ကျီအန်းရဲ့တိုက်ခိုက်မှု
Vol. 48 Ch. 668
ထိုသံစဥ်က မာန်ပြည်ထောင်ကို မလိုမုန်းထားသူများအတွက်ဆိုသော သီချင်းဖြစ်သော်လည်း မာန်မျိုးနွယ်စုများ၏မျက်ရည်ထဲရှိပါသောခံစားချက်ကို မည်သို့စာဖွဲ့နွဲ့နိုင်မည်နည်။
စုမင်က မျက်လုံးမှိတ်လိုက်သည်။ သူ ပြန်ဖွင့်လိုက်သော် ညာဘက်လက်မှာ စုတ်တံကို ကိုင်ဆောင်ထားသကဲ့သို့ပင် ဖြစ်နေတော့သည်။အဖြူရောင်နေလုံးကြီးနှင့်ရုပ်တုဧ။်လက်နှစ်ဖက်တိုက်ခိုက်ချိန်အထိ စုတ်တံနှင့်တူသောအရာကို လေထဲ၌ မြှောက်ထားဆဲဖြစ်သည်။
ထိုဆွဲချက်တစ်ချက်၌ မာန်ပြည်ထောင်၏ကံကြမ္မာပါဝင်ပြီး လောကဥပဒေသများ ပါဝင်လေသည်။ စုမင်၏မာန်ပြည်ထောင်အပေါ်ထားရှိသော ကတ်ကဝတ်ကို ပြည့်မြောက်အောင်လုပ်ဆောင်နေသည့်ခမ်းနားသောမြင်ကွင်းတစ်ခုပင်ဖြစ်သည်။
တစ်စုံတစ်ယောက်က ကောင်းကင်ရှိ ကန့်လန့်ကာဟောင်းတစ်ခုကို ဆွဲလှပ်ကာ နောက်ရှိ နေလုံးကြီးကို ထုတ်ဖော်ပြနေသကဲ့သို့ပင် ဖြစ်သည်။ ထိုမြင်ကွင်းက မာန်ကျင့်ကြံသူတို့ကို ဘုန်းကျက်သရေတိုးပွားလာစေသည်။
တစ်ချိန်တည်းမှာပင် စုမင်က ထိုစုတ်ချက်ကို ဆွဲယူလိုက်ရာ နားအူဖွယ်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ရုပ်ထု၏ဘယ်လက်ရှိလျှပ်စီးစွမ်းအားနှင့်ညာလက်ရှိ “အချိန်ပြောင်းပြန်စွမ်းအား”တို့က အဖြူရောင်နေလုံးကြီးနှင့်တိုက်မိသွားလေသည်။
စုမင်က သံစဉ်များကို ရွတ်ဆိုနေစဉ် လောကဥပဒေသများက ပြောင်းလဲသွားပုံရသည်။အထူးသဖြင့် စုမင်၏နောက်ဆုံးစာကြောင်းကိုသတိရနေလိမ့်မည်ဖြစ်သည်။
“ငါ့ရဲ့မာန်ဝိညာဉ် ထွက်ပေါ်လာပြီး အင်မော်တယ်တွေရဲ့အသက်နဲ့ သူတို့ရဲ့ကောင်းကင်ကို သွေးရောင်ဆိုးပစ်မယ်..”
