← Chapters

မင်းက ငါ့ကို တောင်းပန် စေချင်တာလား...

Vol. 010 Ch. 919

မင်းက ငါ့ကို တောင်းပန် စေချင်တာလား...

Vol. 010 Ch. 919

ကောင်းကင် ရှစ်လွှာ၏ စင်မြင့်ထက်တွင် ဂူတုံးလျိုက ဦးဆောင်ကာ တိုက်ခိုက် နေသည်။

နတ်ဘုရား ကိုးပါးကား တိုက်ခိုက်လေလေ ပိုမို၍ အားကောင်းလေလေ ဖြစ်သည်။ အဆုံးအစမဲ့သော အလင်းတန်းများ အတူတူ သွယ်တန်း ထားကြလျှင် သူတို့ကား တစ်ကိုယ်တည်း အဖြစ် ပြောင်းလဲ၏။ သူတို့၏ တိုက်ခိုက်မှု တစ်ခုစီက တစ်ချက်ပြီးတစ်ချက် ပိုမို၍ အားကောင်း လာသည်။ သူတို့ကား မုဖန်းချန်း၏ ကိုယ်ပွားများအား ဖိနှိပ်ထား၏။

ထိုအခိုက်တွင် ကျောက်ရှီပင် ဆွံ့အနေပြီး သူမ၏မျက်နှာက ပြာနှမ်းနေ၏။ သူမ၏အဆင့်က နိမ့်သော်လည်း အနည်းဆုံး သူမက တိုက်ပွဲ အခြေအနေကို အကဲခတ် မိပေသည်။ မုဖန်းချန်းက ဂူတုံးလျို၏ အခြေအနေကို အကဲခတ်နေခြင်း မဟုတ်ဘဲ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခြင်းမျှသာ ဖြစ်၏။

မုဖန်းချန်းကဲ့သို့ အားကောင်းသူပင် ဖိနှိပ်ခံရ၏။

ကျူးထန် နန်းတော်မှ လူများအားလုံးက တိုက်ပွဲကို အံ့အားသင့်စွာ ကြည့်နေကြသည်။ မုဖန်းချန်းက ပြန်လည်၍ တိုက်ခိုက်နိုင်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။ အဆုံးသတ်က ဤသို့ ဖြစ်လာမည်ဟု မည်သူကမှ မထင်မှတ်ခဲ့ကြပေ။ လူအုပ်ကြီးကား တိတ်ဆိတ် နေသည်။ မုဖန်းချန်း အတွက် အားပေးခဲ့ကြသော လူများကား အသံပင် မထွက်တော့ပေ။

နောက်ဆုံးတွင် အလင်းပေါက်ကွဲမှု တစ်ခုနှင့်အတူ မုဖန်းချန်းကား အရိုက်ခံရသည်။ သူက ပါးစပ်မှ သွေးများ အန်ကျကာ နောက်သို့ လွင့်စဉ်သွား၏။ သူက ဆက်လက်၍ တိုက်ခိုက် လိုသော်လည်း ဂူတုံးလျိုက သူ့အား အခွင့်အရေး မပေးပေ။ ဂူတုံးလျို၏ လက်ဝါး ရိုက်ချက်များက သူ့ခန္ဓာကိုယ်ထံသို့ အဆက်မပြတ် ကျဆင်းလာကာ သွေးများ အဆက်မပြတ် အန်သည်။

နောက်ထပ် ပေါက်ကွဲမှု တစ်ခုနှင့်အတူ မုဖန်းချန်းမှာ အဝေးသို့ လွင့်စဉ် သွားပြန်သည်။ သူကား ခုခံခြင်း မပြုတော့ပေ။ သူက ဂူတုံးလျိုအား ကြည့်သည်။ သူကား မူလကကဲ့သို့ ယုံကြည်မှု မြင့်မားသော ဟန်ပင် မဟုတ်တော့ဘဲ အနည်းငယ် တွေဝေ မိန်းမောနေ၏။ သူကား အောက်ဘုံမှ တစ်စုံ တစ်ယောက်ထံ၌ ရှုံးနိမ့်ခဲ့သည်။

သူကား ကိုးလွှာသို့ တက်ရန် နောက်နှစ်ပွဲမျှသာ လိုအပ်တော့သည်။ ယခု သူက သည်နေရာတွင် ရပ်တန့်ခဲ့ကာ အသစ်ပြန်စ ရပေတော့မည်။ သူက သည်နေရာသို့ ပြန်လည် ရောက်ရှိရန် ယုံကြည်မှု ရှိသော်လည်း သူ၏ ဂုဏ်သတင်းမှာမူ အနည်းနှင့်အများ ထိခိုက်ခဲ့ရပြီ ဖြစ်သည်။

