မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်
Vol. 48 Ch. 666
လောကကြီးထဲတွင် ဟိန်းဟောက်သံများဖြင့် ပြည့်နှက်နေလေသည်။ကောင်းကင်ယံ၌သက်တံ့တို့၏အရောင်ခုနစ်ရောင်က ပို၍ပြန်ကျယ်လာကာ အဆုံးမဲ့ဖြစ်ဘာသည်။စုမင်၏ စကားတစ်ခွန်းက စကြဝဠာကြီးကို တုန်လှုပ်သွားစေသကဲ့သို့ ကောင်းကင်မှ တွန့်လိမ်ပုံပျက်ခြင်းများက ဆုတ်ဖြဲခံရတော့မည့်အသွင်လက္ခဏာပြသလာလေသည်။
စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်ကနဦးအဆင့် စွမ်းအားဖြင့် ရွှေရောင်ဝတ်ရုံတိထျန်းကို အနိုင်မယူနိုင်သောကြောင့် နောက်ထပ်အဆင့်တက်ရန် လုပ်ဆောင်နေလေသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ပြင်ကြီး၏ ပြောင်းလဲမှုများက ပို၍ပြင်းထန်လာကာ စုမင်၏ ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းကြီးက ချက်ချင်းပင် ထွက်ပေါ်လာ
လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လောကကြီးတစ်ခုလုံး ပြည့်နှက်သွားပြီး အရာအားလုံးက နှေးကွေးငြိမ်သက်သွားလေသည်။
ထိုရွှေဝါရောင်ဝတ်ရုံတိထျန်း၏ အဖြူရောင်နေလုံးကြီးက ကောင်းကင်သို့ နှေးကွေးစွာ တက်လာပြီး ပိုမိုကြီးထွားလာသည်။ ၎င်းက ကြီးမားသော စွမ်းအားများဖြင့် ဖုံးလွှမ်းထားသည်။ ထိုကြီးမားသော စွမ်းအားက လောကကြီး၏ စွမ်းအားဖြစ်သည်။ ထိုအရာက နေရာတစ်ခုကို ဖိနှိပ်သိမ်းပိုက်ခြင်းဟူခေါ်သော မာန်ပြည်ထောင်၏ကံကြမ္မာနှင့်တူသော မာန်ပြည်ထောင်ဥပဒေသလည်းဖြစ်သည်။
စုမင်က လေထဲ၌ ရှိနေပြီး မျက်လုံးမဖွင့်ရသေးပေ။ သူ၏ ကျင့်ကြံမှုအဆင့်ကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်ခဲ့ခြင်းမဟုတ်ပေ။သို့သော် သူက ရိုးရေစတေးနယ်ပယ် ကိုဖြတ်ကျော်ပြီး မာန်စိတ်ဝိညာဉ်ကနဦးနယ်ပယ်သို့ ရောက်ရှိသွားသောအခါ သူ့စိတ်ထဲတွင် ခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။အကယ်၍ မာန်နတ်ဘုရားရုပ်တုသာ ပြီးပြည့်စုံစွာ ဖြစ်လာခဲ့လျှင် ယခင်က မရောက်ရှိခဲ့ဖူးသောအတိုင်းအတာတစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။
ထိုခံစားချက်က လွန်စွာ ပြင်းထန်ခဲ့လေသည်။ သူ တိထျန်းကို တိုက်နေချိန်တွင် ပို၍ သန်မာလာနိုင်သည်ဟု ခံစားလာရလေသည်။
“ငါ့ရုပ်တုက မပြည့်စုံသေးဘူး… သူ့မှာ ညာလက်တစ်ဖက်ပဲ ရှိသေးတယ်..…”
စုမင်က တိုးတိုးလေးပြောပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ ချက်ချင်းပင် သူ့မျက်လုံးထဲတွင် တောက်လောင်နေသော မီးတောက်များ ပေါ်လာသည်။ ထိုအလင်းရောင်က ကြက်သွေးရောင်ဖြစ်ပြီး ၎င်းမှာ သွေးလရောင်ဖြစ်သည်။
