← Chapters

မာန်နတ်ဘုရားရဲ့သီချင်းထဲက သစ္စာတရား

Vol. 48 Ch. 667

မာန်နတ်ဘုရားရဲ့သီချင်းထဲက သစ္စာတရား

Vol. 48 Ch. 667

ရုပ်တု၏ ဘယ်ဘက်လက်မောင်း ပေါ်လာချိန်တွင် စုမင်၏ စွမ်းအားများအားလုံး သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ထိုပေါက်ကွဲမှုကို ထိန်းချုပ်၍မရဘဲ ရေတွင်းတစ်ခုမှ ရေများဒလဟောစီးလာသကဲ့သို့ ဖြစ်နေလေသည်။ သူ၏ကနဦးကျင့်ကြံမှုစွမ်းအားကြောင့် မာန်စိတ်ဝိညာဉ်နယ်ပယ်ကနဦးအဆင့်၏ အထွတ်အထိပ်သို့ ချက်ချင်းရောက်ရှိသွားသည်။သူ၏ခန္ဓာကိုယ်မှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်စေခဲ့သည်။ ထိုအချိန်တွင် သူ၏ကနဦးကျင့်ကြံစွမ်းအား၏ ပေါက်ကွဲသံများ ခဏရပ်သွားသည်။

ထို့နောက် စုမင်က ခေါင်းကိုမော့ကာ ရှည်လျားသောဟစ်ကြွေးသံကြီးကို ထုတ်လွှတ်လိုက်သည်။ သူ အော်ဟစ်နေစဉ်...

မာန်စိတ်ဝိညာဉ်နယ်ပယ် အလယ်အဆင့်တွင် အားကောင်းသည့်ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

ထိုအဆင့်ကို ရောက်ဖူးသူများက လောကကြီး၏ စွမ်းအားကို ပိုမြန် သောအရှိန်နှုန်းနှင့် စုဆောင်းနိုင်ကြသည်။ အမှန်မှာ၊ ၎င်းတို့က မာန်ပြည်ထောင်အတွင်း ဥပဒေသများကို အသုံးပြုခွင့်ရပြီနောက် ကမ္ဘာ့ဥပဒေသများကိုပါ ထိကိုင်တွယ်နိုင်သည်။

မာန်စိတ်ဝိညာဉ်နယ်ပယ် အလယ်လတ်အဆင့်ရှိ အခြားသူများနှင့်ယှဉ်လျှင် စုမင်က လုံးဝတစ်မူထူခြားလေသည်။

မာန်စိတ်ဝိညာဉ်နယ်ပယ်၏ အလယ်အလတ်အဆင့်တွင် ရှိနေခြင်းသည် သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်၊ မာန်နတ်ဘုရားရုပ်တု၏ ဘယ်ဘက်နှင့် ညာဘက်လက်များတွင် ပါရှိသော မတူညီသော စွမ်းအားများကို ထုတ်သုံးရန် လုံလောက်နေပြီဖြစ်သည်။

စုမင်၏ကနဦးကျင့်ကြံစွမ်းအားပေါက်ကွဲလာသည်နှင့်အမျှ သူ့စိတ်ထဲတွင်ရှိနေသော ချိပ်တံဆိပ်က ပို၍ပင် ပြိုပျက်သွားသည်။ ပုံသဏ္ဍာန်အားဖြင့်တော့ အချိန်မရွေး ပျက်စီးလုနီးနီးပင်ဖြစ်သည်။ သို့သော် စုမင်က သူ့အမှတ်တရထဲရှိချိပ်တံဆိပ်ကို အပြည့်အ၀ချိုးဖျက်ရန် တားဆီးရန် ကြိုးပမ်းရာတွင် မူလဇာစ်မြစ်ကို မသိရသေးသော စွမ်းအားတစ်ခု ရှိနေသေးသည်။

စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်ကနဦးအဆင့်တွင် ရှိနေစဉ်တွင် ၎င်းကို သိရှိပြီးသားဖြစ်သည်။သို့သော် သူ့အတွင်းမှ ပြင်ပစွမ်းအား၏ အရိပ်အယောင်များကိုသာ မြင်နိုင်သည်။ သို့သော် သူ မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်သို့ရောက်ရှိသွားသောါ ချိပ်တံဆိပ်က ပို၍ကျိုးကြေသွားလေသည်။