“ဂူတုံးလျိုက ကိုးပွဲဆက်တိုက် အနိုင်ရပြီ...” ထိုအခိုက်တွင် အသံတစ်သံ ထွက်ပေါ်လာကာ လူတိုင်းအား တုန်လှုပ်စေ၏။

သူကား ကောင်းကင်ရှစ်လွှာ၌ ကိုးပွဲဆက်တိုက် အနိုင်ရပြီး ဖြစ်သည်။ နောက်တစ်ပွဲမျှ အနိုင်ရလျှင် ဂူတုံးလျိုက ကိုးလွှာသို့ တက်ကာ ကျူးထန်အဆင့်၌ ကမ္ပည်းတွင် တော့မည် ဖြစ်၏။

ကျူးထန်အဆင့်သို့ တက်လှမ်း လာနိုင်သူများမှာ တော်ဝင်လမ်းမှ ထိပ်သီး ပါရမီရှင်များ ဖြစ်ကြပြီး အင်ပါယာရှား နယ်မြေ၌ အမြင့်ဆုံးသော အလားအလာများကို ပိုင်ဆိုင်ကြပေသည်။

ရှစ်လွှာ၏ တိုက်ခိုက်ရေး စင်မြင့်ကား ငြိမ်သက် တိတ်ဆိတ် သွားပြီဖြစ်သည်။ သို့သော်လည်း ပရိသတ်များမှာ တိုက်ပွဲနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးရာ အုတ်အော် သောင်းတင်း ဖြစ်နေသည်။

တိုက်ပွဲကား အားလုံးကို ထိတ်လန့် စေခဲ့သည်။

ရီဖူရှင်းက ရှစ်လွှာမှ အကြည့် လွှဲလိုက်ကာ သူ့ရှေ့မှ တိုက်ခိုက်ရေး စင်မြင့်အား ကြည့်သည်။ သူ၏နောက်ထပ် ခြေလှမ်းကား ရှစ်လွှာသို့တက်ကာ သူ၏အစ်ကို၃နောက်ကို လိုက်ရန် ဖြစ်သည်။

သို့သော်လည်း စည်းကမ်းများအရ သူက ဆယ်ပွဲ ဆက်တိုက် အနိုင်ရရန် လိုအပ်ကာ သူက တူညီစွာ နိုင်ပွဲဆက်သူများအား တိုက်ခိုက် အနိုင်ယူရန် လိုသည်။ ထို့အပြင် သူက ကျူးထန် နန်းတော်မှ တာဝန်ရှိသူများ စီစဉ်သည်အား စောင့်ရမည်။ ပုံမှန်အားဖြင့် သူတို့က တစ်နေ့ကို တစ်ပွဲတည်းသာ စီစဉ်ပေးပေမည်။

သူ့တွင် စောင့်ဆိုင်းရန် အချိန်မရှိပေ။

သူနှင့် သိပ်မဝေးသော နေရာ၌ ကျောက်ရှီက ရီဖူရှင်းမှာ သူမအား လှောင်ပြောင်မည်ဟု တွေးထင်မိသည်။ သို့သော်လည်း ရီဖူရှင်းကား သူမကို ကြည့်ပင်မနေ။ ထိုသို့သော အလေးမထားခြင်းက သူမအား ပိုမို၍ပင် အရှက်ရစေ၏။

ယူချင်းက သူမအား အေးစက်စွာ ကြည့်လျှင် သူမမှာ မသက်မသာ ခံစားရသည်။

“ကျုပ်တို့ တိုက်ပွဲကို အရင်ဆုံး စီစဉ်ပေးလို့ ရမလား...” ကျောက်စီက တိုက်ခိုက်ရေး စင်မြင့်ထက်မှ အကြီးအကဲကို ပြောသည်။

အကြီးအကဲက ရီဖူရှင်းအား ကြည့်သည်။ ကျူးထန် နန်းတော်တွင် ကိုယ်ပိုင် စည်းမျဉ်း ရှိပေသည်။ သို့သော်လည်း တစ်စုံ တစ်ယောက်က တောင်းဆိုမှု ပြုလုပ်ပါက သူတို့၏ စည်းမျဉ်းအား သိပ်မထိခိုက်လျှင် ငြင်းပယ်ခြင်း မပြုပေ။ တချို့တိုက်ပွဲများက တစ်ခါတစ်ရံ လူအများအား ပိုမိုစိတ်ဝင်စား စေနိုင်ပေသည်။

