← Chapters

စိမ်းရင့်ရောင် အသူရာချိပ်စည်းကို အသက်သွင်းမယ်...

Vol. 48 Ch. 656

စိမ်းရင့်ရောင် အသူရာချိပ်စည်းကို အသက်သွင်းမယ်...

Vol. 48 Ch. 656

“အဲ့ဒီကောင်လေးက ဘယ်သူလဲ..”

“ဒီကောင်လေးက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ပဲရှိသေးတယ်.. ဒါပေမဲ့ သူတိုက်နေတဲ့သူက... ကောင်းကင်ဧကရာဇ်တိထျန်း...”

“သူက သခင်ကြီးတိထျန်းကို အရင်ဆုံးစတိုက်ခိုက်တာ... သခင်ကြီးတောင် နောက်ပြန်ဆုတ်သွားတယ်..”

မြေပြင်ပေါ်မှ မြူခိုးများ လွင့်စင်သွားပြီးနောက် သောင်းချီသော အကြည့်များက စုမင်နှင့်တိထျန်းအပေါ် ချက်ချင်း ရောက်ရှိလာလေသည်။

စုမင်လုပ်ခဲ့‌သောအရာအားလုံးက တိထျန်းကြောင့်ဖြစ်သည်။

စုမင်သာ တိထျန်းကိုစမတိုက်ခဲ့လျှင် ထိုကဲ့သို့ထိတ်လန့်စရာကောင်းသော အာရုံစူးစိုက်မှုကို ရရှိနိုင်မည်မဟုတ်ပေ။ တိထျန်းအရှိန်အဝါ၊ အဆင့်အတန်းက လွန်စွာမြင့်မားလှ ပေသည်။ သူက အချုပ်အခြာအာဏာပိုင်သုံး ယောက်နှင့် ဧကရာဇ်ငါးပါးတို့တွင် တစ်ပါးအပါအဝင်ဖြစ်လေသည်။ သူ၏ကိုယ်ပွားဆိုလျှင် တောင် အစစ်အမှန်မဟုတ်သော်လည်း မာန်ပြည်ထောင်၌ ဆင်းသက်လာသောအင်မော်တယ်ဂိုဏ်းဝင်အားလုံးထဲတွင် အမြင့်ဆုံးအဆင့်ရှိသည်။

သူက ကိုယ်ပွားဖြစ်သော်ငြားလည်း သူ့တွင် အနီးနားရှိလူအားလုံးကို မျှော်ကြည့်နိုင်လောက်အောင် တန်ခိုးရှိနေဆဲဖြစ်ပြီး၊ တိုက်ပွဲကို စောင့်ကြည့်နေသူများအားလုံး အသက်ရှုရပ်သွားစေသည်။ မယုံကြည်နိုင်မှုတို့က သူတို့၏မျက်နှာပေါ်တွင် အစားထိုးဝင်ရောက်လာသည်။

အထူးသဖြင့် စုမင်ကို သိသူများက ပို၍ပင် အံ့ဩမိနေတော့သည်။ စုမင်၏အဆင့်အတန်းက သူတို့ထက်မြင့်မားနေရုံသာမက တိထျန်းကိုတောင် တိုက်ခိုက်ရဲသည့်အစွမ်းသတ္တိရှိလေသည်။ ထိုအချက်ကို လက်မခံနိုင်သူများက မျက်နှာများနီရဲနေပြီး မခံမရပ်နိုင်ဖြစ်နေလေသည်။ ပေါင်ချိုးက စစ်မြေပြင်တွင် ရပ်နေရင်း မှင်တက်နေသော မျက်နှာဖြင့် ကောင်းကင်ကို ကြည့်လိုက်သည်။ သူမ၏စိတ်ထဲတွင် အတွေးပေါင်းစုံပေါ်လာပြီး ရှုပ်ထွေးနေလေသည်။ စုမင်မှာ သာမန်ထက်ထူးခြားသော စွမ်းအားရှိကြောင်းကို သိပြီး ရှန်းတုန်နှင့်တိုက်ခိုက်မှာကိုလည်း မြင်ဖူးလေသည်။ သို့သော် စုမင်က တိထျန်းကို တိုက်ခိုက်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တိထျန်းက ဧကရာဇ်ငါးပါးထဲမှ တစ်ပါးဖြစ်ပြီး အင်မော်တယ်မျိုးနွယ်စုတွင် စွမ်းအားအကြီးဆုံးလူဖြစ်သည်။ ထိုလူက ကိုယ်ပွားတစ်ခုသာဖြစ်သော်ငြားလည်း ရာသီဥတုကိုတောင် ပြောင်းလဲစေနိုင်သည်။