တောက်လောင်နေသော သွေးလရောင်က သွေးလောင်ကျွမ်းခြင်းအား သတိရစေပြီး စုမင်ကို လေထဲ၌ ပို၍ပင် ထူးထူးဆန်းဆန်း ဖြစ်နေဟစေသည်။ သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ခေါင်းထက်မှာ စက်ဝိုင်းပြတ်တစ်ခုကို ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ညာလက်က မြှောက်တက်လာကာ သူ့ဘယ်လက်ဆီသို့ ထိလိုက်ပြီး ပြီးပြည့်စုံသော စက်ဝိုင်းတစ်ခုဖြစ်လာစေသည်။
စက်ဝိုင်းအတွင်းတွင် အနီရောင်အလင်းတန်းများ ထွန်းလင်းတောက်ပနေလေသည်။ မြင်နိုင်သူတိုင်းက စုမင်၏လက်များက သွေးနီရောင်လအဖြစ် ပြောင်းလဲသွားသလို ထင်ရသည်။ လရောင်က အရပ်ရပ်သို့ ထွန်းလင်းတောက်ပလာသဖြင့် မြေပြင်တစ်ခုလုံး ချက်ချင်းနီရဲသွားလေသည်။
“ငယ်ငယ်တုန်းက လက မီးကြောင့် သွေးလို နီရဲနေခဲ့တယ်...”
စုမင်၏ အသံက တဟုန်ထိုး တုန်ခါသွားကာ လက်နှစ်ဖက်ကို ခွာလိုက်သော်လည်း သူဖန်တီးထားသော သွေးနီရောင်လက ပျောက်ကွယ်မသွားပေ။ ယင်းအစား၊ ၎င်းက ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်ရရှိပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့နောက် လောကကြီးမှ အဆုံးမဲ့ စွမ်းအားအားလုံးကို စုပ်ယူလိုက်သည်။
ထိုအခိုက်အတန့်တွင် သွေးနီရောင်လက တကယ့်လသဏ္ဍာန်နှင့်တူပြီး စုမင် ၏အထက်တွင် ရှိနေခြင်းက မြင်သူအားလုံး၏ နှလုံးသားကို အယောင်ယောင်အမှားမှားဖြစ်ကာ တုန်လှုပ်စေသည်။
ထိုမြင်ကွင်းကို အဝေးမှမြင်လိုက်သောကျီအန်းက ကြက်သေသေမိသွားသည်။
သူက သွေးနီရောင်လကို တိတ်တဆိတ်ကြည့်ရှုပြီးနောက် စုမင်ကို ကြည့်လိုက်သည်။ ထို့နောက် မာန်ပြည်ထောင်၏စွမ်းအားဖြင့် ဖိနှိပ်ခြင်းခံရသော တိထျန်းကို တွေ့လိုက်ရသည်။ တိထျန်းက ကောင်းကင်ဖောက်ထွင်းစွမ်းရည်ကို အကောင်အထည်ဖော်သော်လည်း ဖိနှိပ်ခံနေရဆဲဖြစ်သည်။
လူအများရှေ့တွင် စုမင် သာလျှင် ထိုနေရာ၌ တုနှိုင်းမဲ့ တည်ရှိနေခဲ့ပြီး လူတိုင်း၏ တစ်ခုတည်းသော အာရုံစိုက်မှု ဖြစ်လာခဲ့သည်။
ကွဲအက်နေသော ကောင်းကင်ယံရှိ သွေးနီရောင်လသဏ္ဌာန်က ကျယ်လောင်သော မြည်ဟည်းသံများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအသံများက နောက်ဆုံးအကြိမ်ထက် ပိုမိုကျယ်လောင်လာကာ နောက်ဆုံးတွင် နားများအူလာသည့်အထိ ဖြစ်စေခဲ့သည်။
“တစ်ခါတုန်းက လူတစ်ယောက်ကပြောဖူးတယ်..ကျွန်မတို့ ဒီနှင်းထဲမှာ ဆက်လျှောက်ရင် ဆံပင်တွေဖြူသွားတဲ့အထိလက်တွဲရမှာလား...”
