← Chapters

လုံရှန်းဆန်းရန်

Vol. 84 Ch. 1086

လုံရှန်းဆန်းရန်

Vol. 84 Ch. 1086

ရှန့်ပင်းယင်က နဂါးချီလင်ကို ကြည့်လိုက်သည်။ သူ၏ ဒဏ်ရာများမှာ ပိုမိုဆိုးရွားလာပြီး သူက ခါးသက်သက် ပြုံးနေသည်။ နှင်းတမျှ ဖြူဆွတ်နေသော ဆံပင်များက သူ့အသွင်အား ရင့်ရော်နေစေသည်။ သူက အိုစာနေသော အသံဖြင့် မေးလေ၏။ “ဆရာ၊ ဆရာ့ရဲ့နာမည်ကို သိခွင့်ရမလား”

ကောင်းကင်ယင်သားတော်က နားစွင့်၍ နဂါးချီလင်အား သတ်နိုင်အောင် နာမည်အရင်းအား ရေးမှတ်ရန် ပြင်လိုက်သည်။

နဂါးချီလင်က ပြုံးလိုက်၏။ “ကျုပ်က သီးသန့်နေတတ်တဲ့ တောင်ပေါ်သားတစ်ယောက်ရယ်ပါ.... မိုးလေဝသသင်္ကေတတွေနဲ့ သင်္ချာပညာကို သင်ယူထားတဲ့ လူမလို့ ကျုပ်ကိုယ်ကျုပ် လုံရှန်းဆန်းရန် လို့ခေါ်တယ်”

“လုံရှန်းဆန်းရန်တဲ့လား... သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရှန့်ပင်းယင်က ဦးညွှတ်အရိုအသေပေးပြီးနောက် ဖြူဖပ်ဖြူလျော်ဖြင့် ထွက်ပြေးသွားသည်။ သူ၏အသံက ငိုသံကြီးဖြင့် ပျံ့လွင့်လာလေသည်။ “မင်းက လူငယ်လေးပဲ ရှိသေးတယ်.... မင်းက လူငယ်လေးပဲ ရှိသေးတယ်... ‌နံပါတ်တစ်ကောင်းကင်ဆရာသခင်ဘွဲ့က မင်းအပိုင်ဖြစ်သွားပြီ”

နဂါးချီလင်မှာ ဂုဏ်ယူ၀င့်ကြားနေမှုကို မြိုသိပ်ထားရန် ခက်နေပြီး တွေးလိုက်မိ၏။ ‘ငါ အခု အတိတ်မှာ နာမည်ကြီးသွားပြီ... အေး..... ဒါပေမဲ့ ငါ့နာမည်ကို ချန်ထားခဲ့လို့မရဘူး... နာမည်ချန်ခဲ့ရင် ‌ကောင်းကင်ယင်သားတော်က ငါ့ကို ရက်ရက်စက်စက် သတ်ပစ်လိမ့်မှာ... ဒါပေမဲ့ လုံရှန်းဆန်းရန်ဆိုတဲ့ နာမည်က ‌တော်တော်လေး ခံ့ညားပါတယ်”

သူသည် ဂုဏ်ယူနေသော်လည်း လူအသွင်၌ လွှဲရမ်းကြွားဝါးစရာ အမြှီးမရှိသည်ကိုတော့ စိတ်တိုင်းမကျဖြစ်နေမိ၏။

၎င်းက သူ၏တစ်ခုတည်းသော နောင်တဖြစ်လေသည်။

ချင်မူမှာ ကောင်းကင်နတ်ဘုံ၏ စစ်တပ်များကို နှိမ်နင်းနိုင်ရန် သင်ပြပေးရာတွင် အသိစိတ်အလျဉ် အလွန်အကြူးသုံးခဲ့ရသဖြင့် သတိလစ်သွားပြန်သည်။

မဟူရာလိပ်ကောင်းကင်နန်းတော်ကား ဘေးကင်းလျက် ကျန်ရစ်ခဲ့သည်။ မင်းသားယိုမင်က ဖန်သားကောင်းကင်စေတီကို မသိမ်းဆည်းဘဲ ကောင်းကင်နန်းတော်အား ဆက်လက်ကာကွယ်ထားစေသည်။ သူက ဒဏ်ရာရသူများအား ကုသပေးပြီး သေသူများကို မြုပ်နှံပေးနေသည်။