ထိုပြင်ပစွမ်းအားက မာန်ပြည်ထောင်၏ နယ်မြေ မှ မဟုတ်ဘဲ ကောင်းကင် ထက် ... အင်မော်တယ်နဂါးငွေ့တန်း မှ ဆင်းသက် လာ သည် ဟု နားမလည်နိုင် စွာ ခံစား မိ သည် ။

တကယ်တော့ စုမင်က သူ့စွမ်းအား နည်းနည်းပိုတိုးလာလျှင် ပြင်ပစွမ်းအားအရင်းအမြစ်ကို ရှာတွေ့နိုင်ပြီး သူ့အမှတ်တရများကို မည်သူက အတိအကျ တံဆိပ်ခတ်ထားကြောင်း သိနိုင်လိမ့်မည်။

စုမင်မှာ အဖြေရှိပြီးသားဖြစ်လျှင်တောင် သူ သိချင် မြင်ချင်နေဆဲပင်ဖြစ်သည်။ အင်မော်တယ်ပြည်ထောင်တွင် နေထိုင်သော တိထျန်း အစစ်အမှန်ကို မြင်ဖူးချင်လှသည်။

ထိုခဏ၌ပင် ကျီအန်းက ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူက အရှေ့မြေရိုင်းမျှော်စင်ပိုင်ဆိုင်မှုအတွက် တိုက်ပွဲကို ခေတ္တအ ရှုံးပေးခဲ့သည်။ သူ့လုပ်ရပ်က တိထျန်းကို ကူညီသလိုဖြစ်နေသလို ဖြစ်နေသော်လည်း သူလည်းပဲ အင်မော််တယ်တစ်ယောက်ဖြစ်နေ၍ပင်ဖြစ်သည်။

စုမင်က ဆက်လက်အားကောင်းလာမည်ကို လက်ပိုက်ကြည့်မနေနိုင်တော့ပေ။သူ

ထိုကဲ့သို့ရလဒ်မျိုးကို လက်မခံနိုင်ပေ။

‘ဒါတွေအားလုံးက တိထျန်းလုပ်ခဲ့တာ.. သူ့အစီအစဥ်တွေကို ငါမသိပေမဲ့ ရှင်းရှင်းလင်းလင်းပြောရရင် သူ မအောင်မြင်ဘူး.... ကံကြမ္မာ(စုမင်)ကို ဒီလိုပုံစံထိရောက်အောင် တွန်းပို့လိုက်သလိုပဲ...”

ကျီအန်း၏အမူအရာက မှောင်မိုက်သွားခဲ့သည်။ သူချက်ချင်းမတိုက်ခိုက်ဘဲ စုမင်ကို စိုက်ကြည့်ကာ အခွင့်အရေးကို စောင့်ရန် ရွေးချယ်ခဲ့သည်။

‘ပြီးတော့ ဒီရုပ်တု… ဒါကမာန်နတ်ဘုရားရုပ်တု မဟုတ် သေးဘူး... ငါ မာန်ကျင့်ကြံသူတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တယ်..မာန်စိတ်ဝိညာဉ်နယ်ပယ်ရောက်ရင် ဒီလိုရုပ်တုမျိုး ပေါ်လာတာမျိုး တခါမှ မကြားဖူးပါဘူး..”

‘ပုံမှန်ဆိုရင်..မာန်စိတ်ဝိညာဉ်နယ်ပယ်ရောက်တာနဲ့..ရုပ်တုတွေက ရုပ်ပိုင်းဆိုင်ရာအသွင် အပြည့်အဝရတယ်..ဒါပေမဲ့ ဒီစုမင်ကသူရဲ့ဝိညာဉ်ကို နှစ်ကြိမ်ပေါင်းစပ်ထားတာတောင် လက်နှစ်ချောင်းပဲ ဖန်တီးနိုင်သေးတယ်...”

“ငါတို့ သူ့ကို ဒီအတိုင်းသာ ဆက်ထားလိုက်ရင် မာန်နတ်ဘုရားရုပ်တုက လုံးဝကို ပေါ်ထွက်ပြီးရင် သူ့စွမ်းအား ဘယ်လောက်တောင်ကြီးလာလိမ့်မလဲ...”

“နတ်ဆိုးဂိုဏ်းရဲ့စုံစမ်းစစ်ဆေးမှုအရ တတိယမာန်နတ်ဘုရားက ပထမမာန်နတ်ဘုရားရဲ့အမွေအနှစ်ကိုရထားတယ်လို့ ပြောကြတယ်...ဒုတိယမာန်နတ်ဘုရားလည်း အတူတူပဲ.. ဒါပေမဲ့ ပထမမာန်နတ်ဘုရားမှာ ဘာတွေဖြစ်ပျက်ခဲ့မှန်း ငါတို့ မသိရသေးဘူး..”