ပေါင်ချိုး၏မျက်နှာပေါ်တွင် မိန်း‌မောနေသောအမူအရာတစ်ခုပေါ်လာပြီး အချိန်အတော်ကြာပြီးနောက်တွင်ပင် သူမပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။

အထူးသဖြင့် စုမင်နှင့်တိထျန်းအကြား ထိုးနှက်ချက် ဖလှယ်ခြင်းကို သူမ မြင်လိုက်ရသောအခါတွင် လွန်စွာအံ့ဩသင့်သွားသည်။ စုမင်၏အလစ်တိုက်ခိုက်ခြင်းကြောင့် အသာစီးရနိုင်သော်လည်း တိထျန်း၏သတိရှိမှုကြောင့်ပြန်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် တိထျန်းက လောကတစ်ခွင် ထင်ရှားလေသည်။

သို့သော် စုမင်ကတိထျန်းကို တိုက်ခိုက်သည့် ပထမဆုံး အကြိမ် မဟုတ်ကြောင်း သူမ မသိခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် စုမင်အတွက် တတိယအကြိမ်ပင်ဖြစ်သည်။

တကယ်တော့ စုမင်က တိထျန်း၏ ကိုယ်ပွားထဲက တစ်ယောက် ကိုတောင် သတ်နိုင်ခဲ့သည်။ သူက မာန်နတ်ဘုရား၏စွမ်းရည်များကို အသုံးပြုခဲ့သောကြောင့် ထိုကိုယ်ပွားမှာ အထိနာပြီး သေဆုံးခဲ့သည်။

ဒုတိယ အကြိမ်တွင် စုမင်က ဒဏ်ရာ ပြင်းထန်စွာ ရပြီး ဆိုးရွားစွာ ဆုံးရှုံးခဲ့ရသသည်။သူ့အား မယုံနိုင်လောက်အောင် သနားစရာကောင်းသော အခြေအနေသို့ တွန်းပို့ခဲ့သည်။ ထို့ကြောင့် စုမင်က တိထျန်းဆီမှ တန်ရာတန်ကြေးပြန်တောင်းလိမ့်မည် ဖြစ်သည်။

ယခုမှာ တတိယအကြိမ်ဖြစ်သည်။ ပေါင်ချိုး၏ စွမ်းအားဖြင့် စုမင်က တိထျန်းကို အလစ်တိုက်ခိုက်နေသည်ကို သူမမြင်ခဲ့ရသည်။သို့သော် ထိုအရာမှာ အမှန်တရားမဟုတ်ပေ။ တိထျန်းက လုံးဝပြင်ဆင်ထားခြင်းမရှိဘဲ ခုခံလိုက်ရခြင်းဖြစ်သည်။ယခု သူတို့ နှစ်ယောက်ကြားကအပြန်အလှန် ထိုးနှက်ချက်များက တကယ့် ထိပ်တိုက်တွေ့မှုပင်ဖြစ်သည်။

ချမ့်ချန် မူလက သေဆုံးသွားဟန်ဆောင်ထားခဲ့သည်။ မြူများလွင့်စင်သွားပြီး နောက် စုမင်က တိထျန်းကိုတိုက်ခိုက်နေသည်ကိုမြင်သည့်အခါ သူ ပြူးပြဲကြည့်လိုက်သည်။သူ့မျက်လုံးများကို ပြင်းထန်စွာ ပွတ်သပ်ကာ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

“ဘုရားရေ... ဒီကောင်က ရဲတင်လွန်းတယ်၊ သူထင်ရာစိုင်းတဲ့ကောင်... သူ… သူ .တိထျန်းကို.စိန်ခေါ်ခဲ့တယ်…ငါတော့တကယ်သွားပြီး လူပေါင်းမှားပြီထင်ရဲ့.. ငါလူရွေးမှားသွားပြီ...ဒင်း.. အသေလေးပဲမွေးလာရမှာ...”

