← Chapters

အမြတ်ထုတ်သွားသော နဂါးနဲ့ စာကလေး

Vol. 84 Ch. 1087

အမြတ်ထုတ်သွားသော နဂါးနဲ့ စာကလေး

Vol. 84 Ch. 1087

မဟူရာလိပ်ကောင်းကင်နန်းတော်သည် ‌ကောင်းကင်နတ်မြစ်အတိုင်း မြောက်ဘက်သို့ ဆက်လက်ဦးတည်သွားပြီး ကောင်းကင်နတ်ဘုံမှ ဝေးသထက် ဝေးလာခဲ့၏။ ရုတ်တရက် ကြယ်တာရာကောင်းကင်က လင်းလက်တောက်ပလာပြီး ကောင်းကင်နတ်မြစ်ဘေးရှိ နေလုံးများမှ ဖြတ်သွားရခြင်းကြောင့် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အလင်းရောင်က ငေးမောဖွယ်ကောင်းသည်အထိ တောက်ပလွန်းပြီး ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေသည်။

ကောင်းကင်နတ်ဘုံ၏ စစ်တပ်များမှာ ကျန်ရစ်ခဲ့သဖြင့် လိုက်ခံမဖမ်းဆီးတော့ပေ။ ဖန်သားကောင်းကင်စေတီမှာ အလွန်မျက်စိကျစရာ ဖြစ်နေ၍ နတ်ကောင်းကင်ခန်းမအထဲ ထည့်ကာ စောင့်ရှောက်ခိုင်းထားရသည်။

မဟူရာလိပ်ကောင်းကင်နန်းတော်အတွင်းရှိ လူများသည် ကျဆုံးသွားသူများအတွက် ချီးမြှောက်ဂုဏ်ပြုပွဲ ကျင်းပပြီးနောက် အောင်ပွဲခံကြ၏။

အပြင်တွင် ကြယ်တာရာများ၊ လများက တဖျတ်ဖျတ် တောက်ပနေပြီး မဟူရာ‌လိပ်ကောင်းကင်နန်းတော်ထဲရှိ ရတနာအမျိုးမျိုး၏ အလင်းရောင်များနှင့် ပေါင်းစည်းသွားသည့်အခါ လူတိုင်းကို ငေးမောသွားစေသည့် မီးရောင်စုံမြင်ကွင်းများကို ဖန်တီးပေးနေတော့သည်။ မဟူရာလိပ်ကောင်းကင်နန်းတော်မှ ရယ်သံများက ကောင်းကင်နတ်မြစ်အထိပင် ‌ပျံ့နှံ့လာသဖြင့် မြစ်မှ နဂါးမင်းများ စစ်သည်တော်တို့ လွှတ်ကာ ထောက်လှမ်းစေသည်။

ထိုစဉ် မင်းသားယိုမင်းမှာ တုံးအမြဲ တုံးအနေသည့်အလျောက် ကောင်းကင်ယင်သားတော်၏ ‌ထောင်ချောက်ထဲတွင် အရက်မူးနေသည်။

နဂါးချီလင်နှင့် ယန်အာမှာ မြင်နေရသောကြောင့် သတိကပ်ထားသည်။ ကောင်းကင်ယင်သားတော် ဖန်သားကောင်းကင်စေတီအား မကြာမီ တိုက်ခိုက်တော့မည်မှန်း သူတို့ သိထား၏။

ပျော်ပွဲရွှင်ပွဲက ဆက်လက်ကျင်းပနေဆဲဖြစ်သလို မင်းသားယိုမင်းလည်း စားပွဲ‌ပေါ်၌ မူးလျက် မှောက်နေချေပြီ။ ကောင်းကင်ယင်သားတော်က မင်းသားယိုမင်း၏ လက်မောင်းအား ပခုံးပေါ်တင်လျက် တွဲခေါ်သွားသည်။ သူက ရီဝေဝေဖြင့် ပြောလေသည်။ “မင်းသား အနားယူရအောင် လိုက်ပို့လိုက်မယ်”

နဂါးချီလင်နှင့် ယန်အာလည်း သူတို့နောက်မှ တိတ်တဆိတ် နောက်ယောင်ခံလိုက်သွားကြရင်း ကောင်းကင်ယင်သားတော်သည် မင်းသားယိုမင်အား လူကြားထဲမှ ခေါ်ထုတ်လာပြီးနောက်တွင် ကျော၌ စက္ကူလူတစ်ရုပ် ကပ်လိုက်ကိုကြောင်း တွေ့လိုက်ရ၏။