သူသည် နဂါးချီလင်၊ ယန်အာနှင့် ကောင်းကင်ယင်သားတော်တို့ကို အဖိုးတန်ဧည့်သည်တော်များသဖွယ် ဆက်ဆံကာ ကျောက်စိမ်းမြို့တော်၌ ယာယီနေထိုင်စေ၏။

တခဏကြာသော် မင်းသားယိုမင် တာ၀န်အားလုံး လုပ်ဆောင်ပြီးသွားသလို ကောင်းကင်ယင်သားတော်လည်း ပြန်လည်သက်သာလာသည်။ နတ်ဘုရင်ကုန်းယွင်လည်း သူမ၏ ကစဉ့်ကလျားအသိစိတ်အလျဉ်ကို ဖိနှိပ်နိုင်ခဲ့သဖြင့် ခန္ဓာကိုယ်အား ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်နေပြီဖြစ်သည်။

သူမက အသိစိတ်အလျဉ် ပြန်လည်ကောင်းမွန်လာပြီးနောက် ကတိအတိုင်း ချင်မူ့အသိစိတ်အလျဉ်ကို ကုသပေးသည်။

“တဟုန်ရဲ့ အင်အားကြီးမားတဲ့ အသိစိတ်အလျဉ်ကြောင့် တိုက်ပွဲမှာ နင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာက နင့်ရဲ့အသိစိတ်အလျဉ်အဆင့်က နိမ့်ကျလို့ပဲ... ‌နင့်အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းက အဆင့်နိမ့်လို့ မဟုတ်ဘူး”

နတ်ဘုရင်ကုန်းယွင် ချင်မူ့ကို ကုသရင်း သူ၏အသိစိတ်အလျဉ်အား လေ့လာနေသည်။ သူမမှာ တုန်လှုပ်သွားပြီးနောက် ဇဝေဇဝါ ပြောနေ၏။ “ဖန်ဆင်းရှင်တွေပဲ အသိစိတ်အလျဉ်မှာ ဒီလိုအဆင့်အထိ ရောက်နိုင်တာပါ ... ကမ္ဘာခေတ်နှောင်းသက်ရှိတွေထဲက ဘယ်သူမှ ဒီအဆင့်အထိ မရောက်နိုင်ဘူး.. ကောင်းကင်နတ်အရှင်မူ၊ နင့်ရဲ့ ဇစ်မြစ်ကို ငါ သိချင်မိတယ်”

သူမ၏ ကုသမှုပြီးနောက် ချင်မူမှာ ပြန်လည်နိုးထလာကာ သက်သာလာပုံရသည်။ သူက ဖြေ၏။ “ကျွန်တော်က ဖန်ဆင်းရှင်တစ်ပိုင်းလို့ ပြောလို့ရတယ်”

နတ်ဘုရင်ကုန်းယွင်၏မျက်ဝန်းများ ဖျတ်ခနဲ တောက်ပသွားသည်။ “ဖန်ဆင်းရှင်တွေက ဒီမှာ မျိုးသုဉ်းကုန်ပြီ.... တချို့ပဲ ဟင်းလင်းပြင်ကို သွားပြီး ကမ္ဘာသစ်ထူထောင်နိုင်ခဲ့ကြတာ... ငါ့မျိုးနွယ်ရောပေါ့... ရုပ်ခန္ဓာတွေမရှိရင် ငါတို့က ဖန်ဆင်းရှင်တွေ မဟုတ်တော့ဘူး.... ဒီစကြ၀ဠာမှာ ဖန်ဆင်းရှင်တစ်ပိုင်းက နင်‌တစ်ယောက်ပဲ ရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်.... နင့်ဇစ်မြစ်က တကယ် ထူးဆန်းတာပဲ... ငါ့ကို အသေးစိတ်ပြောပြလို့ရမလား”

တည့်တိုးဖြေဆိုမည့်အစား ချင်မူက ဖြေသည်။ “အနာဂတ်တစ်ချိန်မှာ ကျွန်တော် ကမ္ဘာဦးဘုံကနေ ကောင်းကင်နတ်ဘုံဆီ ရောက်လာလိမ့်မယ်.... ကျွန်တော်တို့ အဲ့ဒီမှာ ပြန်တွေ့ကြမှာဆိုတော့ ခင်ဗျား အားလုံး နားလည်လာပါလိမ့်မယ်”