ကျီအန်းက ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ နှလုံးခုန်သံမြန်ဆန်လာသည်။သူ့ခေါင်းကို အမြန်မော့ပြီး စုမင်၏လက်များကို စိုက်ကြည့်နေလေသည်။ သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားလေသည်။

‘အတိတ်က အချုပ်အခြာအာဏာပိုင်”ချီ”က ခန့်မှန်းချက်တစ်ခု လုပ်ခဲ့တယ်...ပထမမာန်နတ်ဘုရားရဲ့အမွေအနှစ်က တတိယနတ်ဘုရားရောက်တာနဲ့ အဆုံးသတ်မယ်လို့ပြောခဲ့တယ်.. နောက်ထပ်မာန်နတ်ဘုရားမပေါ်ထွက်လာနိုင်လောက်ဘူး...”

“ပထမမာန်နတ်ဘုရားရဲ့အမွေအနှစ်ကို မရခဲ့ရင်တောင် နောက်တစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်စွမ်အားကို သုံးမယ်..

ပထမနတ်ဘုရားနဲ့ဆင်တူတဲ့လမ်းကို လျှောက်လှမ်းပြီး နတ်ဘုရားအသစ်တစ်ပါးဖြစ်လာတာပဲ..ဒါဆိုရင် အချုပ်အခြာအာဏပိုင်”ချီ”ပြောထားတဲ့ ဟောကိန်းထက်ကျော်လွန်သွားပြီ...”

“သူက မာန်ပြည်ထောင်ရဲ့ကံကြမ္မာကို သူ့အပေါ်မှာ စုစည်းပြီး သူရဲ့မာန်ဝိညာဉ်က တစ်မူထူးခြားပြီး ထွက်ပေါ်လာတယ်...မာန်ပြည်ထောင်တစ်ခုလုံးမှာ နှင်းတွေကျလာပြီး မိုးကြိုးတွေက ကောင်းကင်ကို အစားထိုးလိုက်ကြတယ်.. ဒါတွေအားလုံးက စုမင်က စတုတ္ထမာန်နတ်ဘုရားဆိုတာ သက်သေပြနေတာပဲ...”

ကျီအန်းက ပို၍ပင် မျက်မှောင်ကြုတ်သွားကာ သူ၏အမူအရာသည်လည်း လျင်မြန်စွာ ပြောင်းလဲလာသည်။

အဆုံးတွင် သူ၏နှလုံးသားအတွင်း၌ သတ်ဖြတ်လိုစိတ် အဆထောင်ပေါင်းများစွာ တိုးလာသည်။ မာန်ပြည်ထောင်မှာ မာန်နတ်ဘုရားအသစ်ပေါ်ထွက်လာမည်ကို အင်မော်တယ်များ လုံးဝခွင့်မပြုနိုင်ပေ။

အထူးသဖြင့် ပထမမာန်နတ်ဘုရား၏အမွေအနှစ်ကို လက်ခံမရရှိဘဲ ပထမမာန်နတ်ဘုရားကဲ့သို့ ကိုယ်ပိုင်စွမ်းအားဖြင့် မာန်နတ်ဘုရားဖြစ်လာမည်။ ကိုယ်တိုင် မာန်နတ်ဘုရားဖြစ်လာမည့်သူက မာန်ပြည်ထောင်၏ကံကြမ္မာကိုလက်ခံရရှိပြီး လောကကြီးကို ဇောက်ထိုးမှောက်ခုံလုပ်နိုင်လေသည်။

သို့သော်လည်း စုမင် မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်တက်လှမ်းနေချိန်တွင် ကျီအန်းက ထိုကဲ့သို့ ဆုံးဖြတ်ခဲ့သည်။ထို့နောက် တိထျန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ညာလက်ကို ဆန့်ထုတ်‌ဆသာ် ချက်ချင်းဆိုသလိုပင် လောကကြီးက ဟိန်းဟောက်သွားသည်။