“နှစ်ပေါင်းများစွာကြာတော့မှ အဲဒီမြင်ကွင်းကို အခုထိ အမှတ်ရနေသေးပေမဲ့ တစ်ချိန်တည်းမှာပဲ ပုံရိပ်ယောင်တစ်ခုလိုပါပဲ... ဒါပေမဲ့ အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် အရေးမကြီးပါဘူး..အဲဒီနေ့မှာ နှင်းတွေက ငါ့ဆံပင်ကို အဖြူရောင်ပြောင်းသွားစေခဲ့တာပဲ...”
စုမင်က တိုးတိုးလေးပြောလိုက်ပြီး လွမ်းဆွတ်နေသော ဝမ်းနည်းပူဆွေးမှုတွေက သူ့မျက်လုံးတွေမှာ ပေါ်လာသည်။ နှင်းတွေကြားထဲ ဖြတ်လျှောက်နေသော လူနှစ်ယောက်၏ ပုံရိပ်များက သူ့အမြင်အာရုံရှေ့မှာ တဖြည်းဖြည်း ပေါ်လာသည်။သူတို့ လမ်းလျှောက်လာရင်း နှင်းပွင့်များက သူတို့ပုံရိပ်များကို တဖြည်းဖြည်း ဖုံးကွယ်သွားခဲ့သည်။
စုမင် မြင်မြင်သမျှအရာအားလုံးက သူ့အမှတ်တရများအားလုံးကို ဖုံးလွှမ်းနေသော အဆုံးမဲ့နှင်းများအဖြစ်သို့ ပြောင်းလဲသွားစေပြီး ထိုရုပ်နှစ်ပုံကို ရှာမတွေ့နိုင်တော့ပေ။ သူမှတ်မိသမျှမှာ နှင်းများက ဆံပင်များကို အဖြူရောင်ပြောင်းသွားစေခဲ့ခြင်းဖြစ်သည်။
စုမင်၏ ဝမ်းနည်းပူဆွေးသော နှလုံးသားမှ သက်ပြင်းတစ်ချက် ထွက်ပေါ်လာပြီး လှိုင်းလုံးများအဖြစ် ပဲ့တင်ထပ်သွားသည်။
အက်ကွဲ နေသော ကောင်းကင်းတွင် နှင်းပွင့်များက တိတ်တဆိတ် ပေါ်လာပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ စုမင်၏ ခန္ဓာကိုယ်နှင့် သူ့ဆံပင်ပေါ်သို့ ကျဆင်းသွားပြီး သူ့ဆံပင်များကို အဖြူရောင် ပြောင်းသွားစေသည်။
နှင်းပွင့်များက လေတိုက်ခြင်းမရှိဘဲ ဖြည်းညှင်းစွာ ကျဆင်းလာသည်။ စုမင်ပတ်လည် နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး သောင်းနှင့်ချီသော အင်မော်တယ်များ၏ အကြည့်များကို ဖုံးကွယ်ထားသည်။ ကျယ်ပြောလှသော လောကကြီးကို တဖြည်းဖြည်း ဖုံးလွှမ်းလာခဲ့သည်။
သွေးရောင်လက ကောင်းကင်၌ရှိ၍ နှင်းများ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ နှင်းထဲ၌ ရပ်နေသောစုမင်နှင့်ပေါင်းစပ်လိုက်လျှင် ထိုမြင်ကွင်းက အင်မတန်
လှပသော ဓါတ်ပုံတစ်ပုံ ဖြစ်သွားသည်။ သို့သော် ဤအလှတရား၏ ပြီးပြည့်စုံမှုမှာ ရယ်မောဖွယ်ရာ မပြည့်စုံမှုတစ်ခု ရှိနေပါသည်။
ဤသည်ကို မြင်သူအားလုံး၏ နှလုံးသားထဲတွင် တုန်လှုပ်စရာ ခံစားမှုတစ်ခု တိုးလာကာစေသည်။
“သွေးနီရောင်လဟာ ငါ့ဝိညာဉ်ဖြစ်ပြီး နှင်းထဲက အမှတ်တရတွေက ငါ့စိတ်ဆန္ဒပဲ..”
