← Chapters

ရာဇဝင်တွင်မည့် မော်ကွန်းတစ်ပုဒ်

Vol. 84 Ch. 1084

ရာဇဝင်တွင်မည့် မော်ကွန်းတစ်ပုဒ်

Vol. 84 Ch. 1084

ကောင်းကင်ယင်သားတော်သည် နဂါးချီလင်တစ်ယောက် အရူးကွက်နင်းနေသည်ကို ကြည့်ရင်း မရယ်မိဘဲ မနေနိုင်ချေ။

‌ကောင်းကင်နတ်မြစ်ရေတပ်၏ ၀င်္ကပါအခင်းအကျင်းသည် မည်မျှကြောက်စရာကောင်းလှပေနည်း။

‌ရေတပ်တွင် သင်္ဘောနှင့် လူအင်အား အများအပြားရှိသည်။ ၎င်း၏၀င်္ကပါအခင်းအကျင်းသည် ရှေးဟောင်းနတ်ဘုရားတို့၏ ရုပ်ခန္ဓာဖွဲ့စည်းပုံကို အခြေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်သလို၊ မဟာတာအိုသင်္ကေတများမှာလည်း ကောင်းကင်နတ်ဘုံ၏ ၀င်္ကပါပညာရှင်များနှင့် ရေးဆွဲထားခြင်းဖြစ်သည်။

ကောင်းကင်ယင်သားတော်ကဲ့သို့ အစွမ်းထက်သော သိုင်းပညာရှင်များပင်လျှင် ကောင်းကင်နတ်မြစ်ရေတပ်၀င်္ကပါ၏ တိုက်ခိုက်မှုလေးတစ်ခုကိုပင် ခခံနိုင်ရည်မရှိချေ။

နဂါးမျိုးရိုးနာမည်နှင့် ချီလင်ခေါင်းဖြင့် ဤလူသည် သူ၏ ပေါက်ကရ၀င်္ကပါအခင်းအကျင်းဖြင့် ရှုံးနိမ့်မည်မှာ အသေအချာပင်။

နဂါးချီလင်မှာလည်း စကားလွန်သွားသဖြင့် မျက်ခုံးလှုပ်နေသည်။

သူသည် ၀င်္ကပါပညာ၌ မထူးချွန်ပေ။ ချင်မူထံမှ များစွာသင်ယူခဲ့သော်လည်း ချင်မူ လေ့လာထားသော အရာများက အရူးလွယ်အိတ်ပမာ စုံလင်လွန်းသည်။ သို့သော် ချင်မူက အရာရာ၌ ထူးချွန်ထက်မြက်နိုင်သော်လည်း နဂါးချီလင်မှာ ထိုသို့မဟုတ်ချေ။

“ကျွန်တော် ဘာလုပ်ရမလဲ ဂိုဏ်းသခင်ရေ” သူက ရောင်ခြည်တော်ထဲရှိ ချင်မူအား ခိုးကြောင်ခိုးဝှက် မေးလိုက်သည်။

ချင်မူက သူ့ကို အားပေးပြီး လက်ကျန်အသိစိတ်အလျဉ်ကို သုံးကာ ဖန်သားကောင်းကင်စေတီ၏စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်ရန် နန်းတော်အတွင်းရှိ သိုင်းပညာရှင်များအား မည်သည့်ကြီးကြပ်ရမည်လဲ သင်ပေးသည်။

နဂါးချီလင်မှာ ၀င်္ကပါအခင်းအကျင်းတို့၏ အပြောင်းအလဲများနှင့် ပတ်သက်၍ အနည်းငယ်သာ သိသော်လည်း ချင်မူ့အမိန့်အတိုင်း နာခံ၍ နန်းတော်အတွင်းရှိ မြွေနှင့် လိပ်နတ်ဘုရားများအား ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံသို့ သွားကာ ၀င်္ကပါများ ဖန်တီးစေသည်။ ဖန်သားကောင်းကင်စေတီ၏ ရတနာများကို စောင့်ရှောက်ရန်လည်း ဖြစ်၏။

သူတို့၏ဝင်္ကပါအခင်းအကျင်းသည် ဤရှားမှရှား ရတနာများ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်သည့်အတွက် ခံစစ်ခိုင်ခိုင်မာမာလည်း ရှိချေသည်။

အရေးကြီးဆုံးအနေဖြင့် ဖန်သားကောင်းကင်စေတီတွင် ရတနာများစွာ ရှိသည်။ နဂါးချီလင်၏ ၀င်္ကပါအခင်းအကျင်းမှာ အံ့ဩဖွယ်ကောင်းစွာနှင့် ရတနာအမျိုးမျိုး၏ ဓာတ်သတ္တိများအလိုက် ပြောင်းလဲ၍ ဝင်္ကပါအမျိုးမျိုး ဖန်တီးနိုင်သည်။