ထိုခဏချင်းတွင် နှေးကွေးသွားသော အရာများအားလုံးက ပျောက်ကွယ်သွားပြီး လောကကြီး၏ ဖိအားများလည်း ပျက်ပြယ်သွားလေသည်။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီးနောက် စုမင်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ထိုအချိန်တွင်လည်း ရွှေဝတ်ရုံတိထျန်းက လေထဲတွင် တဟုန်ထိုး ပျံသန်းနေလေသည်။ သူ့ခန္ဓာကိုယ်ကို ယဇ်ပူဇော်ခြင်းဖြင့် ကောင်းကင်‌ဖောက်ထွင်းကျင့်စဉ်ကို အကောင်အထည်ဖော်ခဲ့သည်။ထို့နောက်

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စုမင်ဆီသို့ ဦးတည်သွားသည်။

အဖြူရောင်နေမင်းကြီးတွင် ကြီးမားသော တန်ခိုးနှင့် ကမ္ဘာရှိ အရာအားလုံးကို ချေမှုန်းပစ်နိုင်သော တည်ရှိမှုတစ်ခုပါရှိသည်။ ယခင်က ဟုန်လော့မှာလည်း ထိုကျင့်စဥ်ကို မယှဉ်နိုင်ခဲ့ပေ။ လွန်ခဲ့သော နှစ်များစွာက ထိုကျင့်စဥ်ကြောင့် စုမင်မှာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ နောက်ဆုံးတွင် သေမင်း၏တံခါးဝတွင် ရှိနေစဉ် တစ်စုံတစ်ဦးမှ ကယ်ထုတ်ခေါ်ဆောင်သွားခဲ့သည်။

သို့သော် ထိုကျင့်စဥ်ကို ချိုးဖျက်ရန် နည်းလမ်းမရှိဟု မဆိုလိုပေ။ မာန်နတ်ဘုရားသခင်ထံမှ စွမ်းအားကို အသုံးပြု၍ တိထျန်းကို ပထမအကြိမ် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ပြင် ကျင့်စဥ်ကို ချိုးဖျက်နိုင်ရုံသာမက တိထျန်း၏ ကိုယ်ပွားများထဲမှ တစ် ယောက်ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။

ယခင်က သူ လုပ်ဆောင်နိုင်ခဲ့သည်။ ယခု သူ၏လက်ရှိစွမ်းရည်ဖြင့် ပထမမာန်နတ်ဘုရား အကူအညီမပါဘဲပင်ထပ်မံလုပ်ဆောင်နိုင်မည်ဖြစ်သည်။

စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ မျက်လုံးထဲတွင် စွဲမက်ဖွယ် အလင်းတန်းတစ်ခု ပေါ်လာပြီး

ဝင်လာသော အဖြူရောင် နေရောင်ကို ဆန့်ကျင်ရန် ညာလက်ကို မြှောက်လိုက်သည်။ ရုပ်တု၏ ညာလက်ရုံးက ချက်ချင်း ချိပ်တံဆိပ်ဖန်တီးပြီး အဖြူရောင် နေရောင်ဆီသို့ ဦးတည်သွားလေသည်။

ရုပ်တု၏ညာလက်က နဝမမြောက်တောင်ထွဋ်နှင့်နက်မှောင်တောင်ပေါင်းစည်းထားသောကြောင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ၎င်းမှ များပြားလှသော ဖိအားများ ပျံ့နှံ့သွားသည်။ကံကြမ္မာ၏အချိန်ကိုပြောင်းပြန်ဖြစ်စေသော စွမ်းရည်ပါသောကြောင့် ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်းကိုညှိုးနွမ်းသွားသကဲ့သို့ ဖြစ်သွားစေသည်။ ထိုစဉ် ကောင်းကင်ရှိ ဟင်းလင်းပြင်က လက်သီးဖြင့်ထိုးနှက်ခံရသကဲ့သို့ အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

အင်မော်တယ်များသာ အချိန်ကုန်ဆုံးမှုကို သတိထားကြည့်ခဲ့လျှင်တောင် အချိန်ပြောင်းပြန်စွမ်းရည်၌ လက်သီးချက်မည်မျှပါဝင်ကြောင်း မှန်းဆနိုင်မည်မဟုတ်ပေ။ယင်းအစား အဆုံးမဲ့ နောက်ဆက်တွဲရုပ်ပုံများကိုသာ မြင်တွေ့နိုင်မည်ဖြစ်ပြီး ကျင့်စဉ်ပေါ်ထွက်လာသည့် နေရာတစ်ဝိုက်က ဖျက်ဆီးခံရသကဲ့သို့ ဖြစ်နေစေသည်။

