← Chapters

ပြဿနာ ရှာသူ။

Vol. 154 Ch. 2143

ပြဿနာ ရှာသူ။

Vol. 154 Ch. 2143

စစ်မှန်သော နဂါးလမ်း ပလ္လင်ပေါ်တွင် ချောင်ယန်က ပတ်ဝန်းကျင်ရှိ နဂါးရောင်ဝါ၏ အကျိုး ကျေးဇူးများကို ခံစားနေခဲ့သည်။

“ ဖရူး ... ။ ”

သို့သော် မုချင်းကျွယ် ရုတ်တရက် ရောက်လာသဖြင့် သူ မပျော်နိုင် တော့ချေ။ မုချင်းကျွယ်က အဖြူအမည်း အတောင်ပံများ ခတ်လိုက်သဖြင့် လူတိုင်းမှ ကြောက်ရွံ့မှုနှင့် အတူ ဖိအားများ ခံလာရသည်။

အဖြူ အမည်း အတောင်ပံများမှ တန်ခိုးကြီးသော သူတော်စင် ရောင်ဝါများ ပေးစွမ်းချေ၏။

ချောင်ယန်၏ အပြုံးများ ပျောက်ကွယ် သွားသည်။ မုချင်းကျွယ်သည် ကောင်းကင်လမ်း ချန်ပီယံ ဖြစ်လျှင်ပင် လွယ်လွယ် မပေးရန် ဆုံးဖြတ်မိ၏။

“ ဟိတ် ... ။ ”

သူ၏ရွှေမိုးကြိုး ခန္ဓာဖြင့် အဖြူအမည်း တောင်ပံများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည် ချေပြီ။ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်းလာပြီး ကောင်းကင်ပေါ် ခုန်တက် လိုက်၏။

“ ကောင်းကင်လမ်း ချန်ပီယံကို ကြိုဆိုခွင့်ရတာ ဂုဏ်ယူပါတယ်။ ”

ဤနှုတ်ဆက်စကားက မုချင်းကျွယ်ကို သဘာဝအတိုင်း အံ့အားသင့် စေသည်။ သို့သော် ချက်ချင်း အထင်သေးစွာ ပြုံး၏။

စစ်မှန်သော နဂါးလမ်းသည် သူတို့လို ညာဏ်ကြီးရှင်များ၏ အမြင်တွင် သနားစရာ ကောင်းပေသည်။

နဂါးသခင် ဖြစ်ခဲ့ လျှင်ပင် ဂုဏ်ယူစရာ မရှိချေ။ အစွမ်းထက် သူများ အတွက် ရှက်ဖွယ် ရာထူး တစ်ခုဖြစ်၏။

“ ရွေးချယ်စရာ ရှိရင် ... ဘယ်သူမဆို စစ်မှန်သော နဂါးသခင် ဖြစ်ဖို့ ... ဆန္ဒ မရှိမှာကို ငါကြောက်မိတယ်။ ”

သူ့၌ ရွေးချယ်စရာ မရှိချေ။ မရဏ နဂါးလမ်းမှ ထွက်ခွာပြီးနောက်၊ မိုးပြာ နဂါးနှင့် ကျန်နဂါးများထံ သွားသင့်၏။

သို့သော် နောက်ဆုံး တိုက်ပွဲ မတိုင်မီ ဝှက်ဖဲများ မထုတ်ချင်က စစ်မှန်သော နဂါးလမ်း သည်သာ အလွယ်ဆုံး ဖြစ်သည်။

နဂါး တောင်တန်းများ အပြင် ဘက်ရှိ လူတိုင်း စိတ်ဝင်စား သွား၏။ ကောင်းကင်လမ်း ချန်ပီယံကို ကြိုဆိုပါ၏ ဟူသော အဓိပ္ပါယ်မှာ တိုက်ပွဲကို ရွေးချယ်ခြင်း ဖြစ်သည်။

“ မင်း ... မနာလို ဖြစ်နေတာလား။ ”

မုချင်းကျွယ်က ချောင်ယန်ကို လှောင်ပြောင်လျက် ရိပ်ခနဲ လှမ်းတက်ကာ လက်ကောက်ဝတ်ထံ ဖမ်းဆုပ်လိုက်၏။

လက်ကောက်ဝတ် အရိုးများ ကြေမွှ ကုန်သဖြင့်၊ နာကျင်ကိုက်ခဲ လာသည်။ သို့တိုင် ချောင်ယန်မှ အပြုံး မပျက်ချေ။

