ဘယ်ဘက်လက်မောင်းကို ဆုတ်ဖြဲလိုက်သည်။

ခရမ်းရောင်ဝတ်ရုံဧ။်မျက်နှာက ထိတ်လန့်တကြား ဖြစ်‌ နေပြီး ရှားပါးတဲ့မြင်ကွင်းတစ်ခုပင်ဖြစ်သည်။သူ့ ညာလက်မောင်းမှ နာကျင်ကိုက်ခဲခြင်းအပြင် ဘယ်ဘက်လက်မောင်း၏ကြီးစွာသောဝေဒနာကို ခံစားရလေသည်။ ပိုအရေးကြီးတာက အနက်ရောင်မြူခိုးများက သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေပြီး… တစ်လက်မတောင် မလှုပ်နိုင်တော့ပေ။

‘ဒါ မဖြစ်နိုင်ဘူး...”

တိထျန်းက ဟိန်းဟောက်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။သူ့အနေဖြင့် သူက စုမင်၏ကံကြမ္မာကိုအမြဲတမ်းထိန်းချုပ်ထားနိုင်သူတစ်ယောက်ပင်ဖြစ်သည်။ လွန်ခဲ့သည့်အချိန်က စုမင်က သူ့လက်မှ လွတ်မြောက်လာပြီး စွမ်းအားများကို ဆုံးရှုံးခဲ့ရသည်။ သူက တိထျန်း၏မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်သာ ရှိသေးသည်။

တိထျန်းက အချိန်အနည်းငယ်ဖြင့် ထိုပုရွက်ဆိတ်ကို ချေမှုန်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ စုမင်က သူ့လက်ဖဝါးမှ မလွတ်မြောက်နိုင်ဟု တစ်ထစ်ချ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုရန် စိတ်ကူးထားသော်လည်း ယခုတွင် စုမင်၏တိုက်ခိုက်မှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရသည်။ ပထမမှာ စုမင်၏ အသူရာချိပ်တံဆိပ်ကြောင့် တိထျန်းမှာ သူပိုင်ဆိုင်သောစွမ်းရည်များနှင့်ရတနာများကို အားကုန်ခုခံခဲ့ရသည်။ နောက်တစ်ကြိမ်တွင် စုမင်က ကျိန်စာ၏ စွမ်းအားဖြင့် တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် သူ၏လှုပ်ရှားနိုင်စွမ်းများ ဆုံးရှုံးခဲ့ရသည်။သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။သူ့နှလုံးသားပေါ်တွင် လွှမ်းခြုံထားသည့် မရဏအငွေ့အသက်က ပို၍ထူထဲလာသည်။ ထို့ပြင် သူ့ကိုယ်သူ အထင်ကြီး၍ ငါးစာအဖြစ် အသုံးချကတည်းက သူ၏လွတ်လမ်းအားလုံးဆုံးရှုံးခဲ့ရသည်။

သူ၏ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောအခြေအနေက မြင်သူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်စေသည်။ စုမင်၏ ကောက်ရိုးရုပ်က ရိုးရိုးရှင်းရှင်းနှင့် ရယ်စရာကောင်းလှ‌သော်လည်း မည်သူမျှ မရယ်နိုင်ကြပေ။ထိုခဏတွင် သူတို့၏ နှလုံးသားနက်နဲရာမှ ထွက်ပေါ်လာသော အအေးဓာတ်က သူတို့၏စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့သည်။

အရုပ်တစ်ရုပ်နှင့် လူတစ်ယောက်ကို ထိန်းချုပ်နိုင်သောစွမ်းရည်ပင်...