“သွေးနီလရောင်က ငါ့ငယ်ဘဝ ဇွဲလုံ့လရှိမှုကို ကိုယ်စားပြုတယ်.. လွမ်းဆွတ်တဲ့စိတ်ကြောင့် ငါ့အတိတ်နဲ့ပစ္စပ္ပုန်ကို ခွဲခြားဖို့ တွန့်ဆုတ်နေခဲ့တယ်... ဒီနေ့တော့ နက်မှောင်တောင်တန်း..နဝမမြောက်တောင်ထွဋ်..ကံကြမ္မာတို့က ငါ့ရဲ့မာန်ဝိညာဉ်ဖြစ်ပြီး ညာဘက်လက်ထဲကို ပြောင်းသွားခဲ့တယ်..”
“အခုတော့ သွေးနီရောင်လနဲ့ နှင်းထဲမှာ ငါ့ရဲ့အမှတ်တရတွေကို ပုံဖော်မယ်... ငါ့ရုပ်တုအတွက် ဘယ်ဘက်လက်မောင်းရရှိလာ အောင် လုပ်မယ်...”
စုမင် ခေါင်းကို မော့လိုက်သည်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သွေးနီ ရောင်လနှင့် နှင်းများက လျင်မြန်စွာ ရောနှောသွားကာ လောကကြီး၏ စွမ်းအားက တဟုန်ထိုး ပေါက်ကွဲသွားလေသည်။
နှင်းနှင့်သွေးနီရောင်လတို့က ပြီးပြည့်စုံစွာ ရောနှောသွားတော့မည်။ စုမင်၏ ဘယ်ဘက်လက်က အက်ကွဲနေသောကောင်းကင်မှ ပေါက်ကွဲသံများနှင့်အတူ ထွက်ပေါ်လာသည်။
စုမင်၏ မျက်လုံးများတွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
“ငါ့ရုပ်ထုရဲ့ ညာဘက်လက်မှာ နက်မှောင်တောင်နဲ့ နဝမမြောက်တောင်ထွဋ် ပါ၀င်ပြီး တောင်တွေရဲ့ စွမ်းအားကို ရယူနိုင်ခဲ့တယ်.. လောကကြီးကို ပြိုပျက်သွားစေနိုင်တဲ့ ကံကြမ္မာရဲ့ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပြီးအချိန်ကို နောက်ကြောင်းပြန်လှည့်နိုင်တယ်... “
“ငါ့ရုပ်တုရဲ့ ဘယ်ဘက်လက်မောင်းက အဲ့လိုပဲ... သွေးနီရောင်လနဲ့ လွင့်မျောနေတဲ့ ဆီးနှင်းတွေက ငါ့ ဘယ်လက်ကို ဖြိုခွဲနိုင်တဲ့ စွမ်းအားကို ပေးစွမ်းတယ်.. ဒါပေမဲ့ အခုတော့... စွမ်းဆောင်နိုင်မှုက ပြင်းပြတဲ့စိတ်ဆန္ဒ လိုအပ်နေတယ်...”
“ငါ့ရဲ့ မူလလျှပ်စီးစွမ်းအား..ကို သွေးနီရောင်လနဲ့ဆီးနှင်းတွေနဲ့ ပေါင်းစပ်ပစ်မယ်..ပြီးတော့ ဘယ်လက်အတွက် မြင့်မြတ်တဲ့စွမ်းရည်တစ်ခုဖန်တီးမယ်..”