အရာအားလုံးက တခဏအတွင်း ဖြစ်သွားသကဲ့သို့ပင်ဖြစ်သည်။

လက်သီးချက်က နေလုံးကြီးနှင့်နီးကပ်လာသောအခါ လောကကြီးက အရောင်ပျက်ပြယ်သွားလေသည်။ ညာလက်က အဖြူရောင်နေလုံးကြီးနှင့် ပိုမိုနီးကပ်လာစေရန် အချိန်၏ နောက်ပြန်လှည့်မှုကို ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေသည်။

တစ်ချိန်တည်းတွင် စုမင်က သူ၏ ဘယ်လက်ကို မြှောက်လိုက်ပြီး အဖြူရောင် နေလုံးကြီးဆီသို့ ချိန်ရွယ်လိုက်သည်။ ၎င်းနှင့်အတူ၊ သူ၏ရုပ်ထု၏ ဘယ်ဘက်လက်က ချက်ချင်းပင် ကြက်သွေးရောင် ၊ သွေးနီရောင်လရောင်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုနေရာတစ်ဝိုက်တွင် အဆုံးမဲ့ နှင်းထုကြီးသည်လည်း ပေါ်လာပြီး သွေးဆာသော အဖျက်စွမ်းအားတစ်ခုအပြင် အရာအားလုံးကို ဖြိုခွဲပစ်ရန် ရည်မှန်းထားသည်။

ရုပ်တု၏ ဘယ်ဘက်လက်မောင်းတွင် အလင်းတန်းကိုးခု ပေါ်လာသည်။ ၎င်းတို့က ဟိန်းဟောက်သံနှင့်အတူ စကြာဝဠာကြီးကို ဖြိုခွဲလိုက်သကဲ့သို့ ဧရိယာတစ်ခုလုံးကို ဝိုင်းရံထားကြသည်။ ဘယ်လက်က အဖြူရောင်နေလုံးကြီးဆီသို့ တစ်ဟုန်ထိုး ချီတက်လေသည်။

ရုပ်တု၏လက်များတွင် စုမင်၏စိတ်ဆန္ဒနှင့်အတူ ကျင့်စဉ်များပါရှိသည်။ ရုပ်ထု၏လက်နှစ်ဖက် စုစည်းမိသော် စွမ်းအားက စုမင်မှန်းထားသည်ထက် သာလွန်နေလေသည်။

အဲဒါ…

“တာ...အို....တာအို...တာအိုစွမ်းရည်..”

ကျီအန်းက အသက်ပြင်းပြင်းရှုရှိုက်လိုက်သည်။ သူ့အဆင့်အတန်းကို ထောက်ထားနေ၍သာ၊ သူအနေဖြင့် အော်ဟစ်အကူညီတောင်းလိုက်ချင်တော့သည်။

ထိုစဥ် အင်မော်တယ်၏ စိတ်ထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပြီး

ပါးစပ်အဟောင်းသားဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ ရှန်းတုန်ကဲ့သို့ စွမ်းအားကြီးနယ်ပယ်ကြီးနယ်ပယ်ရှိကျင့်ကြံသူများပင် စုမင်ကိုကြည့်ရင်း အံ့ဩမင်သက်နေကြလေသည်။

ထိုအရာက တကယ့်တာအိုစွမ်းရည်ဖြစ်သည်။အင်မော်တယ်များကြားထဲတောင် ထိုစွမ်းရည်ကို ကျွမ်းကျင်သူရှားပါးလေသည်။

“တာအို...”

ထျန်းလန်းမုန်းက လူအုပ်ကြားတွင် ရပ်နေချိန်တွင် ဒူးများယိုင်နဲ့ သွားသည်။ ကောင်းကင်ကြီးရှိစုမင်ကို တိတ်တဆိတ် စိုက်ကြည့်ရင်း အောက်နှုတ်ခမ်းကို ကိုက်လိုက်သည် ။ သူမ၏ နှလုံးသားက ဗလာဖြစ်ပြီး နာကျင်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ယခင်က သူမနှင့်စုမင်အကြား အနာဂတ်မှာ ‌လက်တွဲနိုင်ခြေ အားနည်းခဲ့ကြောင်း သူမ မှတ်မိနေသေးသည်။သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူမက

ယင်ကိုးပါး‌ လောကတွင် ထိုထူးခြားသော လုပ်ဆောင်ချက်ကို လုပ်ဆောင်ခဲ့ရာ ထိုဖြစ်နိုင်ခြေမှာ ဖြတ်တောက်သွားခဲ့သည်။

နှစ်တွေကြာလာသည်နှင့်အမျှ သူမက အတိတ်ကို မေ့ပစ်ရန် တွေးထားခဲ့သည်။သို့ပေမဲ့ စစ်မြေပြင်မှာစုမင်ကို မြင်လိုက်ရချိန်၌ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျနေလေသည်။

“သူက နင်နဲ့မလိုက်ဖက်ဘူး...”