နတ်ဘုရင်ကုန်းယွင်က စကားလမ်းကြောင်းလွှဲသည်။ “ငါက ရန်ငြိုးနဲ့ ကျေးဇူးကို ရှင်းရှင်းလင်လင်း ခွဲထားတယ်.... နင်က ငါ့ကို ဘိုးဘေးနန်းတော်မှာ ကယ်ခဲ့ပြီး ကောင်းကင်နတ်ဘုံမှာ ထပ်ပြီး ကယ်ခဲ့တယ်....ဒါကြောင့် နင် ငါ့ကို နှစ်ခါကယ်တင်ခဲ့တာပဲ... နင့်ကို အခု ကုသပေးတာက ပထမကျေးဇူးကြွေးအတွက် ပြန်ဆပ်တာ... ဒုတိယအကြိမ် ပြန်ဆပ်ပြီးရင်တော့ အားလုံး ရှင်းလင်းသွားပြီ”

ချင်မူက ကျေးဇူးတင်လိုက်သည်။ “ခင်ဗျားရဲ့အသိစိတ်အလျဉ်က အားကောင်းတယ်... အသိစိတ်အလျဉ်နဲ့ ကျွန်တော့်လျှို့ဝှက်ချက်တွေကို ရှာခဲ့လို့ရပေမယ့် ခင်ဗျား မလုပ်ခဲ့ဘူး.... ကမ္ဘာဦးခေတ်ရဲ့ နတ်ဘုရင်တွေမှာလည်း လူကြီးလူကောင်း ဂုဏ်သိက္ခာကျမ်းတွေ ရှိတာလား”

“ယောက်ျားတွေပဲ လူကြီးလူကောင်းဖြစ်ရမယ်လို့ ဘယ်သူပြောလဲ”

ကုန်းယွင် အေးစက်စက် ရယ်ကာ ပြောသည်။ “နင်တို့ယောက်ျားတွေက ဂုဏ်သိက္ခာတွေ၊ သစ္စာတွေအကြောင်းတော့ ပါးစပ်က မချဘဲ သူတော်ကောင်းယောင် ဆောင်ပြီး ခိုးဝှက်တာတွေ၊ ပြည့်တန်ဆာတွေနဲ့ ပျော်ပါး‌တတ်ကြတယ်... အဲဒါတွေကို ငါ သိပ်မုန်းတာပဲ.... ရွံဖို့လည်း ကောင်းတယ်”

ချင်မူမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။

“နင့်ကို ပြောတာမဟုတ်ပါဘူး... ငါကိုက ကံဆိုးလို့ ‌မဟာဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူတို့နဲ့မှ ဆုံခဲ့ရတာ”

ကုန်းယွင်က သူ့ကို ကုသပေးပြီးသည်အတွက် ဆက်ပြောသည်။ “ငါ အခု သွားတော့မယ်.... နင် အသိစိတ်အလျဉ်တွေ အများကြီးသုံးခဲ့ရတော့ နင်ကိုယ်တိုင်က သက်သာလာပေမယ့် နင့်အသိစိတ်အလျဉ်အဆင့်ကတော့ မသက်သာသေးဘူး.... ကြိုးကြိုးစားစား ကျင့်ကြံ.... အပြည့်အ၀ မသက်သာမချင်း ပြင်းပြင်းထန်ထန် မတိုက်ခိုက်နဲ့... မဟုတ်ရင် နင်ဘယ်တော့မှ သက်သာလာမှာမဟုတ်ဘူး”

ချင်မူက ခေါင်းညိတ်လိုက်၏။ “ခင်ဗျား ဘာဆက်လုပ်မှာလဲ လူကြီးမင်းကုန်း”

“နင် ငါ့ကို လူကြီးမင်းကုန်းလို့ ခေါ်လိုက်တာလား”

ကုန်းယွင်က ပြုံးလျက် မေးသည်။ “ဘာလို့ လူကြီးမင်းလို့ ခေါ်တာလဲ”

ချင်မူက ပြန်ဖြေသည်။ “ကျွန်တော်က လူကြီးလူကောင်းတွေကို လူကြီးမင်းလို့ ခေါ်တယ်လေ... ခင်ဗျားကလည်း လူကြီးလူကောင်းတစ်ယောက်ဆိုတော့ အဲ့ဒီနာမည်နဲ့ ထိုက်တန်ပါတယ်”

ကုန်းယွင်က ခေါင်းခါသည်။ “ငါက တကယ်တော့ လူကြီးလူကောင်းတစ်ယောက် မဟုတ်ဘူး... ဒီခန္ဓာကိုယ်ရဲ့ အရည်အချင်းတွေက ဆိုးရွားလွန်းတယ်.. ငါ သူ့ကို လွတ်ပေးမှာဆိုပေမယ့် ဒီမှတ်ဉာဏ်တွေကိုတော့ ‌ဖျက်ပစ်ရမယ်... အရည်အချင်းရှိတဲ့ နောက်လူတစ်ယောက်ကို ရှာပြီး ရှင်သန်ဖို့ သူ့ခန္ဓာကိုယ်ကို ငှားယူရဦးမှာပေါ့လေ”