အရုပ်လေးတစ်ရုပ်နှင့် တခြားသူများကို ကျိန်ဆဲနိုင်သောစွမ်းရည်တစ်ခုဖြစ်ပြီး ထိုစွမ်းရည်ကို ခုခံ ကာကွယ်ရန် နည်းလမ်းမရှိပေ။

ထိုအချိန်တွင် စုမင်က ထိုနယ်မြေရှိသောင်းနှင့်ချီသောလူများ၏အမြင်တွင် အငြိုးအတေးကြီးမှုများ၏စံပြအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရွှေရောင်ဝတ်ထားသည့်တိထျန်းက ကောင်းကင်တွင်ရပ်နေပြီး မျက်မှောင်ကြုတ်သွားလေသည်။ထို့ပြင်

သူ့ပတ်ဝန်းကျင်မှာ အနက်ရောင်မြူခိုးထုကြီး ပေါ်လာလေသည်။ထိုသို့ ပေါ်လာသည်နှင့် ခရမ်းရောင်ဝတ်ထားသည့်တိထျန်း ၏နှလုံးသားအတွင်း ထိတ်လန့်ကြောက်ရွံ့မှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သို့သော်လည်း ရွှေရောင်ဝတ်ထားသည့် တိထျန်းက ၎င်း၏တွဲဖက်ထက် ပို၍ အစွမ်းထက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်သို့ ရွှေရောင်အလင်းတန်းများ ထွန်းလင်းတောက်ပလာကာ ၎င်းက အနက်ရောင်မီးခိုးများကို တွန်းလှန်နေပုံရသည်။ ထို့နောက် သူ လှုပ်ရှားပြီး အရှိန်တင်ခါနီးတွင် ကျီအန်း၏နောက်တစ်ကြိမ် ပိတ်ဆို့ခြင်းခံခဲ့ရသည်။

“ကျီအန်း... ဒါ မင်းနဲ့မဆိုင်ဘူး...ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲ.. မင်းငါ့ကိုတားရဲတယ်ပေါ့...”

ရွှေရောင်ဝတ်ထားသည့်တိထျန်း၏ အသံက လေထဲတွင် တဟုန်ထိုး ပျံ့လွင့်သွားသည်။

“ဖယောင်း နဂါးရဲ့ကျိန်စာ...အဲဒီကောင်လေးက တော်တော်လေး အထင်ကြီးစရာကောင်းတယ်... မင်း ရှုံးနိမ့်တာကို ဝန်ခံပြီး နတ်ဆိုးဂိုဏ်းကို အရှေ့မြေရိုင်းမျှော်စင်ထိန်းချုပ်ခွင့်ပေးရင် မင်းကို မတားတော့ဘူး...”

ကျီအန်းက ပြုံးလိုက်လေသည်။ သူ၏ညာလက်ကို မြှောက်လိုက်ပြီး မြေပြင်ဆီသို့ ဦးတည်သောလေထုကို ဖမ်းဆုပ်လိုက်သည်။ ထိုစဉ် ယပ်တောင်က မြေပြင်မှ လျင်မြန်စွာ ပျံတက်လာသည်။ သူ့လက်ထဲ ကိုင်လိုက်သည်နှင့် ရွှေရောင်ဝတ်ရုံတိထျန်းဆီသို့ လှမ်းကြည့်လိုက်သည်။

ရွှေရောင်ဝတ်ထားသည့်တိထျန်း၏ မျက်လုံးများတွင် မှိန်ဖျော့ဖျော့ တောက်ပနေလေသည်။ စကားတစ်ခွန်းမှ မပြောဘဲ ညာလက်ကို မြှောက်လိုက်ပြီး ကျယ်လောင်သော ရယ်မောလိုက်လေသည်။ ထို့နောက် သူက ချိပ်တံဆိပ်တစ်ခုဖန်တီးကာ ကျီအန်းဆီသို့ချိန်ရွယ်လိုက်သည်။

သူတို့ထဲက တစ်ယောက်က ရှေ့ကို အပြေးအလွှား သွားချင်သော်လည်း တစ်ယောက်က ခွင့်မပြုပေ။ တခဏချင်းမှာ သူတို့ကြားက တိုက်ပွဲက ပြင်းထန်လာလေသည်။

သူတို့ နှစ်ယောက် တိုက်ခိုက်နေစဉ် စုမင်၏ အသံက အရပ်ရပ်သို့ တုန်ခါသွားသည် ။

“ငါ မင်းကို ကျိန်ဆဲတိုက်မယ်... မင်းရဲ့ဝိညာဉ်ဟာ သန်းပေါင်းများစွာ လူဝင်စားခြင်းတွေကို ဖြတ်ကျော်ပြီး လောကကြီးရဲ့ ရန်ငြိုးထားမှုတွေနဲ့ အဆုံးမဲ့ ပျက်စီးခြင်းတွေကို ခံစားရပါစေ...”