ဖန်သားကောင်းကင်စေတီတွင် ဘိုးဘေးနန်းတော်မှ ရတနာများစွာ ရှိသဖြင့် နဂါးချီလင်က မတူညီသည့် ၀င်္ကပါထောင်ပေါင်းများစွာကို ဖန်တီးထားလေသည်။

မင်းသားယိုမင်မှာ အလွန်အမင်း အထင်ကြီးနေတော့သည်။ ကောင်းကင်ယင်သားတော်သည် နဂါးချီလင်ကို သိပ်ကြည့်မရသော်လည်း ၀င်္ကပါများ ဖွဲ့စည်းနေပုံအား ကြည့်ရင်း သူ၏အရည်အချင်းကို မလေးစားမိဘဲ မနေနိုင်ချေ။

သူပင်လျှင် ၀င်္ကပါတို့၏ သဘောတရားများနှင့် ဖွဲ့စည်းပုံကို နားမလည်နိုင်ပေ။

နဂါးချီလင် စီမံကြီးကြပ်ပြီးသည့်အချိန်မှာ ကောင်းကင်နတ်မြစ်ရေတပ်က စတင်တိုက်ခိုက်သည်။

သူတို့ မည်သည့်အရပ်မျက်နှာမှ တိုက်ခိုက်သည်ဖြစ်စေ နဂါးချီလင်သည် တပ်ဖွဲ့များကို အလွယ်တကူ ထိန်းချုပ်နိုင်၏။ သူက နတ်ဘုရားများကို အကြိမ်ကြိမ်အခါခါ စေလွှတ်၍ ၀င်္ကပါများ နေရာချရင်း ကောင်းကင်နတ်မြစ်ရေတပ်ကို အလွယ်တကူ ခုခံနိုင်နေသည်။

‌ဖန်သားကောင်းကင်စေတီကလည်း အင်မတန် ခိုင်မာသည်။ မဟူရာလိပ်ကောင်းကင်နန်းတော်သားတို့အနေဖြင့် ကောင်းကင်နတ်မြစ်ရေတပ်ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ သို့သော် ကောင်းကင်နတ်မြစ်ရေတပ် မဟူရာလိပ်နန်းတော်အတွင်း ထိုးဖောက်လာပြီး ကောင်းကင်ဘုံအမျိုးမျိုးသို့ ဝင်ရောက်လာသည့်အခါ ရတနာများသည် ကြောက်မက်ဖွယ်ရာ တာအိုသင်္ကေတများ ထုတ်လွှတ်လျက် သူတို့ထံ ပြေးဝင်လာကြောင်း တွေ့လိုက်ရ၏။

ထိုကြောက်မက်ဖွယ်ရာ သင်္ကေတလှိုင်း သင်္ဘောများဆီ ရောက်လာသည်နှင့် အကုန်ကြေမွကုန်တော့သည်။ သင်္ဘောအပေါ်ရှိ နတ်ဘုရားအားလုံး မရှူမလှ သေဆုံးကုန်ကြသည်။ မည်သူမှ အသက်မရှင်ကြချေ။

ရေတပ်သည် အကြိမ်ကြိမ် တိုက်ခိုက်၍ အသေအပျောက်များပြားနေသော်လည်း မဟူရာလိပ်ကောင်းကင်နန်းတော်ထဲသို့ မ၀င်ရောက်နိုင်ကြပေ။

ရေတပ်ဗိုလ်ချုပ်က ချက်ချင်း ဝင်္ကပါများကို နေရာပြန်ပြင်ဆင်ကာ ပြန်တိုက်ခိုက်သည်။ ထိုအခါ နဂါးချီလင်မှာ တုန်လှုပ်သွားပြီး မည်သို့လုပ်ရည်မှန်း မသိတော့ချေ။

“လုံပိ၊ ‌ဖန်သားကောင်းကင်နန်းတော်ရဲ့ ကောင်းကင်ထီးတော် ၂၈ ခုကို ယူပြီးတော့ တစ်ခုချင်းစီကို ထောင့် ၃၆၀ ခွဲလိုက်”

ချင်မူ၏အသိစိတ်အလျဉ်က သူ့အား အကြံပေးသည်။ “ပထမအထပ်ကို နာရီလက်တံအတိုင်း ရှစ်ဒီဂရီ စောင်းလိုက်.... ဒုတိယအထပ်ကို နာရီလက်တံနဲ့ ဆန့်ကျင်ဘက် သုံးဒီဂရီလှည့်... တတိယအထပ်ကတော့ နာရီလက်တံအတိုင်း ၆၂ ဒီဂရီလှည့်...”