သူမသည် ကောင်းကင်နတ်မြစ်အလွန်ရှိ ကြယ်တာရာများဆီ ငေးကြည့်ရင်း နူးညံ့ညင်သာစွာ ပြောလေ၏။ “ဒီနေရာမှာ ဖန်ဆင်းရှင်တစ်ယောက်မှ မရှိတော့ဘူး.. ငါလည်း ဖန်ဆင်းရှင်တစ်ယောက်ဖြစ်ရတဲ့ ဂုဏ်သိက္ခာတွေကို မေ့ပြီးတော့ ရှင်သန်သင့်ပြီ.... အရင်က ငါက နတ်ဘုရင်သုံးပါးထဲက တစ်ပါးဖြစ်ခဲ့တယ်.... ဒီနေ့ ပြန်လည်မွေးဖွားပြီးရင်တော့ ‌တစ်လောကလုံးမှာ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာစေရမယ်”

သူမက ပြုံးလိုက်သည်။ “နာမည်ကြီးပြီး အင်အားကြီးမားတဲ့ ကုန်းမျိုးရိုးအမျိုးသမီးတစ်ယောက်ကို နင် တွေ့ရတယ်တဆို အဲ့ဒါ ငါ ဖြစ်လာလိမ့်မယ်.... အတိတ်ကို လွှတ်ချပြီး ဒီခေတ်ကို လက်ခံမယ်.... ညကောင်းကင်ယံထဲက တောက်ပလင်းလက်တဲ့ ကြယ်အစုအဝေးတွေထဲက အတောက်ပဆုံး ကြယ်တစ်လုံး ဖြစ်လာစေရမယ်”

“နှုတ်ဆက်ခဲ့ပါတယ် ကောင်းကင်နတ်အရှင်မူ” သူမ၏ပုံရိပ်က ရုတ်ချည်း ပျေက်ကွယ်သွာတော့သည်။

ချင်မူက ထရပ်လိုက်ပြီး ယန်အာ့ခေါင်းနောက်ရှိ ရောင်ခြည်တော်ထဲမှ ထွက်လာသော်လည်း သူမကို မတွေ့ရတော့ပေ။

“ထူးဆန်းတဲ့ အမျိုးသမီးပဲ.... မဟာဧကရာဇ်ရော၊ ကောင်းကင်နတ်ဧကရာဇ်ရော သူနဲ့ မထိုက်တန်ဘူး”

ယန်အာက ပျော်ရွှင်စွာ မေးသည်။ “သက်သာသွားပြီလား သခင်လေး”

ချင်မူက ပြုံး၍ ဖြေလိုက်သည်။ “သက်သာပါတယ်.... လောလောဆယ်တော့ အသိစိတ်အလျဉ်ကို သုံးလို့မရသေးဘဲ အနားယူရဦးမယ်... ကျွန်တော့်ကို နှောင့်ယှက်မိအောင်တော့ မလုပ်နဲ့နော်.... လုံပိရော”

ယန်အာက ဖြေသည်။ “မင်းသားယိုမင်းက အောင်ပွဲခံဖို့‌ဆိုပြီး ဖက်တီးနဂါးကို ခေါ်သွားတယ်လေ.... ဖက်တီးနဂါးပြောတာ ကောင်းကင်ယင်သားတော်ကလည်း ဖန်သားကောင်းကင်စေတီကို ခိုးဖို့ ကြံနေတာတဲ့.... စစ်ရေးပြတဲ့အချိန်မှာ တိုက်ခိုက်လိမ့်မယ်ထင်တယ်.... သခင်လေး”

သူမက ချင်မူ့ကို ကြည့်ကာ ဆက်ပြောရန် တုံ့ဆိုင်းနေသည်။

ချင်မူ သူမဆိုလိုသည်ကို နားလည်သည်။ သူက တခဏစဉ်းစားပြီးနောက် ပြောသည်။ ”မမကြီးတို့နှစ်ယောက် ဆုံးဖြတ်ကြပါ.. မင်းသားယိုမင်က ရိုးသားတယ်.... ရိုးသားတဲ့သူတွေဟာ နဂါးဟန်ခေတ်အဆုံးအထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး”