ထိုအတွေးများက ချမ့်ချန် ၏စိတ်ထဲတွင် ပေါ်လာသည်နှင့်အမျှ သူ့နှလုံးသားက တဒုန်းဒုန်းခုန်လာတော့သည်။ သူက စုမင်အပေါ် အဆိုးမြင်သော်လည်းသူ့နှလုံးသား၏ အနက်ရှိုင်းဆုံးတွင် တဖြည်းဖြည်း ပိုပို၍ စိတ်လှုပ်ရှားလာသည်။

သူ ထိုမြင်ကွင်းကိုကြည့်ရင်း စုမင်အကြောင်း ပိုသိလာသကဲ့သို့ ခံစားရလေသည်။

ရှန်းတုန်၏ အမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားသည်။ သူက တိထျန်းကို တိုက်ခိုက်နေသော စုမင် ကို ရှုပ်ထွေးသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ကောင်းကင်ရှိ စိမ်းရင့်ရောင်အသူရာချိပ်စည်းခုနှစ်ခုက သူနှင့် အလွန်ရင်းနှီးလေသည်။ ထိုစွမ်းရည်က မူလက သူ၏ မြင့်မြတ်သော စွမ်းရည်ဖြစ်သည်။

ထို့ကြောင့် သူစုမင်ကို တစ်ချက်တည်းကြည့်ရုံဖြင့် မှတ်မိခဲ့သည်။ မကြာသေးမီကမှ သူ့ကို တိုက်ခိုက်ခဲ့သော ဤလူက သူ့စိတ်ထဲတွင် နက်နဲသော အမှတ်ရမှုတစ်ခု ကျန်ရစ်ခဲ့သည်။ သူက ထိုတိုက်ပွဲအတွင်း အတွေ့အကြုံများစွာ ရရှိခဲ့သော်လည်း ၎င်းတို့၏ ဒုတိယတွေ့ဆုံမှုမှာ ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မကြာသေးမီက နတ်ဆိုးဂိုဏ်းနှင့်အင်မော်တယ်ဂိုဏ်းများကြားတွင် ဖြစ်ပေါ်ခဲ့သော မငြိမ်မသက်မှုများကို သူချက်ချင်းသတိရသွားလေသည်။ ထိုကိစ္စမှာ စုမင်၏လက်ချက်ဖြစ်ကြောင်း သိရှိခဲ့သည်။ စုမင် အဘယ်ကြောင့် မငြိမ်သက်မှုများ ဖန်တီးခဲ့သနည်း။

‘သူ တိထျန်းကို သတ်ချင်နေတာပဲ...”

ရှန်းတုန်၏နှလုံးတုန်လှုပ်သွားသည်။ သူသိလိုက်ရသောအဖြေက သူ့အတွေးများက အဓိပ္ပါယ်မဲ့သည်ဟု ထင်ရစေသည်။သို့သော် သူ့မျက်လုံးများရှေ့တွင် မြင်လိုက်ရသည့်အရာက သူ့ကို အသက်ပြင်းပြင်းရှူရှိုက်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တိထျန်း သူ့ပါးစပ်ထောင့်ရှိ သွေးများကို သုတ်ရင်း ဆုတ်ခွာသွားသောကြောင့် ဖြစ်သည်။ ထို့ပြင် စုမင်၏ ချီစွမ်းအားများက အချိန်နှင့်တပြေးညီတိုးတက်လာသောကြောင့်ဖြစ်သည်။