စုမင်၏ မျက်လုံးများ တောက်ပလာပြီး သူ့ခန္ဓာကိုယ်အတွင်း လျှပ်စီးကြောင်းများ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ထိုလျှပ်စီးကြောင်းက လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီး မှော် သင်္ကေတများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ သူ၏ခန္ဓာကိုယ်မှ တိုက်ရိုက်မွေးဖွားလာခြင်းဖြစ်သည်။
သူပြောပြီးသောအခါ သူ့ပါးစပ်မှ ကိုးပေါက်ပါသော ဆေးဒယ်အိုးကြီးက လျင်မြန်စွာ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တစ်ဟုန်ထိုး တက်သွားလေသည်။ သွေးနီရောင်လနှင့် လွင့်မျောနေသော ဆီးနှင်းများပေါ်တွင် နီးကပ်လာသည်နှင့်အမျှ အကန့်အသတ်မဲ့လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာသည်။
ထိုနောက် လူတိုင်း၏မျက်လုံးကိုစူးရှစေသောအလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။
‘မြင့်မြတ်တဲ့စိတ်ဆန္ဒရဲ့ လျှပ်စီးစွမ်းအား...”
ကျီအန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ အပေါက်ကိုးပေါက်ပါဆေးဒယ်အိုးကြီးကို စိုက်ကြည့်နေလေသည်။ထို့နောက် သူ့အသက်ရှူသံက ချက်ချင်းမြန်လာသည်။
တစ်ချိန်တည်းမှာပင်၊ မြေပြင်ပေါ်ရှိအင်မော်တယ်များက ထိုလျှပ်စီးကြောင်း၏ အမည်နာမကို ချက်ချင်း မှတ်မိသွားကြသည်။
“ဒါက မြင့်မြတ်တဲ့စိတ်ဆန္ဒရဲ့ လျှပ်စီးစွမ်းအား...”
“ဒါက ကောင်းကင်ဘုံတရားစီရင်ခြင်းရဲ့ တတိယမြောက်လျှပ်စီး စွမ်းရည်ပဲ... အဲဒါကို ထိန်းချုပ်နိုင်တဲ့သူ နည်းပါးတယ်.မရှိသလောက်ပဲ....”
“အဲဒီစုမင်... သူက အစွမ်းထက်ရုံသာမက မြင့်မြတ်တဲ့ ဆန္ဒရဲ့ လျှပ်စီးကြောင်းကိုလည်း ထိန်းချုပ်နိုင်တယ်..ဖုံးကွယ်နဂါးဂိုဏ်းရဲ့ “ လျှပ်စီး” မှော်သင်္ကေတကို သူကူးယူနိုင်တာ အံ့ဩစရာမရှိပါဘူး..”
ကောင်းကင်ယံ၌ စုမင်၏မူလမှော်ယာဉ်မှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သွေးနီရောင်လနှင့် လွင့်မျောနေသော ဆီးနှင်းများ ရောနှောသွားခဲ့သည်။ ထိုသို့ဖြစ်ပြီးနောက်တွင် အဆုံးမဲ့ လျှပ်စီးများ၏ ဝန်းရံခြင်းကို ခံရသည်။ သွေးဆာနေသော အဖျက်စွမ်းအားများ ပြည့်နှက်နေသည့် လက်တစုံက လူတိုင်း၏ မျက်စိရှေ့တွင် လျင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုခဏတွင် မာန်ပြည်ထောင်အတွင်း၌ သတ်မှတ်ထားသော ဥပဒေသအချို့ကို ပြောင်းလဲလိုက်သလိုပင် ဖြစ်သွားသည်။ အဆုံးမဲ့ လျှပ်စီးများက နေရာအရပ်ရပ်မှ ဤနေရာသို့ စုဝေးရောက်ရှိနေသည်။