ယန်အာမှာ တုန်လှုပ်သွားမိသည်။ သူမက အခန်းအပြင်သို့ ထွက်၍ တံခါးကို ပိတ်ပေးပြီးနောက် နဂါးချီလင်ကို သွားရှာသည်။ “ရိုးသားတဲ့သူတွေက နဂါးဟန်ခေတ်အဆုံးအထိ အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ သခင်လေးက ပြောလိုက်တယ်”

နဂါးချီလင်က တည်ကြည်စွာဖြင့် ပြော၏။ “ကျွန်တော် နားလည်ပါတယ်...စိတ်အေးအေးထားပါ.... ကျွန်တော် လုပ်နေတာ ကျွန်တော်သိပါတယ်”

ယန်အာက သူ့ကို ကြည့်ရင်း ရုတ်တရက် ထပြောသည်။ “ဖက်တီးနဂါး၊ ငါ့အမေ လူပြန်၀င်စားတဲ့အခါကျ နင် သူ့ဆီ သွားပြီး ငါ့ကို လက်ထပ်ခွင့်တောင်းပေးနိုင်မလား”

နဂါးချီလင်မှာ စစ်ရေးပြပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေရာမှ ထိုစကားကို ကြားသောအခါ ရင်ခုန်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပန်းကန်အချို့ကိုပင် လွှတ်ချမိလေသည်။

ယန်အာက ဒေါသတကြီး ပြောသည်။ “နင်က ငါ ၀တာကို မကြိုက်လို့လား.... ငါက ရုပ်ဆိုးလို့လား”

နဂါးချီလင်က ပျာပျာသလဲ ပြောသည်။ “မဟုတ်.. မဟုတ်ပါဘူးဗျာ..ကျွန်တော်ကသာ အရင်တုန်းက ၀ပြီး ရုပ်ဆိုးတာပါ... မမကြီးက ၀ဝ၊ ပိန်ပိန် လှပြီးသား...မမကြီး မပိန်လာရင် ကျွန်တော်ပါ လိုက်၀ပေးမယ်”

ယန်အာမှာ ထိုစကားကြောင့် အတော်လေး ကြည်နူးပျော်ရွှင်သွားသည်။

“ကျွန်တော်က ဂိုဏ်းသခင်ကိုပဲ စိတ်ပူတာ”

နဂါးချီလင်က ၀မ်းနည်းစွာ ပြော၏။ “ဂိုဏ်းသခင်က မငယ်တော့ဘူး.... ဒါပေမဲ့ အခုထိ မိသားစုဘ၀ မတည်ထောင်ရသေးဘူး... သူ့အစား ကျွန်တော်က အရင် စမိနေပြီ.... ကျွန်တော် သူ့ကို ဂရုမစိုက်မိတော့မှာ ကြောက်မိတယ်.... အဲ့ဒီအတွေးကို လုံး၀မခံစားနိုင်ဘူး... သူက ဉာဏ်ကောင်းပေမယ့် ပြဿနာလည်း ရှာတတ်တယ်... သူ့အတွက် ကျွန်တော် တကယ်စိတ်ပူမိတယ်”

ယန်အာက ပြုံးလျက် ပြောလေသည်။ “ငါတို့အရင် ပျော်ပျော်ရွှင်ရွှင် နေပြလို့ရတာပဲ... ငါတို့ပျော်နေတာ သူ မြင်ရင် မနာလိုဖြစ်လာလိမ့်မယ်လေ... အဲ့ဒါဆို နင် သူ့အတွက် စိုးရိမ်စရာမလိုလောက်တော့ပါဘူး”

“အဲ့ဒါလည်း မှန်တာပဲ”

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အချစ်များဖြင့် ပွေ့ဖက်လိုက်ကြသည်။ မင်းသားယိုမင်မှာ ရောက်လာ၍ သူတို့ကို မြင်လျှင် ရေရွတ်မိလိုက်၏။ “လူတိုင်းကို အားကျစေနိုင်တဲ့ ချစ်စရာစုံတွဲလေးပဲ”

‘လူလိမ်အတွဲ’ ဆိုသည့် စကားကသာ သူ နှစ်ခြောက်သိန်း အကျဉ်းကျနေစဉ်အတွင်း စွဲမြဲနေမည်ကို မင်းသားယိုမင် မသိရှာချေ။ ဤ”ချစ်စရာစုံတွဲလေး” အကြောင်း တွေးမိတိုင်း ထိုစကားဖြင့် ဆဲရေးတိုင်းထွာမိပေလိမ့်မည်။

All Chapters