စုမင်ဧ။်ထိုးချက်ကြောင့် အဖြူရောင်နေ
လုံးကြီးအား အလယ်မှ ကွဲအက်သွားတ စေသည်။နောက်ဆုံးတွင် နေလုံးကြီးက လုံးလုံးပေါက်ကွဲသွားကာ ကောင်းကင်ယံ၌ လှိုင်းဂယက်ကြီးတစ်ခုအသွင် ထစေလေသည်။ ဝေဟင်က ကွဲအက်လာပြီး ပြိုကျလာနေလေသည်။
စစ်မြေပြင်ရှိအင်မော်တယ်များက ကြက်သီးများ တဖြန်းဖြန်းထကာ ကြောက်ရွံ့နေလေသည်။ သူတို့အနေဖြင့် ပုန်းစရာနေစရာမရှိတော့ပေ။
ရွှေရောင်ဝတ်ထားသည့်တိထျန်းက နေလုံးကြီးပေါက်ကွဲမှုကြောင့် နောက်သို့ လွင့်စင်သွားလေသည်။ သူ့ပါးစပ်မှ သွေးများ စီးကျလာကာ ဦးခေါင်းပေါ်ရှိ သရဖူသည် အပိုင်းပိုင်းကွဲ ကြေကာ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ ဧကရာဇ် ၀တ်ရုံမှာလည်း စုတ်ပြဲသွားခဲ့သည်။ ရွှေရောင်ဝတ်ထားသည့်တိထျန်းက ဖြူဖပ်ဖြူရော်မျက်နှာဖြင့် အလွန် သနားစရာကောင်းလောက်အောင် ဖြစ်နေလေသည်။ သူ့အကြည့်များက
ယခင်ကကဲ့သို့ တောက်ပမနေတော့ဘဲ သူ့
မျက်လုံးထဲက အာဃာတများက ယခင်ကထက် ပိုပြင်းထန်လာသည်။
ထိုအချိန်တွင် သူ၏ ဒေါသက ကြေကွဲနေသော အပြုံးနှင့် ရောထွေးသွားသည်။စုမင်ကိုလှမ်းကြည့်လိုက်သော် စုမင်ကိုယ်တိုင် အထိန်းအချုပ်မဲ့ စွမ်းရည်များကို ထုတ်သုံးနေလေသည်။
သို့ပေမဲ့...သူ့(တိထျန်း)မှာ လွတ်မြောက်ရန် အခွင့်အရေးမရှိတော့ဟု မဆိုလိုပေ။
တိထျန်း၏ လက်ရှိ သနားစရာကောင်းသော အခြေအနေနှင့် နှိုင်းယှဉ်ပါက စုမင်မျက်နှာ အနည်းငယ် ဖြူဖျော့နေသော်လည်း ယခင်အတိုင်းပင် ငြိမ်သက်နေခဲ့သည်။ သို့သော် သက်တံ၏အရောင်ခုနစ်ရောင်က သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေ၏။ ထိုအလင်းရောင်က သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး ကောင်းကင်ကို ရောင်ပြန်ဟပ်နေပုံရသည်။
ထိုအချိန်တွင် အင်မော်တယ်များက စုမင်နှင့်ပတ်သတ်၍ အတွေးပေါင်းစုံတွေးနေလေသည်။
စုမင်က လောကကြီး၏စွမ်းအားနှင့်ပေါင်းစပ်ပြီး အခွင့်အရေးတစ်ခုအဖြစ် အသုံးချလိုက်သည်။
သူ ကောင်းကင်၊ မြေကြီးနှင့်မာန်ပြည်ထောင်၏အရှင်သခင် ဖြစ်သည်—ဤပြီးပြည့်စုံသောပေါင်းစပ်မှုနှင့်စုမင်ကို တွဲဖက်မြင်လိုက်ရသော် အလွန်တရာ မင်သက်ဖွယ်ကောင်းလောက်သည့်မြင်ကွင်းတစ်ခုဖြစ်နေတော့သည်။ စုမင်ကိုမြင်ရသူတိုင်းက လောကကြီးနှင့်ရင်ဆိုင်ရသကဲ့သို့ ခံစားနေရလေသည်။
ထိုခံစားချက်ကို စကားလုံးဖြင့် မဖော်ပြနိုင်သော်လည်း တစ်ယောက်ချင်းစီ၏နှလုံးသားထဲမှာ တုန်လှုပ်ဆွံ့အနေလေသည်။
“လောကကြီးရဲ့စွမ်းအားနဲ့ ပေါင်းစပ်ထားတာပဲ...”