ရှန်းတုန်၏မျက်လုံးများတွင် ဤစုမင်က သူ့အား တိုက်ခိုက်ခဲ့သော သူနှင့် အလွန်ကွာခြားနေပြီဖြစ်သည်။ ယခင်က သူ့ကို တိုက်ခဲ့သူ(စုမင်)က တိထျန်းကို တိုက်ခိုက်ခဲ့လျှင် သူတို့၏ တိုက်ပွဲက ချက်ချင်းဆိုသလို ပြီးဆုံးသွားနိုင်သည်။ အနိုင်နှင့်အရှုံးက လယ်ပြင်မှာ ဆင်သွားကဲ့နေသကဲ့သို့ ကွက်ကွက်ကွင်းကွင်းပေါ်လာမည်ဖြစ်သည်။

“သူပဲ...သူပဲ...”

ရှန်းတုန်၏ဘေးမှာ ပွစိပွစိရေရွတ်နေသောလူတစ်ယောက်ရှိပြီး ထိုသူက နတ်ဆိုးရာဂဂိုဏ်း၏ပိထူ ဖြစ်သည်။သူက ကောင်းကင်ရှိစုမင်ကမော့ကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားလေသည်။ ဤသူက တိထျန်းကို တိုက်ထုတ်နိုင်သူဖြစ်သည်။ ထိုမြင်ကွင်းကြောင့် သူကစုမင်ကိုရှာပြီး လက်စားချေမည်ဟူသောအတွေးများက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေသည်။

သို့သော် အမည်မသိ အကြောင်းပြချက်တစ်ခုကြောင့် သူ စုမင််ကို ကြည့်လိုက်တိုင်း ရင်းနှီးနေသောခံစားချက်က သူ့နှလုံးသားထဲတွင် တိုးဝင်လာသည်။ သို့သော် သူ၏မျက်နှာနှင့် သူ၏မြင့်မြတ်သောစွမ်းရည်များက ထူးထူးခြားခြားဖြစ်နေသောကြောင့် ထိုရင်းနှီးကျွမ်းဝင်မှုခံစားချက်ကို ပပျောက်သွားစေသည်။

အမှန်တော့… ပိထူတစ်ယောက်တည်း ထိုသို့ခံစားရသည် မဟုတ်ပေ။

စုမင်၏ အမှတ်တရထဲရှိလူအားလုံးက

စစ်မြေပြင်မှာ ရပ်နေကြပြီး စုမင်နှင့်ပတ်သတ်သည့်ခံစားချက်များလည်း အလိုလိုပေါက်ဖွားလာခဲ့သည်။

သို့သော် ဤရင်းနှီးကျွမ်းဝင်မှုက သူတို့ရှေ့ရှိ မြင်ကွင်းနှင့် ကွဲလွဲနေသဖြင့် ဤခံစားချက်ကို ခံစားလာရသူအားလုံးကို စကားတစ်ခွန်းမှ မပြောနိုင်ပေ။

သို့သော် စုမင်၏အသွင်အပြင် ပြောင်းလဲသွားသော်လည်း အေးခဲကောင်းကင်ကလန်တွင် စုမင်နှင့်တွေ့ဆုံခဲ့သောပေလင်းနှင့်ချန်ရှင်းတို့က စုမင်၏လက်ရှိမြင်ကွင်းကိုရင်းနှီးနေလေသည်။ သူတို့မျက်နှာပေါ်ရှိ အကြည့်များက ရှုပ်ထွေးလာလေသည်။

အင်မော်တယ်ဂိုဏ်းများမှ ဝတ်ရုံဖြူအမျိုးသမီးက သူမ၏ယခင်ဆုံးဖြတ်ချက်ကို နောင်တမရခဲ့ပေ။ ထိုအချိန်တွင် သူမက စုမင်ကို စောစောစီးစီး ဖော်ထုတ်ပြီး တိထျန်းကိုသတ်ရန် အကြံအစည်ကို ထိခိုက်ခဲ့ပါက သူမကို စောင့်မျှော်နေသော တစ်ခုတည်းသော ရလဒ်မှာ သေခြင်းဖြစ်မည်ကို ထင်ရှားစွာ သိရှိလာခဲ့သည်။