“ သခင်လေး ချင်းကျွယ် ... ငါ့မှာ တခြားအတွေး မရှိပါဘူး၊ နှုတ်ဆက်ရုံပါ။ ”

“ ဟန်ဆောင် မနေနဲ့၊ စောစောက မင်းမျက်လုံးထဲမှာ တိုက်ပွဲဝင် ဆန္ဒတွေကို ငါ မြင်တယ်၊ မင်း မျက်လုံးထဲမှာ ငါက ... အရှုံးသမား သက်သက်ပဲ မဟုတ်လား။ ”

မရဏ နဂါးလမ်းကို စွန့်ခွာ ပေးလိုက်ရ သဖြင့် မုချင်းကျွယ်၏ အမူအရာမှာ အေးစက် နေခဲ့သည်။

“ အား ... ။ ”

ထို့ကြောင့် ချောင်ယန်ကို ဖြည်းညှင်းစွာ ညှဉ်းပန်း နှိပ်စက်ရန် ဆုံးဖြတ်ချက် ချလိုက်၏။ ချောင်ယန် ခမျာ ပြုံးမနေနိုင် တော့ဘဲ အော်ဟစ် လိုက်၏။

“ ထွက်သွားစမ်း ... ပုံမှန်ဆို မင်းလို အမှိုက်တစ်စကို လှည့်တောင် ကြည့်မိမှာ မဟုတ်ဘူး။ ”

ချောင်ယန်၏ ရွှေမိုးကြိုး ခန္ဓာသည် မုချင်းကျွယ်၏ နတ်မဟာ ပြိုင်ဘက်ကင်း တံဆိပ်ကို မယှဉ်နိုင်ချေ။

“ အား ... ။ ”

ထို့ကြောင့် ခေျာင်ယန် တစ်ယောက် လက်မောင်းကို လိမ်ချိုးကာ တွန်းထုတ်ခြင်း ခံလိုက်ရသည်။

စစ်မှန်သော နဂါးလမ်းရှိ ကျင့်ကြံသူများ အားလုံးမှာ ကောင်းကင်လမ်း ချန်ပီယံများနှင့် ရင်ဆိုင်ရန် သတ္တိ မရှိသဖြင့်၊ မုချင်းကျွယ်ကို ရပ်ကြည့် နေခဲ့သည်။

နဂါးပြာ မှတ်တမ်းသည် ဉာဏ်ကြီးရှင် အတွက် ပြိုင်ပွဲဖြစ်ပြီး၊ လူအနည်းငယ် မျှသာ တောက်ပ ပေမည်။ ထိုထဲတွင် မုချင်းကျွယ် ပါရှိ၏။

“ မင်းကို ဒီပလ္လင်မှာ ထိုင်ဖို့ ... ဘယ်သူ ခွင့်ပြုလို့လဲ။ ”

မုချင်းကျွယ်က ပလ္လင်ပေါ် ထိုင်ခါနီးတွင် ဓားရောင်ခြည် တစ်စင်းက နဂါးလမ်း အတား အဆီးကို ဖြိုခွဲလာသည်။

၎င်းက ထိုမျှဖြင့် မရပ်သေးဘဲ၊ ဆက်၍ပျံသန်း လာသောကြောင့် မုချင်းကျွယ်မှ ပလ္လင်ပေါ် မထိုင်ဖြစ်ဘဲ နောက်ပြန် ဆုတ်လိုက် ရသည်။

ပြန်လှည့် ကြည့်လိုက်သော အခါတွင် အဖြူဝတ် လူငယ် တစ်ယောက်ကို မြင်လိုက် ရသည်။

“ ယဲ့ ချင်း ရှန် ... ။ ”

မုချင်းကျွယ် တစ်ယောက် ထိတ်လန့် သွား၏။ သို့သော် ချက်ချင်းပင် ဒေါသများ တောက်လောင် လာသည်။

သူ့နောက်၌ အဖြူ-အမည်း အတောင်ပံ တစ်စုံ တဖျပ်ဖျပ်ခတ်ကာ၊ ‘မင်း လွန်ပြီ၊’-ဟု အော်ငေါက် လိုက်သည်။