ကောင်းကင်ယင်သားတော်က မင်းသားယိုမင်ကို လွှတ်လိုက်ပြီး သူ့ကိုယ်သူတွင်လည်း နောက်ထပ်စက္ကူလူတစ်ရုပ် ကပ်လိုက်သည်။ သို့ထိတိုင် မင်းသားယိုမင်မှာ လဲမကျသွားပေ။ သူက ဒယိမ်းဒယိုင်ဖြင့် ရပ်နေချေသည်။

ကောင်းကင်ယင်သားတော် လက်မြှောက်လျှင် မင်းသားယိုမင်လည်း လက်မြှောက်၏။

ကောင်းကင်ယင်သားတော် လက်ပြန်ချလျှင် မင်းသားယိုမင်ကလည်း လက်ပြန်ချသည်။

ကောင်းကင်ယင်သားတော် ရှေ့တစ်လှမ်း လျှောက်လျှင် မင်းသားယိုမင်ကလည်း ရှေ့တစ်လှမ်း လိုက်လျှောက်သည်။

“ဟီးဟီး.... တာအိုနောင်တော်၊ နောင်တော်က ဖန်သားကောင်းကင်စေတီကို နတ်ကောင်းကင်ခန်းမထဲ ထည့်ပြီး အစောင့်တွေ ချထားတယ်... ကျွန်တော် အတသ်’ခိုးလိုက်ရင် သူခိုးက ကျွန်တော်မှန်း မြောက်နတ်မင်း သိသွားမယ်မဟုတ်လား”

ကောင်းကင်ယင်သားတော်က ပြုံးနေသည်။ “ဒါပေါ့ နောင်တော်ကိုယ်တိုင် ဖန်သားကောင်းကင်စေတီကို ကျွန်တော့်လက်ထဲ ထည့်ပေးမှ ဖြစ်မှာ... ကျွန်တော် အဲ့ဒီကို ယူပြီးတာနဲ့ ထွက်သွားပြီး လုံရှန်းဆန်းရန်နဲ့ အဲ့အမျိုးသမီးကို အပြစ်ပုံချခဲ့မယ်”

သူက နှလုံးသားနှင့် ဝိညာဉ်ကို လှည့်ပတ်စေလိုက်ရင်း နောက်ထပ် စက္ကလူတစ်ရုပ် ‌ခေါ်လိုက်သည်။ သူက ဒူးထောက်၍ ၎င်းအား မြေပြင်တွင် ချပြီးနောက် ပါးစပ်ဖြင့် မှုတ်လိုက်သည်။

‌မြေပြင်ပေါ်တွင် စက္ကူလူလေးက ရှေ့သို့ လျှောက်သွားပြီး မင်းသားယိုမင်ကလည်း နတ်ကောင်းကင်ခန်းမဆီသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်သွားလေသည်။

ဖန်သားကောင်းကင်စေတီကို စောင့်ကြပ်နေသည့် အစောင့်များက မင်းသားကို အရိုအသေပေးကြသည်။

စက္ကူလူ လက်လွှဲရမ်းပြလျှင် မင်းသားယိုမင်းကလည်း အလားတူ ပြုမူသည်။

ကောင်းကင်ယင်သားတော်က စက္ကူလူရုပ်အား ခပ်တိုးတိုး ပြော၏။ “ငါ ဒီနေရာကို စောင့်ထားမယ်... သွားပြီး အောင်ပွဲခံကြချေ... ငါ အမူးပြေအောင် ဒီမှာနေမလို့”

စက္ကူလူရုပ်က သူ့နောက်မှ လိုက်ပြောပြီး မင်းသားယိုမင်ကလည်း သူ့စကားအတိုင်း လိုက်ပြောသည်။ ဖန်သားကောင်းကင်စေတီကို စောင့်ကြပ်နေသည့် နတ်ဘုရားများမှာ အတော်လေးအံ့အားသင့်သွားကြသော်လည်း မင်းသားအား အရိုအသေပေးကာ ပျော်ပွဲရွှင်ပွဲဆီသို့ လျှောက်သွားကြ၏။

စက္ကူလူရုပ်က ရှေ့သို့လျှောက်၍ မင်းသားယိုမင်အား ထိန်းချုပ်ကာ ခန်းမအတွင်း ၀င်သွားတော့သည်။