သူမသေတာက အထွေအထူးမဟုတ်ပေ။သို့ပေမဲ့ ထိုလူက တိထျန်းကို တိုက်ခိုက်ရန် သတ္တိရှိပြီး အစီအစဉ်များကို ကျကျနန ချထားလေသည်။ စုမင်မှာ ယုံကြည်ချက်ကြီးကြီးမားမားရှိရမည်ဟု သူမ ထင်နေလေသည်။သူမက ထိုလူမျိုးကို ရန်စခဲ့ပါက သူမဂိုဏ်းဆီသို့ ပြဿနာကြီးတစ်ခု ရောက်လာမည်မှာ သေချာ‌သည်။

စုမင်က တိထျန်းကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေ လေသည်။ ယခုအချိန်တွင် ထောင်သောင်းချီသော အကြည့်များက သူ့တို့အပေါ်ရောက်ရှိနေသော်လည်း ၎င်းတို့ကို ဂရုမစိုက်ပေ။ ထိုအချိန်တွင်၊ သူ့ကမ္ဘာတွင် တည်ရှိနေသော တစ်ခုတည်းသောအရာမှာ တိထျန်းဖြစ်သည်။

ထိုအချိန်တွင် သူ့စိတ်ထဲမှာ ရှိနေသည့် အတွေးတစ်ခုသာ ရှိသေးသည်။ ထိုအတွေးမှာ တိထျန်းကို သတ်ရန်ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော အစိမ်းရောင်အရိပ်ကြီး ခုနစ်ခုက သူ့ကို ဝန်းရံထားပြီး အမည်မသိ စွမ်းအားလှိုင်းတွေ ထွက်ပေါ်လာလေသည်။ လောကကြီး၏အရောင်က ပျောက်ဆုံးလုနီးပါးဖြစ်သွားပြီး တိထျန်း၏မျက်နှာပေါ်တွင် လေးနက်သောအကြည့် ဝင်ရောက်လာသည်။

ယင်အသူရာချိပ်တံဆိပ်ခုနှစ်ခု....

မရဏအငွေ့အသကိကို စုပ်ယူလေလေ၊ စွမ်းအား ကြီးမားလေဖြစ်သည်။ ထိုအချိန်တွင် ထိုချိပ်တံဆိပ်က လူထောင်ပေါင်းများစွာထံမှ မရဏအငွေ့အသက်ကို စုပ်ယူသွားလေသည်။ စုမင်က ထိုစွမ်းရည်ကို အသက်သွင်းလိုက်သောအခါ ပုံရိပ်ခုနစ်ခုက ချက်ချင်းပင် ရုပ်ပိုင်းဆိုင်ရာအသွင်ကို ရရှိလာသည်။

ထိုပုံရိပ်တို့၏ အစိမ်းရောင်ဝတ်ရုံများ... မရဏစွမ်းအားလှိုင်းများနှင့် ၎င်းတို့၏ ဖုံးကွယ်ထားသော မျက်နှာများက ပုံရိပ်ခုနစ်ခုကို ငရဲဘုရင်များကဲ့သို့ ဖြစ်စေသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့၏ကိုယ်ခန္ဓာမှ ဂုဏ်သိက္ခာရှိသော လေထုက ပျံ့နှံ့သွားပြီး ၎င်းတို့က မရဏကမ္ဘာနှင့် ချိတ်ဆက်နေပုံရသည်။

သူတို့… တစ်လှမ်းချင်း ရှေ့တိုးလာကာ တ်ထျန်း၏အနီးတစ်ဝိုက်တွင် ပေါ်လာသည်။ ၎င်းတို့က တိထျန်းကိုဝိုင်းရံလိုက်သည့်အချိန်တွင် စုမင်၏တုန်လှုပ်နေသောအသံက တိုက်ပွဲကိုကြည့်နေသောသူအားလုံး၏နားထဲသို့ တိုးဝင်သွားလေသည်။