ကျီအန်းက အသက်ပြင်းစွာရှုရှိုက်လိုက်ပြီး ရေရွတ်လိုက်သည်။စုမင်၏စွမ်းအားက ပထမအဆင့်ကို ကျော်လွန်ပြီး ဒုတိယအဆင့်သို့ ရောက်ရှိနေကြောင်း ပြောပြနိုင်လေသည်။ စုမင်က လောကကြီး၏စွမ်းအားနှင့်ပေါင်းစပ်ပြီးနောက် သူ့စွမ်းအားက အဆမတန်တိုးပွားလာလေသည်။
မူလက စုမင်မှာ မာန်ပြည်ထောင်၏စွမ်းအားကို သူ့အပေါ်မှာ စုဆောင်းထားနိုင်သော်လည်း လုံးဝမပေါင်းစပ်ရသေးပေ။ ယခင်က မာန်ပြည်ထောင်၏စွမ်းအားက စုမင်ကိုယ်ကို ကြားခံသဘောမျိုးအနေဖြင့် သုံးခဲ့သည်။
ယခုမူ စုမင်က ထိုစွမ်းအားနှင့်ပေါင်းစပ်ပြီး ထိန်းချုပ်နိုင်စွမ်းရှိလာသည်။
“ဒါက မာန်နတ်ဘုရားတွေရဲ့ လက္ခဏာပဲ..ငါမျှော်လင့်ထားသလိုပဲ သူက တကယ့်ကိုစတုတ္ထမြောက် နတ်ဘုရားလား..မာန်ပြည်ထောင်ရဲ့ကံကြမ္မာက သူ့ကို ဘုရားသခင်အဖြစ်အသိအမှတ်ပြုလို့ဒါမျိုးတုံ့ပြန်ခဲ့တာပဲ...”
ကျီအန်းက စုမင်ကို စိုက်ကြည့်နေရင်း သူ့နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်တဖွားဖွားပေါ်ပေါက်လာလေသည်။
“မာန်ပြည်ထောင်ရဲ့ကံကြမ္မာက သူ့ကို အသိအမှတ်ပြုတာပဲ..မျှော်လင့်ထားတဲ့အတိုင်း သူက ကံကြမ္မာစစ်စစ်ပဲ..”
ကျီအန်း၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာချိန်တွင် စုမင်က အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ သူ ခေါင်းငုံ့ကာ တိထျန်းဆီသို့ လှမ်းကြည့်လိုက်သည်။ထို့နောက် ရှေ့သို့ အမြန်လျှောက်လိုက်သည်။
“လောကကြီးရဲ့ကံကြမ္မာက ငါနဲ့သက်ဆိုင်နေတယ်...ငါ့လက်နဲ့ တိထျန်း သတ်ပစ်မယ်...”
ဤသည်မှာ မာန်နတ်ဘုရား၏ဘုရားသခင်အဖြစ် သူ၏ကျိန်ဆိုချက်ဖြစ်ပြီး၊ သူက ထိုကျိန်ဆိုချက်ကို ဖြည့်ဆည်းရမည်ဟု ဆိုလိုသည်။
ထိုအချိန်တွင် ရွှေရောင်ဝတ်ထားသည့် တိထျန်းက မယုံနိုင်လောက်အောင် အားနည်းနေသည့် အခြေအနေတွင် ရှိနေသည်။ သူ့အသက်စွမ်းအား လောင်ကျွမ်းမှုက သူ့အတွက် ကြီးမားသော အကြပ်အတည်း ဖြစ်စေခဲ့သည်။ သူ၏ကျင့်စဉ် ကျရှုံးမှုကြောင့် ကြီးမားသော တုံ့ပြန်မှုကို ခံစားခဲ့ရသည်။ထို့ကြောင့် သူက... စုမင်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
စုမင်က သူ့ဆီအရှိန်တင်လိုက်သောအခါ တိထျန်းက ရှောင်တိမ်းရန် မရွေးချယ်ခဲ့ပေ။ သူ့မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာပြီး ဆုံးဖြတ်ချက်အချို့ ချလိုက်ပုံရသည်။ ထိုစဉ် အဝေးမှကျီအန်းက သူ့ခြေထောက်ကိုလျင်မြန်စွာ မြှောက်လိုက်ပြီး လေထုထဲသို့ ပျံသန်းလိုက်သည်။
လောကကြီးက ဟိန်းဟောက်သွားပြီး ကျီအန်းပတ်လတ်မှာ လေပြင်းများ စတင်တိုက်ခတ်လာသည်။
“တော်လောက်ပြီ...”