“မင်းက လက်မခံလို့ ရတယ်...” သူက ရီဖူရှင်းအား ပြောသည်။

“ကျုပ် လက်ခံတယ်...” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

“ကောင်းပြီ ... မင်းအနိုင်ရရင် စာရင်းထဲ မှတ်မယ် ... ကျောက်စီနိုင်ရင် စာရင်းထဲ ထည့်မှာ မဟုတ်ဘူး...” အကြီးအကဲက ပြောသည်။

ကျောက်စီက လျှပ်တစ်ပြက်ပင် စင်မြင့်ထက်ကို ပျံတက်လာသည်။ သူက ထိုနေရာတွင်ပင် ရပ်ကာ ရီဖူရှင်းအား လှမ်းကြည့်သည်။ သူက ရီဖူရှင်းကဲ့သို့ မောက်မာသူအား မမြင်ဖူးပေ။

“ရှင်က ဘာကို စောင့်နေတာလဲ...” ကျောက်ရှီက ရီဖူရှင်းအား စိုက်ကြည့်သည်။ ဂူတုံးလျိုက မုဖန်းချန်းအား အနိုင်ယူခဲ့ရာ သူမမှာ အရှက်ရခဲ့၏။ ထို့ကြောင့် သည်တိုက်ပွဲတွင် ကျောက်စီက ရီဖူရှင်းအား အနိုင်ရရန် သူမ မျှော်လင့်သည်။

စင်မြင့်ထက်တွင် လီချိန်ယွန်က ကျောက်စီနှင့် ကျောက်ရှီတို့အား သနား ကရုဏာ သက်မိသည်။ သူက ဂူတုံးလျို၏ တိုက်ပွဲကို ခုနကမှ မြင်လိုက်၏။ ဂူတုံးလျိုကား အလွန် အားကောင်း ပေသည်။ ရီဖူရှင်းကား ကောင်းကင်လှေကားမှ တက်လာကာ ဂူတုံးလျိုထက် အားနည်းဟန် မရှိပေ။

ကျောက်စီကား သည်တိုက်ပွဲတွင် မျှော်လင့်ချက် မဲ့ပေသည်။

မျက်လုံးပေါင်း များစွာက ရီဖူရှင်းထံသို့ ရောက်နေသည်။ ရီဖူရှင်းက စင်မြင့်ထံသို့ လှမ်းသွား လိုက်သည် ကိုလည်း သူတို့ မြင်ကြ၏။ သို့သော်လည်း ရီဖူရှင်းကား ကျောက်စီကို ကြည့်နေဟန် မရဘဲ တစ်စုံတစ်ခုကိုသာ တွေးတောနေဟန် ရသည်။

“မင်း အရင်စပါ...” ကျောက်စီက ရီဖူရှင်းအား ပြောသည်။

နောက်ဆုံးတွင် ရီဖူရှင်းက ကျောက်စီအား ကြည့်သည်။ သူက လက်ဆန့်တန်း လိုက်သည်တွင် ရုတ်တရက် တလက်လက် ထနေသော အမှုန်အမွှားငယ်များက လွင့်စဉ်လာ၏။ ထိုအရာများက အမှုန်အမွှားငယ်များ ဖြစ်ကြသော်လည်း ကျောက်စီမှာ အန္တရာယ်၏ အငွေ့အသက်မျာအား ရသည်။ သူ၏ သက်စောင့်ဝိညာဉ်နှင့်အတူ လောကဓာတ်တစ်ခု ဖြာထွက်လာ၏။

သို့သော် သူက ထိုမြင်ကွင်းကို ကြည့်လိုက်စဉ်မှာပင် ရီဖူရှင်းကား အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားကာ သူရှိနေရာသို့ တိုက်ရိုက် ကျဆင်းလာ၏။ ရီဖူရှင်းကား မြန်လွန်းသည်။ သူက သူ့ထံသို့ ချက်ချင်း ရောက်လာ၏။

ကျောက်စီ၏ ကိုယ်ရောင် ကိုယ်ဝါက ရုန့်ရင်းစွာ ဖြစ်ပေါ်လာ၏။ သို့သော် ရီဖူရှင်း၏လက်က သူ့ထံကို ဆန့်တန်း လာသည်။ အဆုံးမဲ့သော အမှုန်အမွှား စီးကြောင်းက ကျောက်စီ၏ အရံအတားများ အားလုံးကို လာရောက် ဖျက်ဆီးသည်။ ချက်ချင်းပင် တိုက်ခိုက်ရေး စင်မြင့်က ပြင်းထန်စွာ တုန်ယင်သည်။ အမှုန်အမွှား တစ်ခုစီက ကြယ်တစ်စင်း အလား ကြီးမားသော စွမ်းအားများကို သယ်ဆောင် လာသည်။