“ပြီး‌တော့... မင်းရဲ့အရေပြားတွေ ဆုတ်ပြဲပြီး..အသားတွေ ပုပ်သွားပါစေ..လောကကြီးက မင်းကိုပေးတဲ့ အကြီးမားဆုံး နာကျင်မှုကို ထာဝရ ခံစားရပါစေ..”

“ထပ်ပြီးကျိန်စာတိုက်တယ်... မင်းရဲ့အရိုးတွေက တစ်လက်မချင်းစီ ကွဲအက်သွားပြီး မင်းရဲ့အသွေးအသားတွေကို ထိုးဖောက်စားသုံးတဲ့ ဆူးချွန်တွေဖြစ်ပါစေ...”

စုမင်က အရုပ်၏ ခြေထောက်များကို ဆွဲ နှုတ်ကာ ခန္ဓာကိုယ်ကို ဆုတ်ဖြဲလိုက်သည်။ သူ့အသံထဲတွင် ဖော်မပြနိုင်သော မုန်းတီးမှုနှင့် ရူးသွပ်မှုတစ်ခု ရှိနေသည်၊ ၎င်းကို နားထောင်ရုံဖြင့် မည်သူမဆို ၎င်းတို့၏ နှလုံးသား စတင် ကြောက်လန့်သွားစေရန် လုံလောက်သည်။ အေးခဲရပ်တန့်နေသည့် ခရမ်းရောင် ၀တ်ရုံတိထျန်းဆိုလျှင် သွေးရူးသွေးတန်းဖြစ်နေမည်မှာ သေချာလေ၏။

“ပြီးတော့... မင်းရဲ့သွေးမျိုးဆက် အဆုံးသတ်ပြီး စိတ်ဝိညာဉ်တွေ ပြန့်ကျဲသွားပါစေ... မင်းခန္ဓာကိုယ် ပုပ်ပွသွားပြီး

ရိုးတွင်းချဉ်ဆီတွေခမ်းခြောက်ပါစေ... လှည့်လည်သွားလာနေတဲ့စိတ်ဝိညာဉ်တွေရဲ့ ကိုက်စားခြင်းကို ထာဝရခံရပါစေ...”

“ငါ မင်းကို ကျိန်ဆဲတယ်.. . . သေစမ်း . သေစမ်း . သေစမ်း. . . “

စုမင်က ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်လိုက်ပြီး ပါးစပ်မှ သွေးများ ချောင်းဆိုးလိုက်သည်။ သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားလေသည်။သူ့ သွေးများက ကောက်ရိုးရုပ်ပေါ်ကျလာပြီး လောကကြီးမှ တော်လဲသံကြီးထွက်ပေါ်လာသည်။ မိုးခြိမ်းသံက ကောင်းကင်၌ အဆုံးမရှိ တဟုန်ထိုး မြည်ဟည်းနေပြီး သွေးနီရောင်ဝဲဂယက်ကြီး ထွက်ပေါ်လာသည်။ ထိုဝဲဂယက်၏အစွန်းများက အနက်ရောင်ဖြစ်ပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ထိုသို့မြင်ကွင်းမျိုးက စစ်မြေပြင်မှာတင် မဟုတ်ပေ။ အခြားသောအလားတူကြီးမားသောသွေးနီရောင်ဝဲဂယက်ကြီးရှစ်ခု အရှေ့မြေရိုင်းနယ်မြေတစ်ခွင်လုံးတွင် ပေါ်လာသည်။၎င်းတို့က စုမင်၏ စကားကို မှတ်မိသော ကောင်းကင်မျက်လုံးများကဲ့သို့ ၊ သူ၏ ကျိန်စာ ကို သက်သေခံလျက် ... သူ့အသံကို နာခံနေကြသည် ။

“လောကကြီးရဲ့အထူးခြားဆုံးဖြစ်စဉ်ပဲ..”