ကျီအန်းက အေးစက်သောအသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။သူ့ညာလက်ကို မြှောက်လိုက်ပြီး ယပ်တောင်ကို ဖြန့်လိုက်သည်။အတွင်းမှ မြူခိုးထုကြီးက အနက်ရောင်နဂါးကိုးကောင်အဖြစ်သို့ ပြောင်းလဲသွားကာ စုမင်ဆီသို့ ဦးတည်သွားလေသည်။
စုမင်က ကျီအန်း၏တိုက်ခိုက်မှုကို
စောင့်မျှော် နေသည်မှာ ကြာပြီဖြစ်သည်။
သူက နတ်ဆိုးဂိုဏ်းမှ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နောက်ဆုံး အင်မော်တယ်တစ်ယောက်ပါဖြစ်သည်။ စုမင်ကြောင့် တိထျန်း၏ကိုယ်ပွားများ တယောက်ပြီးတယောက် သေဆုံးနေသည်ကို လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
ကျီအန်းက ချက်ချင်း မြင့်မြတ်သောစွမ်းရည်ကို ထုတ်ဖော်လိုက်ရာ စုမင်တစ်ဝိုက်တွင် လှိုင်းဂယက်များထလာသည်။ စုမင် ကို တားဆီးထားသောအလွှာပေါင်းမြောက်များစွာအဖြစ် ပြောင်းလဲသွားသည်။ မကြာခင်မှာပဲ ကျီအန်းက ရှေ့တစ်လှမ်းတိုးပြီး စုမင် ရှေ့မှာ ပေါ်လာလေသည်။
သူ့လက်တစ်ချက်လှုပ်လိုက်ရုံဖြင့် တိထျန်းထက်သာလွန်သောစွမ်းအားက ပေါက်ကွဲသံနှင့်အတူစုမင်ဆီသို့ ဦးတည်သွားလေသည်။ထိုစွမ်းအားနောက်မှ အနက်ရောင် နဂါးကိုးကောင်က ဟိန်းဟောက်ပြီး စုမင်နှင့်နီးကပ်လာလေသည်။
စုမင်က ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။ သူ တိထျန်းကိုစတိုက်ခိုက်ကတည်းက ထိုတိုက်ပွဲက အရမ်းခက်ခဲကြောင်း တွက်ချက်ထားလေသည်။သူက တိထျန်း၏ကိုယ်ပွားများကို တိုက်ခိုက်ရမည်သာမက၊ အလွန်အမင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လျှင် ကျီအန်းကိုပါ တိုက်ခိုက်ရမည်ဖြစ်သည်။
တကယ်တော့… ကောင်းကင်ကြီးက အက်ကွဲ တွန့်လိမ်နေသော်လည်း ဧရာမဝဲဂယက်တိုင်ကြီးနှစ်ခုက လွင့်စင်မသွားဘဲ ရှိနေမြဲပင် ဖြစ်သည်။ ထို့နောက် ၎င်းတို့က ဖုံးကွယ်ထားခံရသကဲ့သို့ နည်းနည်း မှုန်ဝါးလာသည်။
သို့သော် ဤတိုက်ပွဲ၏နောက်ဆုံးအခိုက်အတန့်တွင် အင်မော်တယ်အသစ်များက ဤကမ္ဘာသို့ဆင်းသက်လာမည်ဖြစ်သည်.။တိထျန်းအစစ်က သူ့ကိုယ်ပွားများသေသွားသည်ကိုထိုင်ကြည့်နေမှာ မဟုတ်ပေ။ သူကိုယ်တိုင် ရောက်မလာနိုင်တော့ဘဲ စွမ်းအားကြီးသူများကို စေလွှတ်မည်ဖြစ်သည်။