နဂါးချီလင်၏ ဖန်သားကောင်းကင်စေတီ၏ တိုင်အောက်သို့ အလျင်အမြန် သွားကာ အရိုအသေပေးလိုက်သည်။ သို့သော် ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံအလွှာများ တစ်လွှာချင်းစီ လှည့်ပတ်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းအတွင်းရှိ ရတနာများ၏ တည်နေရာများနှင့် ၎င်းကို ကာကွယ်နေသည့် နတ်ဘုရားများမှာ အရပ်လေးမျက်နှာသို့ အသီးသီးရွေ့သွားကြသည်။

ကောင်းကင်နတ်မြစ်ရေတပ်ဗိုလ်ချုပ်၏ ၀င်္ကပါများက ရတနာတစ်ခုစီကို ကာကွယ်နေသည့် အကာအကွယ်၀င်္ကပါများထံ ပစ်မှတ်ထား တိုက်ခိုက်သည်။ ၀င်္ကပါနှင့် ရတနာများ ရုတ်တရက် ပြောင်းလဲသွားခြင်းက ကောင်းကင်နတ်မြစ်ရေတပ်ကို ဖရိုဖရဲ စ်သွားစေပြီး သေဆုံးမှုများ များပြားသွားစေသည်။

ဗိုလ်ချုပ်ကိုယ်တိုင် တိုက်ခိုက်လာသဖြင့် နဂါးချီလင်သည် မင်းသားယိုမင်းကို ဝင်တားခိုင်းလိုက်သည်။

မင်းသားယိုမင်းသည် ရိုးသားတုံးအသော်လည်း ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ရှိထားသည့် သိုင်းပညာရှင်အနည်းစုထဲမှ တစ်ယောက်ဖြစ်၏။ သူသည် နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့၏ သွေးဆက်ကိုလည်း ပိုင်ဆိုင်ထားလေရာ အတိုက်အခိုက်စွမ်းရည် မြင့်မားပေသည်။ သူက အကြိမ်ရေအတော်များများ သိုင်းကွက်ချင်း ဖလှယ်ပြီးနောက် ဗိုလ်ချုပ်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။

ကောင်းကင်နတ်မြစ်ရေတပ်၏ သင်္ဘောများမှာ မင်းသားယိုမင်းအား ဝိုင်းဝန်းပိတ်ဆို့ပြီးနောက်မှ သူတို့၏ဗိုလ်ချုပ်အား ပြန်ခေါ်နိုင်သွားသည်။

နဂါးချီလင်က သက်ပြင်း မသိမသာချ၍ တွေးလိုက်သည်။။ ‘ဂိုဏ်းသခင်ကိုယ်တိုင်သာ ဖန်သားကောင်းကင်စေတီကို ထိန်းချုပ်ရင် ကောင်းကင်နတ်မြစ်ရေတပ်တစ်တပ်လုံး အလွယ်တကူ နှစ်မြုပ်ပစ်နိုင်မှာပဲ'

‌သူ့မှာ ချင်မူ၏ အကြံပေးချက်များကို နားထောင်ပြီးမှသာ လှုပ်ရှားနိုင်သည့်အတွက် ပို၍နှေးကွေးသည်မဟုတ်ပါလော။

မင်းသားယိုမင်သည် အနိုင်ရသွားသည့်အတွက် အတိုင်းထက်အလွန် စိတ်ကျေနပ်နေ၏။ “မင်းက တကယ်ကို ပညာရှိပဲ ညီတော်နဂါးရ... မင်းရဲ့အစွမ်းအစတွေက တစ်လောကလုံးကို တုန်လှုပ်သွားနိုင်တယ်.... ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်တစ်ပါးဖြစ်လာဖို့တောင် အဆင့်မီတယ်”

နဂါးချီလင်က သူ့ကိုယ်သူ နှိမ့်ချသည်။ “တစ်ကြိမ် ရှုံးတာလောက်နဲ့ သူတို့ လက်လျှော့လောက်မှာ မဟုတ်ဘူး.... အခု ကျွန်တော်တို့ကို တားဆီးနေတာ ရေတပ်ပဲရှိသေးတယ်... ကောင်းကင်နတ်ဘုံရဲ့ တခြားစစ်တပ်တွေ အခုထိ ရောက်မလာကြသေးဘူး.... ဒီလောက်နဲ့ ကျေနပ်နေလို့မဖြစ်ပါဘူး”