“အသူရာချိပ်တံဆိပ်ခုနစ်ခု…”

စုမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သောအခါ ပုံရိပ်ခုနစ်ခုက တစ်ချိန်တည်းတွင် ခေါင်းမော့လာသည်။ သူတို့၏ကိုယ်ခန္ဓာကို ဖုံးအုပ်ထားသော ၀တ်ရုံအတွင်းမှ မှောင်မိုက်သောအလင်းရောင်များက တောက်ပလာသည်။၊ အလွန်ထူထပ်သော မရဏစွမ်းအားလှိုင်းများက ကောင်းကင်ကို ဖုံးလွှမ်းကာ မြေပြင်ကို တံဆိပ်ခတ်ရန် သူတို့ဆီမှ ချက်ချင်း ပျံ့နှံ့သွားသည်။

ထိုအချိန်တွင် လောကကြီး၏အလင်းရောင် ပျောက်ဆုံးသွားပြီး အဖြူအမည်းသာရှိသော လူဆိတ်ညံသောမြေအဖြစ်သို့ ပြောင်းလဲသွားသည်။

“ယင်အသူရာချိပ်စည်း...”

စုမင်က အော်ဟစ်လိုက်ပြန်သည်။ ပုံရိပ်ခုနစ်ခုက ချက်ချင်းပင် ခါးကုန်းကာ အလယ်ရှိတိထျန်းဆီသို့ ဦးညွှတ်လိုက် လေသည်။

ထို့နောက် စုမင်က ကောင်းကင်ဆီသို့ပျံတက်သွားပြီး သူ့ဘယ်လက်ကို ကောင်းကင်ဆီသို့ တွန်းထုတ်လိုက်သည်။

“စိမ်းရင့်ရောင် အသူရာချိပ်စည်း..အသက်သွင်းလော့...”

ခရမ်းရောင်ဝတ်ထားသည့်တိထျန်း ၏အမူအရာပြောင်းသွားသည်။ သူ့ပတ်ဝန်းကျင်က ပုံရိပ်ခုနစ်ခုက ချက်ချင်းညွှတ်ကျသွားပြီး သူ့အသက်စွမ်းအားက လျင်မြန်စွာ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သူ၏အသက်လမ်းကျင့်စဉ်စွမ်းအားများက သူ့ဆီသို့ ဦးညွှတ်နေသော ပုံရိပ်ခုနစ်ခုကို မတွန်းလှန်နိုင်ပေ။ ထိုစွမ်းအားက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပထမအကြိမ်မရဏအငွေ့အသက်များ သူ့အပေါ်သို့ ဆင်းသက်လာခဲ့သည်။

ခရမ်းရောင်ဝတ်ထားသော တိထျန်းက အေးစက်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။သူက စုမင်၏ကျင့်စဉ်ကို ပြန်ခုခံရန် သူ့လက်ကို မြှောက်လိုက်သည်။သူက စုမင်ကိုစစ်မြေပြင်၌ သတ်ပစ်နိုင်မည်ဟု သူယုံကြည်ထားပြီး နောက်တစ်ကြိမ် ထပ်တွေ့နိုင်သည့် အခြေအနေမျိုးကို ခွင့်မပြုတော့ပေ။

ယခုတစ်ကြိမ်တွင် စုမင်ပေါ်လာစေရန် သူ့ကိုယ်သူ ငါးစာအဖြစ်ပင် အသုံးပြုခဲ့သည်။ သူ့ညာလက်ကိုမြှောက်လိုက်ပြီး ချိပ်တံဆိပ်ဖန်တီးခဲ့သည်။စုမင်၏စွမ်းရည်က မည်မျှပင် ထူးထူးခြားခြားဖြစ်စေကာမူ ဖြိုခွဲပစ်နိုင်မည်ဟု သူ သေချာပေါက်နီးပါး သိလိုက်သည်။

တိထျန်းက ကျင့်စဉ်အကောင်အထည်ဖော်နေချိန်တွင် စုမင်က သူ့ဝတ်ရုံထဲက ကျစ်ထုံးကို ထုတ်လိုက်သည်။