စုမင်က ထိုအရာကို မတားဆီးနိုင်ခဲ့ပေ။ သူ့မျက်စိရှေ့မှာ နည်းလမ်းတစ်ခုသာရှိတော့သည်။ထိုအရာက တိုက်ပွဲဝင်ရန်သာဖြစ်သည်။
လောကကြီး မှောင်မိုက်သွားသည့်အထိ တိုက်ပွဲဝင်မယ်။ နေနှင့်လမထွန်းမချင်း တိုက်ပွဲဝင်မည်။ ကောင်းကင်သို့ သွေးအိုင်များ တက်လာသည့်အထိ တိုက်ပွဲဝင်မည်။ သန်းပေါင်းများစွာ သောအင်မော်တယ်များကို သေသည့်အထိ တိုက်ခိုက်မည် ။
ထို့အပြင် စုမင်က သူ၏မာန်နတ်ဘုရားရုပ်တုတွင်လက်နှစ်ဖက်သာ ရှိသည်ကို သိထားသည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော တွန်းအားတစ်ခု ရှိနေကြောင်းကို ခံစားရလေသည်...။
သို့ပေမယ့် ထိုခံစားချက်က ပြင်းထန်လာသော်လည်း ပေါက်ကွဲထွက်ရန် မလုံလောက်သေးပေ။ သူ့သွေးက ပွက်ပွက်ဆူမှတ်ကို မရောက်သေးသောကြောင့်ဖြစ်သည်။ မိမိကိုယ်မိမိ သန်မာစေလိုလျှင် ရုပ်တုကို ပြီးပြည့်စုံစွာဖန်တီးပြီး ပြင်းပြင်းထန်ထန် ရုန်းထွက်ရန် လိုအပ်ပေလိမ့်မည်။
ထို့နောက် ပေါက်ကွဲသံများကြားတွင် သူ၏ကိုယ်ပိုင်စွမ်းအား၊ တိုက်ပွဲများနှင့် အန္တရာယ်အားလုံးကို နားလည်ခြင်းဖြင့်၊ ပိုမိုအားကောင်းလာမည်ဖြစ်သည်။
ယခင်က စုမင်က အရာအားလုံးကို လုံး၀နားမလည်ခဲ့ဘဲ ပထမအကြိမ်ရွှေရောင်ဝတ်ရုံတိထျန်းကို ထိုးနှက်ချိန်မှ နားလည်လာခဲ့သည်။ သူအာဃာတကြောင့် ရူးသွပ်စွာ အနိုင်ယူပြီး တိထျန်း ကိုသတ်ရန် ဆုံးဖြတ်လိုက်သည် ။ သူက မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်ကိုရောက်ရှိနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ ထို့ကြောင့်...သူက ထိုနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့သည်။
ထိုအချိန်တွင်၊ သူလိုအပ်သောအရာမှာ မာန်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ကို ဖော်ပြသော နိမိတ်လက္ခဏာများကို ခံစားသိရှိရန်ဖြစ်သည်။ ဤအဆုံးမဲ့တိုက်ပွဲများကြားတွင် သူ့ကိုယ်သူ မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်ရောက်အောင် တွန်းအားပေးမည်။ ထို့နောက် မာန်စိတ်ဝိညာဉ်နယ်ပယ်၏ကြီးကျယ်သော ပြီးမြောက်မှုကို ရယူပြီးနောက် အသက်လမ်းကျင့်စဉ်သို့တက်လှမ်းမည်ဖြစ်သည်။
“ငါ့လမ်းကို ပိတ်ဆို့တဲ့ သူတွေအားလုံးကတိထျန်းနဲ့ အတူတူပဲ..”