ပထမဦးဆုံးအကြိမ် ရွှေရောင်ဝတ်ရုံတိထျန်းက ကျီအန်းကိုရင်ဆိုင်တိုက်ခိုက်စဉ် သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားပြီး မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

“ဒီကောင်လေးရဲ့ကျိန်စာက တကယ်ပဲ လောကကြီးမှာ ဖြစ်ရပ်ဆန်းတွေကို ထွက်ပေါ်လာစေခဲ့တာပဲ...လောကကြီးကတောင် သူ့ကျိန်စာကို နာခံတယ်..ဒါက

လူတစ်ဦးတည်းရဲ့ ကျိန်စာမဟုတ်ပဲ မာန်ပြည်ထောင်တစ်ခုလုံးနဲ့ စကြာဝဠာတစ်ခုလုံးရဲ့ ကျိန်စာပဲ...တိထျန်း မင်း ဘယ်လိုလုပ်ကို သွားရန်စရဲတာလဲ...”

ကျီအန်းက အတော်လေးမျက်မှောင်ကြုတ်သွားလေသည်။

အောက်မြေပြင်မှ ထိတ်လန့်တုန်လှုပ်ဖွယ် အော်သံတစ်ခု ထွက်ပေါ်လာသည်မှာ ထိုထူးခြားချက်ကြောင့်ပင် ဖြစ်သည်။

“ငါ့ရဲ့အသက်...ငါ့ရဲ့စွမ်းအား..ငါ့ရဲ့ဖြစ်တည်မှုအားလုံးနဲ့.. ဒီမာန်ပြည်ထောင်မှာရှိတဲ့ တိထျန်းရဲ့ကိုယ်ပွားအားလုံးသေကြေပျက်စီးစေရန် ကျိန်ဆဲလိုက်တယ်..အခုကစပြီး ဒီကမ္ဘာကြီးက တိထျန်းတည်ရှိမှုကို တားမြစ်လိုက်ပြီ...”

စုမင်၏ မျက်လုံး ၊ နား ၊ နှာခေါင်း နှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။

အနက်ရောင်မြူခိုးထုကြီးက ကျစ်ထုံးအရုပ်လေးထဲသို့ တိုးဝင်လာသည်။ ထို့နောက် စုမင်က သူ့ညာလက်ဖြင့် အရုပ်၏ခေါင်းကို ဆုတ်ဖြဲလိုက်သည်။

ကောင်းကင်ကြီးမှ ပြင်းထန်သောဟိန်းဟောက်သံကြီး ပဲ့တင်ထပ်လာလေသည်။ မြေကြီးက တသိမ့်သိမ့် တုန်ခါသွားသည်။ ထိုအသံများက ‌အရှေ့မြေရိုင်းနယ်မြေတင်မဟုတ်ဘဲ တောင်ပိုင်းအရုဏ်ဦးနယ်မြေ...အနောက်မဟာမိတ်နယ်မြေ..မြောက်ပိုင်းနယ်မြေ

တို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မာန်ပြည်ထောင်ရှိ ကောင်းကင်ကြီးတစ်ခုလုံး ဟိန်းဟောက်နေလေသည်။ လောကတစ်ခွင်တွင် သွေးနီရောင်ဝဲဂယက်များ ပေါ်ထွက်လာသည်။

ကုန်းမြေတုန်လှုပ်ခြင်းက အရှေ့မြေရိုင်းနယ်မြေတွင်သာ မဟုတ်ပေ။ ထိုတုန်လှုပ်မှုက မာန်ပြည်ထောင်ရှိ တိုက်ကြီးများ၊ ကျွန်းများအားလုံးနှင့် သက်ရှိသတ္တဝါများအားလုံးကို တုန်လှုပ်စေခဲ့သည်။

ထိုအချိန်မှာ စုမင်က မာန်မျိုးနွယ်စု၏ လောကတစ်ခုလုံးကို ကိုယ်စားပြုနေသလိုပင်ဖြစ်သည်။

ထိုအချိန်တွင် သူက သူ၏ညာလက်ကို မြှောက်လိုက်ပြီး တိထျန်းကို ချိန်ရွယ်လိုက်သည်။

All Chapters