“ဘုန်း...” ကျယ်လောင်သော အသံနှင့်အတူ အားလုံး၏ စိတ်နှလုံးများ တုန်ခါ သွားကြသည်။ သူတို့အားလုံးက စင်မြင့်ထက်သို့ လှမ်းကြည့် ကြသည်တွင် ရီဖူရှင်း၏လက်က အရာအားလုံးကို ထွင်းဖောက်၍ ကျောက်စီကို ရိုက်ချလိုက်သည်အား မြင်ကြ၏။

ကျောက်စီကား ကောင်းကောင်း ရပ်နိုင်ဟန်ပင် မတူတော့ဘဲ ဒူးများ ကွေးညွတ် နေသည်။ သူ၏မျက်လုံးများက ကြောက်မက်ဖွယ်ရာ ကောင်းသော တစ်စုံတစ်ခုအား ခံစားမိခဲ့ရသည့်အလား ပြူးကျယ် နေသည်။ သူ၏ မျက်နှာကလည်း သွေးဆုတ်နေ၏။

လက်ဝါး တစ်ချက်က အရာအားလုံးကို အဆုံးသတ်ခဲ့သည်။

ရီဖူရှင်းက ကျောက်စီ၏ ရင်ဘတ်ပေါ်မှ သူ၏လက်ကို ဖယ်ကာ လည်ပင်းသို့ သွားရောက် ဆုပ်ကိုင်လိုက်ပြီး သူ့အား လေထဲတွင် မြှောက်ကာ ပြောသည်... “မင်း ငါ့ကို တောင်းပန်စေချင် တာလား...”

ကျောက်စီကား အသေကောင်ကဲ့သို့ လေထဲတွင် မြှောက်ထားခြင်း ခံရသည်။ သူက ရီဖူရှင်းအား ကြီးစွာ အရှက်ရလျက် ကြည့်သည်။ သို့သော်လည်း ရီဖူရှင်း၏ မျက်လုံးများကား ယခင်ကဲ့သို့ သူ့အား အလေးထားဟန်ပင် မရှိပေ။

“သူက ဒါကို ခံနိုင်ရည် ရှိလို့လား...” ရီဖူရှင်းက ကျောက်ရှီအား ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။

ကျောက်ရှီ၏ မျက်နှာက စာရွက် တစ်ရွက်အလား ပြာနှမ်းသွား၏။ သူမ၏ဘေးမှ တန်ခိုးရှင် အများအပြားက ရှေ့ကို တက်လာကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်လျက် ပြောသည်... “သူ့ကို လွှတ်...”

“မင်းတို့က ဘယ်သူ့ကို ပြောနေတာလဲ...” အေးစက်သော အသံတစ်သံ ထွက်လာသည်။ အဘိုးအို တစ်ယောက် လှမ်းလာသည်ကို ကျောက်ကလန်မှ လူများ မြင်ကြသည်။ ချက်ချင်းပင် ဓားအသိတစ်ခု ကျဆင်းလာကာ အဘိုးအိုသာ ဆန္ဒရှိပါက သူတို့မှာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့မည်ဟု ခံစားကြရသည်။

သည်အရာက ရှန့်ထိုတစ်ပါး၏ စွမ်းအား ဖြစ်သည်။

သူတို့၏မျက်နှာများ ပြာနှမ်း သွားကြသည်။ ရီဖူရှင်းက မည်သူနည်း။

ကျောက်ရှီ၏ မျက်နှာမှာလည်း အရောင်အဆင်း ကင်းမဲ့သွားသည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။

တန်ခိုးရှင်များ အားလုံးက ရီဖူရှင်းအား လှမ်းကြည့်ကြ၏။ သူတို့၏ စိတ်နှလုံးများ မြန်ဆန်စွာ ခုန်လာကြသည်။

သည်လူငယ်ကား အလွန် အားကောင်းကာ သူ့တွင် ရှန့်ထိုတစ်ပါး စောင့်ရှောက် လိုက်ပါနေသည်။

ဤသို့ဆိုလျှင် အဘယ်ကြောင့် မည်သူကမှ သူ့အား မသိကြသနည်း။

သူကဲ့သို့သော သူက အင်ပါယာရှား နယ်မြေတွင် လူမသိ ဟူသည်မှာ မဖြစ်နိုင်ပေ။

***

All Chapters