သူ့ခန္ဓာကိုယ်ထဲရှိ သွေးများကာပွက်ပွက်ဆူနေလေသည်။ သူ့ ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး လေထုကို သိမ်းပိုက်လိုက်သည်။
မြေပြင်ပေါ်ရှိ နတ်ဆိုးဂိုဏ်းနှင့် အင်မော်တယ်ဂိုဏ်းများအားလုံးကြားတွင် စတင်အသက်သွင်းခဲ့သော အစွမ်းထက်ရတနာများက တိုက်ပွဲများရပ်တန့်သွား သောကြောင့် မရွေ့လျားတော့ပေ။ သို့သော် ပိုင်ရှင်များက ပြန်မသိမ်းကြပေ။
ထိုအချိန်တွင်၊ မြေပြင်ပေါ်ရှိ ထောင်သောင်းမကသောအင်မောတယ်များကြားတွင် ရှိနေသော နတ်ဆိုးဂိုဏ်းမှ သွေးချီလင်များက စုမင်၏ ပစ်မှတ်ဖြစ်လာသည်။
သွေးချီလင်များက ပြန့်ကျဲနေပြီး နတ်ဆိုးရာဂဂိုဏ်း၏ တပည့်များကို အကာအကွယ်ပေးနေလေသည်။
ယခုပင် စုမင်က လေထုကို ဆုပ်ကိုင်လိုက်သောအခါ ထိုသတ္တဝါများက တုန်လှုပ်သွားကာ ကျယ်လောင်စွာ ဟိန်းဟောက်ရန် ဦးခေါင်းကိုပင် မော့လိုက်သည်။
နတ်ဆိုးဂိုဏ်း၏ တပည့်များကို ထိတ်လန့်စေပြီးနောက် ချီလင်များက ထပ်မံဟိန်းဟောက်ကာ ပျံတက်သွားလေသည်။
ထိုချီလင်များက နတ်ဆိုးရာဂဂိုဏ်း၏ ရတနာဖြစ်နိုင်ပြီး ဂိုဏ်းတပည့်များ၏သွေးဖြင့် ဖွဲ့စည်းထားသည်။ ထို့ပြင် မာန်ပြည်ထောင်တွင် ပေါ်ထွက်လာသောကြောင့် ၎င်း၏ကိုယ်ခန္ဓာက မရဏအရှိန်အဝါထူထပ်သည်။
မရဏအငွေ့အသက်က မာန်ပြည်ထောင်တွင် အလိုအလျောက် မွေးဖွားလာခဲ့သည်။ ၎င်းက ဥပဒေသများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် စုမင်က ဤချီလင်ကို အသုံးပြုလိုပါက ဤသားရဲက
သူ့အား မလွန်ဆန်နိုင်ပေ။
သွေးချီလင်က လေထဲသို့ ပျံတက်သွားသော်လည်း စုမင်က သူ့လက်နဲ့ တံဆိပ်တစ်ခုဖန်တီးပြီး ပစ်ထည့်လိုက်သည်။ သွေးချီလင်ထံမှ နာကျင် စွာ အော်သံ ထွက်လာပြီး ၎င်း၏ ခန္ဓာကိုယ်က ပေါက်ကွဲသံ နှင့်အတူ ပြိုလဲ သွားသည်။ ထိုသို့ပြုလုပ်လိုက်သောအခါတွင် မရဲဏ အရှိန်အဝါ အများအပြား ထွက်လာသည်။
ထိုအချိန်မှာလည်း စုမင်၏ နောက်ကွယ်မှ နဂါးနက်ကိုးကောင်က သူ့အပေါ်ကို နီးကပ်လာသည် ။ ကျီအန်းက သူ့ရှေ့တွင် ပေါ်လာသော်လည်း စုမင်၏ အမူအရာမှာ တည်ငြိမ်နေခဲ့သည်။ သွေးချီလင်များတွေ ပြိုကျပျက်စီး နေချိန်၌ သူ့၏ ဘယ်လက်ကို မြှောက်ပြီး တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။
သွေးချီလင်များမှ မရဏအရှိန်အဝါများက လေထဲ၌ကြီးမားသောတံဆိပ်တစ်ခုဖြစ်လာစေသည်။ ထိုအရာက... စိမ်းရင့်ရောင်အသူရာချိပ်တံဆိပ်ပင်ဖြစ်သည်။
“ပေါက်ကွဲစမ်း...”
စုမင်က တိုးတိုးလေးပြောလိုက်သည်။
စိမ်းရင့်ရောင်အသူရာချိပ်တံဆိပ် လျင်မြန်စွာ ပေါက်ကွဲသွားပြီး ကောင်းကင်ကြီးကို တုန်လှုပ်စေခဲ့သည်။ လှည့်ဖြားမှုများကြားတွင် အဆုံးမဲ့မရဏအငွေ့အသက်များ ဖြာထွက်လာသည်။ ထို့နောက် အထက်ကောင်းကင်ယံမှ စုမင်ထံသို့ စုဝေးလာလေသည်။
စုမင်၏ဆံပင်များပျံဝဲကာ သူ့၀တ်ရုံက
တဖျပ်ဖျပ်လွင့်နေပြီး အားလုံးအလယ်တွင် ရပ်နေလေသည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် နီရဲ တောက်လာသည်။
“ငါ့လမ်းကို ပိတ်ဆို့တဲ့သူကို သတ်ပစ်မယ်...”