ကမ္ဘာကြီး တစ်ခုလုံး အဖြူနှင့် အမည်း တစ်လှည့်စီ ဖြစ်လာ၏။ အခြားသော နတ်နဂါး လမ်းသို့ ပြန်သွားပါက၊ လူတိုင်းအတွက် ဟာသ တစ်ပုဒ် ဖြစ်လာပေ လိမ့်မည်။

လင်းယွန်မှ ဓားနှလုံးသားကို အသက် သွင်းလိုက်၏။ ငွေဓားရောင်ခြည်သည် အဖြူ-အမည်း ကမ္ဘာကြီး အတွင်း ပြတ်ထင်စွာ တောက်ပလာသည်။

“ မင်း သေလိုက်တော့ ... ။ ”

မုချင်းကျွယ်က မဟာ တာအိုဖြင့် လင်းယွန်ထံ လက်ဖဝါးတစ်ချက် ပေးပို့လာခဲ့၏။ လက်ဖဝါးမှ ကြောက်စရာ ကောင်းသော ဖြစ်စဉ်များ ပျံထွက် လာသည်။

ယင်းမှာ သားရဲ ဝိညာဉ်များ ဖြစ်၏။ ၎င်းတို့က အဖြူ-အမည်း ကမ္ဘာကြီး အတွင်း အလင်းစက် အလား ပျံ့နှံ့လာသည်။

လင်းယွန်မှ ဂရုမစိုက်ဘဲ ဝင်လာသော သားရဲများ အပေါ်၊ ဓားရောင်ခြည်ဖြင့် ဖြိုခွဲပစ် လေသည်။

ဆယ်ကြိမ် ပြီးနောက် ဝင်လာသော သားရဲ ဝိညာဉ်များ အားလုံးမှာ ပျက်ပြယ် သွားခဲ့သဖြင့်၊ ဓားကို ကောင်းကင်ပေါ် ထိုးညွှန်လိုက်၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ဤအရာက မုချင်းကျွယ်ကို နှုတ်ခမ်းမှ သွေးများ စီးကျလျက်၊ ခြေလှမ်းများစွာ ဆုတ်ခွာ သွားစေသည်။

လင်းယွန်၏ ဓားရောင်ခြည်သည် သူ့မျက်လုံးများ အတွင်း ထာဝရ လင်းလက် တောက်ပနေ၏။

“ ဒါဆို ငါလွန်တော့ ဘာဖြစ်လဲ၊ မင်းကိုယ်မင်း ကောင်းကင်လမ်းရဲ့ ချန်ပီယံ ဖြစ်တာနဲ့ပဲ ... တခြား သူတွေကို အနိုင်ကျင့်လို့ရမယ် ထင်နေလား၊ ...

... ကောင်းကင်လမ်း ချန်ပီယံ တစ်ယောက်က စစ်မှန်သော နဂါးလမ်းကို ရွေးချယ်ရအောင် ... ဘယ်ဟာက ရှက်စရာ ကောင်းမှန်း ... မင်း မသိဘူးလား။ ”

“ ပြောတာ ကောင်းတယ်၊ အား ... ။ ”

ခေျာင်ယန်က လင်းယွန် စကားကို ဝမ်းသာအားရ ထောက်ခံကာ လက်ဝှေ့ယမ်းမိ သဖြင့် အသည်းခိုက်အောင် နာကျင်သွားသည်။

“ စကားနဲ့ပဲ ပြောတာ နင့်အတွက် ပိုကောင်းမယ်။ ”

ယဲ့ဇီလင်က ကျိုးသွားသော ချောင်ယန် လက်မောင်းကို ပြန်လည် ချိတ်ဆက် ပေးကာ၊ ဒဏ်ရာကို ရေခဲ ရည်ရွယ်ချက်ဖြင့် မနာကျင်အောင် ပိတ်ပေး၏။

“ အဟဲ ... ငါ မနာပါဘူး၊ ယဲ့ချင်းရှန်က အဲဒီလူယုတ်မာကို ရိုက်နှက်တာကို မြင်ရတာ ကျေနပ်စရာပဲ။ ”

ချောင်ယန်မှ ရှက်ပြုံး ပြုံးလိုက်သည်။ မုချင်းကျွယ်သည် ရောက်ရှိ လာသည့် အခိုက် စစ်မှန်သော နဂါးလမ်း အပေါ် အထင်အမြင် သေးပြီး ရှုံ့ချခဲ့သည်။ ထို့ကြောင့် လင်းယွန် လုပ်ရပ်နှင့် စကားကို ကျေေနပ် အားရမိ၏။

***

All Chapters