‌ကောင်းကင်ယင်သားတော်မှာ စိတ်လှုပ်ရှားနေသည်ကို ချုပ်တည်းထားရင်း ရင်တဒိန်းဒိန်း ခုန်နေသည်။ ထို့နောက် သူက စက္ကူလူရုပ်ကို လက်ဖြန့်ကားလိုက်ရင်း ဖန်သားကောင်းကင်စေတီကို ဖက်လိုက်စေသည်။ မင်းသားယိုမင်ကလည်း အလားတူပြုမူသည်။

တခဏကြာသော် မင်းသားယိုမင်သည် ဖန်သားကောင်းကင်စေတီနှင့်အတူ ယိုင်တိုင်တိုင် ထွက်လာ၏။

ကောင်းကင်ယင်သားတော်မှာ ပျော်ရွှင်လွန်းသဖြင့် ရင်ဘတ်ပင် ပေါက်ထွက်တော့မည့်အလား ခံစားနေရတော့သည်။

မင်းသားယိုမင်းက သူအနားလျှောက်လာပြီး တချိန်တည်းမှာပင် အလျင်အမြန် ချဉ်းကပ်လာနေသော အရှိန်အဝါနှစ်ခုကို ခံစားလိုက်ရ၏။

ကောင်းကင်ယင်သားတော်မှာ အံ့ဩမှင်သက်နေ၍ မတုံ့ပြန်နိုင်ခင်မှာပင် လူရိပ်နှစ်ခု၏ ခုန်အုပ်ခြင်း ခံလိုက်ရ၏။ သူ့မှာ သွေးများ အန်လိုက်ရသည်။

သူ့ဘယ်ဘက်၌ သူမကိုယ်သူမ တောင်နတ်မင်း၏ မင်းသမီးလေဟု ပြောသည့် ၃၅၀ ကီလိုဂရမ်အလေးချိန်ရှိသည့် မိန်းကလေးက နေရာယူထားပြီး ညာလက်တွင် ကောင်းကင်နဂါးခြောက်ကောင်နှင့်အတူ လုံရှန်းဆန်းရန်က နေရာယူထားသည်။

သူတို့သည် နတ်ကောင်းကင်ခန်းမအဆင့် ပုဂ္ဂိုလ်များဖြစ်ကြောင်း သိသာလှသည်။ ဝတုတ်မလေး၏ သိုင်းအဆင့်မှာ လုံရှန်းဆန်းရန်နှင့် ‌ကောင်းကင်ယင်သားတော်ထက် မြင့်မားနိုင်ချေရှိပြီး သူမက နှစ်ယောက်လုံးကို ကန်ထုတ်လိုက်သည်။

‌ကောင်းကင်ယင်သားတော်သည် နတ်ကောင်းကင်ခန်းမ၏ အထွတ်အထိပ်အဆင့်တွင် ဖြစ်ပြီး လှည့်ကွက်များစွာရှိသည့်တိုင် ဧကရာဇ်ပလ္လင်အဆင့်ကို တက်ရန်မှာ ခက်ခဲလွန်းသဖြင့် နတ်ကောင်းကင်ခန်းမအဆင့်၌သာ တန့်နေ၏။

နဂါးဟန်ခေတ်ကား ယခုအထိ နှစ်လေးသိန်းကြာခဲ့ပြီဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွီ ကောင်းကင်နန်းဆောင်အဆင့်ကို တီထွင်ခဲ့သည့်အချိန်မှစ၍ နှစ်ခြောက်သိန်းအတွင်း ဧကရာဇ်ပလ္လင်အဆင့်သို့ တက်ရောက်နိုင်သူမှာ ဆယ်ယောက်အောက်သာ ရှိခဲ့သည်။ ကောင်းကင်ယင်သား‌တော်သည် ထိုသူများမှ တစ်ယောက်မဟုတ်ပေ။

သူ ထိုလူများထဲမှ တစ်ယောက်ဖြစ်နေလျှင်တောင်မှ သူ့အနေဖြင့် လူနှစ်ယောက်၏ ဝိုင်းတိုက်ခြင်းဒဏ်အား မခံနိုင်ပေ။ အထူးသဖြင့် သူ၏သိုင်းအဆင့်သည် အနည်းငယ်သာ ပြန်လည်ပြည့်တင်းလာသေးသည့်အတွက် ဒဏ်ရာများမှလည်း မသက်သာသေးချေ။

သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် မင်းသားယိုမင်အား ထိန်းချုပ်နေရသည့်အချက်ပါ ပေါင်းထည့်လိုက်ပါက သူသည် သိသိသာသာ အရေးနိမ့်နေ၏။

ထို့အပြင် ဒဏ်ရာများ သက်သာပြီး သတိရှိခဲ့ပါကလည်း ယန်အာ၏ ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ချေ။

ယန်အာသည် နဂါးစိမ်းနှင့် မီးငှက်သွေးဆက်ကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ တပည့်မလေး ဖြစ်၏။ တောင်နတ်မင်း၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများကိုလည်း သင်ယူခဲ့ရသဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

ယန်အာက သိုင်းကျင့်ရသည်ကို သဘောမကျသဖြင့် ထိုလမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို စိတ်ပါလက်ပါ မလေ့လာခဲ့ခြင်းသာ ရှိသည်။ ထိုအချက်က သူမ ဧကရာဇ်ပလ္လင်အဆင့်သို့ မ‌ရောက်‌အောင် တားဆီးနေခြင်းဖြစ်သည်။

ကောင်းသည့်အချက်က သူမသည် ရှေးဟောင်းနတ်ဘုရားများစွာကို စားခဲ့ရ၏။ ၎င်းက သူမကို ယခင်ကထက် ပို၍အစွမ်းထက်စေသည်။

ကောင်းကင်ယင်သားတော် လေထဲ မြောက်တက်သွားသည့်အခါ ၀တုတ်မလေးသည် လျှပ်တပြက် ပြေး၀င်လာပြီး သူမပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်မှာ မှန်တစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ယင်သားတော် တုန်လှုပ်ခြောက်ချားသွားတော့သည်။

ပတ်ပတ်လည် နေရာဟင်းလင်းပြင်မှာ သူ့ပုံရိပ်ကို ရောင်ပြန်ဟပ်နေသော မှန်တစ်ချပ်အလားပင်။ မှန်ကွဲအက်လာသည့်အခါ မှန်ထဲရှိ သူ့ပုံရိပ်သည်လည်း အလားတူ ကွဲအက်လာသည်။

ကောင်းကင်နတ်ဧကရာဇ်လူ၀င်စား ချုရှောင်အား ကောင်းကင်နတ်အရှင်ယွဲ့ မည်သို့ကြံစည်တိုက်ခိုက်ခဲ့သည်ကို ကောင်းကင်ယင်သားတော်သည် မြင်ခဲ့ဖူး၏။ သူပင်လျှင် ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်လမ်းစဉ်အောက်တွင် ကျိုးပဲ့ခဲ့ရသည်။

ဝတုတ်မလေး၏ ကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်အရှင်ယွဲ့ထက်ပင် ပိုမိုကောင်းမွန်နေပုံရသည်။ ကောင်းကင်ယင်သားတော်မှာ သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့ မှန်နှင့်အတူ ကျိုးပဲ့လာသည်ကို ခံစားနေရသည်။ သူ၏ဝိညာဉ်မှာ ချေမှုန်းခံရ‌ပေတော့မည်။

“လုံရှန်းဆန်းရန်၊ မင်းတို့နှစ်ယောက် ပြန်ပေးဆပ်စေရမယ်”

ကောင်းကင်ယင်သားတော်က ကြိမ်းဝါးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ မြေထဲသို့ နစ်မြုပ်သွားသည်။ မိစ္ဆာအရှိန်အဝါများက လိမ့်ထွက်လာကာ အနက်ရောင်မိစ္ဆာပန်းတစ်ပွင့်က မြေကြီးထဲမှ ထွက်လာပြီး အပွင့်ပွင့်လာသည်။

ကောင်းကင်ယင်သားတော်မှာ မိစ္ဆာအရှိန်အဝါအတွင်းသို့ ကျဆင်းနေသည့်အခါ ခန္ဓာကိုယ် ပြိုကွဲစပြုလာသည်။

မိစ္ဆာပန်းပွင့်က အပြည့်အ၀ ပွင့်လာသည်။ ၎င်းသည် သုံးပေမှ ငါးပေအထိ မြင့်မားပြီး ပေါက်ကွဲထွက်သွားလေသည်။ မိစ္ဆာအရှိန်အဝါလည်း ၎င်းနှင့်အတူ လွင့်စင်ပြိုကွဲသွားတော့သည်။