တုန်လှုပ်ချောက်ချားမှုတစ်ခုက တိထျန်း ၏ကျောရိုးမှ စိမ့်တက်လာခဲ့သည်။ သူ၏ကနဦးကျင့်ကြံမှုကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သကဲ့သို့ ဖရိုဖရဲဖြစ်စပြုလာသည်။

အထူးသဖြင့် တစ်စုံတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နေချိန်၌ ဤမငြိမ်မသက်မှုမျိုးသည် သူ့အတွက် လုံးဝ မထင်မှတ်နိုင်ပေ။ ထိုမငြိမ်သက်မှုကာတိထျန်းကို ခေတ္တထိတ်လန့်သွားစေသည်။ အသက်တစ်ရှိုက်စာအတွင်း သူ ထိုမငြိမ်မသက်မှုများကို ဖြေဖျောက်နိုင်လိမ့်မည်... သို့သော် သူနောက်ကျသွားပြီ။

ပုံရိပ်ခုနစ်ခုက သူ့ထံဦးညွှတ်သောအခါ လောကကြီးမှ တော်လဲသံကြီးထွက်ပေါ်လာသည်။ကျီအန်းနှင့် ရွှေရောင်ဝတ်ရုံတိထျန်းပင်လျှင် ၎င်းတို့၏ အမူအရာများ ပြောင်းလဲသွားသဖြင့် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် သူတို့မျက်စိရှေ့တွင် ကောင်းကင်၌ တိမ်တိုက်ကြီးများက အနောက်သို့ စီးဆင်းလာကာ သူတို့နောက်ကွယ်မှ ကြည်လင်သော ကောင်းကင်ကြီးကို ပေါ်လွင်စေသည်။

အက်ကြောင်းများက ကောင်းကင်တွင် လျင်မြန်စွာ ပေါ်လာပြီး အပေါက်ပွင့်သွားသကဲ့သို့ ပေါက်ကွဲသံနှင့်အတူ ကွဲအက်သွားသည်။ အဆုံးမရှိသော ယင်မရဏ မြူခိုးများက စုပ်ယူခံလိုက်ရသကဲ့သို့ ရူးသွပ်စွာ တိုးဝင်လာသည်။ ဟိန်းဟောက်သံကြီးတစ်ခုက ကျယ်လောင်စွာပဲ့တင်ထပ်လာကာ ယင်မရဏအရှိန်အဝါလှိုင်းလုံးက တိထျန်းဆီသို့ ပြေးဝင်လာလေသည်။

တိထျန်းက ရှောင်တိမ်းရန် ပြင်နေသော်လည်း ရုတ်တရက် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ကနဦးကျင့်ကြံစွမ်းအားက ဖရိုဖရဲဖြစ်ပြန်သည်။ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသော်လည်း သူ မရှောင်နိုင်တော့ပေ။

“ဗုန်းးးး...”

ပေတစ်ထောင်ကျယ်သော မြူခိုးတိုင်ကြီးတစ်ခုက ကောင်းကင်မှ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး အလယ်တွင် တိထျန်းရှိနေလေသည်။ ၎င်းက သူ့ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့တယ်။ မြူခိုးတိုင်များက မြေပြင်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်နေလေသည်။ ဟောက်သံများ ထွက်ပေါ်လာပြီး‌နောက် ပြင်းထန်စွာတုန်ခါမှုကြီးက ကုန်းမြေအနှံ့ ပျံ့နှံ့သွားကာ ထောင်နှင့်ချီသော လူများကို ချက်ချင်း ဆုတ်ခွာသွား စေခဲ့သည်။

ဦးတည်ရာပေါင်းစုံမှ စူးစူးရှရှအကြည့်များက စုမင်ပေါ်သို့ကျရောက်လာသည်။ ထိုအကြည့်များက ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်မှုများ၊ ရှုပ်ထွေးမှုများနှင့် ပို၍ပင် အံ့သြခြင်းများဖြင့် ပြည့်နှက်နေ လေသည်။

All Chapters