မင်းသားယိုမင်းက သူ့အား အတိုင်းထက်အလွန် ချီးကျူးနေတော့သည်။ ကောင်းကင်ယင်သားတော်မှာ သူ့စကားများ နားထောင်ရင်း အနေရခက်လာ၏။ မည်သို့ဆိုစေ သူလည်း ဤချီလင်ခေါင်းနှင့်လူ၏ အံ့မခန်းလုပ်ဆောင်နိုင်စွမ်းကြောင့် အထင်ကြီးမိသည်။

‘သူက အရှေ့နတ်မင်းရဲ့ လက်အောက်ကလား... ငါ သူ့ကို အရင်က မမြင်ဖူးပါဘူး'

ကောင်းကင်ယင်သားတော်၏ မျက်ဝန်းများ လက်နေသည်။ ‘အရှေ့နတ်မင်းမှာ အစွမ်းထက်တဲ့ မင်းသား၊ မင်းသမီးတွေ အတော်များများ ရှိတယ်.... ငါ သူတို့အားလုံးကို မှတ်မိပြီးတော့ အတော်အသင့်လည်း ရင်းနှီးပါတယ်....ဒါပေမဲ့ ဒီလူကို မမြင်ဖူးဘူး... သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းအရ ‌နဂါးစိမ်းကောင်းကင်နန်းတော်မှာ နာမည်မရှိတာမျိုး မဖြစ်သင့်ဘူး...ဒါပေမဲ့ နာမည်ကြီးတဲ့ပုံ မပေါ်ဘူး.... အရှေ့နတ်မင်းကလည်း ပါးနပ်တဲ့သူတစ်ယောက် ဖြစ်မယ့်ပုံပဲ’

နဂါးချီလင်သည် ဖန်သားကောင်းကင်စေတီကို ထိန်းချုပ်နေသဖြင့် ကောင်းကင်ယင်သားတော်မှာ အသုံးမကျဖြစ်နေရာ အခဲမကြေဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဖန်သားကောင်းကင်စေတီကို ခိုးနိုင်မည့်အခွင့်အရေးမရှိသည့်အတွက်ပင်။

သူက ရတနာကြောင့်သာ ဤနေရာသို့ ရောက်နေခြင်း မဟုတ်ပါလော။

မင်းသားယိုမင်းကား ရိုးရှင်း‌သူတစ်ယောက် ဖြစ်ချေသည်။ မြောက်နတ်မင်းက ရတနာများကို အပြင်လူတို့အား ပြလေ့ပြထမရှိသော်လည်း မင်းသားယိုမင်ကမူ သူ၏မိတ်ဆွေများကို အကြိမ်ကြိမ် ခေါ်လာခဲ့ဖူးသည်။ ထို့ကြောင့် ယင်ချောင်ကျင့်နှင့် ဝေစွေ့ဖုန်းတို့ စေတီကို လိုချင်နေသည်မှာ အံ့ဩစရာမရှိချေ။

မဟူရာလိပ်ကောင်းကင်နန်းတော်က မြောက်ဘက်သို့ ဆက်လက်ဦးတည်နေသလို၊ ကောင်းကင်နတ်မြစ်ရေတပ်ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်နေသည်။ သို့သော် ထပ်မံမတိုက်ခိုက်ကြပေ။ ထိုအစား တပ်မှူးများသည် မင်းသားယိုမင်းအား ကောင်းကင်နတ်ဘုံသို့ ပြန်ရန် ဖြောင်းဖျနေကြ၏။

ရုတ်တရက် ရေတပ်သည် လူခွဲသွားပြီး စစ်တပ်ကြီးတစ်တပ် ဝင်ရောက်လာသည်။ ထိုစစ်တပ်ကြီးက ရေတပ်၏ ၀င်္ကပါအခင်းအကျင်းအရှေ့သို့ ရောက်လာပြီး အစွမ်းထက်သော နတ်ဘုရားများ၊ မိစ္ဆာများက ‌‌ဖန်သားကောင်းကင်စေတီ၏ ၀င်္ကပါများကို လေ့လာကြည့်ရှုနေကြသည်။

မင်းသားယိုမင် မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့နှစ်ဖွဲ့”