သူမဘေးရှိထျန်းလန်းယို့က ရင်လေးစွာဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ရုပ်တုမှလက်နှစ်ဖက်က အဖြူရောင် နေလုံးကြီးနှင့်တိုက်မိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။ယင်းအရှိန်ကြောင့် မြေပြင်ပေါ်ရှိ အင်မော်တယ်များကို သွေးအန်စေခဲ့သည်။

မြောက်မြားစွာသောအင်မော်တယ်များက ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ပြင်းထန်သော နာကျင်မှုကို အံကြိတ်ကာ ခံစားခဲ့ရသည်။သူတို့အားလုံးက နာကျင်ခံစားရတာတောင် စုမင်ဆီသို့ လှမ်းကြည့်ကာ သူ၏တာအိုစွမ်းရည် နှင့် တိုက်ပွဲ၏ အဆုံးသတ်ကို စောင့်ကြည့်ကြလေသည်။

ထိုကျယ်လောင်သောအသံကြားတွင် စုမင်က မျက်လုံးများကို မှိတ်ထားပြီး

ညာဖက်လက်ဖြင့် သူ့ပန်းချီကားတစ်ချပ်ကို ဆွဲတော့မည်ဟန်ပြင်နေလေသည်။

ထိုတစ်ချက်က မာန်ပြည်ထောင်အတွက်သာဖြစ်သည်။

သူ့ဘ၀တွင် ထိုစွမ်းရည်ကို အကြိမ်ပေါင်းများစွာအသက်သွင်းခဲ့ဖူးသော်လည်း ယခုကဲ့သို့အခြေအနေမျိုးတွင် အသုံးမချခဲ့ဖူးပေ။ သူ့ကိုယ်ပေါ်မှာ မာန်ပြည်ထောင်၏ကံကြမ္မာ...စတုတ္တမာန်နတ်ဘုရား၏အရိပ်အယောင်များရှိနေလေသည်။

မာန်နတ်ဘုရား၏သီချင်း(စာသား)ကို သူပထမဆုံးအကြိမ် ရွတ်ဆိုလိုက်ခြင်းဖြစ်သည်။

“ငါမွေးတဲ့ပြည်က စကြဝဠာရဲ့ နိယာမတရားတွေအတိုင်း ကျင့်သုံးနေဆဲ.. ငါမွေးစဉ်က ငါတို့မျိုးနွယ်စုက အားနည်းသွားတယ်...”

“ကောင်းကင်က အကြင်နာမဲ့ရင် ငါတို့အားလုံး ခွဲခွာရလိမ့်မယ်..မိခင်မြေကြီးက အကြင်နာမဲ့တော့ ငါ့ရဲ့နက်မှောင်တောင်ကို သေဆုံးစေခဲ့တယ်...”

“ကောင်းကင်မှာ မျက်စိမရှိရင် ကောင်းကင်ပေါ် တက်လှမ်းပြီး ငါကြည့်မယ်...”

“မာန်ပြည်ထောင်ရဲ့ကံကြမ္မာက ငါနဲ့ သက်ဆိုင်‌နေတယ်.. ငါ့လက်နဲ့ တိထျန်းကို သေချာ ပေါက်သတ်ပစ်မယ်..”

“နတ်ဘုရားတွေမှာ ဝိညာဉ်မရှိရင် နတ်ဘုရားတွေကို သတ်ပြီး ဧကရာဇ်မင်းဖြစ်လာရမယ်လို့ ငါကျိန်ဆိုတယ်...”

“ငါ့ရဲ့မာန်ဝိညာဉ် ထွက်ပေါ်လာပြီး အင်မော်တယ်တွေရဲ့အသက်နဲ့ သူတို့ရဲ့ကောင်းကင်ကို သွေးရောင်ဆိုးပစ်မယ်..”

စုမင်မှ မာန်ပြည်ထောင်အပေါ် မလိုတမာထားသူ ချေမှုန်းရေး (စာသား) ဟစ်ကြွေး

သံများကို အားမာန်အပြည့်ဖြင့် သီဆိုခဲ့သည်။

All Chapters