ထိုလျှပ်စီးကြောင်းများက ကောင်းကင်တစ်ခုလုံးကို အစားထိုး ဝင်ရောက်လာသဖြင့် အလွန်ကြီးမားသော လျှပ်စီးဝဲဂယက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏အလယ်ဗဟိုတွင် အစိတ်အပိုင်းများအားလုံး ပေါင်းစပ်ဖွဲ့စည်းထားသည့် မာန်နတ်ဘုရားရုပ်တု၏ဘယ်ဘက်လက်ဖြစ်ပေါ်လာသည်။
ဘယ်လက်က လောကကြီးထဲရှိ လျှပ်စီးစွမ်းအားများကို ထိန်းချုပ်ထားပြီး ၎င်းတို့ကြားတွင် ပုံရိပ် ယောင်ဖြစ်သည့်သွေးနီရောင်လလည်း ပေါ်လာသည်။ ထိုလက မာန်ပြည်ထောင်၏အစစ်အမှန်လဖြစ်သည်။ သို့သော် ထိုအချိန်တွင်…လက ကွဲအက်သွားသည်။
စုမင်၏ ဘယ်ဘက်လက်မောင်းရှေ့တွင် လက ၎င်း၏မျက်နှာပြင်ကို မပြဝံ့သလိုပင် တဖြေးဖြေးပြိုကျလာသည်။
နှင်းများ တဖွဲဖွဲကျဆင်းလာသည်။
နှင်းများက လေထဲတွင် ဝေ့ဝဲကျဆင်းလာကာ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ထို့နောက် ချက်ချင်းပင် နှင်းကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မာန်ပြည်ထောင်တစ်ခုလုံး စုမင်ကြောင့် နှင်းများ ဖြူဖွေးအောင်ကျဆင်းနေသည့်မြင်ကွင်းထက် ပို၍ ထိတ်လန့်စရာကောင်းသောအရာ ဘယ်မှာ ရှိမည်နည်း။
လောကကြီးမှ အဆက်မပြတ်တော်လဲသံများ ထွက်ပေါ်လာလေသည်။စုမင်၏ ဘယ်ဘက်လက်မောင်းက ပေါ်လာပြီး မာန်နတ်ဘုရားရုပ်တုနှင့် ပေါင်းစပ်သွားလေသည်။ ကြီးမားလှသော ရုပ်တုကြီး၏ ဘယ်ဘက်လက်မောင်းက ကောင်းကင်မှ ဆန့်ထွက်ကာ လူတို့၏နှလုံးကို တုန်လှုပ်သွားစေမည့် လျှပ်စီးလက်ခြင်း၊ သွေးဆာလောင်ခြင်းနှင့် အရာအားလုံးကို ခွဲထုတ်နိုင်သည့် အအေးဓာတ်ကို သယ်ဆောင်လာသည်။
စုမင်၏ မြင့်မြတ်သောရတနာ၊အမှတ်တရများကို ဘယ်လက်မောင်းတွင် ချုပ်ကိုင်ထားရှိပြီး သူ၏ကျင့်စဉ်များကို ညာလက်ရုံးတွင် ရှိနေသည်။ ဤကြီးမားလှသော ရုပ်ထုကြီးနှစ်ခု၏ လက်များက ကောင်းကင်ယံ၌ တစ်ခုနှင့်တစ်ခု ထိတွေ့သွားပြီး တံဆိပ်တစ်ခုစီ ဖြစ်ပေါ်လာသည်။
စုမင်က ဘယ်လက်၏လက်ချောင်းနှစ်ချောင်းပေါ်တွင်ရှိနေပြီး ရှည်လျားသော ဆံပင်များက လေထဲတွင် လွင့်ပျံနေလေသည်။ သူ့ပတ်ဝန်းကျင်တွင် လျှပ်တစ်ပြက် လင်းနေသဖြင့် သူ့မျက်နှာက အလင်းနှင့်အမှောင်ကြားမှာ တစ်လှည့်စီ ပေါ်လာသည်။ ထိုအချိန်တွင် သူ့မျက်လုံးများအတွင်းမှ တောက်ပသော အလင်းရောင်နှင့် ငြိမ်သက်ခြင်းတို့က ပြောင်းလဲသွားသည်..။
“ထာဝရ မမြဲခြင်းတရားရဲ့ ပုံရိပ်...”