နဂါးချီလင်မှာ ချက်ချင်း ယုံကြည်ချက် ပျောက်ဆုံးသွားတော့သည်။ ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့သည် လက်ဝဲလက်ယာ ယွီလင်နန်းစောင့်တပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်ဗျူဟာတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်ရှိန်ဝါတပ်ဖွဲ့၊ လက်ဝဲလက်ယာ နတ်သိုင်းတပ်ဖွဲ့၊ လက်ဝဲလက်ယာ နဂါးသိုင်းတပ်ဖွဲ့ဟူ၍ ဖြစ်၏။ သူတို့က သူတို့၏စစ်တပ်များအတွက် အရည်အချင်းအရှိဆုံးသူများကိုသာ ရွေးချယ်ကြသည်။ ၀င်ရောက်ရန် အနိမ့်ဆုံး လိုအပ်ချက်ကား ကျောက်စိမ်းမြို့တော်အဆင့်သို့ ရောက်ရှိနေရန် ဖြစ်လေသည်။

သူတို့က ‌ကောင်းကင်နတ်ဧကရာဇ်၏ တော်ဝပ်အစောင့်တပ်ဖွဲ့များလည်း ဖြစ်ကြသည်။ ဝေစွေ့ဖုန်းသည် ယွီလင်နန်းစောင့်တပ်ဖွဲ့၏ တပ်မှူးချုပ်တစ်ဦး ဖြစ်သော်လည်း လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့အတွက်သာ ဖြစ်သည်။

လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့တစ်ဖွဲ့သည်ပင် နဂါးဟန်ခေတ်၏ နဂါးအရှင်စီရင်စုကဲ့သို့သော တိုင်းပြည်တစ်ပြည် သို့မဟုတ် မျိုးနွယ်စုတစ်စုကို မျိုးသုဉ်းသတ်ဖြတ်ပစ်ရန် လုံလောက်၏။

နတ်သိုင်းအစောင့်တပ်ဖွဲ့နှစ်ဖွဲ့၏ အင်အားက ကောင်းကင်နတ်မြစ်ရေတပ်ထက် သာလွန်ကောင်း သာလွန်ပေလိမ့်မည်။

ရုတ်တရက် စစ်ဗုံသံများ မြည်ဟီးလာပြီး စစ်တပ်ကြီးနောက်တစ်တပ်သည် ကောင်းကင်နတ်မြစ်ရေတပ်၏ ၀င်္ကပါအခင်းအကျင်ကြားမှာ ဖောက်ထွက်လာ၏။ ၎င်ကးက အရှေ့သို့ ချီတက်လာပြီးနောက် ရပ်တန့်လိုက်ကာ အလံလွှင့်ထူလိုက်သည်။

မင်းသားယိုမင်က အလံကိုကြည့်၍ အော်ဟစ်‌တော့သည်။ “မြောက်ပိုင်းဂိုဏ်းစစ်တပ်...နံပါတ်တစ် ကောင်းကင်ဆရာသခင် အမိန့်ပေးတဲ့ စစ်တပ်ပဲ.... နံပါတ်တစ် ကောင်းကင်ဆရာသခင်က စွမ်းအားကြီးတဲ့အပြင် ၀င်္ကပါတွေမှာ ကျွမ်းကျင်တယ်”

နဂါးချီလင်မှာ ရင်တဒိန်းဒိန်း ခုန်စွာဖြင့် ယန်အာ့နောက်ရှိ ရောင်ခြည်တော်ကို ခိုးကြည့်လိုက်မိသည်။

ကောင်းကင်ယင်သားတော်သည် ၎င်းကို လှမ်းမြင်လိုက်ပြီး တုန်လှုပ်သွား၏။ သူသည်လည်း ယန်အာနောက်ရှိ ရောင်ခြည်တော်ကို မြင်နေရသည့်တိုင် ၎င်းအတွင်း၌ ရှေးဟောင်းသစ်ပင်တစ်ပင်မှ လွဲ၍ အခြားမည်သည့်အရာကိုမှ မမြင်ရချေ။

ချင်မူက အသိစိတ်အလျဉ်ကို စုစည်းကာ ပြောသည်။“လုံပိ၊ စိတ်အေးအေးထား... ဒီနေ့စစ်ပွဲက သမိုင်းမှာ မင်းရဲ့ရာ၀ဇင်ကို စိုက်ထူပေးလိမ့်မယ်”

နဂါးချီလင်လည်း စိတ်ကို ငြိမ်သက်စေလိုက်ရင်း မင်းသားယိုမင်အား ပြောသည်။ “ကျွန်တော် နတ်အစောင့်တပ်ဖွဲ့နှစ်ဖွဲ့နဲ့ မြောက်ပိုင်းဂိုဏ်းစစ်တပ်တွေကို မီးတောက်တွေအလား ရှင်းရှင်းလင်းလင်း မြင်နေရတယ်.... ကျွန်တော့်အတွက်တော့ သူတို့က ကိုယ့်သေတွင်းကိုယ် လာတူးနေတာပဲ ... အနိုင်ရဖို့က ခဏလေးပဲ”

All Chapters