ယန်အာက သူ့နောက်လိုက်မှီလာသော်လည်း ကောင်းကင်ယင်သားတော်အား အရိပ်အယောင်ပင် မမြင်ရဘဲ အရှိန်အဝါ ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် နဂါးချီလင်သည် ကောင်းကင်နဂါးခြောက်ကောင်နှင့်အတူ လိမ့်ထွက်သွားရာမှ ရပ်သွား၏။ ယန်အာမှာ စွမ်းအားကြီးလွန်းသဖြင့် သူ့မှာ အဝေးသို့ လွင့်ထွက်သွားခဲ့ရသည်။

အဝေးမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။ သူတို့၏ တခဏ တိုက်ပွဲက အခြားသူများကို သတိထားမိသွားစေပြီး စစ်ဆေးရန် ပျံသန်းလာကြခြင်း ဖြစ်မည်။

နဂါးချီလင်မှာ တစ်ကိုယ်လုံး နာကျင်နေသော်လည်း အံ့အားသင့်စွာ ထရပ်လိုက်သည်။

သူတို့က ဖန်သားကောင်းကင်ကို ဖက်၍ သွားရည်များကျကာ အိပ်ပျော်နေသော မင်းသားယိုမင်းထံ အလောတကြီး ပြေးသွားကြသည်။ သူ့နောက်ကျောတွင် စက္ကူလူသားမှာ ရှိနေဆဲပင်။

ယန်အာက သူ့လက်ထဲမှ ဖန်သားကောင်းကင်ကို ယူရန် ကြိုးစားသော်လည်း သူက တင်းတင်းကြပ်ကြပ် ဖက်ထားသည်။

နဂါးချီလင်က ချင်မူပေးခဲ့သည့် မဟာကမ္ဘာဦးအစမူလကျောက်တုံးကို ထုတ်၍ မဟာခြုံလွှမ်းအသိစိတ်အလျဉ်မှ သင်ခဲ့ရသည်များကို အသုံးချလိုက်သည်။ သူက တိုးတိုးပြော၏။ “မင်းသား၊ ဒီမှာ တိမ်အိပ်ယာတွေ ရှိတယ်... မင်းသားက တိမ်ပေါ်မှာ အိပ်ရတာ ကြိုက်တယ်လေ... မင်းသား ပင်ပန်းနေပြီ အရမ်းပင်ပန်းနေပြီ... တိမ်ကို နူးနူးညံ့ညံ စောင်တစ်ထည်လို ဖက်ထားလိုက်...”

သူ၏အသိစိတ်အလျဉ်က မင်းသားယိုမင်း၏ ဦးနှောက်ထဲသို့ ကျူးကျော်၀င်ရောက်သွားသည်။

မင်းသာယိုမင်က ဖန်သားကောင်းကင်စေတီကို လွှတ်၍ နောက်သို့ လဲကျသွားသည်။ ယန်အာက သူ့ကို ထိန်းကာ မြေပေါ်သို့ အသာအယာ ချလိုက်သည်။ သူမက ဖန်သားကောင်းကင်စေတီကို ယူ၍ ပြော၏။ “သွားကြစို့”

အသံများမှာ ဆူညံပွက်လောရိုက်နေပြီး “သူခိုး” ဆိုသည့်အသံတို့က သူတို့ကို ၀န်းရံနေတော့သည်။ နဂါးချီလင်က မျက်နှာအမူအရာပြောင်းလဲသွားကာ ပြောသည်။ “ကျွန်တော်တို့ အချိန်မီ ထွက်မပြေးနိုင်ဘူး.... ဒီရတနာက အားကိုးရတယ်... အဲ့ဒါကို သုံးလိုက်.”

ယန်အာက ဖန်သားကောင်းကင်စေတီကို လှုပ်ခါကြည့်သည်။ “မြူခိုး၊ လေနဲ့ မိုးကြိုးတွေ”

ထူထပ်သိပ်သည်းသော မြူခိုးများက ဖန်သားကောင်းကင်စေတီမှ ထွက်ပေါ်လာပြီး မဟူရာလိပ်ကောင်းကင်နန်း‌တော်ကို ဖုံးလွှမ်းသွားသည်။ မကြာမီ လေသံ၊ မိုးကြိုးသံများက အော်ဟစ်သံများကို ဖုံးအုပ်သွားချေပြီ။

နဂါးချီလင်က ယန်အာကို ခေါ်၍ အပြင်သို့ ပျံထွက်လာသည်။

All Chapters